၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးခရီးသွားဓာတ်ပုံတွေနဲ့ ဆုရပုဂ္ဂိုလ်တွေကို National Geographic က ရွေးချယ်ကြေညာ ပေးသွားပါတယ်။

National Geographic မဂ္ဂဇင်းဟာ ကမ္ဘာမှာသြဇာအာဏာကြီးမားတဲ့ မဂ္ဂဇင်းတစ်စောင်ဖြစ်ပါတယ်။ သူတို့ဟာ National Geographic ဆိုတဲ့နာမည်အောက်မှာပဲ မဂ္ဂဇင်း၊ တီဗီချန်နယ်နဲ့ non-profit institution (အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း) တွေတည်ထောင်ထားပါတယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်စေလိုတဲ့သဘောနဲ့ National Geographic ဟာ နှစ်စဉ် Travel Photographer award (ခရီးသွားဓာတ်ပုံဆရာဆု) ဆိုပြီး ပေးလေ့ရှိပါတယ်။ အဲဒီဆုဟာ ဓာတ်ပုံဆရာအသိုင်းအဝိုင်းမှာတော့ ဂုဏ်ဒြပ်ရှိတဲ့ ဆုတစ်မျိုးပါပဲ။


၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံးခရီးသွားဓာတ်ပုံတွေနဲ့ ဆုရပုဂ္ဂိုလ်တွေကို National Geographic က ရွေးချယ်ကြေညာ ပေးသွားပါတယ်။ အဲဒီဆုရဓာတ်ပုံတွေဟာ ညှို့ယူဖမ်းစားနိုင်စွမ်း အပြည့်ရှိတာ အမှန်ပါပဲ။

အထူးဆုရဓာတ်ပုံ

 

မက္ကစီကိုနိုင်ငံက Sergio Tapiro Velasco ဆိုုတဲ့ဓာတ်ပုံဆရာဟာ အထူးဆုကို ရရှိသွားပါတယ်။ သူ့ရဲ့ဓာတ်ပုံကတော့ မိုးကြိုးအပစ်ခံနေရတဲ့ မီးတောက်ရှင်တစ်လုံးရဲ့ပုံကို ဖမ်းယူရိုက်ကူးထားတာပါ။

သူက ဓာတ်ပုံနဲ့ပတ်သက်ပြီး ခုလိုပြောခဲ့ပါတယ်။ "ကင်မရာကိုကြည့်လိုက်ချိန်မှာ ရုတ်တရက် ကျွန်တော်လည်း ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်မြင်လိုက်ရတဲ့ မြင်ကွင်းက  တွေးဆကြည့်လို့တောင်မရနိုင်အောင် လှပလွန်းနေပါတယ်။

ဒီမြင်ကွင်းလေးက သဘာဝရဲ့စွမ်းအားတွေက မီးတောင်တစ်လုံးကို ရိုက်ခတ်နေချိန်မှာ မိုးကြိုးလျှပ်စီးရဲ့အလင်းရောင်နဲ့ မြင်ကွင်းတစ်ခုလုံးကို လင်းချင်းနေစေတာပါ။ ဒါဟာ သေချာစောင့်ကြည့်ပြီး ရိုက်မယ်ဆိုရင်တောင် မဖြစ်နိုင်တဲ့ဓာတ်ပုံတစ်ပုံဖြစ်ပြီး ဘဝမှာတစ်ကြိမ်တည်း ရမယ့်အခွင့်အရေးတစ်ခုအဖြစ် သဘာဝရဲ့စွမ်းအားကို ဖော်ထုတ်ပြသနိုင်မယ့် ဓာတ်ပုံကောင်းလေးတစ်ပုံကို ရိုက်ကူးခွင့်ရခဲ့တာပါ။" တကယ်လည်း သူ့ရဲ့ဓာတ်ပုံက မင်သက်မိလောက်အောင်ကောင်းနေပါတယ်။

ဒီဓာတ်ပုံကိုရိုက်ကူးနိုင်ခဲ့တဲ့အတွက် ဆုကြေးငွေအဖြစ် ဒေါ်လာ (၂၅၀၀) နဲ့ နှစ်ယောက်စာအတွက် (၁၀) ရက်ခရီးထွက်ခွင့် လက်မှတ်တစ်စောင်ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် National Geographic မဂ္ဂဇင်းဟာ သဘာဝ၊ လူသားနဲ့ မြို့တွေဆိုတဲ့ ကဏ္ဍ (၃) မျိုး အတွက် ဆုတွေကို အသီးသီးချီးမြှင့်ခဲ့ပါတယ်။ အဲဒါထဲက သဘာဝကဏ္ဍအတွက် ဆုရဓာတ်ပုံတွေကတော့...

၁။ Mt. Bromo (ဘရိုမို မီးတောင်)

10172949_1600x1200.jpg 

Mount Bromo (ဘရိုမို မီးတောင်) ဟာ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားက မီးတောင်ရှင်ငယ်လေးတစ်လုံးဖြစ်ပါတယ်။ ဒီဓာတ်ပုံကိုရိုက်ကူးခဲ့တာကတော့ Reynold Dewantara ဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးကိုလည်း မီးတောင်ပေါက်ကွဲနေချိန်မှှာ ဓာတ်ပုံဆရာက သူတည်းနေတဲ့ ဟိုတယ်ပေါ်ကနေ ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

၂။ Marble cave (မာဘယ် လိုဏ်ဂူ)

01-10226727_uploadsmember573187yourshot-573187-10226727jpg_zloboxxs3jqws7aacqiq3opbzpp3eflutfvvbpyjwjhzlmh4iziq_2606x1738.ngsversion.1494946531998.adapt.1900.1.jpg 

ဒီဓာတ်ပုံလေးကို ရိုုက်ကူးခဲ့သူကတော့ Clane Gessel ဖြစ်ပါတယ်။ မာဘယ်လိုဏ်ဂူတွေဟာ ချီလီနိုင်ငံမှာတည်ရှိတဲ့ ဘဘာဝလှိုဏ်ဂူပဲဖြစ်ပါတယ်။ ဒီလို ဓာတ်ပုံုကောင်းလေးကို ရရှိဖို့ ဓာတ်ပုံရိုက်ကူးသူနဲ့ သူ့အဖေဟာ လှေတစ်စင်းငှားပြီး ဂူထဲကို ဝင်ရိုက်ခဲ့ရတယ်လို့ဆိုပါတယ်။ မြင်တဲ့အတိုင်းပါပဲ။ တကယ်ကိုလှပပါတယ်။

၃။ Forest of the Fairy (နတ်သမီးတောအုပ်)

national-geographic-travel-nature-photographer-of-the-year-contest-2017-61-595c93b68f067__880.jpg

ဂျပန်နိုင်ငံက နတ်သမီးတောအုပ်ဟာ နာမည်ကြီးတောအုပ်တစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ တန်ဘာနယ်မှာတည်ရှိတဲ့ ရွာလေးတစ်ရွာနားက ဒီတောအုပ်လေးဟာ တလက်လက်တောက်ပနေတဲ့ ပိုးစုန်းကြူးလေးတွေနဲ့ မှော်ဆန်နေပါတယ်။ ပိုးစုန်းကြူးလေးတွေဟာ နယ်ခံပုဂ္ဂိုလ်တွေဝတ်ပြုရာဘုရားကျောင်းတစ်ခုဆီသွားတဲ့ လှေကားတစ်လုံးကို အလှဆင် လမ်းခင်းပေးနေပြီး မှော်ဆန်တဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်ဆင်းပေးပါတယ်။ ဒီပုံလေးကို ရိုက်ကူးခဲ့တာတော့ Y. Takafuji ပဲဖြစ်ပါတယ်။

၄။ အမြီးဝါပိတုန်းငှက်

10428787_960x640.jpg 

ဒီဓာတ်ပုံလေးကတော့ Hymakar Valluri ရဲ့လက်ရာဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံက တောအုပ်တစ်အုပ်ထဲမှာ အမြီးဝါ ပိတုန်းငှက်လေးတစ်ကောင် ပန်းပွင့်တစ်ပွင့်ကနေ ဝတ်ရည်စုပ်နေတာကို အမိအရ ရိုက်ကူးထားတဲ့ပုံလေးပဲ ဖြစ်ပါတယ်။ အဲဒီတောအုပ်ဟာ ပိတုန်းငှက်တွေပျော်စံရာ နိဗ္ဗာန်ဘုံတစ်ခုလည်းဖြစ်ပါတယ်။

၅။ အုပ်စုဖွဲ့နေတဲ့ အမေရိကန်မိချောင်းတွေ

12-Best-Travel-Photos-2017.jpg 

ကော့စတာရီကာနိုင်ငံ၊ တာကိုးလက်စ်မြစ်ကမ်းမှာ နေပူစာလှုံနေတဲ့ မိချောင်းတွေကို အမိအရဓာတ်ပုံရိုက်ယူခဲ့တာကတော့ Tarun Sinha ပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံကိုတော့ တံတားတစ်ခုရဲ့ လက်ရန်းကြားကနေပြီးတော့ မိချောင်းတွေ ရေထဲအဆင်းအတက်လုပ်နေချိန်မှာ အမိအရရိုက်ကူးယူခဲ့တာ ဖြစ်ပါတယ်။

၆။ ရေမျက်နှာပြင်ပေါ်က ဖြတ်ပျံနေတဲ့ ဘဲငန်းတွေ

ffcqhbifrq-1501759543.jpg 

ဒီဓာတ်ပုံလေးကိုတော့ ဓာတ်ပုံဆရာ Hiromi Kano က ဂျပန်နိုင်ငံ၊ အိုဆာကီမှာ ရိုက်ကူးခဲ့ပါတယ်။ ဒီနေရာလေးဟာ ဂျပန်နိုင်ငံရဲ့ရှားရှားပါးပါး သဘာဝနေရာလေးတစ်ခုဖြစ်တဲ့အတွက် ငှက်တွေအတွက် ဆောင်းခိုရာ နိဗ္ဗာန်ဘုံလေးတစ်ခုလည်းဖြစ်ပါတယ်။ ဘဲငန်းတွေ ရေပြင်ပေါ်ဖြတ်ပျံနေချိန်မှာ အမိအရဖြစ်အောင် ရိုက်ယူထားတာလည်းဖြစ်ပါတယ်။

၇။ ကာရေဘီယန်ကျောက်တန်းငါးမန်းတွေ

winner_6.jpg 

ဒီဓာတ်ပုံကို ရိုက်ကူးခဲ့သူကတော့ Shane Gross ဖြစ်ပါတယ်။ ပုံပါ ကာရေဘီယန်ကျောက်တန်းငါးမန်းတွေဟာ ကျူးဘားနိုင်ငံ တောင်ပိုင်းက Gardens of the Queen က ငါးမန်းတွေပဲဖြစ်ပါတယ်။ အဲဒီ နေရာမှာတော့ ကာရေဘီယန်ကျောက်တန်း ငါးမန်းတွေကို မြောက်များစွာတွေ့ရှိရတာ ကျန်းမာတဲ့ဂေဟစနစ်တစ်ခုရဲ့ လက္ခဏာပါပဲ။

Source: youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က