ဇွန်လ (၁၆) ရက်နေ့
Thinzar Win
မိဿရာသီဖွား  >>  လုပ်ငန်းမှာ အဆင်မပြေမှုတွေများနေတတ်သည်။


ပြိဿရာသီဖွား  >>    စိတ်ပင်ပန်းစရာများနဲ့ ကြုံတွေ့နေရလိမ့်မည်။ လမ်းပျောက်နေတတ်သည်။ 

မေထုန်ရာသီဖွား >> သူငယ်ချင်းနဲ့ချစ်သူကြား ဗျာများနေရတတ်သည်။ 

ကရကဋ်ရာသီဖွား >> စာရွက်စာတမ်း ကိစ္စတွေနဲ့ပတ်သက်ပြီး ပြဿနာတွေဖြေရှင်းနေရတတ်သည်။   

သိဟ်ရာသီဖွား   >>   ကံတက်စေဖို့ သောကြာထောင့်မှာ စံပယ်ပန်းလှူပါ။

ကန်ရာသီဖွား  >>   နှလုံးသားရေး ကိစ္စများအဆင်ပြေနေမည်။ ချစ်ရသူ ရှိသူတွေကလည်း ဒီလိုအချိန် မိသားစုနဲ့ချစ်ရသူကို မိတ်ဆက်ပေးထားသင့်သည်။ 

တူရာသီဖွား  >> ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် ကိစ္စတွေကိုမဆုံးဖြတ်နိုင်ပါက ခင်မင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ။

ဗြိစ္ဆာရာသီဖွား  >> ဖြစ်ချင်တဲ့ဆန္ဒနဲ့ဖြစ်နေတာတွေ ထပ်တူကျနေပါမယ်။ အရင်ကရည်မှန်းခဲ့သော ရည်မှန်းချက်များပြည့်ဝလာလိမ့်မည်။

ဓနုရာသီဖွား >>  ကံကောင်းခြင်းတွေက သင့်အတွက်ပါပဲ။ အရေးကြီးသော ကိစ္စများဆောင်ရွက်စရာရှိရင် အနီရောင်ရောတဲ့ ဝတ်စုံ ဝတ်ဆင်ပါ။

မကာရ ရာသီဖွား  >>  စိတ်ကိုဦးစားပေးပြီး ဆုံးဖြတ်ချက်တွေ မချပါနဲ့။ ဖြစ်သင့်တာနဲ့ဖြစ်ချင်တာကို ချင့်ချိန်နှိုင်းဆကာ ဆုံးဖြတ်ချက်ချပါ။

ကုမ်ရာသီဖွား  >>  ငွေရေးကြေးရေးကြောင့် အလုပ်များနေရတတ်သည်။ 

မိန်ရာသီဖွား   >>  အလုပ်တစ်ခုကို သေသေချာချာပြုလုပ်တတ်တဲ့ အကျင့်ရှိသူတွေမှာ ကောင်းမွန်တဲ့ရလဒ်တွေ ခံစားရရှိမည်။



Author


က္က