အခုဆိုရင်တော့ Plus-size ဖြစ်နေသူတွေအတွက် Safe Heaven လို့ နာမည်ရ နေရာလေးတစ်ခုက ရှိနေခဲ့ပါပြီ။

အဝလွန်နေသူတွေဆိုရင်တော့ Body Shaming ပြုလုပ်ခံရတာပဲဖြစ်ဖြစ်၊ နောက်ပြောင်ခံရတာပဲဖြစ်ဖြစ် ကြုံတွေ့နေရမှုတွေကြောင့် စိတ်အားငယ်မှုတွေ၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေနဲ့ ရင်ဆိုင်နေရတာပါပဲ။ Plus-size ဖြစ်နေမှုကြောင့် အဆင်မပြေမှုတွေနဲ့ အမြဲရင်ဆိုင်နေရလေ့ရှိပြီးတော့ စကားကုန်ပြောရရင် ကိုယ့်ကိုကိုယ်တောင် ယုံကြည်မှုကင်းမဲ့လာတတ်ပါတယ်။ အခုဆိုရင်တော့ 0verweight, Plus-size ဖြစ်နေသူတွေအတွက်တော့ Safe Heaven လို့ နာမည်ရ နေရာလေးတစ်ခုက ရှိနေခဲ့ပါပြီ။



 

Bahamas မှာရှိတဲ့ ကမ်းခြေတစ်ခုမှာတော့ plus-size ဖြစ်နေသူတွေအတွက် သီးသန့်ဒီဇိုင်းဖော်ထားတဲ့ ဟိုတယ်တစ်ခုရှိနေပါတယ်။ အဝလွန်နေသူအတွက်တော့ သေရေးရှင်ရေးပြသနာ တစ်ခုမဟုတ်ပေမယ့် သူတို့ကို ပိုမိုဆွဲဆောင်လာနိုင်ဖို့ ရည်ရွယ်ပြီးတော့ ဆောက်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ကြီးမားကျယ်ပြန်တဲ့ တံခါးပေါက်တွေ၊ လဲလျောင်းမှီထိုင်ဖို့အတွက်တော့ စတီးတွေနဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံတွေဟာ ကီလို ၂၅၀အထိကို ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားတာဖြစ်ပါတယ်။ The Private Bahamas Resort က Plus-size ဖြစ်နေသူတွေအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တာပါ။

 

Overweight ဖြစ်နေသူတွေအတွက် လုံခြုံစိတ်ချရမှုပြည့်ဝစွာနဲ့ လာရောက်လည်ပတ်နိုင်အောင် ရည်ရွယ်ထားတာဖြစ်ကြောင်း ဒီစိတ်ကူးကို အကောင်အထည်ဖော်ခဲ့သူ James King က ဆိုပါတယ်။ စိတ်လက်ပေါ့ပါးစွာနဲ့ တည်းခိုနိုင်သလို၊ လွတ်လပ်မှု အပြည့်အဝရရှိဖို့လည်း ရည်ရွယ်ကောင်း သူက ဆိုပါသေးတယ်။ ဒါ့အပြင် plus-size တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ရေကူးဝတ်စုံတွေကိုလည်း ရရှိနိုင်မှာဖြစ်ပြီးတော့ ဘယ်လိုစိုးရွံ့မှုမှ မရှိစေရပဲ ကမ်းခြေမှာ လမ်းလျှောက်နိုင်မှာဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဒီစိတ်ကူးကို ရရှိခဲ့တာဖြစ်ပြီးတော့ Grenada ဟိုတယ်မှာ သူ အလုပ်လုပ်ခဲ့စဉ်က အဝလွန်သူအမျိုးသမီးတွေရဲ့ ဒုက္ခကို သူ မြင်တွေ့ခဲ့ရမှုအပေါ်မှာ အခြေခံပြီး စိတ်ကူးစိတ်သန်းရရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက အမျိုးသမီးတစ်ယောက်ဟာ ကမ်းခြေခုံတစ်ခုပေါ် ထိုင်ခဲ့စဉ် ခုံကျိုးကျခဲ့မှုကြောင့် ဟိုတယ်ကို ဒေါ်လာ ၁၅၀ လျော်ကြေးပေးခဲ့ရပြီး အဲဒီအဖြစ်အပျက်အပေါ်မှာ ရှက်ရွံ့မှုတွေဖြစ်ခဲ့တာကို James က မြင်တွေ့ခဲ့တာဖြစ်ပြီးတော့ အဲဒီလိုမျိုး မကြုံတွေ့ရလေအောင် အခုလို ဆောက်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဟိုတယ်အခန်းတွင်း တည်းခိုအိပ်စက်ဖို့အတွက်လည်း ဆေးရုံကုတင်ပုံစံ ကုတင်တွေကို အသုံးပြုခဲ့ပြီးတော့ သက်တောင့်သက်သာရှိဖို့ ဦးစားပေးထားကြောင်းလည်း သိရပါတယ်။ ဒီလိုပြုလုပ်ဖို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာတော့သူတို့အတွက် အဓိကစိန်ခေါ်မှုကတော့ အဝလွန်သူတွေ အသုံးပြုဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရှာဖွေရတာပါပဲ။ အဝလွန်သူတွေအများစုဟာ သူတို့ရဲ့ အိမ်တွေမှာဆိုရင်တော့ ကြမ်းပြင်ပေါ်မှာ အိပ်ယာခင်းနဲ့ အိပ်စက်လေ့ရှိတဲ့ အလေ့အထကို အဓိက အာရုံစိုက်ခဲ့ရပြီးတော့ သူတို့တွေ ဒီမှာ တည်းခိုနေစဉ်အတွင်း သက်တောင့်သက်သာရှိဖို့အတွက် တော်တော်လေးစဉ်းစားပေးခဲ့ရကြောင်းလည်း James က ပြောခဲ့ပါသေးတယ်။ နေဆာလှုံဖို့အတွက်လည်း ကြီးမားကျယ်ပြန်တဲ့ ခုံတွေကို အထူးပြုလုပ်ပေးထားတာကို မြင်တွေ့ရမှာဖြစ်ပြီးတော့ အိမ်သာနဲ့ရေချိုးခန်းကိုလည်း သူတို့အတွက် သီးသန့်ပြင်ဆင်ပေးထားတာကို တွေ့ရှိနိုင်ပါတယ်။

 

ဒီဟိုတယ်ကိုတော့ ၂၀၁၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ ဖွင့်ခါစမှာတော့ လာရောက်သူတွေ နည်းပါးခဲ့ပါတယ်။ အခုဆိုရင်တေ့ာ ဒီဟိုတယ်အကြောင်းကို UK က တီဗွီချန်နယ်တစ်ခုဖြစ်တဲ့ ITV မှာပါ ဖော်ပြလာခဲ့ပြီးတော့ ရုတ်ခြည်းဆိုသလို နာမည်ရလာခဲ့ပါပြီ။ ခြောက်ရက်တာ တည်းခိုမှုအတွက် ဒေါ်လာ ၁၆၄၀၀ ကျသင့်မှာဖြစ်ပြီးတော့ တစ်နေ့တာအတွက် ဘူဖေးအစားအသောက် ကျွေးမွေးပါတယ်။ အစားအသောက်တွေမှာဆိုရင်တော့  Caribbean ဒေသရဲ့ ဟင်းအမျိုးအစား၊ အမေရိကန်အစားအသောက်တွေ ပါဝင်တာပါ။ လာရောက်တည်းခိုသူတွေကို စိတ်သက်တောင့်သက်သာဖြစ်စေဖို့အတွက် အပြည့်အ၀၀န်ဆောင်မှုပေးထားပြီးတော့ အများသူငှာတွေကြားထဲမှာ လည်ပတ်နေထိုင်ရတဲ့အချိန်မှာ ဖြစ်ပေါ်တတ်တဲ့ သိမ်ငယ်စိတ်မျိုး မဖြစ်အောင် ဖန်တီးပေးထားကြောင်း James က ပြောခဲ့ပါတယ်။ ငှားရမ်းမှုအဖြစ်တော့ တစ်ဦးချင်းစီလာရောက်တည်းခိုနိုင်ပြီးတော့ အုပ်စုလိုက်ငှားရမ်းမှုကိုလည်း လက်ခံကြောင်းလည်း သိရပါတယ်။

 

လာရောက်လည်ပတ်ခဲ့သူ အမျိုးသမီးတစ်ယောက်ကတော့ သူ့အနေနဲ့ နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်ဖို့ စိတ်အားထက်သန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ သူမအနေနဲ့ ဒီကို မလာရောက်ခင်ကတော့ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ကြောင်းလည်း ဆိုပါတယ်။  ကုလားထိုင်ကျိုးကျမှာ၊ Bath Tub နဲ့ သူ့ ခန္ဓာကိုယ်မဆန့်မပြဲဖြစ်မှာတွေကို တွေးတောနေခဲ့ရပေမယ့် တကယ်တမ်းလာရောက်ချိန်မှာတော့ စိတ်တိုင်းကျခဲ့ရကြောင်း သူမရဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။ ယခင် သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ နေရာတွေမှာဆိုရင်တော့ လူအများကြီးကြားထဲမှာ လုံခြုံမှုမရှိခဲ့ရမှု နဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတာတွေကို ရင်ဆိုင်ခဲ့ရပြီး ပြန်လည်ပြီးတော့ မစဉ်းစားချင်လောက်အောင်ကို စိတ်ပျက်ခဲ့ရပေမယ့် အခုတော့ ဒီနေရာကို နောက်တစ်ကြိမ်လာရောက်ဖို့ သူမက စဉ်းစားနေခဲ့ပါပြီ။ " တက်ကြွမှုတွေနဲ့ စိတ်ကြည်လင်မှုတွေ အပြည့်အဝရရှိပြီးတော့ ကမ်းခြေဝန်းကျင်တလျှောက်မှာလည်း လွတ်လပ်ပေါ့ပါးတဲ့ စိတ်ခံစားမှုတွေကို ရရှိခဲ့တဲ့ အတွေ့အကြုံတွေက နောက်တခါ လာဖြစ်အောင် လာဖို့ လှုံ့ဆော်နေသလိုပါပဲ" လို့ ၅၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Shawn Marie Riley က ပြောခဲ့ပါတယ်။ လာရောက်လည်ပတ်သူတွေဟာ သူတို့ရဲ့ တည်းခိုနေထိုင်ခဲ့မှု သက်တမ်းတစ်လျှောက်မှာ သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကြောင့် ဟိုတယ်ပိုင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးခဲ့ရသူတွေ အများဆုံးပါဝင်ခဲ့တာပါ။

 

အဝလွန်ကဲမှုကြောင့် လူကြားသူကြားထဲ သွားရမှာ ရှက်ရွံ့နေသူတွေ၊ ယုံကြည်မှုပျက်ပြားနေသူတွေအတွက်တော့ အကောင်းဆုံးနေရာတစ်ခုကို တွေ့ရှိလိုက်သလို ဖြစ်နေပါပြီ။ ၂၂၀ ကီလိုအထိရှိနေတဲ့ လူတွေအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး တည်းခိုဖို့ နေရာတစ်ခုပါပဲ။ အရသာရှိလှတဲ့ သစ်သီးဝလံတွေ၊  ပင်လယ်စာတွေနဲ့ ကျန်းမာရေးအထောက်အကူပြု အစားအသောက်တွေကို ရရှိနိုင်ပြီးတော့ ဝန်ဆောင်မှုအပေါ် စိတ်တိုင်းကျကြောင်း လည်ပတ်ခဲ့သူတိုင်းက ညွှန်းဆိုခဲ့ကြပါတယ်။ ဟိုတယ်ရဲ့ ရေကူးကန်အတွင်းမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့ကစားနိုင်သလို အနှောင့်အယှက်ကင်းနေခြင်းက လွတ်လပ်မှုအပြည့်နဲ့  အားလပ်ရက်တွေကို ကုန်ဆုံးစေနိုင်မှာပါ။ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေအောက်က ရုန်းထွက်နိုင်ပြီးတော့ မိမိလိုပဲ plus-size ဖြစ်နေသူတွေအချင်းချင်းပဲ ရှိတာမို့ ရှက်ရွံ့သိမ်ငယ်စိတ်တွေကို ရှောင်ရှားနိုင်မှာလည်းဖြစ်ပါတယ်။ Bahamas မှာ ရှိတဲ့ Eleuthera ကျွန်းစုက ကမ်းခြေကလေးမှာတော့ overweight ဖြစ်နေသူတွေအတွက် အကောင်းဆုံး အနားယူဖို့ ဟိုတယ်တစ်ခုကတော့ ရှိနေခဲ့ပါပြီ။ ရှက်ရွံ့နေရမှုတွေ၊ သိမ်ငယ်မှုတွေကြားထဲ ရုန်းထွက်ပြီးတော့ ယုံကြည်မှုအပြည့်အဝနဲ့ အနှောက်အယှက်ကင်းကင်း အနားယူနိုင်ဖို့အတွက် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါပဲ။

Soure : CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က