ခုနောက်ပိုင်းမှာ မိန်းကလေးတွေ တစ်ယောက်တည်း ကျောပိုးအိတ်တစ်လုံး လွယ်ပြီးတော့ အေးအေးလူလူသွားတဲ့ ခရီးတွေများလာပါတယ်။

ခရီးသွားခြင်းဆိုတာ လူတိုင်းနဲ့တည့်တဲ့ သဘာဝဆေးဝါးတစ်မျိုးပါ။ အထူးသဖြင့် မိန်းကလေးတွေနဲ့ ပိုတည့်ပါတယ်။ ခရီးတစ်ခါ သွားပြီးရင် ဖုန်းထဲက မမ်မိုရီကဒ်ပြည့်လုမတတ် ပုံတွေနဲ့ #Throwback ဆိုတဲ့ စာတမ်းလေးထိုးပြီး Facebook နဲ့ Instagram မှာ ပြန်တင်ရတာနဲ့၊ တစ်ပတ်လောက် ခရီးအကြောင်း စားမြုံ့ပြန်ရတာနဲ့တင် ခရီးသွားတာက တန်နေပါပြီ။



 

နောက်ပြီးတော့ ခုနောက်ပိုင်းမှာ မိန်းကလေးတွေ တစ်ယောက်တည်း ကျောပိုးအိတ်တစ်လုံး လွယ်ပြီးတော့ အေးအေးလူလူသွားတဲ့ ခရီးတွေများလာပါတယ်။ အဲဒီလို သတ္တိကောင်းတဲ့ စွန့်စားလိုသူ အမျိုးသမီးလေးတွေအတွက် တစ်ယောက်တည်းသွားလို့ကောင်းတဲ့ နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကော်စတာရီကာ

01_CostaRica_Trending-Destinations-for-Women-Traveling-Solo_409295182_Esdelval-760x506 (1).jpg 

ကော်စတာရီကာနိုင်ငံမှာ တစ်ယောက်တည်း ခရီးသွားလိုတဲ့ အမျိုးသမီးတွေ အေးအေးလူလူသွားနိုင်တဲ့ နေရာတစ်ခုပါ။ နိုင်ငံသားတွေက ဖော်ရွေနွေးထွေးပြီး အပြုံးလေးတွေနဲ့ ဆီးကြိုနေမှာပါ။ ရာသီဥတုကတော့ နေရောင်ခြည်နဲ့ မိုးသားတိမ်တိုက်တွေ မျှတစွာ ရောယှက်နေတဲ့ ဒေသတစ်ခုပေါ့။ နိုင်ငံတွင်းမှာ ရွေးချယ်စရာ နေရာတွေ များပြားပါတယ်။ လူစည်ကားပြီး ကမ္ဘာလှည့်ခရီးသည်တွေကို အဓိကဆွဲဆောင်နိုင်တဲ့ နေရာတွေကို သွားချင်တာလား။ လူရှင်းပြီး အေးအေးလူလူရှိမယ့် နေရာတွေကို သွားချင်တာလားဆိုတာကိုလည်း ရွေးချယ်လို့ရပါတယ်။

၂။ ဂျပန်က ကိုရာဆန်တောင်

02_MtKoyasan_Trending-Destinations-for-Women-Traveling-Solo_287849363_cowardlion-760x506.jpg 

ဂျပန်နိုင်ငံက ကိုရာဆန်တောင် (Mt. Koyasan) ဟာ တစ်ယောက်တည်းခရီးသွားမယ့် အမျိုးသမီးတွေအတွက်တော့ ဂျပန်ကိုရောက်ရင် မဖြစ်မနေသွားလည်သင့်တဲ့ နေရာပါ။ အိုဆာကာနဲ့ တိုကျိုမြို့ကြားမှာရှိပြီး တစ်သက်မှာတစ်ခါပဲ ကြုံရမယ့် ဘဝအတွေ့အကြုံကို ပေးစွမ်းနိုင်မယ့် တောင်ပေါ်မြို့လေးပါ။ ဂျပန်ဇင်ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးလမ်းတွေကို လေ့လာနိုင်တဲ့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလည်း ရှိပါသေးတယ်။ ညအိပ်ညနေပါ တည်းခိုနိုင်တဲ့ အဆောင်တွေရှိပြီး ဂျပန်ရိုးရာအတိုင်း စားသောက်နေထိုင်မှုတွေကို ထိတွေ့ခံစားလိုရင်တော့ အသွားသင့်ဆုံးနေရာ တစ်နေရာပါပဲ။

၃။ အီတလီနိုင်ငံက T uscan ဒေသ

03_Tuscany_Trending-Destinations-for-Women-Traveling-Solo_366902579_StevanZZ-760x506.jpg 

အီတလီနိုင်ငံရောက်ရင် မဖြစ်မနေသွားသင့်တဲ့ နေရာတစ်နေရာကတော့ Tuscan ဒေသပါပဲ။ အမျိုးသမီး ခရီးသွားတွေအတွက် ပုံထွက်ကောင်းကောင်းလေးတွေ ရရှိနိုင်မယ့် ရှုခင်းလှလှလေးတွေအပြင် ဝိုင်အရက်ကောင်းကောင်းကိုလည်း ရရှိနိုင်တဲ့ ဝိုင်ခြံတွေလည်း အများကြီးရှိပါသေးတယ်။ ဝိုင်ခြံတွေထဲဝင်ပြီး ဝိုင်လေးမြည်းလိုက်၊ စပျစ်သီးလေးစားလိုက်နဲ့ ပြန်တောင်လာချင်မှာ မဟုတ်ပါဘူး။

၄။ ဂရိနိုင်ငံက Mykonos ဒေသ

04_Mykonos_Trending-Destinations-for-Women-Traveling-Solo_376092106_Stockforlife-760x506.jpg 

Aegean ပင်လယ်ပြင်ရဲ့ ညိုကျင့်ကျင့်ရေတွေကို ကျော်လွန်ဖြတ်သန်းပြီးရင် လှပတဲ့အိုအေစစ် ဒေသလေးရဲ့ အလှအပမှာ မျောသွားမှာပါ။ အထူးသဖြင့် Mykonos ဒေသဟာ Instagram မှာ တင်လို့ကောင်းမယ့်ပုံလေးတွေကို ရရှိစေမှာပါ။ ရှုခင်းတွေအပြင် ဒေသထွက်ဝိုင်ကလည်း ကြယ်တွေအောက်မှာ ကခုန်လို့ကောင်းတဲ့ အိမ်မက်ဆန်တဲ့ အရသာကို ပေးစွမ်းနိုင်မှာပါ။ တစ်ကိုယ်တော်လွတ်လပ်မှုရဲ့ အရသာကို အပြည့်အဝခံစားနိုင်မယ့် နေရာလေးဆိုလည်း မမှားပါဘူး။

၅။ ဆွစ်ဇာလန်

05_Switzerland_Trending-Destinations-for-Women-Traveling-Solo_654881650_Olena-Z-760x506.jpg 

ဆွစ်ဇာလန်နိုင်ငံရဲ့ သန့်စင်တဲ့ သဘာဝအလှတရားကို ရရှိခံစားနိုင်ဖို့ ငွေကုန်ကြေးကျတော့ နည်းနည်းများနိုင်တယ်ဆိုပေမယ့် အခုလို တစ်ယောက်တည်းလိမ့်ရတဲ့ ခရီးလေးကို လုံးဝစိတ်ပျက်မိမှာ မဟုတ်ပါဘူးလို့ Travel Blogger တစ်ဦးဖြစ်တဲ့ Kelly Rizzoo က ဆိုပါတယ်။ အထူးသဖြင့် စက်ဘီးတစ်စီး၊ ကျောပိုးအိတ်တစ်လုံးနဲ့ လျှောက်သွားချင်တယ်ဆိုရင်တော့ အကောင်းဆုံးနေရာပါပဲတဲ့။ လမ်းတလျှောက်မှာ ကူညီတတ်တဲ့ နယ်ခံတွေကို တွေ့ရမှာဖြစ်သလို လမ်းမှာဆင်းပြီး ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း ပုံကောင်းလေးတွေ ရမှာအသေအချာပါပဲ။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က