ကမ္ဘာလှည့်ခရီးသွားတွေ တကူးတက သွားရောက်လည်ပတ်ကြတယ်။

စာအုပ်တွေက ရတနာတွေဆိုရင် စာကြည့်တိုက်ဆိုတာ ရတနာသိုက်တွေပေါ့။ ရတနာသိုက်နဲ့ တူတဲ့ စာကြည့်တိုက်တွေဟာ အသိပညာ၊ ဗဟုသုတတွေကို စုစည်းပေးထားတဲ့နေရာတွေဆိုလည်း မမှားပါဘူး။ ထူးခြားပြီး နှစ်သက်စရာကောင်းတဲ့ ကမ္ဘာကျော် စာကြည့်တိုက်တွေဆီ အလည်သွားရအောင်ပါ။

၁။ Central စာကြည့်တိုက်

1.jpg 

အမေရိကန်ပြည်ထောင်စု၊ စီးရက်တဲလ်မြို့မှာ ရှိပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေက ဒီစာကြည့်တိုက်ကို ခရီးစဉ်တစ်ခုအဖြစ်နဲ့တောင် လာကြပါတယ်။ စာကြည့်တိုက်အဆောက်အဦကလည်း ခေတ်မီဆန်းပြားတဲ့ဒီဇိုင်းရှိတယ်။

၂။ Trinity College စာကြည့်တိုက်

2.jpg 

အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့က Trinity ကောလိပ်ရဲ့ စာကြည့်တိုက်ဟာ အိုင်ယာလန်ရဲ့ သက်တမ်းအရင့်ဆုံးစာကြည့်တိုက်ဖြစ်ပြီး ၁၅၉၂ ခုနှစ်မှာ ဘုရင်မကြီး အဲလစ်ဇဘတ် - ၁ ထူထောင်ခဲ့တာပါ။

၃။ Geisel စာကြည့်တိုက်

3.jpg 

ဒါလည်းပဲ အမေရိကမှာရှိတာပါ။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ စာကြည့်တိုက်ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ခေတ်မီဆန်းပြားဆုံး စာကြည့်တိုက်အဆောက်အဦတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အာကာသယာဉ်ကြီးနဲ့တောင် တူနေတာ။

၄။ TU Delft စာကြည့်တိုက်

4.jpg 

Delft University of Technology ရဲ့ စာကြည့်တိုက်ကို ၁၉၉၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး စာအုပ်ပေါင်း ၈၆၂,၀၀၀ ကျော်၊ မဂ္ဂဇင်းပေါင်း ၁၆,၀၀၀ ရှိပြီး ကိုယ်ပိုင်ပြတိုက်လည်းရှိပါတယ်။ ဖျတ်ခနဲကြည့်မိလိုက်ရုံနဲ့တောင် အာရုံထဲ စွဲထင်ကျန်နေမယ့် စာကြည့်တိုက်မျိုးပေါ့။ စာကြည့်တိုက်က မြေအောက်ထဲမှာရှိနေတာပါ။ စိမ်းလန်းလှပတဲ့ ခေါင်မိုးကို ခက်ခက်ခဲခဲဆောက်လုပ်ခဲ့ရပါတယ်။

၅။ Bibliotheca Alexandrina စာကြည့်တိုက်

5.jpg 

အီဂျစ်နိုင်ငံ ၊ အလက်ဇန်းဒြီးယားမှာရှိပါတယ်။ အလက်ဇန်းဒြီးယားရဲ့ ရှေးဟောင်းတော်ဝင်စာကြည့်တိုက်အဖြစ် ပြန်လည်သက်ဝင်လာခဲ့တဲ့ စာကြည့်တိုက်ပါ။ ဂရိခေတ်ကမ္ဘာရဲ့ အကြီးဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံး စာကြည့်တိုက်လည်းဖြစ်တယ်။ ဒီစာကြည့်တိုက်ကို Alexander the Great က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ ခန့်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ကစပြီး ပြန်လည်လေ့လာခွင့်ရခဲ့ပါတယ်။

၆။ Stuttgart City စာကြည့်တိုက်

6.jpg 

ဂျာမနီနိုင်ငံ ၊ စတုဂတ်မြို့က Stuttgart City စာကြည့်တိုက်ဟာ အငြင်းပွားဖွယ် မှတ်ချက်တွေနဲ့ လူသိများပါတယ်။ တချို့ကတော့ ဒါဟာ တီထွင်ဆန်းသစ်မှုလို့ ပြောကြပြီး အချို့ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုကြပါတယ်။

၇။ Bishan Public  စာကြည့်တိုက်

7.jpg 

စင်ကာပူနိုင်ငံ ၊ Bishan မှာ တည်ရှိပါတယ်။ Tree house (သစ်ပင်ပေါ်မှာဆောက်ထားတဲ့အိမ်) ပုံစံမျိုးနဲ့တူအောင် ဒီဇိုင်းထွင် ဆောက်လုပ်ထားတာပါ။

Source : CNN

Share

Loading Next Article...
က္က