• Travel
    ကမ္ဘာပေါ်မှာ ရှော့ပင်ထွက်လို့အကောင်းဆုံး နေရာများ
Thiha Htun
[Unicode Version]

မိန်းကလေးတွေအတွက်တော့ ရှော့ပင်ထွက်တယ်ဆိုတာ စိတ်ဖိစီးမှုကို ပြေပျောက်စေပြီး အသည်းကွဲခြင်းဝေဒနာလို ခံရခက်တဲ့ ဝေဒနာမျိုးကိုတောင် ကုစားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ငွေရေးကြေးရေး တတ်နိုင်မယ်ဆိုရင် ပက်စ်ပို့စ် စာအုပ်လေးကိုင်ပြီး ဘန်ကောက်တို့၊ စင်္ကာပူတို့ကိုတောင် ရှော့ပင်ထွက်နိုင်သူတွေ အများကြီးရှိပါတယ်။ တကယ်လို့သင်ဟာ ရှော့ပင်ထွက်ရတာကို နှစ်သက်လူတစ်ဦးဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှော့ပင်ထွက်လို့အကောင်းဆုံး နေရာလေးတွေကို သိထားသင့်ပါတယ်နော်။

၁။ နယူးယောက်

1-9-600x400.jpg 

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ဟာ ဖက်ရှင်ဆိုင်တွေ၊ စတိုးဆိုင်တွေနဲ့ အထူးပစ္စည်းအရောင်ဆိုင်တွေ စုဝေးတည်ရှိရာ အရပ်ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အီတလီ တန်ဖိုးကြီး brand တွေကိုမှ ခုံမင်ရူးသွပ်သူဆိုရင် နယူးယောက်မြို့က မန်ဟက်တန်ရပ်ကွက်ထဲမှာ လျှောက်သွားရင်း နှစ်သက်ရာဆိုင်ကို ဝင်ကြည့်နိုင်ပါတယ်။ ဈေးနှုန်းတွေက သင့်တင့်ပြီး မရေမတွက်နိုင်အောင် များပြားတဲ့ ကမ္ဘာတလွှားက အဝတ်အစား brand တွေကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။

၂။ ပဲရစ်

2-10-660x371.jpg 

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကတော့ ဒီဇိုင်နာအထူးထုတ်ဆိုင်တွေနဲ့ အသက်ဝင်လှုပ်ရှားနေတဲ့ မြို့တစ်မြို့ပါ။ မြို့သူမြို့သားတွေရဲ့ ဖက်ရှင်စတိုင်လ်နဲ့ စမတ်ကျမှုတွေကို တွေ့မြင်ရရုံနဲ့ ပဲရစ်မြို့မှာ ရှော့ပင်ထွက်မိတာ မမှားမှန်းသိသာစေမှာပါ။ တန်ဖိုးကြီးရတနာပစ္စည်းတွေ၊ ဖိနပ်တွေ၊ ဒီဇိုင်နာအထူးထုတ် အဝတ်အထည်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ ပဲရစ်မြို့မှာ ရွေးစရာလမ်းကြောင်းတွေ အများကြီးပါပဲ။

၃။ ဆန်ဖရန်စစ်စကို

3-9-561x400.jpg 

ဆန်ဖရန်စစ်စကိုရဲ့ ဈေးဝယ်ရှုခင်းတွေကတော့ ဒီဇိုင်နာ brand အများစုကို အပိုင်သိမ်းထားနိုင်တဲ့အတွက် ထင်ရှားတာပါ။ ဆန်ဖရန်စစ်စကိုမှာ Westfield ဆိုတဲ့ အထပ်ပေါင်းများစွာ ပါဝင်တဲ့ ဈေးဝယ်စင်တာတစ်ခုရှိပြီး အဲဒီမှာ ဆန်ဖရန်စစ်စကိုရဲ့ အခမ်းနားဆုံး ဈေးဆိုင်တွေကို လျှောက်ကြည့်နိုင်မှာပါ။ နောက်ဆုံးပေါ် အထက်တန်းကျကျ အဝတ်အစားတွေက သင့်ကို နှလုံးပီတိ ဂွမ်းဆီထိ စေနိုင်မှာပါ။

၄။ လန်ဒန်

4-8-601x400.jpg 

လန်ဒန်မြို့ဟာ ရှော့ပင်ထွက်သူတွေအတွက် နိဗ္ဗာန်ဘုံဖြစ်နေတာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ လန်ဒန်မြို့မှာ သင့်စိတ်ကူးထဲမှာ လိုချင်နေတဲ့ အဝတ်အစား brand ပေါင်းစုံကို ဝယ်ယူရရှိနိုင်ပါတယ်။ လန်ဒန်မှာ တန်ဖိုးကြီး brand တွေကော၊ တန်ဖိုးနည်း brand တွေပါ ရရှိနိုင်ပါတယ်။ လန်ဒန်ရဲ့ ဈေးကွက်ထဲမှာ စတိုးဆိုင်တွေ၊ ဈေးကွက်တွေသာမက ဈေးရောင်းပွဲတော်တွေလည်း ရှိပါသေးတယ်။ လန်ဒန်ရဲ့ အကောင်းဆုံးဈေးဝယ်မှုခံစားချက်ကို လိုချင်တယ်ဆိုရင်တော့ လန်ဒန်မြို့က Libertty Mall ကို သွားရောက်ဖို့ အကြံပြုထားပါတယ်။

၅။ မော်စကို

5-10-660x372.jpg 

ရုရှနိုင်ငံ၊ မော်စကိုမြို့ကတော့ ဇိမ်ခံပစ္စည်းတို့ရဲ့ မြို့တော်ဖြစ်ပြီး သင့်မှာ ပိုက်ဆံအလုံအရင်း သုံးလိုတဲ့ဆန္ဒ ရှိရင်တော့ ဒီနေရာကို မဖြစ်မနေသွားရောက်သင့်ပါတယ်။ မော်စကိုမြို့လယ်ခေါင်ကနေ ခဲတစ်ပစ်စာလောက် အကွာအဝေးမှာ ကမ္ဘာ့ဈေးအကြီးဆုံး ဒီဇိုင်နာ brand တွေကို တွေ့ရှိနိုင်ပါတယ်။ မော်စကိုမြို့ရဲ့ ရင်ပြင်နီနားမှာတော့ တန်ဖိုးကြီးရေမွှေးတွေနဲ့ ရုရှနိုင်ငံထုတ် အဝတ်အစား brand တွေကို တွေ့ရှိနိုင်ပါတယ်။

Source: Youngisthan

[Zawgyi Version]

မိန္းကေလးေတြအတြက္ေတာ့ ေ႐ွာ့ပင္ထြက္တယ္ဆိုတာ စိတ္ဖိစီးမႈကို ေျပေပ်ာက္ေစၿပီး အသည္းကြဲျခင္းေဝဒနာလို ခံရခက္တဲ့ ေဝဒနာမ်ိဳးကိုေတာင္ ကုစားႏိုင္တဲ့ အေကာင္းဆံုးနည္းလမ္းတစ္ခုပါပဲ။ ေငြေရးေၾကးေရး တတ္ႏိုင္မယ္ဆိုရင္ ပက္စ္ပို႔စ္ စာအုပ္ေလးကိုင္ၿပီး ဘန္ေကာက္တို႔၊ စကၤာပူတို႔ကိုေတာင္ ေ႐ွာ့ပင္ထြက္ႏိုင္သူေတြ အမ်ားႀကီး႐ွိပါတယ္။ တကယ္လို႔သင္ဟာ ေ႐ွာ့ပင္ထြက္ရတာကို ႏွစ္သက္လူတစ္ဦးျဖစ္မယ္ဆိုရင္ ကမၻာေပၚမွာ ေ႐ွာ့ပင္ထြက္လို႔အေကာင္းဆံုး ေနရာေလးေတြကို သိထားသင့္ပါတယ္ေနာ္။

၁။ နယူးေယာက္

1-9-600x400.jpg 

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕ဟာ ဖက္႐ွင္ဆိုင္ေတြ၊ စတိုးဆိုင္ေတြနဲ႔ အထူးပစၥည္းအေရာင္ဆိုင္ေတြ စုေဝးတည္႐ွိရာ အရပ္ျဖစ္ပါတယ္။ တကယ္လို႔ သင္ဟာ အီတလီ တန္ဖိုးႀကီး brand ေတြကိုမွ ခံုမင္႐ူးသြပ္သူဆိုရင္ နယူးေယာက္ၿမိဳ႕က မန္ဟက္တန္ရပ္ကြက္ထဲမွာ ေလွ်ာက္သြားရင္း ႏွစ္သက္ရာဆိုင္ကို ဝင္ၾကည့္ႏိုင္ပါတယ္။ ေစ်းႏႈန္းေတြက သင့္တင့္ၿပီး မေရမတြက္ႏိုင္ေအာင္ မ်ားျပားတဲ့ ကမၻာတလႊားက အဝတ္အစား brand ေတြကိုလည္း ေတြ႕ျမင္ႏိုင္ပါေသးတယ္။

၂။ ပဲရစ္

2-10-660x371.jpg 

ျပင္သစ္ႏိုင္ငံ၊ ပဲရစ္ၿမိဳ႕ကေတာ့ ဒီဇိုင္နာအထူးထုတ္ဆိုင္ေတြနဲ႔ အသက္ဝင္လႈပ္႐ွားေနတဲ့ ၿမိဳ႕တစ္ၿမိဳ႕ပါ။ ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ ဖက္႐ွင္စတိုင္လ္နဲ႔ စမတ္က်မႈေတြကို ေတြ႕ျမင္ရ႐ံုနဲ႔ ပဲရစ္ၿမိဳ႕မွာ ေ႐ွာ့ပင္ထြက္မိတာ မမွားမွန္းသိသာေစမွာပါ။ တန္ဖိုးႀကီးရတနာပစၥည္းေတြ၊ ဖိနပ္ေတြ၊ ဒီဇိုင္နာအထူးထုတ္ အဝတ္အထည္ေတြကို ဝယ္ယူခ်င္တယ္ဆိုရင္ေတာ့ ပဲရစ္ၿမိဳ႕မွာ ေ႐ြးစရာလမ္းေၾကာင္းေတြ အမ်ားႀကီးပါပဲ။

၃။ ဆန္ဖရန္စစ္စကို

3-9-561x400.jpg 

ဆန္ဖရန္စစ္စကိုရဲ႕ ေစ်းဝယ္႐ႈခင္းေတြကေတာ့ ဒီဇိုင္နာ brand အမ်ားစုကို အပိုင္သိမ္းထားႏိုင္တဲ့အတြက္ ထင္႐ွားတာပါ။ ဆန္ဖရန္စစ္စကိုမွာ Westfield ဆိုတဲ့ အထပ္ေပါင္းမ်ားစြာ ပါဝင္တဲ့ ေစ်းဝယ္စင္တာတစ္ခု႐ွိၿပီး အဲဒီမွာ ဆန္ဖရန္စစ္စကိုရဲ႕ အခမ္းနားဆံုး ေစ်းဆိုင္ေတြကို ေလွ်ာက္ၾကည့္ႏိုင္မွာပါ။ ေနာက္ဆံုးေပၚ အထက္တန္းက်က် အဝတ္အစားေတြက သင့္ကို ႏွလံုးပီတိ ဂြမ္းဆီထိ ေစႏိုင္မွာပါ။

၄။ လန္ဒန္

4-8-601x400.jpg 

လန္ဒန္ၿမိဳ႕ဟာ ေ႐ွာ့ပင္ထြက္သူေတြအတြက္ နိဗၺာန္ဘံုျဖစ္ေနတာ အေၾကာင္းမဲ့ေတာ့ မဟုတ္ပါဘူး။ လန္ဒန္ၿမိဳ႕မွာ သင့္စိတ္ကူးထဲမွာ လိုခ်င္ေနတဲ့ အဝတ္အစား brand ေပါင္းစံုကို ဝယ္ယူရ႐ွိႏိုင္ပါတယ္။ လန္ဒန္မွာ တန္ဖိုးႀကီး brand ေတြေကာ၊ တန္ဖိုးနည္း brand ေတြပါ ရ႐ွိႏိုင္ပါတယ္။ လန္ဒန္ရဲ႕ ေစ်းကြက္ထဲမွာ စတိုးဆိုင္ေတြ၊ ေစ်းကြက္ေတြသာမက ေစ်းေရာင္းပြဲေတာ္ေတြလည္း ႐ွိပါေသးတယ္။ လန္ဒန္ရဲ႕ အေကာင္းဆံုးေစ်းဝယ္မႈခံစားခ်က္ကို လိုခ်င္တယ္ဆိုရင္ေတာ့ လန္ဒန္ၿမိဳ႕က Libertty Mall ကို သြားေရာက္ဖို႔ အၾကံျပဳထားပါတယ္။

၅။ ေမာ္စကို

5-10-660x372.jpg 

႐ု႐ွႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ကေတာ့ ဇိမ္ခံပစၥည္းတို႔ရဲ႕ ၿမိဳ႕ေတာ္ျဖစ္ၿပီး သင့္မွာ ပိုက္ဆံအလံုအရင္း သံုးလိုတဲ့ဆႏၵ ရွိရင္ေတာ့ ဒီေနရာကို မျဖစ္မေနသြားေရာက္သင့္ပါတယ္။ ေမာ္စကိုၿမိဳ႕လယ္ေခါင္ကေန ခဲတစ္ပစ္စာေလာက္ အကြာအေဝးမွာ ကမၻာ့ေစ်းအႀကီးဆံုး ဒီဇိုင္နာ brand ေတြကို ေတြ႕႐ွိႏိုင္ပါတယ္။ ေမာ္စကိုၿမိဳ႕ရဲ႕ ရင္ျပင္နီနားမွာေတာ့ တန္ဖိုးႀကီးေရေမႊးေတြနဲ႔ ႐ု႐ွႏိုင္ငံထုတ္ အဝတ္အစား brand ေတြကို ေတြ႕႐ွိႏိုင္ပါတယ္။

Source: Youngisthan


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs