အဲဒီကော်ဖီဆိုင်လေးတွေဟာ ဥရောပတိုက်ဘက်မှာ စတင်ပေါ်ပေါက်ခဲ့တာဆိုပေမယ့် ဂျပန်နိုင်ငံမှာတော့ အဲဒီယဉ်ကျေးမှုဟာ အထူးကြွယ်ဝပါတယ်။

လူတော်တော်များများကတော့ အိမ်မွေးတိရစ္ဆာန်တွေကို ချစ်တတ်ကြပါတယ်။ ဒါပေမယ့် ယနေ့ခေတ်လူနေမှုစနစ်တွေအရ ကျောတစ်ခင်းစာ နေရာလေးရဖို့တောင် ခက်ခဲလာချိန်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ဆိုတာ ခဲယဉ်းလာပါတယ်။ အဲဒီမှာ အိမ်မွေးတိရစ္ဆာန် ကော်ဖီဆိုင်လေးတွေ ပေါ်ပေါက်လာပါတော့တယ်။


အဲဒီကော်ဖီဆိုင်လေးတွေဟာ ဥရောပတိုက်ဘက်မှာ စတင်ပေါ်ပေါက်ခဲ့တာဆိုပေမယ့် ဂျပန်နိုင်ငံမှာတော့ အဲဒီယဉ်ကျေးမှုဟာ အထူးကြွယ်ဝပါတယ်။ ဒီနေ့မှာ ဂျပန်နိုင်ငံက အိမ်မွေးတိရစ္ဆာန် ကော်ဖီဆိုင်လေးတွေကို လေ့လာကြည့်လိုက် ကြရအောင်။

၁။ Temari no Ouchi (ကြောင်ကော်ဖီဆိုင်)

9275638416_ec12580afd_k-1024x685.jpg 

Temari no Ouchi (ကြောင်ကော်ဖီဆိုင်) ကတော့ နာမည်ကျော် KICHIJOJI ရပ်ကွက်မှာ တည်ရှိပါတယ်။ ကော်ဖီဆိုင်ကို ဒဏ္ဍာရီပုံပြင်ထဲကလို ဒီဇိုင်းမျိုးနဲ့ အလှဆင်ထားပြီး အနီးအနားက Ghibil ပြတိုက်ကို မှီငြမ်းထားဟန်တူပါတယ်။ ဒီကော်ဖီဆိုင်က ကြောင်လေးတွေကို သေချာပြုစုစောင့်ရှောက်ထားပြီး သူတို့အတွက် သွားလာစရာနေရာတွေ အများကြီး ဖန်တီးပေးထားပါတယ်။ ကော်ဖီလာသောက်တဲ့ သူတွေ ပွတ်သီးပွတ်သပ်လာလုပ်တာကို ညည်းငွေ့လာရင် ပုန်းရှောင်ဖို့ နေရာလေးတွေလည်း အများကြီးရှိပါတယ်။

၂။ MoCHA Shibuya (ကြောင်ကဖေး)

နောက်ထပ်ကြောင်ကဖေးတစ်ခုဖြစ်တဲ့ MoCHA Shibuya ကတော့ အထပ်နှစ်ထပ်နဲ့ပြုလုပ်ထားပြီး ထိုင်ခုံတွေအများကြီးလည်း ပါဝင်ပါတယ်။ အတွင်းပိုင်းဒီဇိုင်းကို ကြောင်တွေနေဖို့ အိမ်လိုမျိုး ဖန်တီးပေးထားတဲ့အတွက် သူတို့အတွက် ပြေးစရာ၊ ပုန်းစရာ၊ ကစားစရာ နေရာအများကြီး ပါဝင်ပါတယ်။ လူတွေစားသုံးဖို့ မုန့်တွေ၊ ကော်ဖီတွေသာမက ကြောင်တွေကို ကျွေးဖို့အတွက် မုန့်လေးတွေကိုပါ ရောင်းချပေးပါတယ်။

၃။ Ms Bunny (ယုန်ကဖေး)

4678264921_63dce33e0f_b.jpg 

Ms Bunny မှာတော့ ပွတ်သပ်လို့ကောင်းတဲ့ ချစ်စဖွယ်ယုန်လေးတွေကို ဒါဇင်နဲ့ချီပြီး မွေးမြူစောင့်ရှောက်ထားပါတယ်။ ဒါပေမယ့် ကြောင်တွေလိုတော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာလို့ရအောင် လွှတ်မထားဘဲ လှောင်အိမ်ထဲမှာပဲ အချိန်တိုင်းလိုလို ပိတ်လှောင်ထားခံရပါတယ်။ ဧည့်သည်တွေကို ယုန်လေးတွေနဲ့ ဆယ်မိနစ်ဝန်းကျင်ပဲ ဆော့ကစားခွင့်၊ ကိုင်တွယ်ခွင့် ပြုထားပါတယ်။ ဒါမှသာ အသည်းငယ်တတ်တဲ့ ယုန်လေးတွေ လူငွေ့ကြောင့် မွန်းကျပ်ပြီး မသေမှာပါ။

၄။ Dog Heart from Aquamarine (ခွေးကဖေး)

800-yoyogi-dogheart.jpg 

Yoyogi ပန်းခြံနားက Dog Heart ကော်ဖီဆိုင်ကတော့ ခွေးချစ်သူတို့အတွက် ဆုံစည်းရာနေရာတစ်ခုပါ။ အဲဒီမှာ အရွယ်အစားပေါင်းစုံနဲ့ ခွေးပေါင်းစုံတည်ရှိပြီး လူတွေနဲ့လည်း အရမ်းယဉ်ပါးပါတယ်။ ဆိုင်တွင်းမှာ ခွေးလေးတွေနဲ့ ဆော့ကစားနိုင်တဲ့ အခွင့်အရေးအပြင် ယန်း (၃၆၀၀) ပေးပါက ခွေးလေးတွေကိုခေါ်ပြီး အနီးအနားက ပန်းခြံမှာ တစ်နာရီခန့်လမ်းလျှောက်ခွင့်ကိုလည်း ရရှိဦးမှာပါ။

၅။ Kotori Cafe Omotesando (ငှက်ကဖေး)

image.jpg 

ကမ္ဘာတဝှမ်းက ငှက်ချစ်သူတွေကတော့ ဂျပန်ရောက်ရင် Kotori Cafe ကို မဖြစ်မနေအရောက်သွားကြပါတယ်။ ဒီကော်ဖီဆိုင်လေးမှာ ငှက်ကလေးတွေကို လှှောင်အိမ်လေးတွေထဲမှာ ထည့်ပြီး ချိတ်ဆွဲထားပါတယ်။ ဒါ့အပြင် ငှက်ပုံသဏ္ဍာန် စားစရာအမျိုးမျိုးကိုလည်း မှာယူရရှိနိုင်ပါတယ်။ ယန်း (၅၀၀) ပေးမယ်ဆိုရင်တော့ ဧည့်သည်တွေဟာ ငှက်လေးတွေကို အနီးကပ် ကိုင်တွယ်ကြည့်ရှု နိုင်ပါသေးတယ်။

Source: theculturetrip


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က