• Travel
    သင်္ကြန်တွင်း ခရီးသွားမယ်ဆို ဒါလေးတွေပါအောင်သယ်
Su Yee Moe
[Unicode Version]

တစ်နှစ်လုံး စောင့်နေခဲ့ရတဲ့ သင်္ကြန်ပိတ်ရက်ရှည်ကတော့ ရောက်လာပါပြီ။ သင်္ကြန်မလည်ဘဲ ခရီးသွားဖို့ အစီအစဉ်ရှိရင်တော့ ခုချိန်ကစပြီး ထုပ်ပိုးပြင်ဆင်ရတော့မှာပေါ့။ ကိုယ့်နိုင်ငံထဲပဲ လှည့်ပတ်သွားပြီး သင်္ကြန်ကျမယ်ဆိုရင်တော့ ဒါလေးတွေကို ထည့်ဖြစ်အောင်ထည့်သွားသင့်ပါတယ်။

၁။ နေရောင်ကာပစ္စည်း

636237324554682353-132781279_shutterstock_199194104.jpg 

ဧပြီလဆိုတာ အပူရှိန်အပြင်းဆုံး လတွေထဲမှာ ပါဝင်တော့ နေရောင်ဒဏ်ကို ကာဖို့လိုပါတယ်။ အသားမည်းသွားမှာထက် ကျန်းမာရေးထိခိုက်နိုင်တာမို့ နေရောင်ကို တတ်နိုင်သမျှ ကာကွယ်ပါ။ နေရောင်ကာလူးဆေး (sunscreen) ၊ နေကာမျက်မှန်နဲ့ ဦးထုပ်တို့ကို မပါမဖြစ်ဆောင်ထားရပါမယ်။

၂။ အဝတ်အစား

ကားထဲမှာ အဝတ်ပိုတစ်စုံ အမြဲတမ်း ဆောင်ထားပါ။ ဒါမှမဟုတ် ရေလုံအိတ်နဲ့ထည့်ပြီး လွယ်ထားတာ ကောင်းပါတယ်။ ကိုယ်က ရေမစိုချင်ဘူးဆိုရင်တောင် ပက်မယ့်လူတွေက ပက်ဦးမှာလေ။ ရေမစိုတဲ့ နေရာတွေမှာတော့ အလင်းပြန်တဲ့ ချည်သားလက်ရှည်ပွပွကိုပဲ ဝတ်ထားပါ။ အရမ်းကျပ်လွန်းတာတွေက စိတ်အိုက်ပြီး နေရခက်မယ်။ ခရီးသွားတာပဲဥစ္စာ သက်တောင့်သက်သာပေါ့။ ဖိနပ်ဆိုရင်လည်း သက်တောင့်သက်သာဖြစ်မယ့်ဖိနပ်မျိုးကို ဆောင်သွားတာပဲ ကောင်းပါတယ်။

၃။ မရှိမဖြစ် အလှကုန်ပစ္စည်းတွေ

FOREO_MYSA_Sheet-Masks_170914_4-850x477.jpg 

ရေစိုခံပစ္စည်းတွေကို ရွေးလိုက်တာ မမှားပါဘူး။ နှုတ်ခမ်းနီ၊ မျက်တောင်ကော့ဆေး၊ မျက်ခုံးမွေးဆွဲတံတို့ကတော့ မပါမဖြစ်ပေါ့။ မိတ်ကပ်မလိမ်းချင်ရင်တောင် ဓာတ်ပုံတွေထဲမှာ ဖြူဖပ်ဖြူလျော်ဖြစ်မနေအောင်လို့လေ။ မပါမဖြစ်သယ်ရမှာ skincare ပစ္စည်းတွေပါ။ ခရီးသွားရင် နေဒဏ် လေဒဏ်ကြောင့် အသားအရေပျက်စီးမှာဆိုတော့ ညဘက်မှာ ကောင်းကောင်းအားပြန်ဖြည့်ပါ။ ဘာမှမသယ်နိုင်ရင်တောင် sheet mask တွေ သယ်သာသွား။

၄။ ရေလုံအိတ်

20151217193254208.jpg 

စာရွက်စာတမ်း၊ ဖုန်းနဲ့ ပိုက်ဆံတို့လို မရှိမဖြစ်အရာတွေကို ရေလုံအိတ်နဲ့ပဲထည့်ပါ။ မနှမျောပါနဲ့။ ရေဝင်ပြီး ပျက်သွားမှ ပိုဝမ်းနည်းရလိမ့်မယ်လေ။

[Zawgyi Version]

တစ္ႏွစ္လံုး ေစာင့္ေနခဲ့ရတဲ့ သၾကၤန္ပိတ္ရက္႐ွည္ကေတာ့ ေရာက္လာပါၿပီ။ သၾကၤန္မလည္ဘဲ ခရီးသြားဖုိ႔ အစီအစဥ္႐ွိရင္ေတာ့ ခုခ်ိန္ကစၿပီး ထုပ္ပိုးျပင္ဆင္ရေတာ့မွာေပါ့။ ကိုယ့္ႏိုင္ငံထဲပဲ လွည့္ပတ္သြားၿပီး သၾကၤန္က်မယ္ဆုိရင္ေတာ့ ဒါေလးေတြကို ထည့္ျဖစ္ေအာင္ထည့္သြားသင့္ပါတယ္။

၁။ ေနေရာင္ကာပစၥည္း

636237324554682353-132781279_shutterstock_199194104.jpg 

ဧၿပီလဆုိတာ အပူ႐ွိန္အျပင္းဆံုး လေတြထဲမွာ ပါဝင္ေတာ့ ေနေရာင္ဒဏ္ကို ကာဖုိ႔လိုပါတယ္။ အသားမည္းသြားမွာထက္ က်န္းမာေရးထိခိုက္ႏုိင္တာမို႔ ေနေရာင္ကို တတ္ႏိုင္သမွ် ကာကြယ္ပါ။ ေနေရာင္ကာလူးေဆး (sunscreen) ၊ ေနကာမ်က္မွန္နဲ႔ ဦးထုပ္တုိ႔ကို မပါမျဖစ္ေဆာင္ထားရပါမယ္။

၂။ အဝတ္အစား

ကားထဲမွာ အဝတ္ပိုတစ္စံု အၿမဲတမ္း ေဆာင္ထားပါ။ ဒါမွမဟုတ္ ေရလံုအိတ္နဲ႔ထည့္ၿပီး လြယ္ထားတာ ေကာင္းပါတယ္။ ကိုယ္က ေရမစိုခ်င္ဘူးဆုိရင္ေတာင္ ပက္မယ့္လူေတြက ပက္ဦးမွာေလ။ ေရမစိုတဲ့ ေနရာေတြမွာေတာ့ အလင္းျပန္တဲ့ ခ်ည္သားလက္ရွည္ပြပြကိုပဲ ဝတ္ထားပါ။ အရမ္းက်ပ္လြန္းတာေတြက စိတ္အိုက္ၿပီး ေနရခက္မယ္။ ခရီးသြားတာပဲဥစၥာ သက္ေတာင့္သက္သာေပါ့။ ဖိနပ္ဆုိရင္လည္း သက္ေတာင့္သက္သာျဖစ္မယ့္ဖိနပ္မ်ိဳးကို ေဆာင္သြားတာပဲ ေကာင္းပါတယ္။

၃။ မ႐ွိမျဖစ္ အလွကုန္ပစၥည္းေတြ

FOREO_MYSA_Sheet-Masks_170914_4-850x477.jpg 

ေရစိုခံပစၥည္းေတြကို ေရြးလိုက္တာ မမွားပါဘူး။ ႏႈတ္ခမ္းနီ၊ မ်က္ေတာင္ေကာ့ေဆး၊ မ်က္ခံုးေမြးဆြဲတံတို႔ကေတာ့ မပါမျဖစ္ေပါ့။ မိတ္ကပ္မလိမ္းခ်င္ရင္ေတာင္ ဓာတ္ပံုေတြထဲမွာ ျဖဴဖပ္ျဖဴေလ်ာ္ျဖစ္မေနေအာင္လို႔ေလ။ မပါမျဖစ္သယ္ရမွာ skincare ပစၥည္းေတြပါ။ ခရီးသြားရင္ ေနဒဏ္ ေလဒဏ္ေၾကာင့္ အသားအေရပ်က္စီးမွာဆုိေတာ့ ညဘက္မွာ ေကာင္းေကာင္းအားျပန္ျဖည့္ပါ။ ဘာမွမသယ္ႏိုင္ရင္ေတာင္ sheet mask ေတြ သယ္သာသြား။

၄။ ေရလံုအိတ္

20151217193254208.jpg 

စာရြက္စာတမ္း၊ ဖုန္းနဲ႔ ပိုက္ဆံတုိ႔လို မရွိမျဖစ္အရာေတြကို ေရလံုအိတ္နဲ႔ပဲထည့္ပါ။ မႏွေမ်ာပါနဲ႔။ ေရဝင္ၿပီး ပ်က္သြားမွ ပိုဝမ္းနည္းရလိမ့္မယ္ေလ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us