• Travel
    နာမည်ကျော် Travel Blogger တွေပြောတဲ့ ၂၀၁၈ မှာ ခေတ်စားမယ့် ခရီးသွားစရာ နေရာများ
Thiha Htun
[Unicode Version]

ကမ္ဘာလှည့်ခရီးသွားလာရေး လုပ်ငန်းက တိုင်းပြည်ကို အဓိကဝင်ငွေရှာပေးနေတဲ့ မီးခိုးမထွက်တဲ့ စက်မှုလုပ်ငန်းကြီးတွေလည်း ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်းက တိုင်းပြည်ဘဏ္ဍာတိုးတက်ခြင်းပါပဲ။ နိုင်ငံရဲ့ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံသားတိုင်းနဲ့လည်း သက်ဆိုင်ပါတယ်။

filip-gielda-471559-2 (1).jpg 

ဒါပေမယ့် ခရီးသွားလုပ်ငန်းဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ တိုးတက်လာတာတော့ အမှန်ပါပဲ။ နေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှု ပိုများပြားလာတဲ့ လုပ်ငန်းခွင်တွေနဲ့အတူ လူအများအပြားဟာ ခရီးလေးဘာလေး ထွက်ပြီး စိတ်ပြေလက်ပျောက် အနားယူဖို့ ပိုမိုလိုအပ်လာပါတယ်။

၂၀၁၇ ခုနှစ်ထဲမှာ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ခဲ့သလို ၂၀၁၈ ခုနှစ်ထဲမှာလည်း ခရီးသွားလုပ်ငန်းအတွက် တိုးတက်မှုတွေ ရှိလာဖို့ မျှော်မှန်းထားပါတယ်။ ကမ္ဘာတလွှားက နာမည်ကျော် Travel Blogger (ခရီးသွားဘလော့ဂါ) တွေကတော့ ၂၀၁၈ ခုနှစ်နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ခန့်မှန်းထားပါတယ်။

၂၀၁၈ ခုနှစ်မှာ လူအသွားများမယ့်နေရာတွေကတော့...

rawpixel-com-472356.jpg 

"၂၀၁၈ ခုနှစ်မှာ လူတွေ ဂရင်းလန်း (Greenland) ကို ပိုပြီးအသွားများလာကြလိမ့်မယ်လို့ ယူဆထားပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်း တွေတုန်းက အိုက်စ်လန်းကို သွားတဲ့လူတွေဟာ လူတွေပြုံကျနေတဲ့ ခရီးသွားဒေသ တစ်ခုဖြစ်နေတဲ့အတွက် လေယာဉ်ချိန် ကြပ်တာတွေ၊ ဟိုတယ်ခက်တာတွေကို ကြုံခဲ့ရပါတယ်။ ဂရင်းလန်းနိုင်ငံကတော့ အိုက်စ်လန်းလိုပဲ ရေခဲတောင်တွေ၊ ရေတံခွန်တွေ၊ တောင်တက်ခရီးအတွက် ကောင်းမွန်တဲ့လမ်းကြောင်းတွေ၊ ကျေးလက်ဒေသလေးတွေ ရှိသလို လူသူအရောက်အပေါက် ပိုနည်းတဲ့အတွက် အေးအေးဆေးဆေး နေချင်သူတွေ အကြိုက်တွေ့ပါလိမ့်မယ်" _ Scott Shelter, Quirky Travel Guy

kristopher-allison-132447 (1).jpg

"အက်စ်တိုးနီးယား (Estonia) ကတော့ ၂၀၁၈ မှာ လူကြိုက်များတဲ့ ခရီးသွားဒေသတစ်ခု ဖြစ်ဦးမှာပါပဲ။ အခုအချိန်မှာတော့ အက်စ်တိုးနီးယား (Estonia) ဟာ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျရာ နေရာတစ်ခုမဟုတ်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ကောင်းသတင်းတွေကတော့ တဖြည်းဖြည်းနဲ့ ပျံ့နှံ့လာနေပါပြီ။ ဒီတိုင်းပြည်မှာက ကြွယ်ဝတဲ့သမိုင်းကြောင်း၊ အလည်ခေတ်က ဗိသုကာလက်ရာတွေနဲ့ ရဲတိုက်ကြီးတွေရှိပြီး ဒီနေရာကိုအလည်သွားရင် ဂျာမန်ဒဏ္ဍာရီ ပုံပြင်တွေလည်း ရောက်နေသလို ခံစားရမှာပါ။ ဥရောပ၊ စကန်ဒီနေးဗီးယန်းနဲ့ ရုရှလွှမ်းမိုးမှုတွေက တိုင်းပြည်တွင်းမှာ ကြွယ်ဝပြီး စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုတွေကို ဖော်ညွှန်းပြသနိုင်ပါတယ်" _ Valerie Wilson, Trusted Travel Girl

"ဂျော်ဂျီယာနိုင်ငံက တီဘလီစီ (Tbilisi) ဒေသဟာ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျတဲ့ နေရာတစ်ခုဖြစ်လာမယ်လို့ ကျွန်မတော့ ထင်တယ်။ ဘာလို့လဲဆိုတော့ အခုဆိုရင် ဥရောပနဲ့ ချိတ်ဆက်ထားတဲ့ လေကြောင်းတွေလည်း ပိုများလာပြီ။ ဒေသအစားအစာ တွေကလည်း အရမ်းမိုက်တယ်။ ဒေသခံတွေကလည်း ဖော်ရွေတယ်။ တိုင်းပြည်မှာ ဆိုဗီယက်လွှမ်းမိုးမှုတွေနဲ့ သမိုင်းကြောင်း ကောင်းကောင်းလည်း ရှိတယ်။ ဘာပဲပြောပြော ၂၀၁၈ ထဲမှာ ကမ္ဘာလှည့်ခရီးသည်တွေ မျက်စိကျတဲ့ နေရာတစ်ခု ဖြစ်လာမှာတော့ အမှန်ပါပဲ" _ Barbara Wagner, Jet-Settera

Source: theculturetrip

[Zawgyi Version]

ကမၻာလွည့္ခရီးသြားလာေရး လုပ္ငန္းက တိုင္းျပည္ကို အဓိကဝင္ေငြ႐ွာေပးေနတဲ့ မီးခိုးမထြက္တဲ့ စက္မႈလုပ္ငန္းႀကီးေတြလည္း ျဖစ္ပါတယ္။ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ျခင္းက တိုင္းျပည္ဘ႑ာတိုးတက္ျခင္းပါပဲ။ ႏိုင္ငံရဲ႕ ခရီးသြားက႑ ဖြံ႕ၿဖိဳးတိုးတက္မႈက ႏိုင္ငံသားတိုင္းနဲ႔လည္း သက္ဆိုင္ပါတယ္။

ဒါေပမယ့္ ခရီးသြားလုပ္ငန္းဟာ ျပည္တြင္းမွာသာမက ျပည္ပမွာပါ တိုးတက္လာတာေတာ့ အမွန္ပါပဲ။ ေန႔စဥ္နဲ႔အမွ် စိတ္ဖိစီးမႈ ပိုမ်ားျပားလာတဲ့ လုပ္ငန္းခြင္ေတြနဲ႔အတူ လူအမ်ားအျပားဟာ ခရီးေလးဘာေလး ထြက္ၿပီး စိတ္ေျပလက္ေပ်ာက္ အနားယူဖို႔ ပိုမိုလိုအပ္လာပါတယ္။

၂၀၁၇ ခုႏွစ္ထဲမွာ ခရီးသြားလုပ္ငန္း ပုိမိုတိုးတက္ခဲ့သလို ၂၀၁၈ ခုႏွစ္ထဲမွာလည္း ခရီးသြားလုပ္ငန္းအတြက္ တိုးတက္မႈေတြ ႐ွိလာဖို႔ ေမွ်ာ္မွန္းထားပါတယ္။ ကမၻာတလႊားက နာမည္ေက်ာ္ Travel Blogger (ခရီးသြားဘေလာ့ဂါ) ေတြကေတာ့ ၂၀၁၈ ခုႏွစ္နဲ႔ ပတ္သက္ၿပီး ေအာက္ပါအတိုင္း ခန္႔မွန္းထားပါတယ္။

၂၀၁၈ ခုႏွစ္မွာ လူအသြားမ်ားမယ့္ေနရာေတြကေတာ့...

"၂၀၁၈ ခုႏွစ္မွာ လူေတြ ဂရင္းလန္း (Greenland) ကို ပိုၿပီးအသြားမ်ားလာၾကလိမ့္မယ္လို႔ ယူဆထားပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ပိုင္း ေတြတုန္းက အိုက္စ္လန္းကို သြားတဲ့လူေတြဟာ လူေတြျပံဳက်ေနတဲ့ ခရီးသြားေဒသ တစ္ခုျဖစ္ေနတဲ့အတြက္ ေလယာဥ္ခ်ိန္ ၾကပ္တာေတြ၊ ဟိုတယ္ခက္တာေတြကို ၾကံဳခဲ့ရပါတယ္။ ဂရင္းလန္းႏိုင္ငံကေတာ့ အိုက္စ္လန္းလိုပဲ ေရခဲေတာင္ေတြ၊ ေရတံခြန္ေတြ၊ ေတာင္တက္ခရီးအတြက္ ေကာင္းမြန္တဲ့လမ္းေၾကာင္းေတြ၊ ေက်းလက္ေဒသေလးေတြ ႐ွိသလုိ လူသူအေရာက္အေပါက္ ပိုနည္းတဲ့အတြက္ ေအးေအးေဆးေဆး ေနခ်င္သူေတြ အႀကိဳက္ေတြ႕ပါလိမ့္မယ္" _ Scott Shelter, Quirky Travel Guy

"အက္စ္တိုးနီးယား (Estonia) ကေတာ့ ၂၀၁၈ မွာ လူႀကိဳက္မ်ားတဲ့ ခရီးသြားေဒသတစ္ခု ျဖစ္ဦးမွာပါပဲ။ အခုအခ်ိန္မွာေတာ့ အက္စ္တိုးနီးယား (Estonia) ဟာ ကမၻာလွည့္ခရီးသြားေတြ မ်က္စိက်ရာ ေနရာတစ္ခုမဟုတ္ေသးပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ေကာင္းသတင္းေတြကေတာ့ တျဖည္းျဖည္းနဲ႔ ပ်ံ႔ႏွံ႔လာေနပါၿပီ။ ဒီတိုင္းျပည္မွာက ၾကြယ္ဝတဲ့သမိုင္းေၾကာင္း၊ အလည္ေခတ္က ဗိသုကာလက္ရာေတြနဲ႔ ရဲတိုက္ႀကီးေတြ႐ွိၿပီး ဒီေနရာကိုအလည္သြားရင္ ဂ်ာမန္ဒ႑ာရီ ပံုျပင္ေတြလည္း ေရာက္ေနသလို ခံစားရမွာပါ။ ဥေရာပ၊ စကန္ဒီေနးဗီးယန္းနဲ႔ ႐ု႐ွလႊမ္းမိုးမႈေတြက တိုင္းျပည္တြင္းမွာ ၾကြယ္ဝၿပီး စိတ္ဝင္စားဖြယ္ ယဥ္ေက်းမႈေတြကို ေဖာ္ညႊန္းျပသႏိုင္ပါတယ္" _ Valerie Wilson, Trusted Travel Girl

"ေဂ်ာ္ဂ်ီယာႏိုင္ငံက တီဘလီစီ (Tbilisi) ေဒသဟာ ကမၻာလွည့္ခရီးသြားေတြ မ်က္စိက်တဲ့ ေနရာတစ္ခုျဖစ္လာမယ္လို႔ ကြ်န္မေတာ့ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ အခုဆိုရင္ ဥေရာပနဲ႔ ခ်ိတ္ဆက္ထားတဲ့ ေလေၾကာင္းေတြလည္း ပိုမ်ားလာၿပီ။ ေဒသအစားအစာ ေတြကလည္း အရမ္းမိုက္တယ္။ ေဒသခံေတြကလည္း ေဖာ္ေ႐ြတယ္။ တိုင္းျပည္မွာ ဆိုဗီယက္လႊမ္းမိုးမႈေတြနဲ႔ သမိုင္းေၾကာင္း ေကာင္းေကာင္းလည္း ႐ွိတယ္။ ဘာပဲေျပာေျပာ ၂၀၁၈ ထဲမွာ ကမၻာလွည့္ခရီးသည္ေတြ မ်က္စိက်တဲ့ ေနရာတစ္ခု ျဖစ္လာမွာေတာ့ အမွန္ပါပဲ" _ Barbara Wagner, Jet-Settera

Source: theculturetrip


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us