အေးမြတဲ့လေပြေညှင်းလေးတွေ၊ သဲသောင်လေးတွေ၊ ခရုခွံတွေနဲ့ ပြည့့်နှက်နေတဲ့ ကမ်းခြေတွေကိုမှ နှစ်သက်တယ် ဆိုရင်တော့ မဖြစ်မနေအလည်အပတ်သွားသင့်တဲ့ အလှပဆုံး ကမ်းခြေတွေကို သိချင်ကြမှာပါနော်။

ကမ်းခြေကို မနှစ်သက်သူ ဘယ်သူရှိမလဲကွယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများပြားလွန်းတဲ့ လုပ်ငန်းခွင်မှာ တစ်နှစ်လောက် အချိန်ဖြုန်းလာတဲ့သူတွေအတွက်တော့ ကမ်းခြေမှာ အေးအေးဆေးဆေး အနားယူလိုက်ရင် စိတ်ဖိစီးမှုတွေ အတိုင်းအတာတစ်ခုထိ ပြေပျောက်နိုင်ပါတယ်။ အေးမြတဲ့လေပြေညှင်းလေးတွေ၊ သဲသောင်လေးတွေ၊ ခရုခွံတွေနဲ့ ပြည့့်နှက်နေတဲ့ ကမ်းခြေတွေကိုမှ နှစ်သက်တယ် ဆိုရင်တော့ မဖြစ်မနေအလည်အပတ်သွားသင့်တဲ့ အလှပဆုံး ကမ်းခြေတွေကို သိချင်ကြမှာပါနော်။


၁။ Honokalani ကမ်းခြေ

{017689bb-a181-43c5-95c0-f6712ae3ccbc}.249313599_171f677cec_o.jpg 

Hawaii ကျွန်းက Honokalani ကမ်းခြေဟာ သေးငယ်တဲ့ မီးတောင်ကျောက်လေးတွေကဖြစ်လာတဲ့ အနက်ရောင်သဲပွင့်တွေနဲ့ လှပလို့နေပါတယ်။ ကိုယ်ချစ်ရတဲ့သူနဲ့အတူ ဆည်းဆာချိန်လေးမှာ အဲဒီသဲသောင်ပြင်ပေါ်မှာ ပျင်းရိစွာလဲလျောင်းရင်း လှိုင်းခတ်သံလေးတွေကို နားထောင်ရတဲ့ ဖီးလ်ကို ဘယ်သူမဆို လိုချင်ကြမှာပါ။

၂။ Sunset (ဆည်းဆာ) ကမ်းခြေ

29fbc6732075deeec39698631727e6bf.jpg 

Hawaii (ဟာဝိုင်ယီ) ကျွန်းမှာပဲရှိတဲ့ နောက်ထပ်ကမ်းခြေတစ်ခုကတော့ ဆည်းဆာကမ်းခြေပါပဲ။ ဒီနေရာလေးကတော့ နေဝင်ဆည်းဆာချိန်မှာ မြင်တွေ့ရတဲ့ ပြိုင်စံရှားအလှအပကြောင့် ထင်ရှားတာပါ။ အဲဒီမှာသွားရောက်လည်ပတ်ရင် လှိုင်းလုံးကြီးတွေကြားက ပဲ့တင်ထပ်လာမယ့် ရွှေအိုရောင်ဆည်းဆာကို မြင်တွေ့ခံစားရမှာပါ။ ဆည်းဆာကမ်းခြေလို့ ဆိုပေမယ့် နေဝင်ချိန်၊ နေထွက်ချိန် (၂) မျိုးလုံးကို စောင့်ကြည့်ပြီး ပင်လယ်နဲ့ နေမင်းထိတွေ့မှုရဲ့ လှပတဲ့ရလဒ်ကို ထိတွေ့ခံစားနိုင်မှာပါ။

၃။ Treasure ကမ်းခြေ

sc_pl_tbch70---Copy-(2)-960X500.jpg 

ဂျမေကာက Treasure ကမ်းခြေကတော့ အိပ်ငိုက်နေတဲ့ တံငါးရွာလေးတစ်ခုနဲ့အတူ ကမ်းခြေတလျှောက်မှာ ရေကူးခြင်း၊ အသက်ရှူပိုက်နဲ့ ရေငုပ်ခြင်းတို့ ပြုလုပ်လို့ရတဲ့ နေရာလေးပါ။ ကမ်းခြေမှာ အပျော်ရှာမယ်ဆိုရင် ပင်လယ်စာတွေ ပေါပေါသီသီရနိုင်ခြင်းနဲ့ ပျော်စရာကစားနည်းတွေရှိခြင်းလောက် ပြီးပြည့်စုံတာ ဘာရှိဦးမလဲ။

See also 

၄။ Waipio တောင်ကြားကမ်းခြေ

waipio-valley-beach-big-island-hawaii.jpg 

Hawaii (ဟာဝိုင်အီ) ကျွန်းစု၊ ကျွန်းမကြီးက Waipio တောင်ကြားကမ်းခြေကတော့ ခြေလျင်လမ်းလျှောက်ခြင်းကို ဝါသနာထုံသူတွေအတွက်တော့ အကောင်းဆုံးနေရာလေးတစ်ခုပါပဲ။ အဲဒီကမ်းခြေကို ရောက်ဖို့အတွက် ခြေလျင်လမ်းလျှောက်ပြီး သွားရမှာပါ။ သတိထားသွားရမှာဖြစ်ပေမယ့်လည်း ဟာဝိုင်အီကျွန်းစုရဲ့ တောတွင်းအလှကို ခံစားနိုင်မှာဖြစ်သလို ရရှိလိုက်တဲ့ အတွေ့အကြုံကို ဘာနဲ့မှ လဲလို့ မရပါဘူး။

၅။ Bathsheda ကမ်းခြေ

5-24.jpg 

Barbados က လှပတဲ့ကမ်းခြေလေးဟာ ကမ်းရိုးတန်းတလျှောက် လှပတဲ့ အုန်းထန်းပင်တွေနဲ့အတူ ပနာရလှပါတယ်။ ရေလွှာလျှောစီးသူတွေ၊ ဓာတ်ပုံဆရာတွေအတွက် အကောင်းဆုံးနေရာလေး တစ်ခုဖြစ်မှာပါ။ အဲဒီကိုသွားရောက်လည်ပတ်ရင်း အလှတရားကို အမိအရရိုက်ယူထားလိုက်ပါ။

Source: youngisthan

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က