မိဿရာသီဖွား >> ငွေကို ပြင်းထန်စွာ ရှာချင်နေသော အချိန်ဖြစ်နေလိမ့်မည်။
ပြိဿရာသီဖွား >> စိတ်ဓာတ်ရေးရာ မာကျောသော ဖူးစာဖက်နှင့် တွေ့ဆုံရတတ်သည်။
မေထုန်ရာသီဖွား >> မိသားစုဝင်အချင်းချင်း တစ်ပါးသူ၏ သွေးထိုးစကား နားယောင်မိခြင်းကြောင့် ပြဿနာဖြစ်တတ်သည်။
ကရကဋ်ရာသီဖွား >> စိတ်မြန်လက်မြန်လုပ်တတ်ခြင်းကို သတိထားပါ။ အမှားများတတ်သည်။
သိဟ်ရာသီဖွား >> အချစ်ရေးတွင် အချစ်ကြီးသူနှင့် မေတ္တာမျှတတ်သည်။
ကန်ရာသီဖွား >> ဆုံးဖြတ်ချက်တစ်ခုခုကို ချတော့မည်ဆိုလျှင် ဒွိဟ ဖြစ်နေတတ်ခြင်းအား ဆင်ခြင်ပါ။
တူရာသီဖွား >> ငွေကုန်ကြေးကျ များနေသော်လည်း အဖတ်မတင်ဖြစ်နေတတ်သည်။
ဗြိစ္ဆာရာသီဖွား >> အပေါင်းအသင်းအား အလွန်အမင်းခင်မင်တတ်မှုကြောင့် မိသားစုဝင်များ၏ အထင်လွဲခြင်း ခံရတတ်သည်။
ဓနုရာသီဖွား >> ကိုယ့်ဒူးကိုယ်ချွန်ခြင်းဖြင့် အောင်မြင်မည်။
မကာရ ရာသီဖွား >> တစ်ခုခုဆို လက်လွယ်ခြင်းအား ဆင်ခြင်ဂရုပြုသင့်သည်။
ကုမ်ရာသီဖွား >> ပညာရေးတွင် စိတ်အားထက်သန်စွာ ကြိုးစားမှသာာ အောင်မြင်မည်။
မိန်ရာသီဖွား >> သူတစ်ပါးအပေါ် ယုံကြည်အားကိုးခြင်းအား ဆင်ခြင်သင့်သည်။