• Travel
    ဂျပန်နိုင်ငံက ယုန်ကျွန်းကို အလည်သွားကြမယ်
Thiha Htun
[Unicode Version]

သင်ဟာ ယုန်လေးတွေကို ချစ်ခင်နှစ်သက်သူတစ်ဦး ဖြစ်ပါသလား။ ဒါမှမဟုတ် အသည်းငယ်တတ်တဲ့ အမွှေးဖွားဖွား တိရစ္ဆာန်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားသူတစ်ဦး ဖြစ်ပါသလား။ ဒါဆိုရင် ယုန်လေးတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ကျွန်းဆိုရင်ကော ဒဏ္ဍာရီပုံပြင်လို့ ထင်မိမှာလား။ အဲဒီလို ဒဏ္ဍာရီပုံပြင်ထဲက ကျွန်းလေးတစ်ကျွန်း ဂျပန်နိုင်ငံမှာ တကယ်ရှိနေပါပြီ။ ယုန်လေးတွေကို ချစ်ခင်နှစ်သက်သူတွေရဲ့ ခရီးသွားစာရင်းထဲမှာ ယုန်ကျွန်းကို ထည့်သွင်းလို့ရနေပါပြီ။

01_bunny_Its-True-Japan-Has-an-Island-Filled-with-Bunnies_5657836q_Michael-YangREX-760x506.jpg 

တည်နေရာ

02_lots-of-bunnies_Its-True-Japan-Has-an-Island-Filled-with-Bunnies_5657836d_Michael-YangREX-760x506.jpg 

ယုန်ကျွန်းလို့ ဂျပန်လူမျိုးတွေကြားမှာ လူသိများတဲ့ Ōkunoshima (အိုုကူနိုရှီးမား) ကျွန်းဟာ အရှေ့ဘက်ပင်လယ်၊ ဂျပန်ကမ်းရိုးတန်းတလျှောက်မှာ တည်ရှိပြီး ယုန်ကောင်ရေ ရာနဲ့ချီပြီး ထိန်းသိမ်းထားနိုင်တဲ့ ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါတယ်။ အိုကူနိုရှီးမားကျွန်းကို ဂျပန်လိုတော့ "Usaga Jima" လို့ နာမည်ပြောင်ပေးထားကြပါတယ်။

ကျွန်းပေါ်မှာ နေထိုင်တဲ့ အမွှေးဖွားအိမ်ရှင် လေးတွေဟာ လူတွေနဲ့ယဉ်ပါးပြီး နှစ်လိုဖွယ်လည်း ကောင်းကြပါတယ်။ ဒါပေမယ့် Marriott's Traveler ဝက်ဘ်ဆိုဒ်ကတော့ ယုန်ကျွန်းကို သွားရောက်လည်ပတ်မယ့် ဧည့်သည်တွေကို လက်အိတ်ဆောင်လာဖို့ အကြံပြုထားပါတယ်။ ယုန်လေးတွေရဲ့ ထုံးစံအတိုင်း တစ်ခုခုကို ကိုက်တတ်ခဲတတ်တဲ့ အကျင့်ရှိတော့ လက်ချောင်းလေးတွေကို မုန်လာဥနီနဲ့ မှားပြီး ကိုက်တာခံရနိုင်ခြေ ရှိလို့ပါပဲ။ ဒါပေမယ့် ဒီ အမွှေးဖွားဖွား ခြေ (၄) ချောင်း သတ္တဝါလေးတွေမှာ တခြားအန္တရာယ်ပြုနိုင်တဲ့ အချက်တော့ မရှိပါဘူး။

သမိုင်းကြောင်း

03_umbrella_Its-True-Japan-Has-an-Island-Filled-with-Bunnies_5657836e_Michael-YangREX-760x506.jpg 

ယုန်ကျွန်းရဲ့ သမိုင်းကြောင်းကတော့ သိပ်မကောင်းလှပါဘူး။ ဒုတိယကမ္ဘာစစ်တွင်းတုံးက အိုကူနိုရှီးမားကျွန်းကို ဓာတုလက်နက်တွေ ထုတ်လုပ်ဖို့အတွက် သုတေသနစခန်း တစ်ခုအဖြစ် အသုံးချခဲ့ကြပါတယ်။ စစ်ပြီးသွားတော့ သုတေသနစခန်းကို ပိတ်ပစ်ခဲ့ပေမယ့် ကျွန်းပေါ်က ယုန်လေးတွေဟာ ဓာတုလက်နက် ထုတ်လုပ်ရေးမှာ အစမ်းသပ်ခံအဖြစ် အသုံးပြုခံခဲ့ရတယ်လို့ သံသယရှိနေကြပါတယ်။

အရပ်ပြောစကားတွေအရဆိုရင် ကျွန်းပေါ်မှာ လက်ရှိနေထိုင်နေတဲ့ ယုန်လေးတွေဟာ ဒုတိယကမ္ဘာစစ်တုံးက စမ်းသပ်ခံ ယုန်လေးတွေရဲ့ မျိုးဆက်တွေ ဖြစ်နိုင်ပါတယ်တဲ့။ ပိုပြီး စိတ်ချမ်းသာဖို့ကောင်းတဲ့ သီအိုရီနောက်တစ်ခုကတော့ ကျောင်းသားလူငယ် အုပ်စုတစ်စုဟာ သူတို့ရဲ့ ယုန်လေးတွေကို ကျွန်းပေါ်ကို ခေါ်လာခဲ့ပြီး လွတ်လွတ်လပ်လပ် နေနိုင်ဖို့အတွက် လွှတ်ပေးခဲ့ကြပါတယ်တဲ့။ အဲဒီကမှတဆင့် ယုန်လေးတွေဟာ ရာဂဏန်းချီသည်အထိ ပေါက်ဖွားလာခဲ့တာပါတဲ့။

See also: 

ဘယ်ဟာကပဲ အမှန်ဖြစ်ပါစေ။ ယနေ့အချိန်မှာတော့ ကျွန်းပေါ်က ယုန်လေးတွေဟာ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်နေထိုင်နေကြပါတယ်။ ယုန်လေးတွေ အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့အတွက် ယုန်လေးတွေကို လိုက်လံသတ်ဖြတ် စားသောက်တတ်တဲ့ မုဆိုးနွယ်ဝင်တွေဖြစ်တဲ့ ခွေး၊ မြေခွေး၊ ကြောင်နဲ့ တခြားတိရစ္ဆာန်တွေကို ကျွန်းပေါ်မှာ နေထိုင်ခွင့်ပြုမထားပါဘူး။ ဒါပေမယ့် လူသားတွေကိုတော့ ခြွင်းချက်အဖြစ် လာလည်ခွင့်ပြုထားပါတယ်။

1153_0458-890x395_c.jpg 

အိုကူနိုရှီးမားကျွန်းကို သွားရောက်လည်ပတ်ချင်ရင် ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်းမကြီးကနေ ဖယ်ရီဘုတ်စီးပြီး သွားရောက်နိုင်ပါတယ်။ မြစ်ဆိပ်မှာပဲ ယုန်လေးတွေကို ကျွေးဖွေးဖို့အတွက် ယုန်စာအိတ်လေးတွေကို တစ်အိတ်ကို ဂျပန်ယန်း (၁၀၀) (အမေရိယန် တစ်ဒေါ်လာနီးပါး) နဲ့ ဝယ်ယူနိုင်ပါတယ်။

ကျွန်းပေါ်မှာ ချစ်စရာကောင်းတဲ့ ယုန်လေးတွေ ရှိနေခြင်းဟာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်သေးဘူးလား။ ကျွန်းပေါ်မှာ အပန်းဖြေဟိုတယ်တစ်လုံး၊ တောလည်ထွက်တဲ့ တောရိုင်းမြေ၊ ဂေါ့ဖ်ကွင်းနဲ့ လှပတဲ့ ကမ်းခြေတွေလည်း ရှိပါသေးတယ်။ ယုုန်လေးတွေနဲ့ဆော့လိုက်၊ အပန်းဖြေလိုက် လုပ်နိုင်တဲ့ အကောင်းဆုံး လည်ပတ်စရာ နေရာတစ်ခုပါ။ ယုန်လေးတွေကို ချစ်တတ်တဲ့ သူတွေဆိုရင်တော့ အဲဒီကျွန်းလေးကနေ ပြန်တောင်ပြန်ချင်မှာ မဟုတ်ပါဘူးနော်။

Source: Reader's Digest

 

[Zawgyi Version]

သင္ဟာ ယုန္ေလးေတြကို ခ်စ္ခင္ႏွစ္သက္သူတစ္ဦး ျဖစ္ပါသလား။ ဒါမွမဟုတ္ အသည္းငယ္တတ္တဲ႔ အေမႊးဖြားဖြား တိရစၦာန္ေလးေတြကို အိမ္ေမြးတိရစၦာန္အျဖစ္ ေမြးထားသူတစ္ဦး ျဖစ္ပါသလား။ ဒါဆိုရင္ ယုန္ေလးေတြနဲ႔ ျပည္႔ႏွက္ေနတဲ႔ ကြ်န္းတစ္ကြ်န္းဆိုရင္ေကာ ဒ႑ာရီပံုျပင္လို႔ ထင္မိမွာလား။ အဲဒီလို ဒ႑ာရီပံုျပင္ထဲက ကြ်န္းေလးတစ္ကြ်န္း ဂ်ပန္ႏိုင္ငံမွာ တကယ္ရွိေနပါၿပီ။ ယုန္ေလးေတြကို ခ်စ္ခင္ႏွစ္သက္သူေတြရဲ႕ ခရီးသြားစာရင္းထဲမွာ ယုန္ကြ်န္းကို ထည္႔သြင္းလို႔ရေနပါၿပီ။

တည္ေနရာ

02_lots-of-bunnies_Its-True-Japan-Has-an-Island-Filled-with-Bunnies_5657836d_Michael-YangREX-760x506.jpg 

ယုန္ကြ်န္းလို႔ ဂ်ပန္လူမ်ိဳးေတြၾကားမွာ လူသိမ်ားတဲ႔ Ōkunoshima (အိုုကူႏိုရွီးမား) ကြ်န္းဟာ အေရွ႕ဘက္ပင္လယ္၊ ဂ်ပန္ကမ္းရိုးတန္းတေလွ်ာက္မွာ တည္ရွိၿပီး ယုန္ေကာင္ေရ ရာနဲ႔ခ်ီၿပီး ထိန္းသိမ္းထားႏိုင္တဲ႔ ကြ်န္းတစ္ကြ်န္းလည္း ျဖစ္ပါတယ္။ အိုကူႏိုရွီးမားကြ်န္းကို ဂ်ပန္လိုေတာ႔ "Usaga Jima" လို႔ နာမည္ေျပာင္ေပးထားၾကပါတယ္။

ကြ်န္းေပၚမွာ ေနထိုင္တဲ႔ အေမႊးဖြားအိမ္ရွင္ ေလးေတြဟာ လူေတြနဲ႔ယဥ္ပါးၿပီး ႏွစ္လိုဖြယ္လည္း ေကာင္းၾကပါတယ္။ ဒါေပမယ္႔ Marriott's Traveler ဝက္ဘ္ဆိုဒ္ကေတာ႔ ယုန္ကြ်န္းကို သြားေရာက္လည္ပတ္မယ္႔ ဧည္႕သည္ေတြကို လက္အိတ္ေဆာင္လာဖို႔ အၾကံျပဳထားပါတယ္။ ယုန္ေလးေတြရဲ႕ ထံုးစံအတိုင္း တစ္ခုခုကို ကိုက္တတ္ခဲတတ္တဲ႔ အက်င္႔ရွိေတာ႔ လက္ေခ်ာင္းေလးေတြကို မုန္လာဥနီနဲ႔ မွားၿပီး ကိုက္တာခံရႏိုင္ေျခ ရွိလို႔ပါပဲ။ ဒါေပမယ္႔ ဒီ အေမႊးဖြားဖြား ေျခ (၄) ေခ်ာင္း သတၱဝါေလးေတြမွာ တျခားအႏၱရာယ္ျပဳႏိုင္တဲ႔ အခ်က္ေတာ႔ မရွိပါဘူး။

သမိုင္းေၾကာင္း

03_umbrella_Its-True-Japan-Has-an-Island-Filled-with-Bunnies_5657836e_Michael-YangREX-760x506.jpg 

ယုန္ကြ်န္းရဲ႕ သမိုင္းေၾကာင္းကေတာ႔ သိပ္မေကာင္းလွပါဘူး။ ဒုတိယကမၻာစစ္တြင္းတံုးက အိုကူႏိုရွီးမားကြ်န္းကို ဓာတုလက္နက္ေတြ ထုတ္လုပ္ဖို႔အတြက္ သုေတသနစခန္း တစ္ခုအျဖစ္ အသံုးခ်ခဲ႔ၾကပါတယ္။ စစ္ၿပီးသြားေတာ႔ သုေတသနစခန္းကို ပိတ္ပစ္ခဲ႔ေပမယ္႔ ကြ်န္းေပၚက ယုန္ေလးေတြဟာ ဓာတုလက္နက္ ထုတ္လုပ္ေရးမွာ အစမ္းသပ္ခံအျဖစ္ အသံုးျပဳခံခဲ႔ရတယ္လို႔ သံသယရွိေနၾကပါတယ္။

အရပ္ေျပာစကားေတြအရဆိုရင္ ကြ်န္းေပၚမွာ လက္ရွိေနထိုင္ေနတဲ႔ ယုန္ေလးေတြဟာ ဒုတိယကမၻာစစ္တံုးက စမ္းသပ္ခံ ယုန္ေလးေတြရဲ႕ မ်ိဳးဆက္ေတြ ျဖစ္ႏိုင္ပါတယ္တဲ႔။ ပိုၿပီး စိတ္ခ်မ္းသာဖို႔ေကာင္းတဲ႔ သီအိုရီေနာက္တစ္ခုကေတာ႔ ေက်ာင္းသားလူငယ္ အုပ္စုတစ္စုဟာ သူတို႔ရဲ႕ ယုန္ေလးေတြကို ကြ်န္းေပၚကို ေခၚလာခဲ႔ၿပီး လြတ္လြတ္လပ္လပ္ ေနႏိုင္ဖို႔အတြက္ လႊတ္ေပးခဲ႔ၾကပါတယ္တဲ႔။ အဲဒီကမွတဆင္႔ ယုန္ေလးေတြဟာ ရာဂဏန္းခ်ီသည္အထိ ေပါက္ဖြားလာခဲ႔တာပါတဲ႔။

See also: 

ဘယ္ဟာကပဲ အမွန္ျဖစ္ပါေစ။ ယေန႔အခ်ိန္မွာေတာ႔ ကြ်န္းေပၚက ယုန္ေလးေတြဟာ ၿငိမ္္းခ်မ္းတဲ႔ ပတ္ဝန္းက်င္တစ္ခုမွာ ရွင္သန္ေနထိုင္ေနၾကပါတယ္။ ယုန္ေလးေတြ အဲဒီလို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေနႏိုင္ဖို႔အတြက္ ယုန္ေလးေတြကို လိုက္လံသတ္ျဖတ္ စားေသာက္တတ္တဲ႔ မုဆိုးႏြယ္ဝင္ေတြျဖစ္တဲ႔ ေခြး၊ ေျမေခြး၊ ေၾကာင္နဲ႔ တျခားတိရစၦာန္ေတြကို ကြ်န္းေပၚမွာ ေနထုိင္ခြင္႔ျပဳမထားပါဘူး။ ဒါေပမယ္႔ လူသားေတြကိုေတာ႔ ျခြင္းခ်က္အျဖစ္ လာလည္ခြင္႔ျပဳထားပါတယ္။

အိုကူႏိုရွီးမားကြ်န္းကို သြားေရာက္လည္ပတ္ခ်င္ရင္ ဂ်ပန္ႏိုင္ငံ၊ ဟြန္ရွဴးကြ်န္းမႀကီးကေန ဖယ္ရီဘုတ္စီးၿပီး သြားေရာက္ႏိုင္ပါတယ္။ ျမစ္ဆိပ္မွာပဲ ယုန္ေလးေတြကို ေကြ်းေဖြးဖို႔အတြက္ ယုန္စာအိတ္ေလးေတြကို တစ္အိတ္ကို ဂ်ပန္ယန္း (၁၀၀) (အေမရိယန္ တစ္ေဒၚလာနီးပါး) နဲ႔ ဝယ္ယူႏိုင္ပါတယ္။

ကြ်န္းေပၚမွာ ခ်စ္စရာေကာင္းတဲ႔ ယုန္ေလးေတြ ရွိေနျခင္းဟာ လံုေလာက္တဲ႔ အေၾကာင္းျပခ်က္ မဟုတ္ေသးဘူးလား။ ကြ်န္းေပၚမွာ အပန္းေျဖဟိုတယ္တစ္လံုး၊ ေတာလည္ထြက္တဲ႔ ေတာရိုင္းေျမ၊ ေဂါ႔ဖ္ကြင္းနဲ႔ လွပတဲ႔ ကမ္းေျခေတြလည္း ရွိပါေသးတယ္။ ယုုန္ေလးေတြနဲ႔ေဆာ႔လိုက္၊ အပန္းေျဖလိုက္ လုပ္ႏိုင္တဲ႔ အေကာင္းဆံုး လည္ပတ္စရာ ေနရာတစ္ခုပါ။ ယုန္ေလးေတြကို ခ်စ္တတ္တဲ႔ သူေတြဆိုရင္ေတာ႔ အဲဒီကြ်န္းေလးကေန ျပန္ေတာင္ျပန္ခ်င္မွာ မဟုတ္ပါဘူးေနာ္။

Source: Reader's Digest

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs