လက်ဆောင်ပစ္စည်း တနင့်တပိုးနဲ့ ခရီးသွားတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။

ခရစ္စမတ်ရာသီက ခရီးသွားရာသီဖြစ်သလို ရပ်ဝေးမြေခြားမှာ အလုပ်လုပ်နေတဲ့သူတွေ ဋ္ဌာနေကိုပြန်ကြတဲ့ အချိန်လည်းဖြစ်ပါတယ်။ လုပ်သက်ခွင့်ရလို့ အိမ်ကိုပြန်တဲ့အခါ လက်ဆောင်ပစ္စည်းတွေလည်း ပါလာမှာပါပဲ။ အဲဒီလို လက်ဆောင်ပစ္စည်း တနင့်တပိုးနဲ့ ခရီးသွားတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။



၁။ လက်ဆောင်ပစ္စည်းတွေကို သေချာစွာထုပ်ပိုးပါ

01_Protect_Things-Every-Traveler-Needs-to-Know-Before-Traveling-with-Gifts_726962476-Anna-Hoychuk-760x506.jpg 

ပထမဦးဆုံး လုပ်ရမှာကတော့ မိမိဝယ်ထားတဲ့ လက်ဆောင်ပစ္စည်းတွေကို စနစ်တကျသေချာ ထုပ်ပိုးဖို့ပါပဲ။ မဟုတ်ရင် ပစ္စည်းတွေတကွဲတပြားစီဖြစ်ပြီး ပျောက်ရှနိုင်ပါတယ်။ ဖြစ်နိုင်ရင် bubble wrap လို့ခေါ်တဲ့ လျှပ်စစ်ပစ္စည်းတွေမှာ ပတ်ထားတဲ့ လေဘူဖောင်းလေးတွေပါတဲ့ ပလတ်စတစ်စမျိုးနဲ့ပတ်ပြီး သေချာထုပ်ပိုးထားပါ။

၂။ လေဆိပ်လုံခြုံရေး စည်းမျဉ်းတွေနဲ့ ကိုက်ညီပါစေ

02_TSA_Things-Every-Traveler-Needs-to-Know-Before-Traveling-with-Gifts_227861878-editorial-Arina-P-Habich-760x506.jpg 

တချို့နိုင်ငံလေဆိပ်တွေက အရည်လိုအရာမျိုးပါရင် လက်ဆွဲအိတ်မှာ ပေးမသယ်ပါဘူး။ အစောကြီးတည်းက သေချာထုပ်ပိုးပြီး လေယာဉ်ဗိုက်အောက်မှာ ထည့်မယ့် တန်ဆာအိတ်ထဲ ထည့်လိုက်သင့်ပါတယ်။ မဟုတ်ရင် လက်ဆောင်တွေသေချာဝယ်ပြီး ထုပ်ပိုးထားတာက အလကားဖြစ်သွားပါလိမ့်မယ်။

၃။ လက်ဆွဲအိတ်မှာ ပါကင်ပိတ်တန်ဆာပလာတွေ မသယ်ပါနဲ့

03_Wrap_Things-Every-Traveler-Needs-to-Know-Before-Traveling-with-Gifts_564803587-Shutterstockphoto3-760x506.jpg 

လေဆိပ်လုံခြုံရေး ဝန်ထမ်းတွေက မသင်္ကာရင် မိမိရဲ့လက်ဆွဲအိတ်ထဲမှာပါတဲ့ ပစ္စည်းတွေကို ဖွင့်ကြည့်စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ ချစ်သူခင်သူတွေကို ပေးမယ့်လက်ဆောင်ကို ကြိုတင်ပြီး ထုပ်ပိုးထားမယ်ဆိုရင် လုံခြုံရေးဝန်ထမ်းတွေက ဖောက်ကြည့်တဲ့အခါ အချိန်ပိုကုန်သလို အလုပ်လည်းရှုပ်ပါတယ်။ ဒါကြောင့် လက်ဆောင်ထုပ်ပိုးမယ့် စက္ကူတွေကို အိတ်ထဲမှာပဲထည့်သွားပြီး သွားလိုတဲ့ နေရာရောက်မှပဲ ထုပ်ပိုးတာအကောင်းဆုံးပါပဲ။

၄။ ထုပ်ပိုးပြီးသားလက်ဆောင်တွေကို ခရီးဆောင်အိတ်ထဲထည့်ပါ

04_But_Things-Every-Traveler-Needs-to-Know-Before-Traveling-with-Gifts_547734547-sebastianosecondi-760x506.jpg 

ထုပ်ပိုးပြီးသားလက်ဆောင်တွေ ပါရှိမယ်ဆိုရင်တော့ လေယာဉ်ဗိုက်အောက်ထည့်သွားမယ့် ခရီးဆောင်အိတ်ထဲသာ ထည့်သယ်သွားလိုက်ပါ။ ဒါပေမယ့် တစ်ခုသတိထားရမှာက ဖန်ခွက်တို့၊ ပုလင်းတို့၊ ဖန်သားပစ္စည်းတို့လိုမျိုး ကွဲနိုင်ရှနိုင်တဲ့ အရသာတွေကိုတော့ ခရီးဆောင်အိတ်ထဲ ထည့်မသွားပါနဲ့။ လေယာဉ်ဗိုက်ထဲမှာက ခရီးဆောင်အိတ်တွေကို ထပ်ထားတာဆိုတော့ ပစ္စည်းတွေ ကွဲနိုင်ရှနိုင်ပါတယ်။

၅။ တန်ဖိုးကြီးလက်ဆောင်ပစ္စည်းတွေကို ကိုယ်နဲ့မကွာဆောင်ထားပါ

06_Valuable_Things-Every-Traveler-Needs-to-Know-Before-Traveling-with-Gifts_572624629-La-Bella-Studio-760x506.jpg 

တန်ဖိုးကြီးမားပြီး ပျောက်ရှလို့မဖြစ်တဲ့ လက်ဆောင်ပစ္စည်းတွေကိုတော့ ကိုယ်နဲ့မကွာဘဲ ဆောင်ထားလိုက်ပါ။ လေယာဉ်ဗိုက် အောက်ထဲက ခရီးဆောင်အိတ်ထဲ သွားထည့်လိုက်မယ်ဆိုရင် ပျောက်ရှနိုင်ခြေ ရှိသလို မတော်တဆ ကွဲပြုသွားရင်လည်း နှမျောစရာကြီးလေ။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က