ဒီနေ့ခေတ်မှာ စာအုပ်တွေကို ipad တွေ၊ Tablet တွေ၊ Kindle တွေလိုမျိုး ဒစ်ဂျစ်တယ်ပစ္စည်းတွေပေါ်မှာပဲ အလွယ်တကူ ဖတ်လို့ရနေတော့ စာအုပ်အရောင်းဆိုင်ကြီးတွေ၊ စာအုပ်အငှားဆိုင်လေးတွေဟာ ရပ်တည်ဖို့ တဖြည်းဖြည်းနဲ့ ခက်ခဲလာပါတယ်။

ဒီနေ့ခေတ်မှာ စာအုပ်တွေကို ipad တွေ၊ Tablet တွေ၊ Kindle တွေလိုမျိုး ဒစ်ဂျစ်တယ်ပစ္စည်းတွေပေါ်မှာပဲ အလွယ်တကူ ဖတ်လို့ရနေတော့ စာအုပ်အရောင်းဆိုင်ကြီးတွေ၊ စာအုပ်အငှားဆိုင်လေးတွေဟာ ရပ်တည်ဖို့ တဖြည်းဖြည်းနဲ့ ခက်ခဲလာပါတယ်။ အရင်တုံးကလို စာအုပ်တစ်အုပ်ကို စာရွက်လေးတွေ လှန်ဖတ်ရမှ အားရတယ်ဆိုတဲ့သူတွေလောက်ပဲ စာအုပ်ဝယ်ဖတ်ဖြစ်နေကြပြီး ဒစ်ဂျစ်တယ်မျိုးဆက်ရဲ့ နောက်ပိုင်း မျိုးဆက်သစ်လေးတွေကတော့ စာဖတ်ရင် ဒစ်ဂျစ်တယ်ပစ္စည်းတွေကိုပဲ ပိုအားကိုးပါတော့တယ်။

 

ဒါပေမယ့် စာပေချစ်သူတွေအတွက် သတ္တိရှိရှိနဲ့ ဆက်လက်ရပ်တည်နေတဲ့ စာပေဖြန့်ချီရေးတွေ၊ စာအုပ်အရောင်းဆိုင်တွေ၊ စာကြည့်တိုက်တွေ ကတော့ ရှိနေပါသေးတယ်။ ဒီနေ့ဖော်ပြပေးမှာကတော့ စာပေချစ်သူ ကမ္ဘာ့လှည့်ခရီးသွားတိုင်း မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ စာအုပ်ဆိုင်တွေပဲဖြစ်ပါတယ်။

၁။ Shakespeare and Company စာအုပ်ဆိုင်

 2d1853770a92c18898f51116b9d777a6.jpg

၁၉၅၁ ခုနှစ်တည်းက ဖွင့်လှစ်ခဲ့တဲ့ ပါရီမြို့က ဒီစာအုပ်ဆိုင်လေးဟာ ဟဲမင်းဝေးစာအုပ်တွေထဲက ခုန်ထွက်လာသလိုပါပဲ။ ဒီစာအုပ်ဆိုင်လေးဟာ အမေရိကန်စာအုပ်အရောင်းသမား Sylvia Beach ရဲ့ မူရင်း Shakespeare and Company ကို အမွေဆက်ခံပြီး နာမည်ခံထားတဲ့ စာအုပ်ဆိုင်လေးဖြစ်သလို ဟဲမင်းဝေးရဲ့ကိုယ်တွေ့မှတ်တမ်းတစ်ခုဖြစ်တဲ့ "ရွေ့လျားပွဲတော်" ကို အသက်သွင်းထားတာပါ။

Sylvia Beach ဟာ သူမရဲ့စာအုပ်ဆိုင်ကို ၁၉၄၁ ခုနှစ်မှာ ပိတ်ပစ်ခဲ့ပေမယ့် ၁၉၅၈ ခုနှစ်မှာ သူမရဲ့ဆိုင်နာမည်ကို Le Mistral ဆိုတဲ့ တခြားတစ်ယောက်ကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒီစာအုပ်ဆိုင်ဟာ စဖွင့်ကတည်းက စာရေးဆရာတွေကိုပါ ခေါ်ထားပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တစ်ညကို စာရေးဆရာ (၄) ဦးကို ညအိပ်တည်းခိုခွင့်ပေးထားသလို စာရေးဆရာအများစုဟာ Shakespeare and Company ထဲက စာအုပ်ပုံတွေကြားမှာ တစ်ပတ်ကနေ တစ်လထိ နေထိုင်ခဲ့ကြပါတယ်။

စာအုပ်တည်ထောင်သူ George Whitman ရဲ့သမီးဖြစ်သူ Sylvia Whitman က CNN ကို ခုလိုပြောကြားခဲ့ပါတယ်။ "ကျွန်မအဖေက Sylvia Beach သူမရဲ့စာအုပ်ဆိုင်ကို ဖန်တီးခဲ့တဲ့ စိတ်ဝိဉာဉ်ကို ဆက်လက်ထိန်းသိမ်းသွားချင်ခဲ့ပါတယ်။ ဒါကြောင့် စာရေးဆရာအများအပြားကို ဖိတ်ခေါ်ဧည့်ခံခဲ့ပြီး ကျွန်မတို့ရဲ့စာဖတ်ခန်းထဲမှာ စာအုပ်တွေကို ဝေမျှခဲ့တာပဲဖြစ်ပါတယ်"

၂။ Eslite Dunnan စာအုပ်စတိုး

Eslite-Bookstore-Dunnan-Outlet.jpg 

၁၉၉၉ ခုနှစ်တုံးက ပထမဆုံး Eslite စာအုပ်ဆိုင်ဟာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ ပေါ်ထွန်းလာခြင်းဖြင့် စာပေအလင်းရောင်ကို ထွန်းညှိခဲ့ပါတယ်။ (၂၄) နာရီလုံး ဖွင့်လှစ်ထားတဲ့ ဒီစာအုပ်ဆိုင်လေးဟာ (၁၇၀၀၀) မီတာကျယ်ဝန်းပြီး ဘာသာစကားပေါင်းစုံနဲ့ ပုံနှိပ်ထားတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေကို တင်ပြရောင်းချခဲ့ပါတယ်။ ဒီစာအုပ်ဆိုင်လေးဟာ အလွန်အောင်မြင်ခဲ့တဲ့အတွက် မြို့တော်မှာပဲ နောက်ထပ်ဆိုင်ခွဲ (၂) ခုကို ထပ်မံဖွင့်လှစ်ခဲ့ရပါတယ်။

တစ်ခုက ထိုင်ဝမ်မှာ အကြီးမားဆုံးစာအုပ်ဆိုင်ဖြစ်လာသလို နောက်တစ်ခုကိုတော့ ပြဇာတ်ရုံ၊ စင်မြင့်၊ ဆိုင်တန်းနဲ့ ဈေးတန်းလေးတွေပါ တွဲဖက်ထားတဲ့ နေရာလေးတစ်ခုလို ဖန်တီးထားခဲ့ပါတယ်။

See also 

၃။ El Alteneo စာအုပ်ဆိုင်

140724011453-bookstores-el-ateneo-horizontal-large-gallery.jpg 

၁၉၂၉ ခုနှစ်တုံးက ရုပ်ရှင်ရုံတစ်ရုံကို ၂၀၀၀ ပြည့်နှစ်အစောပိုင်းမှာ စာအုပ်ဆိုင်အဖြစ် ပုံစံပြောင်းလဲဖွင့်လှစ်ခဲ့တဲ့ El Alteneo စာအုပ်ဆိုင်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးတစ်ခုဖြစ်သလို အထူးလည်း ကျယ်ဝန်းပါတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော်မှာ ဖွင့်လှစ်ထားတဲ့ ရုပ်ရှင်ရုံဟောင်းဖြစ်တဲ့အတွက် ဗိသုကာလက်ရာတွေက ရာစုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီဖြစ်သလို အဆင်အယင်တွေကလည်း ကြီးကျယ်ခမ်းနားလှပါတယ်။ အရင်တုံးက ပွဲကြည့်စင်မြင့်နဲ့ ရုပ်ရှင်ကြည့်သီးခြားခုံတန်းတွေကို အခုအချိန်မှာ စာဖတ်ခန်းတွေအဖြစ် ပြောင်းလဲလိုက်ပါပြီ။

၄။ Librairie Avant-Grade စာအုပ်ဆိုင်

130828064135-nanjing-book-shop-15-super-169.jpg 

တရုပ်နိုင်ငံရဲ့ အလှအပဆုံးစာအုပ်ဆိုင်ဟာ နမ်ဂျင်းမြို့ရဲ့မြေအောက်ကားပါကင်ကြီးထဲမှာ တည်ရှိပြီး အရင်တုံးက ဒီစာအုပ်ဆိုင်ကို ဗုံးခိုကျင်းအဖြစ် အသုံးပြုခဲ့တာပါ။ မီတာ (၄၀၀) အကျယ်အဝန်းရှိတဲ့ ဒီစာအုပ်ဆိုင်မှာ ကြီးမားတဲ့လက်ဝါးကပ်တိုင်ကြီးတွေ၊ Rodin ရဲ့ "The Thinker" ပန်းပုရုပ်ကို ပွားထားတဲ့ ရုပ်ထုနဲ့ စာအုပ်ဟောင်း၊ စာအုပ်သစ်နဲ့ ထောင်နီချီပြီး ထည့်သွင်းပြသထားတဲ့ စာအုပ်စင်ကြီးတွေနဲ့ တင့်တယ်လှပနေပါတယ်။

ဒီစာအုပ်ဆိုင်ဟာ စာအုပ်ရောင်းချရုံတစ်ခုတည်းမဟုတ်ဘဲ ပြည်သူ့စာကြည့်တိုက် အဖြစ်လည်း ဖွင့်လှစ်ပေးထားတော့ စာအုပ်ထိုင်ဖတ်ဖို့အတွက် စာဖတ်ထိုင်ခုံပေါင်း (၃၀၀) ကျော်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ "စာအုပ်ဆိုင်ကောင်းတစ်ဆိုင်ဟာ နေရာကျယ်ကျယ်၊ မြင်ကွင်းကျယ်ကျယ်နဲ့ မြို့တော်ကို လူသားအငွေ့အသက်ဆန်တဲ့ ပုံရိပ်တွေနဲ့ မြေတောင်မြှောက်ပေးနိုင်ရမယ်" လို့ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်သူ Qian Xiaohua က CNN ကို ပြောကြားခဲ့ပါတယ်။ "ဒီနေရာလေးဟာ ဒီမြို့မှာနေထိုင်တဲ့ ရည်မှန်းချက်ကြီးမားသူတွေအတွက် နေရာလေးတစ်နေရာပါပဲ"

ှSource: CNN

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က