တချို့တွေကတော့ ကျောပိုးအိတ်တစ်လုံးနဲ့ ကိုယ့်အားကိုယ်ကိုးသွားရတာကို ပိုသဘောကျကြပါတယ်။

ခရီးထွက်တယ်ဆိုတာ စိတ်ရော၊ လူပါအနားရစေတဲ့ အပြုအမူတစ်ခုပါပဲ။ တချို့တွေက ခရီးသွားတာကို Tour နဲ့ သွားရတာကို နှစ်သက်ပြီး တချို့တွေကတော့ ကျောပိုးအိတ်တစ်လုံးနဲ့ ကိုယ့်အားကိုယ်ကိုးသွားရတာကို ပိုသဘောကျကြပါတယ်။

 

ယောကျ်ားလေးတွေက ပြဿနာမရှိပေမယ့် မိန်းကလေးတစ်ယောက်တည်း ခရီးသွားမယ်ဆိုရင်တော့ သတိထားသင့်တာလေးတွေ ရှိပါတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး။ တချို့အချက်လေးတွေကို လိုက်နာမယ်ဆိုရင် မိန်းကလေးတွေလည်း တစ်ယောက်တည်း ခရီးသွားလို့ရပါတယ်။ ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ်ပေါ့။

၁။ တအားကြီးကြောက်မပြပါနဲ့

asian-tourist-girl-wandering-in-the-city-at-night-looking-confuse-thinking-and-lost_btpsc3hj_thumbnail-full01.jpg 

ကိုယ်မရောက်ဖူးတဲ့နေရာ/ သူစိမ်းပြင်ပြင်ဒေသတစ်ခုကိုရောက်ရင် စိုးရိမ်ပူပန်မိတတ်ကြတာတော့ မဆန်းပါဘူး။ ဒါပေမယ့် အရမ်းကြီးကြောက်ရွံ့ပုံတော့ မပေါ်ပါစေနဲ့။ လမ်းပျောက်တဲ့အချိန်တို့၊ ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့အချိန်တို့မှာ အဲဒီလိုပုံ ပေါ်တတ်ပါတယ်။ သတိ၊ ဝီရိယနဲ့နေတာမမှားပေမယ့် အရမ်းကြီးကြောက်ရွံ့နေတဲ့ပုံစံတော့ မပေါ်ပါစေနဲ့။ သတိ၊ ဝီရိယနဲ့ မနေတတ်ရင်တော့ လူလိမ်တွေ၊ အကြံသမားတွေက ချဉ်းကပ်လာနိုင်ပါတယ်။ ဒါပေမယ့် အေးအေးလူလူပုံစံနဲ့ သက်တောင့်သက်သာရှိရှိပဲနေမယ်ဆိုရင် တော်ရုံလူကရှိန်ပြီး လာလိမ်ရဲတော့မှာ မဟုတ်ပါဘူး။

၂။ ကိုယ်ဘယ်နေရာသွားမယ်ဆိုတာကို တစ်ယောက်ယောက်ကို အသိပေးထားပါ

မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေ တစ်ယောက်ယောက်ကို ကိုယ်ဘယ်နေရာကိုသွားမယ်ဆိုတဲ့ ခရီးစဉ်ပလန်ကို ပြောပြထားပါ။ တကယ်လို့ ခရီးစဉ်ပလန်တစ်ခုခုပြောင်းလဲဖို့ရှိတယ်ဆိုရင်လည်း သူတို့ကို အကြောင်းကြားထားလိုက်ပါ။ ဒါမှသာ ခင်ဗျားဆီက သတင်းတစ်စုံတရာမကြားရရင် သူတို့ ဘာလုပ်ရမလဲဆိုတာကို သိမှာပါ။

၃။ ညအမှောင်ကိုသတိထားပါ

7e6e78a21a4d722cf335fd85429c5dd3.jpg 

အထူးသဖြင့် နိုင်ငံရပ်ခြားကိုရောက်နေချိန်ပေါ့။ ဘယ်လောက်ပဲ ဖွံ့ဖြိုးတယ်ဆိုတဲ့ နိုင်ငံပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်တည်း ညဘက်လျှောက်သွားဖို့ဆိုတာ အနည်းနဲ့အများ အန္တရာယ်ရှိတာပါပဲ။ ညဘက်ဖြစ်တဲ့ ရာဇဝတ်မှုတော်တော်များများကလည်း အဲဒီလို ညဘက်အချိန်မှာ တစ်ယောက်တည်းလျှောက်သွားတတ်တဲ့ မိန်းကလေးတွေမှာ အဖြစ်များတာပါ။ ဘယ်လောက်ပဲသတ္တိရှိတယ်ဆိုဆို၊ ညအခါ တစ်ယောက်တည်းတော့ လျှောက်မသွားပါနဲ့။ မဖြစ်မနေထွက်ရမယ်ဆိုရင်လည်း လူသွားလူလာထူထပ်တဲ့နေရာတွေကိုပဲရွေးပါ။ လူပြတ်တဲ့နေရာတွေကိုတော့ ရှောင်ရှားပါ။

၄။ အရက်မူးအောင်မသောက်ပါနဲ့

nightlife.jpg 

ဒီခေတ်ကြီးမှာ မိန်းကလေးတွေလည်း အရက်/ ဘီယာသောက်တာ အဆန်းတော့မဟုတ်တော့ပါဘူး။ ဒါပေမယ့် ခရီးသွားနေချိန်မှာတော့ အရက်မူးအောင်မသောက်ဖို့ အထူးသတိထားပါ။ အရက်မူးနေတဲ့ လူတစ်ယောက်က ကိုယ်ကားပါကင် ဘယ်နားထိုးထားခဲ့မိလဲ ပြန်ရှာဖို့တောင် မလွယ်ပါဘူး။ ကိုယ်ဘယ်မှာတည်းနေလဲဆိုတာ ဘယ်စဉ်းစားမိဖို့ဆိုတာ ဝေးပါရော။ နောက်ပြီး မူးနေချိန်မှာ အမှားတွေ ကျူးလွန်မိတတ်ပါတယ်။ ဒါကြောင့် ခရီးသွားနေချိန်မှာတော့ တစ်ခွက်တစ်ဖလားထက်မပိုအောင် ထိန်းထားနိုင်တာအကောင်းဆုံးပါပဲ။

၅။ ဒေသခံတွေလိုပဲဝတ်ဆင်ပါ

IMG_5784.jpg 

နိုင်ငံရပ်ခြားကိုသွားတာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားဒေသတစ်ခုကိုသွားတာပဲဖြစ်ဖြစ် ဒေသခံ/နယ်ခံတွေနဲ့ ဝင်ဆန့်အောင် ဝတ်တာစားတာကလည်း အကြံကောင်းတစ်ခုပါပဲ။ တိုးရစ်တစ်ယောက်လို ဝတ်စားထားမယ်ဆိုရင်တော့ တိုးရစ်မှန်း လူပိုသတိထားမိပြီး ဂျင်းထည့်ဖို့ ကြိုးစားပါလိမ့်မယ်။ ဥပမာ... တက်စီခအဆမတန်တောင်းတာတို့၊ ဘာတို့ပေါ့။ ဒါကြောင့် ဒီလိုကိစ္စတွေကိုရှောင်ရှားဖို့ နယ်ခံတွေလိုပဲ ဝတ်စားဆင်ယင်ပါ။

Source: Glotraveler


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က