မိဿရာသီဖွား >> ပျော်ရွှင်စရာ ကိစ္စတွေနဲ့အတူ ကံကောင်းခြင်းတွေရရှိမည်။
ပြိဿရာသီဖွား >> သင်မမျှော်လင့်ထားတဲ့ သူများထံမှ အကူအညီတွေရရှိမည်။
မေထုန်ရာသီဖွား >> ရိုးရှင်းခြင်းက သင့်ရဲ့အလှတရားပါပဲ။ ဘယ်အရာကိုမှ အများကြီးမမျှော်လင့်သလို ဘယ်အရာကိုမှလည်း မကောင်းတဲ့ဘက်မှ မချဉ်းကပ်ပါနဲ့ ။
ကရကဋ်ရာသီဖွား >> စွန့်စားစရာများ ကြုံလာမည်။ အနီးနားမှ သင်တန်ဖိုးထားရသူတွေကို ဆုံးရှုံးရသကဲ့သို့ စိတ်ပင်ပန်းမှုတွေဖြစ်လာနိုင်သည်။
သိဟ်ရာသီဖွား >> ခွင့်လွှတ်ခြင်းက သင့်အတွက်စိတ်အေးချမ်းရာကို ရှာဖွေပေးပါလိမ့်မယ်။
ကန်ရာသီဖွား >> အပြောင်းအလဲကြီးနဲ့ ကြုံတွေ့ရလိမ့်မည်။ အရင်က မိမိပြုလုပ်ခဲ့တဲ့ ကောင်းမှု၊မကောင်းမှု နှစ်ခုစလုံးနဲ့ သက်ဆိုင်တဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာလိမ့်မည်။
တူရာသီဖွား >> ပြန်လည်ဖွဲ့စည်းခြင်း ပြင်ဆင်ခြင်း ပြန်လည်ပေါင်းစည်းခြင်းစတဲ့ ပြန်လည်ပြုလုပ်ရမယ့် ကိစ္စတွေက သင့်အတွက် အသင့်တော်ဆုံးပါပဲ။
ဗြိစ္ဆာရာသီဖွား >> မကောင်းတဲ့ အတွေးတွေကြောင့် သင့်စိတ်ကိုအမှောင်ထဲ ဆွဲချသလိုဖြစ်နေတတ်သည်။
ဓနုရာသီဖွား >> အခွင့်အလမ်းကောင်းတွေလည်း ရရှိနိုင်တာဖြစ်လို့ အမိအရစုပ်ကိုင်ဖို့သာ ပြင်ဆင်ထားလိုက်ပါ။
မကာရ ရာသီဖွား >> လက်တွေ့ဆန်ခြင်းနဲ့ စိတ်ကူးယဉ်ခြင်း ဒီစိတ်နှစ်မျိုးလုံးက သင့်စိတ်ထဲ တစ်လှည့်စီဖြစ်ပေါ်နေတတ်သည်။
ကုမ်ရာသီဖွား >> ခန္ဓာကိုယ်မှာ ထိခိုက်နာကျင်မှုတွေဖြစ်နိုင်သည်။
မိန်ရာသီဖွား >> အရာရာအဆင်ပြေစေဖို့ မိတ်ဆွေတစ်ဦးကို လက်ဖက်သုပ်ဝယ်ကျွေးပါ။