• Travel
    ကမ္ဘာလှည့်ခရီးသည်တွေအတွက် အန္တရာယ်အများဆုံး နိုင်ငံများ (၂)
Pyae Phyo Thein
[Unicode Version]

ကမ္ဘာ့စီးပွားရေးဖိုရမ်(World Economic Forum) ဟာ ကမ္ဘာလှည့်ခရီးသွားလာရေး ကဏ္ဍမှာ ကမ္ဘာတဝှမ်းလုံးက နိုင်ငံပေါင်း (၁၃၆) နိုင်ငံကို နှိုင်းယှဉ်ခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် အန္တရာယ်အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံတွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံတွေပါဝင်သလို နိုင်ငံရေးအယူဝါဒ ကွဲပြားမှုတွေကြောင့် သူပုန်ထနေတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။ အဲဒီ နိုင်ငံတွေကတော့...

၁၀။ ယူကရိန်း

ယူကရိန်းစစ်တပ်နဲ့ ရုရှကျောထောက်နောက်ခံ ပေးထားတဲ့ ခွဲထွက်ရေးသမားတွေ စစ်ဖြစ်နေတဲ့ နေရာဟာ ခရီးသွားလို့ကောင်းတဲ့ နေရာတစ်ခု မဖြစ်နိုင်တာကတော့ အသေအချာပါပဲ။ အခုဆိုရင် ယူကရိန်းနိုင်ငံ၊ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ Donetsk oblast, Luhansk oblast နဲ့ Crimea ဒေသတွေမှာ ခွဲထွက်ရေးသူပုန်တွေနဲ့ အစိုးရစစ်တပ်တွေ စစ်ဖြစ်ပွားနေတာပါ။ ဒေသခံတွေ စစ်ပွဲကြားမှာ ဓားစာခံဖြစ်နေရတဲ့အတွက် ခရီးသွားရတာ လုံခြုံမှာမဟုတ်ပါဘူး။

၉။ ဟွန်ဒူးရပ်စ်

ဟွန်းဒူးရပ်စ်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ လူသတ်မှုဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ Gracias a Dios မှာဆိုရင် ရာဇဝတ်မှုနဲ့ မူးယစ်ဆေးမှောင်ခိုသွင်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရဲနဲ့စစ်တပ်ရဲ့ ဝင်ရောက်ထိန်းသိမ်းမှုကတော့ အလွန်နည်းပါးပါတယ်။ Tegucigalpa, San Pedro Sula နဲ့ La Ceiba ဒေသတို့ဟာလည်း ရာဇဝတ်မှု အမြင့်မားဆုံးထဲမှာ ပါဝင်ပါတယ်။

၈။ ကင်ညာ

ကင်ညာနိုင်ငံ၊ နိုင်ယာဝါရီမြို့ အပြင်ဘက်မှာ အကြမ်းဖက်မှုများစွာ ဖြစ်ပွားနေဆဲဖြစ်သလို အကြမ်းဖက်ဝါဒက မြို့တွင်းမှာပါ အမြစ်တွယ်နေပါပြီ။ ဗုံးခွဲမှုတွေ၊ သေနတ်နဲ့ပစ်ခတ်မှုတွေ၊ ဓားထိုးမှုတွေက မြို့ရဲ့နေရာအနှံ့အပြားမှာ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

၇။ အီဂျစ်

al-warraq-nile.jpg 

Isis နဲ့ အစွန်းရောက်သမားတွေဟာ အီဂျစ်နိုင်ငံ နေရာအနှံ့အပြားမှာ ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေပါတယ်။ အဲဒီထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျတတ်တဲ့ နေရာတွေလည်း ပါပါတယ်။ အကြမ်းဖက်သမားတွေဟာ လမ်းပန်းဆက်သွယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတွေကို တိုက်ခိုက်ရာမှာ နာမည်ကြီးပါတယ်။

၆။ ဗင်နီဇွဲလား

guatemala-earthquake.jpg 

ဗင်နီဇွဲလားနိုင်ငံမှာတော့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေသန့်၊ အစားအစာ၊ ဆေးဝါးနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေ ကြုံနေရပြီး ရာဇဝတ်မှုနဲ့ လုယက်မှုတွေဆီ ဦးတည်နေပါတယ်။ နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှုနှုန်း အမြင့်မားဆုံးထဲမှာလည်း ပါဝင်ပါတယ်။ လက်နက်ကိုင်ဓားပြမှုတွေ၊ လူသတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ ကားခိုးမှုတွေဟာ နိုင်ငံနေရာအနှံ့အပြားမှာ ဖြစ်ပွားနေပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဋ္ဌာနကဆိုရင် ဗင်နီဇွဲလားနိုင်ငံကို ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

၅။ နိုင်ဂျီးရီးယား

Boko Haram နဲ့ Isis West Africa ဆိုတဲ့ အစွန်းရောက်အုပ်စုနှစ်ခုဟာ နိုင်ဂျီးရီးယားနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု အများစုအတွက် တာဝန်ရှိပါတယ်။ သူတို့ဟာ ချာ့ချ်ကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ အပန်းဖြေစခန်းတွေလိုမျိုး လူသူထူထပ်တဲ့နေရာတွေကို ပစ်မှတ်ထားကြပါတယ်။

၄။ ပါကစ္စတန်

ပါကစ္စတန်နိုင်ငံမှာတော့ ဘာသာရေးပဋိပက္ခတွေက နှစ်စဉ်ဖြစ်ပွားနေပါတယ်။ နိုင်ငံတွင်းမှာလည်း တချို့ဘာသာရေး အဖွဲ့အစည်းတွေကို ဦးတည်တိုက်ခိုက်မှုတွေက တောက်လျှောက်ဖြစ်ပွား နေပါတယ်။ ပါကစ္စတန်အစိုးရဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင်ထားပြီး နိုင်ငံတွင်းက နေရာတော်တော်များများမှာ နိုင်ငံခြားသားတွေကို သွားလာခွင့်ပိတ်ပင်ထားပါတယ်။

၃။ အယ်လ်ဆာဗေဒို

ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်း အမြင့်မားဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အပြင် အယ်လ်ဆာဗေဒိုနိုင်ငံဟာ လူဆိုးဂိုဏ်းအများအပြား ရှိခြင်းကြောင့် ထင်ရှားပါတယ်။ လူဆိုးဂိုဏ်းတွေ အုပ်စုဖွဲ့အကြမ်းဖက်ခြင်းဟာ အချိန်မရွေး၊ နေရာမရွေးဖြစ်ပွားနိုင်သလို လက်နက်မှောင်ခိုမှုတွေ၊ မူးယစ်ဆေးမှောင်ခိုမှုတွေလည်း ခနခနဖြစ်ပွားပါတယ်။

၂။ ယီမင်

ယီမင်နိုင်ငံရဲ့မြို့တော် Sanaa မှာ အခြေစိုက်တဲ့သူပုန်တွေဟာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲမှုတွေ ပြုလုပ်နေကြပါတယ်။ အထူးသဖြင့် အယ်လ်ကိုင်ဒါလိုမျိုး အကြမ်းဖက်အဖွဲ့တွေဟာ နိုင်ငံတွင်းမှာ လှုပ်ရှားနေပါတယ်။ မြေမြှုပ်မိုင်းဗုံးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားတတ်တာမို့ ယီမင်နိုင်ငံသားတွေဟာ အစားအသောက်၊ ရေနဲ့ ဆေးဝါးတွေလိုမျိုး အခြေခံလိုအပ်ချက်တွေ လျော့နည်းနေရပါတယ်။

၁။ ကိုလံဘီယာ

euthanasia-colombia.jpg 

ကိုလံဘီယာနိုင်ငံဟာ အရင်ကလောက် အန္တရာယ်မများတော့ဘူးဆိုပေမယ့် (မနှစ်တုန်းကဆိုရင် Medellin မြို့ဟာ တောင်အမေရိကတိုက်မှာ ခရီးသွားလို့အကောင်းဆုံး နေရာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။) နိုင်ငံခြားသား ခရီးသွားတွေအတွက် ဒီဒေသဟာ အန္တရာယ်များစွာကို ပေးနေနိုင်တုန်းပါပဲ။ BACRIM လိုမျိုး လက်နက်ကိုင်သူပုန်တွေဟာ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ပြန်ပေးဆွဲမှု၊ မူးယစ်ဆေးမှောင်ခိုမှု၊ ဓားပြမှုတွေအတွက် တာဝန်ရှိပါတယ်။

Source: Independent UK

[Zawgyi Version]

ကမၻာ့စီးပြားေရးဖိုရမ္​(World Economic Forum) ဟာ ကမၻာလွည့္ခရီးသြားလာေရး က႑မွာ ကမၻာတဝွမ္းလံုးက ႏိုင္ငံေပါင္း (၁၃၆) ႏိုင္ငံကို ႏႈိင္းယွဥ္ခဲ့ၿပီး ခရီးသြားလုပ္ငန္းအတြက္ အႏၱရာယ္အမ်ားဆံုး ျဖစ္ႏို္င္ေျခ႐ွိတဲ့ ႏိုင္ငံေတြကို ထုတ္ျပန္ႏိုင္ခဲ့ပါတယ္။ အဲဒီထဲမွာ ျပည္တြင္းစစ္ျဖစ္ေနတဲ့ ႏုိင္ငံေတြပါဝင္သလို ႏိုင္ငံေရးအယူဝါဒ ကြဲျပားမႈေတြေၾကာင့္ သူပုန္ထေနတဲ့ ႏိုင္ငံေတြလည္း ပါဝင္ပါတယ္။ အဲဒီ ႏိုင္ငံေတြကေတာ့...

၁၀။ ယူကရိန္း

ယူကရိန္းစစ္တပ္နဲ႔ ရု႐ွေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ခြဲထြက္ေရးသမားေတြ စစ္ျဖစ္ေနတဲ့ ေနရာဟာ ခရီးသြားလို႔ေကာင္းတဲ့ ေနရာတစ္ခု မျဖစ္ႏိုင္တာကေတာ့ အေသအခ်ာပါပဲ။ အခုဆိုရင္ ယူကရိန္းႏိုင္ငံ၊ အေရွ႕ပိုင္းနဲ႔ အေရွ႕ေတာင္ပိုင္းေဒသေတြျဖစ္တဲ့ Donetsk oblast, Luhansk oblast နဲ႔ Crimea ေဒသေတြမွာ ခြဲထြက္ေရးသူပုန္ေတြနဲ႔ အစိုးရစစ္တပ္ေတြ စစ္ျဖစ္ပြားေနတာပါ။ ေဒသခံေတြ စစ္ပြဲၾကားမွာ ဓားစာခံျဖစ္ေနရတဲ့အတြက္ ခရီးသြားရတာ လံုျခံဳမွာမဟုတ္ပါဘူး။

၉။ ဟြန္ဒူးရပ္စ္

ဟြန္းဒူးရပ္စ္ႏိုင္ငံကေတာ့ ကမၻာေပၚမွာ လူသတ္မႈျဖစ္ပြားမႈႏႈန္း အျမင့္မားဆံုးႏုိင္ငံ တစ္ႏိုင္ငံျဖစ္ပါတယ္။ Gracias a Dios မွာဆိုရင္ ရာဇဝတ္မႈနဲ႔ မူးယစ္ေဆးေမွာင္ခိုသြင္းမႈေတြ ဆက္တိုက္ျဖစ္ပြားေနၿပီး ရဲနဲ႔စစ္တပ္ရဲ႕ ဝင္ေရာက္ထိန္းသိမ္းမႈကေတာ့ အလြန္နည္းပါးပါတယ္။ Tegucigalpa, San Pedro Sula နဲ႔ La Ceiba ေဒသတို႔ဟာလည္း ရာဇဝတ္မႈ အျမင့္မားဆံုးထဲမွာ ပါဝင္ပါတယ္။

၈။ ကင္ညာ

ကင္ညာႏိုင္ငံ၊ ႏိုင္ယာဝါရီၿမိဳ႕ အျပင္ဘက္မွာ အၾကမ္းဖက္မႈမ်ားစြာ ျဖစ္ပြားေနဆဲျဖစ္သလို အၾကမ္းဖက္ဝါဒက ၿမိဳ႕တြင္းမွာပါ အျမစ္တြယ္ေနပါၿပီ။ ဗံုးခြဲမႈေတြ၊ ေသနတ္နဲ႔ပစ္ခတ္မႈေတြ၊ ဓားထိုးမႈေတြက ၿမိဳ႕ရဲ႕ေနရာအႏွံ႔အျပားမွာ ျဖစ္ပြားေနဆဲျဖစ္ပါတယ္။

၇။ အီဂ်စ္

al-warraq-nile.jpg 

Isis နဲ႔ အစြန္းေရာက္သမားေတြဟာ အီဂ်စ္ႏိုင္ငံ ေနရာအႏွံ႔အျပားမွာ ဆိုးရြားတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို က်ဴးလြန္ေနပါတယ္။ အဲဒီထဲမွာ ကမၻာလွည့္ခရီးသြားေတြ မ်က္စိက်တတ္တဲ့ ေနရာေတြလည္း ပါပါတယ္။ အၾကမ္းဖက္သမားေတြဟာ လမ္းပန္းဆက္သြယ္ေရးအတြက္ အခ်က္အခ်ာက်တဲ့ ေနရာေတြကို တိုက္ခိုက္ရာမွာ နာမည္ႀကီးပါတယ္။

၆။ ဗင္နီဇြဲလား

guatemala-earthquake.jpg 

ဗင္နီဇြဲလားႏိုင္ငံမွာေတာ့ အေျခခံလိုအပ္ခ်က္ေတြျဖစ္တဲ့ ေရသန္႔၊ အစားအစာ၊ ေဆးဝါးနဲ႔ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြ ၾကံဳေနရၿပီး ရာဇဝတ္မႈနဲ႔ လုယက္မႈေတြဆီ ဦးတည္ေနပါတယ္။ ႏိုင္ငံဟာ ကမၻာေပၚမွာ ရာဇဝတ္မႈႏႈန္း အျမင့္မားဆံုးထဲမွာလည္း ပါဝင္ပါတယ္။ လက္နက္ကိုင္ဓားျပမႈေတြ၊ လူသတ္မႈေတြ၊ ျပန္ေပးဆြဲမႈေတြနဲ႔ ကားခိုးမႈေတြဟာ ႏိုင္ငံေနရာအႏွံ႔အျပားမွာ ျဖစ္ပြားေနပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရး ႒ာနကဆိုရင္ ဗင္နီဇြဲလားႏို္င္ငံကို ခရီးသြားျခင္းနဲ႔ ပတ္သက္ၿပီး သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

၅။ ႏိုင္ဂ်ီးရီးယား

Boko Haram နဲ႔ Isis West Africa ဆိုတဲ့ အစြန္းေရာက္အုပ္စုႏွစ္ခုဟာ ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္းမွာ ျဖစ္ပြားေနတဲ့ အၾကမ္းဖက္မႈ အမ်ားစုအတြက္ တာဝန္႐ွိပါတယ္။ သူတို႔ဟာ ခ်ာ့ခ်္ေက်ာင္းေတြ၊ စာသင္ေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြ၊ ဟိုတယ္ေတြနဲ႔ အပန္းေျဖစခန္းေတြလိုမ်ိဳး လူသူထူထပ္တဲ့ေနရာေတြကို ပစ္မွတ္ထားၾကပါတယ္။

၄။ ပါကစၥတန္

ပါကစၥတန္ႏိုင္ငံမွာေတာ့ ဘာသာေရးပဋိပကၡေတြက ႏွစ္စဥ္ျဖစ္ပြားေနပါတယ္။ ႏိုင္ငံတြင္းမွာလည္း တခ်ိဳ႕ဘာသာေရး အဖြဲ႕အစည္းေတြကို ဦးတည္တိုက္ခိုက္မႈေတြက ေတာက္ေလွ်ာက္ျဖစ္ပြား ေနပါတယ္။ ပါကစၥတန္အစုိးရဟာ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင့္ကို ပိတ္ပင္ထားၿပီး ႏိုင္ငံတြင္းက ေနရာေတာ္ေတာ္မ်ားမ်ားမွာ ႏိုင္ငံျခားသားေတြကို သြားလာခြင့္ပိတ္ပင္ထားပါတယ္။

၃။ အယ္လ္ဆာေဗဒို

ကမၻာေပၚမွာ လူသတ္မႈႏႈန္း အျမင့္မားဆံုးႏိုင္ငံ တစ္ႏိုင္ငံျဖစ္တဲ့အျပင္ အယ္လ္ဆာေဗဒိုႏိုင္ငံဟာ လူဆိုးဂိုဏ္းအမ်ားအျပား ႐ွိျခင္းေၾကာင့္ ထင္႐ွားပါတယ္။ လူဆိုးဂိုဏ္းေတြ အုပ္စုဖြဲ႕အၾကမ္းဖက္ျခင္းဟာ အခ်ိန္မေရြး၊ ေနရာမေရြးျဖစ္ပြားႏိုင္သလို လက္နက္ေမွာင္ခိုမႈေတြ၊ မူးယစ္ေဆးေမွာင္ခိုမႈေတြလည္း ခနခနျဖစ္ပြားပါတယ္။

၂။ ယီမင္

ယီမင္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ Sanaa မွာ အေျခစိုက္တဲ့သူပုန္ေတြဟာ ႏိုင္ငံျခားသားေတြကို ပစ္မွတ္ထားၿပီး ျပန္ေပးဆြဲမႈေတြ ျပဳလုပ္ေနၾကပါတယ္။ အထူးသျဖင့္ အယ္လ္ကိုင္ဒါလိုမ်ိဳး အၾကမ္းဖက္အဖြဲ႕ေတြဟာ ႏိုင္ငံတြင္းမွာ လႈပ္႐ွားေနပါတယ္။ ေျမျမွဳပ္မိုင္းဗံုးေတြနဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြ မၾကာခဏ ျဖစ္ပြားတတ္တာမို႔ ယီမင္ႏိုင္ငံသားေတြဟာ အစားအေသာက္၊ ေရနဲ႔ ေဆးဝါးေတြလိုမ်ိဳး အေျခခံလိုအပ္ခ်က္ေတြ ေလ်ာ့နည္းေနရပါတယ္။

၁။ ကိုလံဘီယာ

euthanasia-colombia.jpg 

ကိုလံဘီယာႏိုင္ငံဟာ အရင္ကေလာက္ အႏၱရာယ္မမ်ားေတာ့ဘူးဆိုေပမယ့္ (မႏွစ္တုန္းကဆိုရင္ Medellin ၿမိဳ႕ဟာ ေတာင္အေမရိကတိုက္မွာ ခရီးသြားလို႔အေကာင္းဆံုး ေနရာအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။) ႏိုင္ငံျခားသား ခရီးသြားေတြအတြက္ ဒီေဒသဟာ အႏၱရာယ္မ်ားစြာကို ေပးေနႏိုင္တုန္းပါပဲ။ BACRIM လိုမ်ိဳး လက္နက္ကိုင္သူပုန္ေတြဟာ ႏိုင္ငံတြင္း ျဖစ္ပြားေနတဲ့ ျပန္ေပးဆြဲမႈ၊ မူးယစ္ေဆးေမွာင္ခိုမႈ၊ ဓားျပမႈေတြအတြက္ တာဝန္႐ွိပါတယ္။

Source: Independent UK


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs