ဇွန်လ (၁၅) ရက်နေ့
Thinzar Win

မိဿရာသီဖွား  >>  ကောင်းတာတွေးရင် ကောင်းတာတွေဖြစ်လာပြီး မကောင်းတာတွေတွေးရင် အတွေးနောက်ကိုလိုက်ပြီး ဖြစ်ပျက်တတ်သည်ကို ဂရုပြုပါ။ 

ပြိဿရာသီဖွား  >>   လမ်းပျောက်နေသကဲ့သို့ ခံစားနေရသူတွေ မိမိနဲ့ အသင့်တော်ဆုံးသော အနာဂတ်ခရီးလမ်းကို ချစ်ခင်ရသူတစ်ဦးဦးရဲ့ အကူအညီနဲ့ ရှာတွေ့နိုင်လိမ့်မည်။ 

မေထုန်ရာသီဖွား >> စိတ်ပျက်အားငယ်စရာတွေ ကျော်လွန်ပြီး ခိုင်မာတဲ့ အနာဂတ်ကို လျှောက်လှမ်းနိုင်လိမ့်မည်။

ကရကဋ်ရာသီဖွား >>   မိသားစုနဲ့ ပျော်ရွှင်စရာတွေ များစွာ ဖန်တီးနိုင်လိမ့်မည်။ 

သိဟ်ရာသီဖွား   >>   မိမိချစ်ရသူနဲ့ ထီထိုးခြင်းစတဲ့ ကံစမ်းသောလုပ်ငန်းများကို ဆောင်ရွက်ကြည့်ပါ။ 

ကန်ရာသီဖွား  >>   ကိုယ်ကိုတိုင်တောင် မယုံကြည်နိုင်လောက်အောင် ပျော်ရွှင်နေရတတ်သည်။

တူရာသီဖွား  >> လုပ်ငန်းနဲ့ မိသားစုတွေကြားက စိတ်ညစ်စရာတွေကို စိတ်ကိုတင်းပြီး ကျော်ဖြတ်ပါ။ 

ဗြိစ္ဆာရာသီဖွား  >> အဆင်မပြေဖြစ်နေတဲ့ ကိစ္စများကို ကောင်းမွန်စွာဖြေရှင်းဆောင်ရွက်နိုင်လိမ့်မည်။

ဓနုရာသီဖွား >>  ဇွဲကိုအရင်းခံပြီး အောင်မြင်မှုတွေ ရရှိနိုင်လိမ့်မည်။ 

မကာရ ရာသီဖွား  >>  စိတ်နှစ်ခုဖြစ်ပြီး စိတ်မတင်မကျဖြစ်ကာ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်လာနိုင်သည်ကို ဂရုပြုပါ။

ကုမ်ရာသီဖွား  >>  ငွေရေးကြေးရေးမှာ ကံလိုက်နေတတ်သည်။

မိန်ရာသီဖွား   >>  အချစ်ရေး အချစ်ရာမှာ ကံအလွန်ကောင်းနေမည်။



Author


က္က