• Travel
    မှန်တွေနဲ့ပဲ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး ရေအောက်စားသောက်ဆိုင်
Pyae Phyo Thein
[Unicode Version]

ခင်ဗျားအနေနဲ့ စားသောက်ဆိုင်တော်တော်များများမှာ စားသောက်ခဲ့ဖူးမှာပါ။ နာမည်ကျော်ကြားပြီး လူကြိုက်များတဲ့ စားသောက်ဆိုင်တွေပဲဖြစ်ဖြစ်၊ ရိုးအီလာတဲ့အချိန်မှာ လက်တွေ့ဆန်ဆန် လမ်းဘေးဆိုင်လေးတွေမှာပဲဖြစ်ဖြစ် စားသုံးဖူးမှာပဲလေ။ အလည်အပတ်ခရီးသွားတိုင်းလည်း ခင်ဗျားရောက်နေတဲ့နေရာက နာမည်ကြီးဆိုင်တွေမှာလည်း သွားစားဖြစ်မှာပေါ့။ ဒါပေမယ့် အခုလို စားသောက်ဆိုင်မှာတော့ မစားသောက်ဖူးသေးဘူးလို့တော့ ထင်ပါတယ်။ ဘယ်လိုစားသောက်ဆိုင်ဖြစ်မယ်လို့ထင်လဲ။ ဟုတ်ပါတယ်။ ရေအောက်စားသောက်ဆိုင်တစ်ခုပဲ ဖြစ်ပါတယ်။  မော်လ်ဒိုက်မှာရှိတဲ့ Hurawalhi Island Resort တစ်ခုက ဖွင့်လှစ်ခဲ့တာပါ။ ပင်လယ်ရဲ့အောက်အနက် ၅.၈ မီတာမှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ စားသောက်ဆိုင်တစ်ခုလုံးကို မှန်တွေနဲ့ ဆောက်လုပ်ခဲ့ပါတယ်။ မှန်တွေနဲ့ချည်းပဲ ဆောက်လုပ်ခဲ့တဲ့ ရေအောက်စားသောက်ဆိုင်ထဲမှာဆို ကမ္ဘာ့အကြီးဆုံး စားသောက်ဆိုင် အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

Dining-Underwater-Hurawalhi-7.jpg 

ဒီစားသောက်ဆိုင်ကိုတော့ ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ပင်လယ်အောက်အနက် ၅.၈မီတာခန့်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ စားသောက်ဆိုင်တစ်ခုလုံးရဲ့ စုစုပေါင်းအလေးချိန်ဟာ ၄၀၀ မက်ထရစ်တန် ရှိပါတယ်။ လူသွားလမ်းကို အလယ်မှာထားထားပြီးတော့ တစ်ဖက်တစ်ချက်မှာ စားသောက်ဖို့ ခုံတွေကို တည်ခင်းထားတာပါ။ အပေါ်ဘက်ကို မော့ကြည့်လိုက်မယ်ဆိုရင်တော့ ဖန်သားပြင်ကို အထောက်အကူပြုပေးထားတဲ့ လှေကားအုံလေးတွေကို တွေ့မြင်ရမှာဖြစ်ပြီး သဘာဝရဲ့ ပန်းချီကားတစ်ချပ်ကို ခံစားနေရတဲ့ ခံစားချက်ကို သေချာပေါက် ခံစားရမှာပါ။ လမင်းကြီး တစ်ဝက်တစ်ပျက်နဲ့ ပေါ်နေစဉ် ပုံစံ Ceiling တွေကိုလည်း အပေါ်ဘက်မှာ အသုံးပြုထားပြီးတော့ ဘယ်နေရာကိုကြည့်ကြည့် ရေအောက်ကမ္ဘာရဲ့ ငါးတွေ လှုပ်ရှားသွားလာမှုကို တွေ့မြင်ရမှာဖြစ်ပါတယ်။

http_%2F%2Fcdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F171117135848-maldives-hurawalhi-undersea-restaurant-8.jpg 

ပုံမှန်စားသောက်ဆိုင်တွေမှာ စားသောက်ရတဲ့ အနေအထားနဲ့ဆိုရင်တော့ တော်တော်လေးကွဲပြားနေမှာ ဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲမှုက စားသုံးရတဲ့အပေါ်မှာလည်း ရိုက်ခတ်မှု ရှိလာမှာပါ။ ဒီစားသောက်ဆိုင်ကို စတင်ဆောက်လုပ်ဖို့အတွက် စိတ်ကူးခဲ့ပြီးကတည်းက သန္တာကျောက်တန်းတွေကို ဖဲ့ထုတ်ခဲ့ရပြီးတော့ စားသောက်ဆိုင်ရဲ့ ဘေးပတ်ဝန်းကျင်မှာ ရေနေသတ္တဝါတွေ နေထိုင်ပြီး သွားလာလို့ရအောင် အတားအဆီးတွေလည်း ပြုလုပ်ခဲ့ရသေးတယ်လို့ Paige Bennett က ပြောခဲ့ပါတယ်။ သူမက Hurawalhi Dive Instructor တစ်ယောက်လည်း ဖြစ်ပါတယ်။ ဖဲ့ထုတ်ခဲ့တဲ့ သန္တာကျောက်တန်းထဲက အပိုင်းအစတွေကိုလည်း အသစ်တဖန် ပြန်လည်ပြီး ကြီးထွားလာအောင် လုပ်ဆောင်ခဲ့ရတယ်လို့ သူမက ဆိုပါသေးတယ်။ ဝန်ချီစက်အကြီးကြီးတွေကို အသုံးပြုခဲ့ရပြီးတော့ ဆောက်လုပ်ခဲ့ရသလို လူအင်အားလည်း အသုံးပြုခဲ့ရပါသေးတယ်။ အထူးသတိပြုခဲ့ရတာကတော့ ရေအောက်သဘာ၀၀န်းကျင် မထိခိုက်အောင်နဲ့ ဂေဟစနစ်တွေ မပျက်စီးအောင် စဉ်းစားခဲ့ရတာဖြစ်ပြီး Paige Bennett ကိုယ်တိုင် ရေအောက်ထဲဆင်းပြီးတော့ လေ့လာခဲ့မှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။

http_%2F%2Fcdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F171117135929-maldives-hurawalhi-undersea-restaurant-aerial.jpg 

ငါးတွေ အသက်ရှင်နေထိုင်ဖို့အတွက် လုံလောက်တဲ့ နေရာပတ်ဝန်းကျင်ကိုလည်း စဉ်းစားခဲ့ရပြီးတော့ ငါးတွေကို ဒီနေရာမှာ နေထိုင်ချင်လာအောင် ဆွဲဆောင်ဖို့လည်း အားထုတ်ခဲ့ရပါသေးတယ်။ မော်လ်ဒိုက်မှာ ကျင်လည်နေကြတဲ့ တချို့သော ငါးတွေဟာ မော်လ်ဒိုက်ကို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ဖို့ရာ ဆွဲဆောင်နိုင်စွမ်း၊ ကိုယ်စားပြုနိုင်စွမ်း ရှိတာကြောင့်လည်း ဖြစ်ပါတယ်။ မော်လ်ဒိုက်ရဲ့ စီးပွားရေးစနစ် အသစ်တစ်ခုလို့ ဆိုရမယ့် ရေအောက်စားသောက်ဆိုင်ဟာ အချိုးအကွေ့တွေ၊ ကျယ်ပြန့်မှုတွေနဲ့ ဆောက်လုပ်ခဲ့တာပါ။ ဒီစားသောက်ဆိုင် ဆောက်လုပ်ဖို့ရာအတွက် ရေအောက်မှာ ရှိနေတဲ့ သဘာဝသန္တာကျောက်တန်းတွေရဲ့ အစိတ်အပိုင်းအများအပြားကို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ကြောင်းလည်း Bennett က ဝန်ခံခဲ့ပါတယ်။ တချို့ သန္တာကျောက်တုံးတွေကတော့ စားသောက်ဆိုင်ဆောက်လုပ်မှုမှာ ပါဝင်ဖွဲ့စည်းဖို့အတွက် ခက်ခဲလွန်းခဲ့တယ်လို့လည်း သူမက ဆိုပါတယ်။ 

Hurawalhi စားသောက်ဆိုင်ကို ဂျပန်နိုင်ငံမှ ဗိသုကာပညာရှင် Yuji Yamazaki ရဲ့ ဒီဇိုင်းကို ပုံဖော်ဆောက်လုပ်ခဲ့တာဖြစ်ပြီးတော့ မော်လ်ဒိုက်ရဲ့ Lhaviyani သန္တာကျောက်ကျွန်းမှာ တည်ရှိပါတယ်။ Yuji မှာ ကိုယ်ပိုင်စားသောက်ဆိုင် တစ်ခုလည်းရှိပြီးတော့ နယူးယော့ခ်မှာ ဖွင့်လှစ်ထားတာပါ။ သူ့ရဲ့ ဒီဇီုင်းနဲ့ ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦပေါင်းဟာ ၉၀ခန့်ရှိပြီးတော့ ၆၀ ဟာ ရေအောက်မှာဖြစ်ပြီး ၃၀ကတော့ ကမ်းခြေတွေမှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ Hurawalhi စားသောက်ဆိုင်ရဲ့ အစားအသောက် မှာယူမှုမှာတော့ Package နဲ့လည်း သုံးဆောင်နိုင်ပြီးတော့ မိမိနှစ်သက်ရာကိုလည်း ရွေးချယ်စားသုံးလို့ ရပါတယ်။ နားအေးပါးအေးနဲ့ စားသောက်လိုသူတွေအတွက်ရော၊ အေးအေးဆေးဆေးစားသုံးလိုတဲ့ သူတွေအတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စားသုံးသူတွေအတွက် အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားကြောင်းလည်း Van Dan Oever လို့ ခေါ်တဲ့ အဆိုပါ စားသောက်ဆိုင်မှာ အလုပ်လုပ်ကိုင်သူ စားဖိုမှူးတစ်ယောက် ဆိုပါတယ်။

Dining-Underwater-Hurawalhi-5.jpg 

ဘယ်လိုပဲဖြစ်နေပါစေ မော်လ်ဒိုက်ကတော့ သူတို့ရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပိုပြီးတိုးတက်လာစေဖို့အတွက် ဆန်းပြားတဲ့ စိတ်ကူးအတွေးတွေနဲ့ ဆွဲဆောင်နေပါပြီ။ ရေအောက်ကမ္ဘာကို ကြည့်ရင်းနဲ့ အေးချမ်းတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ အရသာရှိရှိစားသုံးလိုသူတိုင်းအတွက်တော့ Hurawalhi စားသောက်ဆိုင်က ကြိုဆိုလို့နေပါတော့တယ်။ တစ်ခုသတိပြုရမှာကတော့ Hurawalhi Island Resort မှာ နေထိုင်ဖို့အတွက် အသက် ၁၅နှစ်နှင့် အထက်တွေကိုသာ ခွင့်ပြုထားတာဖြစ်ပါတယ်။

Source : CNN

[Zawgyi Version]

ခင္ဗ်ားအေနနဲ႕ စားေသာက္ဆိုင္ေတာ္ေတာ္မ်ားမ်ားမွာ စားေသာက္ခဲ့ဖူးမွာပါ။ နာမည္ေက်ာ္ၾကားျပီး လူၾကိဳက္မ်ားတဲ့ စားေသာက္ဆိုင္ေတြပဲျဖစ္ျဖစ္၊ ရိုးအီလာတဲ့အခ်ိန္မွာ လက္ေတြ႕ဆန္ဆန္ လမ္းေဘးဆိုင္ေလးေတြမွာပဲျဖစ္ျဖစ္ စားသံုးဖူးမွာပဲေလ။ အလည္အပတ္ခရီးသြားတိုင္းလည္း ခင္ဗ်ားေရာက္ေနတဲ့ေနရာက နာမည္ၾကီးဆိုင္ေတြမွာလည္း သြားစားျဖစ္မွာေပါ့။ ဒါေပမယ့္ အခုလို စားေသာက္ဆုိင္မွာေတာ့ မစားေသာက္ဖူးေသးဘူးလို႕ေတာ့ ထင္ပါတယ္။ ဘယ္လိုစားေသာက္ဆုိင္ျဖစ္မယ္လို႕ထင္လဲ။ ဟုတ္ပါတယ္။ ေရေအာက္စားေသာက္ဆိုင္တစ္ခုပဲ ျဖစ္ပါတယ္။  ေမာ္လ္ဒိုက္မွာရွိတဲ့ Hurawalhi Island Resort တစ္ခုက ဖြင့္လွစ္ခဲ့တာပါ။ ပင္လယ္ရဲ႕ေအာက္အနက္ ၅.၈ မီတာမွာ ေဆာက္လုပ္ခဲ့တာျဖစ္ျပီးေတာ့ စားေသာက္ဆိုင္တစ္ခုလံုးကို မွန္ေတြနဲ႕ ေဆာက္လုပ္ခဲ့ပါတယ္။ မွန္ေတြနဲ႕ခ်ည္းပဲ ေဆာက္လုပ္ခဲ့တဲ့ ေရေအာက္စားေသာက္ဆိုင္ထဲမွာဆို ကမၻာ့အၾကီးဆံုး စားေသာက္ဆိုင္ အျဖစ္ မွတ္တမ္း၀င္ခဲ့တာလည္း ျဖစ္ပါတယ္။

ဒီစားေသာက္ဆိုင္ကိုေတာ့ ၂၀၁၆ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့တာပါ။ ပင္လယ္ေအာက္အနက္ ၅.၈မီတာခန္႕မွာ ေဆာက္လုပ္ခဲ့တာျဖစ္ျပီးေတာ့ စားေသာက္ဆိုင္တစ္ခုလံုးရဲ႕ စုစုေပါင္းအေလးခ်ိန္ဟာ ၄၀၀ မက္ထရစ္တန္ ရွိပါတယ္။ လူသြားလမ္းကို အလယ္မွာထားထားျပီးေတာ့ တစ္ဖက္တစ္ခ်က္မွာ စားေသာက္ဖို႕ ခံုေတြကို တည္ခင္းထားတာပါ။ အေပၚဘက္ကို ေမာ့ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ဖန္သားျပင္ကို အေထာက္အကူျပဳေပးထားတဲ့ ေလွကားအံုေလးေတြကို ေတြ႕ျမင္ရမွာျဖစ္ျပီး သဘာ၀ရဲ႕ ပန္းခ်ီကားတစ္ခ်ပ္ကို ခံစားေနရတဲ့ ခံစားခ်က္ကို ေသခ်ာေပါက္ ခံစားရမွာပါ။ လမင္းၾကီး တစ္၀က္တစ္ပ်က္နဲ႕ ေပၚေနစဥ္ ပံုစံ Ceiling ေတြကိုလည္း အေပၚဘက္မွာ အသံုးျပဳထားျပီးေတာ့ ဘယ္ေနရာကိုၾကည့္ၾကည့္ ေရေအာက္ကမၻာရဲ႕ ငါးေတြ လႈပ္ရွားသြားလာမႈကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ပံုမွန္စားေသာက္ဆိုင္ေတြမွာ စားေသာက္ရတဲ့ အေနအထားနဲ႕ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကြဲျပားေနမွာ ျဖစ္ျပီး ပတ္၀န္းက်င္ရဲ႕ ေျပာင္းလဲမႈက စားသံုးရတဲ့အေပၚမွာလည္း ရိုက္ခတ္မႈ ရွိလာမွာပါ။ ဒီစားေသာက္ဆိုင္ကို စတင္ေဆာက္လုပ္ဖို႕အတြက္ စိတ္ကူးခဲ့ျပီးကတည္းက သႏၱာေက်ာက္တန္းေတြကို ဖဲ့ထုတ္ခဲ့ရျပီးေတာ့ စားေသာက္ဆိုင္ရဲ႕ ေဘးပတ္၀န္းက်င္မွာ ေရေနသတၱ၀ါေတြ ေနထိုင္ျပီး သြားလာလို႕ရေအာင္ အတားအဆီးေတြလည္း ျပဳလုပ္ခဲ့ရေသးတယ္လို႕ Paige Bennett က ေျပာခဲ့ပါတယ္။ သူမက Hurawalhi Dive Instructor တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဖဲ့ထုတ္ခဲ့တဲ့ သႏၱာေက်ာက္တန္းထဲက အပိုင္းအစေတြကိုလည္း အသစ္တဖန္ ျပန္လည္ျပီး ၾကီးထြားလာေအာင္ လုပ္ေဆာင္ခဲ့ရတယ္လို႕ သူမက ဆိုပါေသးတယ္။ ၀န္ခ်ီစက္အၾကီးၾကီးေတြကို အသံုးျပဳခဲ့ရျပီးေတာ့ ေဆာက္လုပ္ခဲ့ရသလို လူအင္အားလည္း အသံုးျပဳခဲ့ရပါေသးတယ္။ အထူးသတိျပဳခဲ့ရတာကေတာ့ ေရေအာက္သဘာ၀၀န္းက်င္ မထိခိုက္ေအာင္နဲ႕ ေဂဟစနစ္ေတြ မပ်က္စီးေအာင္ စဥ္းစားခဲ့ရတာျဖစ္ျပီး Paige Bennett ကိုယ္တိုင္ ေရေအာက္ထဲဆင္းျပီးေတာ့ ေလ့လာခဲ့မႈေတြ ျပဳလုပ္ခဲ့ရပါေသးတယ္။

ငါးေတြ အသက္ရွင္ေနထိုင္ဖို႕အတြက္ လံုေလာက္တဲ့ ေနရာပတ္၀န္းက်င္ကိုလည္း စဥ္းစားခဲ့ရျပီးေတာ့ ငါးေတြကို ဒီေနရာမွာ ေနထိုင္ခ်င္လာေအာင္ ဆြဲေဆာင္ဖို႕လည္း အားထုတ္ခဲ့ရပါေသးတယ္။ ေမာ္လ္ဒိုက္မွာ က်င္လည္ေနၾကတဲ့ တခ်ိဳ႕ေသာ ငါးေတြဟာ ေမာ္လ္ဒိုက္ကို ကမၻာလွည့္ခရီးသည္ေတြ လာေရာက္ဖို႕ရာ ဆြဲေဆာင္ႏိုင္စြမ္း၊ ကိုယ္စားျပဳႏိုင္စြမ္း ရွိတာေၾကာင့္လည္း ျဖစ္ပါတယ္။ ေမာ္လ္ဒိုက္ရဲ႕ စီးပြားေရးစနစ္ အသစ္တစ္ခုလို႕ ဆိုရမယ့္ ေရေအာက္စားေသာက္ဆိုင္ဟာ အခ်ိဳးအေကြ႕ေတြ၊ က်ယ္ျပန္႕မႈေတြနဲ႕ ေဆာက္လုပ္ခဲ့တာပါ။ ဒီစားေသာက္ဆိုင္ ေဆာက္လုပ္ဖို႕ရာအတြက္ ေရေအာက္မွာ ရွိေနတဲ့ သဘာ၀သႏၱာေက်ာက္တန္းေတြရဲ႕ အစိတ္အပိုင္းအမ်ားအျပားကို ေရႊ႕ေျပာင္းဖို႕ ဆံုးျဖတ္ခဲ့ရတာျဖစ္ေၾကာင္းလည္း Bennett က ၀န္ခံခဲ့ပါတယ္။ တခ်ိဳ႕ သႏၱာေက်ာက္တံုးေတြကေတာ့ စားေသာက္ဆိုင္ေဆာက္လုပ္မႈမွာ ပါ၀င္ဖြဲ႕စည္းဖို႕အတြက္ ခက္ခဲလြန္းခဲ့တယ္လို႕လည္း သူမက ဆိုပါတယ္။ 

Hurawalhi စားေသာက္ဆိုင္ကို ဂ်ပန္ႏိုင္ငံမွ ဗိသုကာပညာရွင္ Yuji Yamazaki ရဲ႕ ဒီဇိုင္းကို ပံုေဖာ္ေဆာက္လုပ္ခဲ့တာျဖစ္ျပီးေတာ့ ေမာ္လ္ဒိုက္ရဲ႕ Lhaviyani သႏၱာေက်ာက္ကၽြန္းမွာ တည္ရွိပါတယ္။ Yuji မွာ ကိုယ္ပိုင္စားေသာက္ဆိုင္ တစ္ခုလည္းရွိျပီးေတာ့ နယူးေယာ့ခ္မွာ ဖြင့္လွစ္ထားတာပါ။ သူ႕ရဲ႕ ဒီဇီုင္းနဲ႕ ေဆာက္လုပ္ခဲ့တဲ့ အေဆာက္အဦေပါင္းဟာ ၉၀ခန္႕ရွိျပီးေတာ့ ၆၀ ဟာ ေရေအာက္မွာျဖစ္ျပီး ၃၀ကေတာ့ ကမ္းေျခေတြမွာ ေဆာက္လုပ္ခဲ့တာျဖစ္ပါတယ္။ Hurawalhi စားေသာက္ဆိုင္ရဲ႕ အစားအေသာက္ မွာယူမႈမွာေတာ့ Package နဲ႕လည္း သံုးေဆာင္ႏိုင္ျပီးေတာ့ မိမိႏွစ္သက္ရာကိုလည္း ေရြးခ်ယ္စားသံုးလို႕ ရပါတယ္။ နားေအးပါးေအးနဲ႕ စားေသာက္လိုသူေတြအတြက္ေရာ၊ ေအးေအးေဆးေဆးစားသံုးလိုတဲ့ သူေတြအတြက္ ရည္ရြယ္ျပီးေတာ့ ဖြင့္လွစ္ခဲ့တာျဖစ္ျပီး စားသံုးသူေတြအတြက္ အေကာင္းဆံုးျဖစ္ေအာင္ ဖန္တီးေပးထားေၾကာင္းလည္း Van Dan Oever လုိ႕ ေခၚတဲ့ အဆိုပါ စားေသာက္ဆိုင္မွာ အလုပ္လုပ္ကိုင္သူ စားဖိုမွဴးတစ္ေယာက္ ဆိုပါတယ္။

ဘယ္လိုပဲျဖစ္ေနပါေစ ေမာ္လ္ဒိုက္ကေတာ့ သူတို႕ရဲ႕ ကမၻာလွည့္ခရီးသြားလုပ္ငန္းကို ပိုျပီးတိုးတက္လာေစဖို႕အတြက္ ဆန္းျပားတဲ့ စိတ္ကူးအေတြးေတြနဲ႕ ဆြဲေဆာင္ေနပါျပီ။ ေရေအာက္ကမၻာကို ၾကည့္ရင္းနဲ႕ ေအးခ်မ္းတိတ္ဆိတ္တဲ့ ပတ္၀န္းက်င္မွာ အရသာရွိရွိစားသံုးလိုသူတိုင္းအတြက္ေတာ့ Hurawalhi စားေသာက္ဆိုင္က ၾကိဳဆိုလို႕ေနပါေတာ့တယ္။ တစ္ခုသတိျပဳရမွာကေတာ့ Hurawalhi Island Resort မွာ ေနထုိင္ဖို႕အတြက္ အသက္ ၁၅ႏွစ္ႏွင့္ အထက္ေတြကိုသာ ခြင့္ျပဳထားတာျဖစ္ပါတယ္။

Source : CNN


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs