လေယာဉ်စီးပြီး ခရီးသွားတော့မယ်ဆိုရင်တော့ လေကြောင်းလိုင်းတစ်ခုခုကို ရွေးချယ်ရမှာပါပဲ။ လေယာဉ်စီးခြင်းဟာ နိုင်ငံရပ်ခြား ခရီးတစ်ခုကို သွားတော့မယ်ဆိုရင် သင်္ဘောစီးတာထက် ကုန်ကျစရိတ် ပိုမိုသက်သာပြီး မြန်မြန်ဆန်ဆန် ရောက်တဲ့အတွက် လူတော်တော်များများက လေယာဉ်စီးဖို့ကိုပဲ ရွေးချယ်တတ်ကြပါတယ်။
ဒီတော့ စီးပွားရေးလုပ်ငန်းကြီးတွေကလည်း လေကြောင်းလိုင်းတွေထောင်ပြီး ရင်းနှီးမြှုပ်နှံကြတော့ ရွေးချယ်စရာလေကြောင်းလိုင်းတွေကလည်း တစ်နေ့တစ်ခြား များပြားလာပါတယ်။
ဒီလိုရွေးချယ်စရာ လေကြောင်းလိုင်းတွေ များပြားလာတာနဲ့အမျှ လေကြောင်းလိုင်းတွေဟာ ဝန်ဆောင်မှုတွေကို ကောင်းသည်ထက်ကောင်းအောင် အပြိုင်အဆိုင်လုပ်ပြီး ဖောက်သည်တွေကို လုနေကြရပါတယ်။
ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဝန်ဆောင်မှုအစီအစဉ်တွေ၊ အစားအသောက်ကောင်းမြန်မှုနဲ့ လေယာဉ်စီးချိန် တိုတောင်းမှု စတာတွေနဲ့ ဖောက်သည်တွေ စိတ်ကျေနပ်အောင် ကြိုးစားနေကြရပါတယ်။
အဲဒီထဲမှာမှ Skytrax နဲ့ AirHelp ရဲ့အဆိုအရ ၂၀၁၇ ခုနှစ်မှာ အဆိုးရွားဆုံးလို့ ဆိုနိုင်တဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေကို ဖော်ပြပေးထားပါတယ်။
တန်ဖိုးနည်း ဥရောပလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Easyjet ဟာ ခရီးသည်တွေကို ဒေါကန်စေတဲ့နေရာမှာ မှတ်တမ်းတင် ထားပါတယ်တဲ့။ လေယာဉ်ချိန်နောက်ကျမှုတွေ၊ လေယာဉ်ပျံသန်းမှု ရပ်ဆိုင်းခြင်းတွေကြောင့် ထင်ရှားတဲ့ လေကြောင်းလိုင်း တစ်ခုလည်း ဖြစ်ပါတယ်။
ကုမ္မဏီကတော့ ပြဿနာတွေကို လိုက်ရှင်းဖို့ကြိုးစားပေမယ့် ခရီးသည်တွေရဲ့ ကွန်ပလိန်းတွေကတော့ ဆက်တက်နေဆဲပါပဲ။
မြေပြင်ဝန်ထမ်းတွေရဲ့ အကူအညီပေးလိုစိတ် ကင်းမဲ့မှုတွေ၊ လေယာဉ်ချိန်နောက်ကျမှုတွေအပြင် လေယာဉ်ပျံသန်းမှု ရပ်ဆိုင်းလိုက်ချိန်မှာ ကုမ္မဏီဘက်က ငွေပြန်အမ်းတာ နောက်ကျတဲ့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခရီးသွားရခြင်းတို့ ပါဝင်ပါတယ်။
Google မှာ Turkmenistan Airlines လို့ရှာကြည့်လိုက်ရုံနဲ့ ဒီလေကြောင်းလိုင်းဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လေကြောင်းလိုင်း တစ်ခုအဖြစ် သတ်မှတ်ခံထားရတယ်ဆိုတာကို တွေ့ရှိရမှာပါ။
သူတို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "ဖော်ရွေမှုရဲ့သင်္ကေတ" ဆိုတာ ဝန်ထမ်းတချို့အတွက်တော့ မသက်ဆိုင်သလိုပါပဲ။ ရိုင်းပျတဲ့ လေယာဉ်မယ်တွေ၊ အကူအညီမရတဲ့ မြေပြင်ဝန်ထမ်းတွေကြောင့် နာမည်ကြီးပါတယ်။
၂၀၁၆ ခုနှစ်ဟာ American Airlines အတွက်တော့ ကံဆိုးတဲ့နှစ်ဆိုတာ ငြင်းပယ်လို့မရပါဘူး။ American Airlines ရဲ့ ဝန်ထမ်း တစ်ယောက်က ခရီးသည်တစ်ယောက်ကို လေယာဉ်ပေါ်က အတင်းဆွဲချတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံ့ပွားသွားပြီးနောက်မှာ၊ နောက်ပြီး တခြားဝန်ထမ်းတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာကို လက်တွန်းလှည်းနဲ့ ဆောင့်တွန်းလိုက်ချိန်မှာ ဒီလေကြောင်းလိုင်းနဲ့ ခရီးသွားဖို့ကို ဘယ်ခရီးသည်မှ စိတ်မပါတော့တာ အမှန်ပါပဲ။
အသံပေါင်းစုံထွက်နေတဲ့ လေယာဉ်အစုတ်ကြီးတွေ၊ ဖော်ရွေမှုကင်းမဲ့တဲ့ လေယာဉ်ဝန်ထမ်းတွေ၊ မကြာခဏဆိုသလို လေယာဉ်ချိန် နောက်ကျခြင်းနဲ့ လေယာဉ်ပျံသန်းမှုကို ပယ်ဖျက်ခြင်းတို့က Cubana Airlines လေကြောင်းလိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာတချို့ပါပဲ။
နိုင်ငံပိုင်လေကြောင်းလိုင်းဟာ Skytrax ရဲ့ voting မှာ ကြယ်နှစ်ပွင့်ပဲရထားပြီး ခရီးသည်တွေရဲ့ ကွန်ပလိန်းအရတော့ လေကြောင်းလိုင်းဟာ ဝန်ဆောင်မှုပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ လိုနေတာအမှန်ပါပဲ။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာအခြေစိုက် LionAir လေကြောင်းလိုင်းကတော့ အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံး တန်ဖိုးနည်း လေကြောင်းလိုင်းပါပဲ။
ဒီလေကြောင်းလိုင်းဟာ ဝန်ဆောင်မှု ညံ့ဖျင်းရာမှာ အဆိုးရွားဆုံး လေကြောင်းလိုင်း တစ်ခုအဖြစ် ကြိမ်ဖန်များစွာ မှတ်တမ်းဝင်ထားပါတယ်။ ထိုင်ခုံကျဉ်းတာတွေ၊ ဒူးလှုပ်ရခက်တောတွေအပြင် လေယာဉ်ချိန် ခနခနနောက်ကျ တာတွေကလည်း ဝန်ဆောင်မှု ညံ့ဖျင်းတဲ့ထဲမှာ ပါတာပေါ့။
- ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အဆိုးရွားဆုံးလေကြောင်းလိုင်းများ
Source: theculturetrip
ေလယာဥ္စီးၿပီး ခရီးသြားေတာ့မယ္ဆိုရင္ေတာ့ ေလေၾကာင္းလိုင္းတစ္ခုခုကို ေ႐ြးခ်ယ္ရမွာပါပဲ။ ေလယာဥ္စီးျခင္းဟာ ႏိုင္ငံရပ္ျခား ခရီးတစ္ခုကို သြားေတာ့မယ္ဆိုရင္ သေဘၤာစီးတာထက္ ကုန္က်စရိတ္ ပိုမိုသက္သာၿပီး ျမန္ျမန္ဆန္ဆန္ ေရာက္တဲ့အတြက္ လူေတာ္ေတာ္မ်ားမ်ားက ေလယာဥ္စီးဖို႔ကိုပဲ ေ႐ြးခ်ယ္တတ္ၾကပါတယ္။
ဒီေတာ့ စီးပြားေရးလုပ္ငန္းႀကီးေတြကလည္း ေလေၾကာင္းလိုင္းေတြေထာင္ၿပီး ရင္းႏွီးျမွဳပ္ႏွံၾကေတာ့ ေ႐ြးခ်ယ္စရာေလေၾကာင္းလိုင္းေတြကလည္း တစ္ေန႔တစ္ျခား မ်ားျပားလာပါတယ္။
ဒီလိုေ႐ြးခ်ယ္စရာ ေလေၾကာင္းလိုင္းေတြ မ်ားျပားလာတာနဲ႔အမွ် ေလေၾကာင္းလိုင္းေတြဟာ ဝန္ေဆာင္မႈေတြကို ေကာင္းသည္ထက္ေကာင္းေအာင္ အၿပိဳင္အဆိုင္လုပ္ၿပီး ေဖာက္သည္ေတြကို လုေနၾကရပါတယ္။
ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ၊ ဝန္ေဆာင္မႈအစီအစဥ္ေတြ၊ အစားအေသာက္ေကာင္းျမန္မႈနဲ႔ ေလယာဥ္စီးခ်ိန္ တိုေတာင္းမႈ စတာေတြနဲ႔ ေဖာက္သည္ေတြ စိတ္ေက်နပ္ေအာင္ ႀကိဳးစားေနၾကရပါတယ္။
အဲဒီထဲမွာမွ Skytrax နဲ႔ AirHelp ရဲ႕အဆိုအရ ၂၀၁၇ ခုႏွစ္မွာ အဆိုး႐ြားဆံုးလို႔ ဆိုႏိုင္တဲ့ အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္းေတြကို ေဖာ္ျပေပးထားပါတယ္။
တန္ဖိုးနည္း ဥေရာပေလေၾကာင္းလိုင္းတစ္ခုျဖစ္တဲ့ Easyjet ဟာ ခရီးသည္ေတြကို ေဒါကန္ေစတဲ့ေနရာမွာ မွတ္တမ္းတင္ ထားပါတယ္တဲ့။ ေလယာဥ္ခ်ိန္ေနာက္က်မႈေတြ၊ ေလယာဥ္ပ်ံသန္းမႈ ရပ္ဆိုင္းျခင္းေတြေၾကာင့္ ထင္႐ွားတဲ့ ေလေၾကာင္းလိုင္း တစ္ခုလည္း ျဖစ္ပါတယ္။
ကုမၼဏီကေတာ့ ျပႆနာေတြကို လိုက္႐ွင္းဖို႔ႀကိဳးစားေပမယ့္ ခရီးသည္ေတြရဲ႕ ကြန္ပလိန္းေတြကေတာ့ ဆက္တက္ေနဆဲပါပဲ။
ေျမျပင္ဝန္ထမ္းေတြရဲ႕ အကူအညီေပးလိုစိတ္ ကင္းမဲ့မႈေတြ၊ ေလယာဥ္ခ်ိန္ေနာက္က်မႈေတြအျပင္ ေလယာဥ္ပ်ံသန္းမႈ ရပ္ဆိုင္းလိုက္ခ်ိန္မွာ ကုမၼဏီဘက္က ေငြျပန္အမ္းတာ ေနာက္က်တဲ့အတြက္ ကုိယ့္နည္းကိုယ့္ဟန္နဲ႔ ခရီးသြားရျခင္းတို႔ ပါဝင္ပါတယ္။
Google မွာ Turkmenistan Airlines လို႔႐ွာၾကည့္လိုက္႐ံုနဲ႔ ဒီေလေၾကာင္းလိုင္းဟာ ကမၻာေပၚမွာ အဆိုးရြားဆံုး ေလေၾကာင္းလိုင္း တစ္ခုအျဖစ္ သတ္မွတ္ခံထားရတယ္ဆိုတာကို ေတြ႕ရွိရမွာပါ။
သူတို႔ရဲ႕ ေဆာင္ပုဒ္ျဖစ္တဲ့ "ေဖာ္ေရြမႈရဲ႕သေကၤတ" ဆိုတာ ဝန္ထမ္းတခ်ိဳ႕အတြက္ေတာ့ မသက္ဆိုင္သလိုပါပဲ။ ႐ိုင္းပ်တဲ့ ေလယာဥ္မယ္ေတြ၊ အကူအညီမရတဲ့ ေျမျပင္ဝန္ထမ္းေတြေၾကာင့္ နာမည္ႀကီးပါတယ္။
၂၀၁၆ ခုႏွစ္ဟာ American Airlines အတြက္ေတာ့ ကံဆိုးတဲ့ႏွစ္ဆိုတာ ျငင္းပယ္လို႔မရပါဘူး။ American Airlines ရဲ႕ ဝန္ထမ္း တစ္ေယာက္က ခရီးသည္တစ္ေယာက္ကို ေလယာဥ္ေပၚက အတင္းဆြဲခ်တဲ့ ဗီဒီယိုဖိုင္ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ပြားသြားၿပီးေနာက္မွာ၊ ေနာက္ၿပီး တျခားဝန္ထမ္းတစ္ေယာက္က အမ်ိဳးသမီးတစ္ေယာက္ရဲ႕ မ်က္ႏွာကို လက္တြန္းလွည္းနဲ႔ ေဆာင့္တြန္းလိုက္ခ်ိန္မွာ ဒီေလေၾကာင္းလိုင္းနဲ႔ ခရီးသြားဖို႔ကို ဘယ္ခရီးသည္မွ စိတ္မပါေတာ့တာ အမွန္ပါပဲ။
အသံေပါင္းစံုထြက္ေနတဲ့ ေလယာဥ္အစုတ္ႀကီးေတြ၊ ေဖာ္ေရြမႈကင္းမဲ့တဲ့ ေလယာဥ္ဝန္ထမ္းေတြ၊ မၾကာခဏဆိုသလို ေလယာဥ္ခ်ိန္ ေနာက္က်ျခင္းနဲ႔ ေလယာဥ္ပ်ံသန္းမႈကို ပယ္ဖ်က္ျခင္းတို႔က Cubana Airlines ေလေၾကာင္းလိုင္း ရင္ဆိုင္ေနရတဲ့ ျပႆနာတခ်ိဳ႕ပါပဲ။
ႏိုင္ငံပိုင္ေလေၾကာင္းလိုင္းဟာ Skytrax ရဲ႕ voting မွာ ၾကယ္ႏွစ္ပြင့္ပဲရထားၿပီး ခရီးသည္ေတြရဲ႕ ကြန္ပလိန္းအရေတာ့ ေလေၾကာင္းလိုင္းဟာ ဝန္ေဆာင္မႈပိုင္းမွာ ရင္းႏွီးျမွဳပ္ႏွံဖို႔ လိုေနတာအမွန္ပါပဲ။
အင္ဒိုနီး႐ွားႏိုင္ငံ၊ ဂ်ကာတာအေျခစုိက္ LionAir ေလေၾကာင္းလိုင္းကေတာ့ အေ႐ွ႕ေတာင္အာ႐ွမွာ ဒုတိယအႀကီးဆံုး တန္ဖိုးနည္း ေလေၾကာင္းလိုင္းပါပဲ။
ဒီေလေၾကာင္းလိုင္းဟာ ဝန္ေဆာင္မႈ ညံ့ဖ်င္းရာမွာ အဆိုးရြားဆံုး ေလေၾကာင္းလိုင္း တစ္္ခုအျဖစ္ ႀကိမ္ဖန္မ်ားစြာ မွတ္တမ္းဝင္ထားပါတယ္။ ထိုင္ခံုက်ဥ္းတာေတြ၊ ဒူးလႈပ္ရခက္ေတာေတြအျပင္ ေလယာဥ္ခ်ိန္ ခနခနေနာက္က် တာေတြကလည္း ဝန္ေဆာင္မႈ ညံ့ဖ်င္းတဲ့ထဲမွာ ပါတာေပါ့။
- ၂၀၁၇ ခုႏွစ္အတြက္ ကမၻာ့အဆိုး႐ြားဆံုးေလေၾကာင္းလိုင္းမ်ား
Source: theculturetrip
See stories of the future in your inbox each morning.
Copyright © 2018 Duwun.