• Travel
    ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အဆိုးရွားဆုံးလေကြောင်းလိုင်းများ
Thiha Htun
[Unicode Version]

လေယာဉ်စီးပြီး ခရီးသွားတော့မယ်ဆိုရင်တော့ လေကြောင်းလိုင်းတစ်ခုခုကို ရွေးချယ်ရမှာပါပဲ။ လေယာဉ်စီးခြင်းဟာ နိုင်ငံရပ်ခြား ခရီးတစ်ခုကို သွားတော့မယ်ဆိုရင် သင်္ဘောစီးတာထက် ကုန်ကျစရိတ် ပိုမိုသက်သာပြီး မြန်မြန်ဆန်ဆန် ရောက်တဲ့အတွက် လူတော်တော်များများက လေယာဉ်စီးဖို့ကိုပဲ ရွေးချယ်တတ်ကြပါတယ်။

ဒီတော့ စီးပွားရေးလုပ်ငန်းကြီးတွေကလည်း လေကြောင်းလိုင်းတွေထောင်ပြီး ရင်းနှီးမြှုပ်နှံကြတော့ ရွေးချယ်စရာလေကြောင်းလိုင်းတွေကလည်း တစ်နေ့တစ်ခြား များပြားလာပါတယ်။

wing-221526_1280-1.jpg 

ဒီလိုရွေးချယ်စရာ လေကြောင်းလိုင်းတွေ များပြားလာတာနဲ့အမျှ လေကြောင်းလိုင်းတွေဟာ ဝန်ဆောင်မှုတွေကို ကောင်းသည်ထက်ကောင်းအောင် အပြိုင်အဆိုင်လုပ်ပြီး ဖောက်သည်တွေကို လုနေကြရပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဝန်ဆောင်မှုအစီအစဉ်တွေ၊ အစားအသောက်ကောင်းမြန်မှုနဲ့ လေယာဉ်စီးချိန် တိုတောင်းမှု စတာတွေနဲ့ ဖောက်သည်တွေ စိတ်ကျေနပ်အောင် ကြိုးစားနေကြရပါတယ်။

အဲဒီထဲမှာမှ Skytrax နဲ့ AirHelp ရဲ့အဆိုအရ ၂၀၁၇ ခုနှစ်မှာ အဆိုးရွားဆုံးလို့ ဆိုနိုင်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေကို ဖော်ပြပေးထားပါတယ်။

၁။ Bulgaria Air

၂၀၀၂ ခုနှစ်တုန်းက ဘူလ်ဂေးရီးယားအစိုးရမှ ထူထောင်ခဲ့တဲ့ Bulgaria Air လေကြောင်းလိုင်းဟာ နိုင်ငံတော်တော်များများရဲ့ black list ထဲမှာပါနေတာပါ။

အထူးသဖြင့် အမေရိကန်ပိုင်နက်ထဲမှာ ပျံသန်းရန်မသင့်တဲ့ လေယာဉ်တွေကို သုံးစွဲတယ်ဆိုပြီး မှတ်တမ်းတင်ခံထားရပါတယ်။ သူ့ဆီမှာ ဒေသပေါင်း (၂၆) ခုကို ဦးတည်ပျံသန်းနေတဲ့ လေယာဉ် (၁၀) စီးရှိပါတယ်။

၂။ China Airlines

19353397935_b0dc83edea_k.jpg 

လေကြောင်းရွေးချယ်မှု ပြုလုပ်ကြတော့မယ်ဆိုရင် အစားအသောက် ကောင်းမကောင်း၊ ဝန်ဆောင်မှုကောင်း မကောင်းတွေထက် လုံုခြုံစိတ်ချရမှု ရှိမရှိကို ဦးစားပေးရွေးချယ်ကြမှာ ဓမ္မတာပါပဲ။ ဒါဆိုရင်တော့ China Airlines ကို စာရင်းထဲက ထုတ်မှဖြစ်မှာပါ။

လေယာဉ်ရှစ်စီး ပျက်ကျဖူးပြီး ခရီးသည်အယောက် (၇၅၀) သေဆုံးဖူးတဲ့အတွက် ကမ္ဘာပေါ်မှာ သေနှုန်းအများဆုံး လေကြောင်းလိုင်းတွေထဲမှာ တစ်ခုအဖြစ် ပါဝင်နေပါတယ်။ လေယာဉ်ပြေးလမ်းချော်မှုတွေ၊ လေထဲမှာပျက်ကျမှုတွေနဲ့ မတော်တဆမှုပေါင်းများစွာကို ကြုံတွေ့နေရပါတယ်။

၃။ Ryanair

ဥရောပတိုက်မှာ တန်ဖိုးနည်းလေကြောင်းလိုင်းတွေနဲ့ ပတ်သက်ရင် ခရီးသည်တွေကြားမှာ အမြဲလိုလို ဒွိဟဖြစ်ရပါတယ်။ Ryanair လေကြောင်းလိုင်းကတော့ အဆိုးဘက်မှာ ပါတယ်လို့ ပြောလို့ရပါတယ်။

လေယာဉ်ပြေးဆွဲမှု ရုပ်သိမ်းခြင်းတွေ၊ ကြန့်ကြာခြင်းတွေ မကြာခဏဖြစ်လေ့ရှိပြီး booking တင်ရာနဲ့ check-in ဝင်ရာမှာလည်း အပိုကုန်ကျရာတာတွေ ရှိတာကြောင့် ခရီးသည်တွေရဲ့ စိတ်ပျက်လက်ပျက် မှတ်ချက်ပေးခြင်းတွေကို ခံထားရတဲ့ လေကြောင်းလိုင်းလည်း ဖြစ်ပါတယ်။

၄။ SmartWings

8743853107_7bfb160e1f_k.jpg 

ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ SmartWings လေကြောင်းလိုင်းကတော့ ခုတလောအွန်လိုင်းပေါ်မှာ လူပြောများနေပါတယ်။ Tripadvisor လို ခရီးသွားလမ်းညွှန် ဝက်ဘ်ဆိုက်မျိုးမှာ ခရီးသည်တွေရဲ့ ဝေဖန်မှုတွေကို အကြီးအကျယ်ခံနေရတာပါ။

လေယာဉ်ပေါ်မှာ အစားအသောက်ပြတ်တောက်ခြင်း၊ လေယာဉ်ပြေးဆွဲမှုကို အကျိုးအကြောင်းမရှိ ရပ်နားခြင်း၊ ဝန်ဆောင်မှုညံ့ဖျင်းခြင်း စတာတွေကို ခရီးသည်တွေက အကြီးအကျယ်ဝေဖန်နေကြပါတယ်။ာ

၅။ TunisAir

AirHelp ဝက်ဘ်ဆိုက်မှာ မကြာသေးခင်ကမှ ကမ္ဘာ့တတိယ အညံ့ဖျင်းဆုံး လေကြောင်းလိုင်းအဖြစ် သတ်မှတ်ခံထားရတာကတော့ TunisAir လေကြောင်းလိုင်းပါ။

TunisAir ဟာ လေယာဉ်ပေါ် ဝန်ဆောင်မှု ညံ့ဖျင်းခြင်း၊ လေဆိပ်ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှု ဆိုးရွားခြင်း စတာတွေအတွက် ဝေဖန်ခံထားရပါတယ်။ ခရီးသည်တွေရဲ့ မှတ်ချက်တွေအရ ဒီလေကြောင်းလိုင်းရဲ့ ဝန်ဆောင်မှုက တခြားလေကြောင်းလိုင်းတွေထက်စာရင် အလွန်ညံ့ဖျင်းပါတယ်တဲ့။

- ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အဆိုးရွားဆုံးလေကြောင်းလိုင်းများ (၂)

Source: theculturetrip

[Zawgyi Version]

ေလယာဥ္စီးၿပီး ခရီးသြားေတာ့မယ္ဆိုရင္ေတာ့ ေလေၾကာင္းလိုင္းတစ္ခုခုကို ေ႐ြးခ်ယ္ရမွာပါပဲ။ ေလယာဥ္စီးျခင္းဟာ ႏိုင္ငံရပ္ျခား ခရီးတစ္ခုကို သြားေတာ့မယ္ဆိုရင္ သေဘၤာစီးတာထက္ ကုန္က်စရိတ္ ပိုမိုသက္သာၿပီး ျမန္ျမန္ဆန္ဆန္ ေရာက္တဲ့အတြက္ လူေတာ္ေတာ္မ်ားမ်ားက ေလယာဥ္စီးဖို႔ကိုပဲ ေ႐ြးခ်ယ္တတ္ၾကပါတယ္။

ဒီေတာ့ စီးပြားေရးလုပ္ငန္းႀကီးေတြကလည္း ေလေၾကာင္းလိုင္းေတြေထာင္ၿပီး ရင္းႏွီးျမွဳပ္ႏွံၾကေတာ့ ေ႐ြးခ်ယ္စရာေလေၾကာင္းလိုင္းေတြကလည္း တစ္ေန႔တစ္ျခား မ်ားျပားလာပါတယ္။

 

ဒီလိုေ႐ြးခ်ယ္စရာ ေလေၾကာင္းလိုင္းေတြ မ်ားျပားလာတာနဲ႔အမွ် ေလေၾကာင္းလိုင္းေတြဟာ ဝန္ေဆာင္မႈေတြကို ေကာင္းသည္ထက္ေကာင္းေအာင္ အၿပိဳင္အဆိုင္လုပ္ၿပီး ေဖာက္သည္ေတြကို လုေနၾကရပါတယ္။ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ၊ ဝန္ေဆာင္မႈအစီအစဥ္ေတြ၊ အစားအေသာက္ေကာင္းျမန္မႈနဲ႔ ေလယာဥ္စီးခ်ိန္ တိုေတာင္းမႈ စတာေတြနဲ႔ ေဖာက္သည္ေတြ စိတ္ေက်နပ္ေအာင္ ႀကိဳးစားေနၾကရပါတယ္။

အဲဒီထဲမွာမွ Skytrax နဲ႔ AirHelp ရဲ႕အဆိုအရ ၂၀၁၇ ခုႏွစ္မွာ အဆိုး႐ြားဆံုးလို႔ ဆိုႏိုင္တဲ့ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္းေတြကို ေဖာ္ျပေပးထားပါတယ္။

၁။ Bulgaria Air

၂၀၀၂ ခုႏွစ္တုန္းက ဘူလ္ေဂးရီးယားအစိုးရမွ ထူေထာင္ခဲ့တဲ့ Bulgaria Air ေလေၾကာင္းလိုင္းဟာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားရဲ႕ black list ထဲမွာပါေနတာပါ။

အထူးသျဖင့္ အေမရိကန္ပိုင္နက္ထဲမွာ ပ်ံသန္းရန္မသင့္တဲ့ ေလယာဥ္ေတြကို သံုးစြဲတယ္ဆိုၿပီး မွတ္တမ္းတင္ခံထားရပါတယ္။ သူ႔ဆီမွာ ေဒသေပါင္း (၂၆) ခုကို ဦးတည္ပ်ံသန္းေနတဲ့ ေလယာဥ္ (၁၀) စီး႐ွိပါတယ္။

၂။ China Airlines

 

ေလေၾကာင္းေ႐ြးခ်ယ္မႈ ျပဳလုပ္ၾကေတာ့မယ္ဆိုရင္ အစားအေသာက္ ေကာင္းမေကာင္း၊ ဝန္ေဆာင္မႈေကာင္း မေကာင္းေတြထက္ လံုုျခံဳစိတ္ခ်ရမႈ ႐ွိမ႐ွိကို ဦးစားေပးေ႐ြးခ်ယ္ၾကမွာ ဓမၼတာပါပဲ။ ဒါဆိုရင္ေတာ့ China Airlines ကို စာရင္းထဲက ထုတ္မွျဖစ္မွာပါ။

ေလယာဥ္႐ွစ္စီး ပ်က္က်ဖူးၿပီး ခရီးသည္အေယာက္ (၇၅၀) ေသဆံုးဖူးတဲ့အတြက္ ကမၻာေပၚမွာ ေသႏႈန္းအမ်ားဆံုး ေလေၾကာင္းလိုင္းေတြထဲမွာ တစ္ခုအျဖစ္ ပါဝင္ေနပါတယ္။ ေလယာဥ္ေျပးလမ္းေခ်ာ္မႈေတြ၊ ေလထဲမွာပ်က္က်မႈေတြနဲ႔ မေတာ္တဆမႈေပါင္းမ်ားစြာကို ၾကံဳေတြ႕ေနရပါတယ္။

၃။ Ryanair

ဥေရာပတိုက္မွာ တန္ဖိုးနည္းေလေၾကာင္းလိုင္းေတြနဲ႔ ပတ္သက္ရင္ ခရီးသည္ေတြၾကားမွာ အျမဲလိုလို ဒြိဟျဖစ္ရပါတယ္။ Ryanair ေလေၾကာင္းလိုင္းကေတာ့ အဆိုးဘက္မွာ ပါတယ္လို႔ ေျပာလို႔ရပါတယ္။

ေလယာဥ္ေျပးဆြဲမႈ ႐ုပ္သိမ္းျခင္းေတြ၊ ၾကန္႔ၾကာျခင္းေတြ မၾကာခဏျဖစ္ေလ့႐ွိၿပီး booking တင္ရာနဲ႔ check-in ဝင္ရာမွာလည္း အပိုကုန္က်ရာတာေတြ ႐ွိတာေၾကာင့္ ခရီးသည္ေတြရဲ႕ စိတ္ပ်က္လက္ပ်က္ မွတ္ခ်က္ေပးျခင္းေတြကို ခံထားရတဲ့ ေလေၾကာင္းလိုင္းလည္း ျဖစ္ပါတယ္။

၄။ SmartWings

 

ခ်က္ျပည္သူ႔သမၼတႏိုင္ငံရဲ႕ SmartWings ေလေၾကာင္းလိုင္းကေတာ့ ခုတေလာအြန္လိုင္းေပၚမွာ လူေျပာမ်ားေနပါတယ္။ Tripadvisor လို ခရီးသြားလမ္းညႊန္ ဝက္ဘ္ဆိုက္မ်ိဳးမွာ ခရီးသည္ေတြရဲ႕ ေဝဖန္မႈေတြကို အႀကီးအက်ယ္ခံေနရတာပါ။

ေလယာဥ္ေပၚမွာ အစားအေသာက္ျပတ္ေတာက္ျခင္း၊ ေလယာဥ္ေျပးဆြဲမႈကို အက်ိဳးအေၾကာင္းမ႐ွိ ရပ္နားျခင္း၊ ဝန္ေဆာင္မႈညံ့ဖ်င္းျခင္း စတာေတြကို ခရီးသည္ေတြက အႀကီးအက်ယ္ေဝဖန္ေနၾကပါတယ္။ာ

၅။ TunisAir

AirHelp ဝက္ဘ္ဆိုက္မွာ မၾကာေသးခင္ကမွ ကမၻာ့တတိယ အည့ံဖ်င္းဆံုး ေလေၾကာင္းလိုင္းအျဖစ္ သတ္မွတ္ခံထားရတာကေတာ့ TunisAir ေလေၾကာင္းလိုင္းပါ။

TunisAir ဟာ ေလယာဥ္ေပၚ ဝန္ေဆာင္မႈ ညံ့ဖ်င္းျခင္း၊ ေလဆိပ္ဝန္ထမ္းေတြရဲ႕ ဝန္ေဆာင္မႈ ဆိုး႐ြားျခင္း စတာေတြအတြက္ ေဝဖန္ခံထားရပါတယ္။ ခရီးသည္ေတြရဲ႕ မွတ္ခ်က္ေတြအရ ဒီေလေၾကာင္းလိုင္းရဲ႕ ဝန္ေဆာင္မႈက တျခားေလေၾကာင္းလိုင္းေတြထက္စာရင္ အလြန္ည့ံဖ်င္းပါတယ္တဲ့။

- ၂၀၁၇ ခုႏွစ္အတြက္ ကမၻာ့အဆိုး႐ြားဆံုးေလေၾကာင္းလိုင္းမ်ား (၂)

Source: theculturetrip


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs