သီရိလင်္ကာကိုရောက်ရင် ရထားစီးပြီး နိုင်ငံပတ်တော့မယ်ဆိုရင် သွားသင့်တဲ့ နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Thiha Htun

သီရီလင်္ကာက ရထားလမ်းတွေက ကမ္ဘာပေါ်မှာ အလှပဆုံးလို့တောင် ပြောလို့ရပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေဟာ သီရိလင်္ကာရောက်ရင် ရထားစီးပြီး နိုင်ငံအနှံ့က ထင်းရှူးတောတွေ၊ လက်ဖက်ပင်တန်းတွေကို ဓာတ်ပုံလိုက်ရိုက်ကြပါတယ်။ သီရိလင်္ကာကိုရောက်ရင် ရထားစီးပြီး နိုင်ငံပတ်တော့မယ်ဆိုရင် သွားသင့်တဲ့ ခရီးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အရှေ့ဘက်သို့ ခရီးသွားမယ်

23286890641_e97b6e14f7_k-1024x576.jpg 

နိုင်ငံအရှေ့ဘက်ကို ရထားစီးပြီး ခရီးသွားမယ်ဆိုရင် လက်ဖက်ပင်တွေနဲ့ စိမ်းစိုလှပတဲ့ ဒေသတွေကို ဖြတ်သန်းတွေ့မြင်ရမှာပါ။ ရထားပြတင်းပေါက်ကတဆင့် တိုးဝှေ့ဖြတ်သန်းလာတဲ့ လေနုအေးလေးတွေ၊ လက်ဖက်နံ့ရောယှက်နေတဲ့ မြေသင်းနံ့လေးတွေ၊ မျက်စိတဆုံး တွေ့မြင်ရမယ့် လက်ဖက်ပင်တန်းတွေ၊ စိမ်းလန်းတဲ့တောအုပ်ကြီးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံအရှေ့ဘက်ကို သွားတဲ့ရထားလမ်းကြောင်းကို လိုက်မယ်ဆိုရင် Kandy မြို့ကနေ မိန်းလမ်းမကြီးအတိုင်းလိုက်ပြီး Badulla မြို့ကိုသွားရမှာပါ။ လမ်းခရီးတလျှောက်မှာ လှပတဲ့ ရှုခင်းတွေကို တွေ့မြင်ရမှာပါ။

၂။ ခုံး (၉) ခုတံတားမှာ ဓာတ်ပုံရိုက်မယ်

36972092396_312b70283e_k-1024x678.jpg 

Ella ဘူတာရုံနားက ဒီမိုဒါရာ ခုံး (၉) ခုတံတားဟာ တံတားတွေထဲမှာ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာလေးတစ်ခုပါ။ ဒီခုံးတံတားကို ၁၉၀၀ ပြည့်နှစ်အစောပိုင်းတုန်းက ဆောက်လုပ်ခဲ့ပြီး သံကူကွန်ကရစ် လုံးဝမပါဘဲ ကျောက်တုံးနဲ့ ဘိလပ်မြေကိုပဲသုံးပြီး ဆောက်လုပ်ထားတာပါ။ နယ်ခံတွေကတော့ ဒီတံတားကို Sinhala တံတားလို့ခေါ်ကြပြီး ကောင်းကင် (၉) ခုလို့ အဓိပ္ပာယ်ရပါတယ်။ အောက်ကနေ မော့ကြည့်မယ်ဆိုရင် တံတားရဲ့ပေါင်းကူးခုံးတွေကနေတဆင့် ကောင်းကင်ကို အပိုင်း (၉) ပိုင်း ပိုင်းခြားကန့်သတ်ထားတာကို မြင်တွေ့နိုင်လို့ပါပဲ။

၃။ မြောက်ဘက်က Anuradhapura ကိုသွားကြမယ်

5464597839_2a080940d6_b.jpg 

ကိုလမ်ဘိုမြို့ကနေပြီး Anuradhapura မြို့ကို ရထားနဲ့သွားတဲ့လမ်းကြောင်းဟာ နိုင်ငံမှာ အရှည်ဆုံးရထားလမ်းကြောင်း ဖြစ်ပါတယ်။ ကမ်းရိုးတန်းဒေသတွေ၊ တောင်တန်းဒေသတွေ ဖြတ်သန်းပြီးမှ နိုင်ငံအလည်က Anuradhapura မြို့ကို ရောက်ရှိတာပါ။ ရထားပေါ်မှာ Anuradhapura ဘုရားကျောင်းကိုသွားတဲ့ ဘုရားဖူးတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ လမ်းခရီးတလျှောက် နယ်ခံတွေရဲ့ ရိုးရာဓလေ့၊ ယဉ်ကျေးမှုတို့ကို ထိတွေ့မှတ်တမ်းတင်ခွင့် ရမှာပါ။

၄။ တောင်ဘက်က Galle မြို့ကိုသွားမယ်

10238482534_feb53384a3_k-1024x688.jpg 

ကိုလမ်ဘိုမြို့ကနေ Galle မြို့ကို သွားတဲ့ရထားဟာ မြို့ထဲကိုဖြတ်သွားပြီး ကမ်းရိုးတန်းတလျှောက်အတိုင်း ပင်လယ်ဘက်ကို သွားတဲ့လမ်းကြောင်းပါ။ လမ်းတလျှောက်ရှုခင်းကလည်း တောင်ပေါ်ရှုခင်းထက် ပိုပြီးကြည့်ကောင်းပါတယ်။ လမ်းခရီးတလျှောက်မှာ သီရိလင်္ကာနိုင်ငံသားတွေ အေးအေးလူလူ နားနေနေတာတွေ၊ သဘာဝတရားကြီးနဲ့ တသားတည်းဖြစ်နေတာတွေကို မြင်တွေ့ရမှာပါ။

Source: theculturetrip


ဆက်စပ်အကြောင်းအရာများ


Author


က္က