ကြီးကြီး၊ သေးသေး အရွယ်အစားက အဓိကမဟုတ်ဘူး။

ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့အရာဆိုတာ အရွယ်အစားက အဓိကမကျဘူး။ စိတ်ဝင်စားမှုကပဲ အဓိကကျတယ်လေ။ ကမ္ဘာတစ်ဝန်းက ခရီးသွားဆွဲဆောင်ရာ နေရာတွေကို Duwun နဲ့အတူ ကြည့်လိုက်ရအောင်လား။ ဒီနေရာတွေဟာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်ကြတဲ့ နေရာတွေ ဖြစ်ပါသတဲ့။



The Little Mermaid ရုပ်တု

mermaid.jpg 

ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပန်ဟေဂန်က The Little Mermaid ရုပ်တုဟာ သက်တမ်းအနေနဲ့ ၉၄ နှစ် ရှိနေပါပြီ။ ဒိန်းမတ်ပုံပြင်ဆရာ Hans Crhirstian Andersen ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်ထားတာလို့ သိရတယ်။ တိုးရစ်တွေကြားမှာ ပေါ်ပြူလာဖြစ်တဲ့ရုပ်တုပါ။ နေ့စဉ် ခရီးသည် ရာနဲ့ချီ လာရောက်ကြည့်ရှုကြတဲ့ ဒီရုပ်တုလေးက အရွယ်အားဖြင့် ၄ ပေပဲ ရှိပါတယ်။

The Mona Lisa ပန်းချီကား

44D2ED4C00000578-0-image-a-53_1507040009276.jpg 

ပြင်သစ်နိုင်ငံ ၊ ပါရီ (ပဲရစ်)မြို့က မိုနာလီဇာပန်းချီကားဟာ သီချင်းတွေ ကဗျာတွေ ရေးဖွဲ့ရလောက်အောင်ပဲ ကျော်ကြားပါတယ်။ ဒီပန်းချီကားဟာ အာမခံတန်ဖိုးအမြင့်ဆုံးပန်းချီကားအဖြစ် ဂင်းနစ်စံချိန်တင်ထားပါတယ်။ အကြမ်းအားဖြင့် အာမခံကြေး ပေါင် ၇၄,၃၈၀,၀၀၀ ရှိပြီး ၁၉၆၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့မှာ စံချိန်ရခဲ့တာပါ။ ပန်းချီကားချပ်ရဲ့အရွယ်အစားက လက်မ ၃၀ x လက်မ ၂၁ သာ ရှိပါတယ်။

Liberty ရုပ်တု

liberty.jpg 

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့က Liberty ရုပ်တုဟာ ရောမနတ်မဘုရားမ Libertas ကို ကိုယ်စားပြု ထွင်းထုတားတဲ့ ရုပ်တုဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ်မှာ ပြင်သစ်က အမေရိကန်ပြည်ထောင်စုရဲ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လက်ဆောင်ပေးအပ်ခဲ့တာပါ။ ရုပ်တုက အမြင့် ၁၁၁ ပေ၊ ၆ လက်မ ရှိပါတယ်။

Manneken Pis

pis.jpg 

ဘယ်လ်ဂျီယံနိုင်ငံ ၊ ဘရပ်ဆဲလ်မြို့က ဒီအရုပ်လေးဟာ တကယ်ကို သေးသေးလေးပါပဲ။ အမြင့် ၂၄ လက်မသာရှိတဲ့ ကလေးကြေးရုပ်လေးက အပေါ့သွားနေဟန် ပြုလုပ်ထားပြီး ရေတွေပန်းထုတ်နေတာပါ။ ဘရပ်ဆဲလ်ရောက်ရင် အဲ့ဒီအရုပ်လေးကို သွားကြည့်နေကြတာပဲ။ ရုပ်တုသက်တမ်းက နှစ်ပေါင်း ၄၀၀ တောင် ရှိနေပြီတဲ့။

Mount Rushmore

mount.jpg 

အမေရိကန်ပြည်ထောင်စု ၊ ဒတ်ကိုတာတောင်ပိုင်းက Mount Rushmore ကျောက်ထွင်းရုပ်ကြီးတွေကလည်း ကမ္ဘာကျော်နေရာတစ်ခုပါပဲ။ ၁၄ နှစ်လောက် အချိန်ယူ တည်ဆောက်ထွင်းထုခဲ့ရပြီး လူပေါင်း ၄၀၀ လောက် သုံးခဲ့ရတယ်လို့ သိရပါတယ်။

see also 

The White House

white house.jpg 

အမေရိကန်ပြည်ထောင်စု၊ သမ္မတအိမ်တော် (အိမ်ဖြူတော်)ဟာ ဆိုရင်လည်း ပြည်တွင်း၊ ပြည်ပက လာရောက်သူတွေ အမြဲပြည့်နေတဲ့နေရာပါ။ ၁၈၀၀ ပြည့်နှစ်က စပြီး အမေရိကန်သမ္မတအဆက်ဆက်ရဲ့ နေထိုင်ရာအိမ်တော် ဖြစ်လာခဲ့တာ ယနေ့ထိပါပဲ။

The Great Sphinx of Giza

spinx.jpg 

အီဂျစ်က The Great Sphinx of Giza (စဖင့်ရုပ်တုကြီး)ဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကျောက်ဆစ်လက်ရာ ဖြစ်ပါတယ်။ နှစ်စဉ် ခရီးသွားပေါင်း သန်းနဲ့ချီ လာရောက်ကြပါသတဲ့။ ဒီရုပ်တုကို ၂၅၀၀ ဘီစီအတွင်း ဖရိုးဘုရင် ခါဖ်ရာလက်ထက်မှာ တည်ဆောက်ခဲ့တာပါ။ နှစ်ကြာလာတော့ ရုပ်တုရဲ့လည်ပင်းထိအောင် မြေကြီးထဲနစ်ဝင်သွားပြီးနောက် ၁၉၂၅ ခုနှစ်မှာ ပြန်လည်တူးဖော်ထားခဲ့တာဖြစ်ပါတယ်။

Stonehenge

stone.jpg 

အင်္ဂလန်နိုင်ငံ၊ ဝှစ်လ်ထ်ရှိုင်းယားက Stonehenge ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ က ဗြိတိန်တွေရဲ့ ဘာသာရေးဆိုင်ရာ အရေးကြီးတဲ့နေရာတစ်ခုအဖြစ် အသုံးပြုခဲ့ပုံရပါတယ်။

Big Ben

big ben.jpg 

လန်ဒန်မြို့က Big Ben နာရီစင်ကြီးကို အရင်တုန်းကတော့ Elizabeth Tower လို့ အမည်ပေးခဲ့တာပါ။

 

Buckingham Palace

blh.jpg 

ဘက်ကင်ဟန်နန်းတော်ကလည်း လန်ဒန်မြို့မှာ တည်ရှိပါတယ်။ အမေရိကန်သမ္မတအိမ်တော်လိုပဲ အင်္ဂလန်ဘုရင်မကြီး စိုးစံရာနေရာ ဖြစ်ပါတယ်။ နန်းတော်ထဲမှာ အခန်းပေါင်း ၇၇၅ ခန်း ပါဝင်ပြီး ယင်းအခန်းတို့အနက် ၅၂ ခန်းက တော်ဝင်အိပ်ခန်းဆောင်၊ အိမ်သာ ၇၈ ခု တို့ ဖြစ်ပါတယ်။ ဒီအတိုင်း ဝင်သွားရင် မျက်စိလည်သွားလောက်တယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က