လူတန်းစားမရွေး ခရီးသွားလာကြတော့ ကုန်ကျစရိတ်နည်းတဲ့ ဘတ်ဂျက်ခရီးတွေကို လူတွေပိုစိတ်ဝင်စား လာကြပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ခရီးသွားတဲ့ပုံစံလေးတွေ ပြောင်းလဲသွားတာအမှန်ပါပဲ။ အရင်တုန်းကဆိုရင် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေကို အားကိုးကြပေမယ့် နောက်ပိုင်းမှာ ကျောပိုးအိတ်တစ်လုံးနဲ့ ပတ်ပို့စ်ပါရင် နိုင်ငံခြားခရီးကို အေးဆေးသွားနိုင်တဲ့ အနေအထား ဖြစ်လာပါတယ်။ နောက်ပြီးတော့ လူတန်းစားမရွေး ခရီးသွားလာကြတော့ ကုန်ကျစရိတ်နည်းတဲ့ ဘတ်ဂျက်ခရီးတွေကို လူတွေပိုစိတ်ဝင်စား လာကြပါတယ်။ ၂၀၁၈ ခုနှစ်မှာ သွားနိုင်မယ့် ဘတ်ဂျက်ခရီးစဉ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



၁။ မလေးရှား

01_malaysia_410063311_Patrick-Foto-1-1024x683.jpg 

အိမ်နီးချင်းထိုင်းနိုင်ငံထက်စာရင် မလေးရှားနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုများပြားခြင်း မရှိပါဘူး။ ဒါပေမဲ့ မလေးရှားနိုင်ငံမှာ ကမ္ဘာ့အကောင်းဆုံး လမ်းဘေးစာတွေနဲ့ ညဈေးတွေ ရှိပါတယ်။ မလေးရှားအစားအစာ တစ်မျိုးဖြစ်တဲ့ Remdang ဟာဆိုရင် မကြာသေးခင်က CNN Travel ရဲ့ ကမ္ဘာ့အကောင်းဆုံး အစားအစာစာရင်းမှာတောင် နံပါတ် (၁) ချိတ်ထားတာပါ။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရဲ့ ကြယ် (၃) ပွင့်ဟိုတယ်တွေဆို တစ်ညကို (၁၅) ဒေါ်လာလောက်ပဲ ကျသင့်ပြီး စားစရိတ်ကလည်း (၁၀) ဒေါ်လာလောက်ဆို ထမင်း (၃) နပ် ဝအောင်စားလို့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဘတ်ဂျက်ခရီးသွားချင်ရင် မလေးရှားနိုင်ငံက ထည့်စဉ်းစားသင့်တဲ့နေရာတစ်ခုပါပဲ။

၂။ အာဂျင်တီးနား

02_argentina_561532465_sharptoyou-1-1024x683.jpg 

အာဂျင်တီးနားနိုင်ငံကတော့ ခရီးသွားတွေအတွက် စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ တောင်အမေရိကတိုက်ရဲ့ ပဲရစ်မြို့လို့ တင်စားခေါ်ဝေါ်ခံရတဲ့ Buenos Aires ဒေသမှာဆိုရင် လှပတဲ့ တောတန်းတွေ၊ တောင်ကြားတွေရှိပြီး ဝိုင်တိုင်းပြည်လို့ သမုတ်ခံရအောင် ဝိုင်ခြံတွေများပြားစွာ တည်ရှိပါတယ်။

အမေရိကန်တစ်ဒေါ်လာကို အာဂျင်တီးနားငွေ (၁၇) ပီဆိုလောက် ရတော့ ဈေးသက်သက်သာသာနဲ့ လည်ပတ်လို့ရမယ့် နေရာတစ်ခုပါ။ သေချာတာတစ်ခုကတော့ အသားကင်နဲ့ ဝိုင်အရက်ကတော့ မုန်းနေအောင် စားရမှာပါ။

၃။ နီပေါ

04_nepal_758519869_Pikoso.kz_-1024x683.jpg 

သဘာဝတရားကို ချစ်မြတ်နိုးသူတစ်ယောက်အတွက် နီပေါနိုင်ငံဟာ ခရီးသွားစာရင်းထဲ ထည့်ထားသင့်တဲ့နေရာတစ်ခုပါ။ နောက်ပြီး ဘတ်ဂျက်ခရီးသွားတွေအတွက်လည်း နီပေါနိုင်ငံဟာ မဖြစ်မနေ သွားသင့်တဲ့နေရာပါ။ ဘာလို့လဲဆိုတော့ နီပေါနိုင်ငံမှာ ကြယ် (၃) လုံးအဆင့်ရှိဟိုတယ်တွေတောင် တစ်ညတည်းခိုစရိတ် (၁၀) ဒေါ်လာခန့်ပဲရှိပြီး တစ်နေ့ ထမင်း (၃) နပ်ကို (၉) ဒေါ်လာလောက်ပဲ ကုန်ကျမှာပါ။ တောင်တက်ခရီးတွေသွားပြီး ပါးစပ်အဟောင်းသား ဖြစ်လောက်အောင်လှပတဲ့ တောတောင်ရှုခင်းတွေကို ငေးမောနိုင်သလို ရှေးဟောင်းအနုလက်ရာတွေကိုလည်း လေ့လာနိုင်ပါတယ်။

၄။ ပီရူး

07_peru_147330275_Anton_Ivanov-1024x683.jpg 

ရှေးဟောင်းအမွေအနှစ်တွေကို ချစ်မြတ်နိုးသူဆိုရင်တော့ ပီရူးနိုင်ငံဟာ မဖြစ်မနေသွားလည်သင့်တဲ့ ဒေသတစ်ခုပါ။ ပီရူးမှာ UNESCO စာရင်းဝင် ရှေးဟောင်းမြို့ကြီးတွေ အများကြီးရှိပါတယ်။ နောက်တစ်ခုကတော့ နေစားစရိတ် ဈေးပေါတာပါပဲ။ အစားအသောက် အတွက် ကုန်ကျစရိတ်က တစ်နေ့ကို ဆယ်ဒေါ်လာထက် မပိုသလို အရသာလည်းရှိပါတယ်။ ပီရူးမှာ လည်ပတ်စရာ ကမ်းခြေတွေ၊ တောင်တန်းတွေ၊ လျှိုမြောင်ချိုင့်ဝှမ်းတွေ၊ မြစ်ချောင်းတွေလည်း အများကြီးရှိပါသေးတယ်။

၅။ မက္ကစီကို

10_mexico_510095692_Diego-Grandi-1024x683.jpg 

မက္ကစီကိုဟာ ယဉ်ကျေးမှုကြွယ်ဝတဲ့ ဒေသတစ်ခုပါ။ နိုင်ငံရဲ့ကြွယ်ဝတဲ့ ရိုးရာဓလေ့၊ အရသာရှိတဲ့ အစားအသောက်၊ နွေးထွေးဖော်ရွေတဲ့ နယ်ခံတွေ စတာတွေကြောင့် နာမည်ကျော်ကြားပါတယ်။ ငွေလဲလှယ်မှုနှုန်းက တစ်ဒေါ်လာကို (၁၉) ပီဆိုခန့်ရပါတယ်။ မက္ကစီကိုမှာ ရိုးရာအစားအစာတွေကို ဈေးပေါပေါနဲ့ တဝကြီးစားနိုင်သလို လှပတဲ့ကမ်းခြေတွေမှာလည်း သွားရောက်အပန်းဖြေ နိုင်ပါတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က