• Travel
    ရုံးပြန်တက်ရလို့ ညစ်နေတာလေးတွေကို ဒီအချက်တွေနဲ့ကျော်ဖြတ်မယ်
May Sandy Aye
[Unicode Version]

သင်္ကြန်ပိတ်ရက်ရှည်ကြီးကလည်း ပြီးပြီဆိုတော့ တော်တော်များများလည်း သက်ဆိုင်ရာ လုပ်ငန်းခွင်တွေကို ပြန်ဝင်ကြရပါပြီ။ ပိတ်ရက်တွေမှာ ခရီးသွားတဲ့သူကသွား၊ သင်္ကြန်ရေကစားတဲ့ သူကရေကစားနဲ့ နေ့စဉ်အလုပ်တွေနဲ့ ကင်းကွာခဲ့တဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ ခဏတော့ မေ့သွားမှာပါ။ အဲဒီလို အချိန်မှာ ရုံးပြန်တက်ရတဲ့အခါ အပျော်တွေကုန်ဆုံးပြီး စိတ်မညစ်ရအောင် နည်းလမ်းလေးတချို့ပေးချင်ပါတယ်။

See also: 

(၁) အလုပ်စားပွဲကို ရှင်းပါ။

work desk.jpg 

ရုံးကို အကြာကြီးပစ်ပြီးသွားရတော့ အလုပ်စားပွဲမှာ အခုအချိန်လောက်ဆို ဖုန်တွေ တော်တော်တက်နေလောက်ပြီ။ ရုံးရောက်ပြီဆိုတာနဲ့ စားပွဲကို ဖုန်သုတ်၊ မလိုအပ်တဲ့ စာရွက်စာတမ်းတွေကိုပစ်ပြီး စာရေးကိရိယာတွေကို သူ့နေရာနဲ့သူထားပါ။ ခရီးသွားတုန်းက အမှတ်တရရိုက်ထားတဲ့ပုံလေးပါလာရင် ကွန်ပြူတာဘေးမှာဖြစ်ဖြစ်၊ screensaver မှာဖြစ်ဖြစ်တင်ထားပါ။ ဒီလိုဆိုရင် စိတ်သစ်လူသစ်နဲ့ ရုံးပြန်လာတဲ့အတွက် အလုပ်တွေလုပ်ဖို့ အားတွေရှိလာပါလိမ့်မယ်။

(၂) အီးမေးလ်တွေရှင်းပါ။

emails.jpg 

ပထမဆုံး ရုံးပြန်တက်တဲ့နေ့မှာ အီးမေးလ်စစ်ကြည့်တဲ့အခါ အလုပ်နဲ့ပတ်သက်ပြီး ကိုယ်နဲ့ဆိုင်တဲ့ အီးမေးလ်တွေ၊ ကြော်ငြာတွေနဲ့ တခြားကိုယ်နဲ့ မဆိုင်တဲ့ အီးမေးလ်တွေနဲ့ အီးမေးလ်တွေ က ပြည့်နေတတ်ပါတယ်။ အီးမေးလ်းအားလုံးကို သေချာစစ်ဆေးပါ။ ကြော်ငြာတွေဆိုရင် ဖျက်ပစ်ပါ။ အရေးကြီးတဲ့ အီးမေးလ်တွေကို ချက်ခြင်းပြန်ပါ။

(၃) အစည်းအဝေးခေါ်ပါ။

meeting gif.gif 

အရေးကြီးတဲ့ အီးမေးလ်တွေ အရင်ဆုံးပြန်ပြီးရင်တော့ ပြက္ခဒိန်ကိုကြည့်ပြီး deadline တွေကို တစ်ခုချင်းချင်းဖြည်းဖြည်းစလုပ်ပါ။ အဖွဲ့နဲ့ အစည်းအဝေးလုပ်ပြီး အပြီးလုပ်ရမယ့်အလုပ်တွေကို ဆုံးဖြတ်ချက်ချပါ။ နောက်လုပ်မယ့်ရည်မှန်းချက်တွေကို တိုင်ပင်ပါ။ ဒီအချိန်မှာ ခရီးကနေပါလာတဲ့ လက်ဆောင်တွေ၊ မုန့်တွေ နဲ့ အစည်းအဝေးကို စပါ။

(၄) အလုပ်လုပ်ရင်းသီချင်းနားထောင်ပါ။

music at desk.jpg 

ခရီးကပြန်လာတဲ့ စိတ်ကလည်း မကုန်သေးဘူး၊ အလုပ်ကလည်း ပြန်တက်နေရတဲ့ ဒီလိုအချိန်မှာ အလုပ်လုပ်ရင်း သီချင်းနားထောင်ကြည့်ပါ။ ခရီးသွားတုန်းကအကြောင်းတွေကို ပြန်ပြီး သတိရလာနိုင်သလို၊ အလုပ်ကိုပိုပြီး အာရုံစူးစိုက်လာနိုင်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ။

123735de18986a8b_119639062_1_-xxxlarge_2x.jpg 

တနေ့တာအလုပ်တွေပြီးသွားပြီဆိုရင်တော့ အလုပ်ကစောစောဆင်းပြီး gym ကိုသွားပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်ဖိစီးလျော့သွားပြီး ခွန်အားတွေ ပြန်တက်လာတဲ့အခါ အလုပ်တွေအများကြီးဆက်လုပ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

[Zawgyi Version]

သႀကၤန္ပိတ္ရက္ရွည္ႀကီးကလည္း ၿပီးၿပီဆိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း သက္ဆိုင္ရာ လုပ္ငန္းခြင္ေတြကို ျပန္၀င္ၾကရပါၿပီ။ ပိတ္ရက္ေတြမွာ ခရီးသြားတဲ့သူကသြား၊ သႀကၤန္ေရကစားတဲ့ သူကေရကစားနဲ႔ ေန႔စဥ္အလုပ္ေတြနဲ႔ ကင္းကြာခဲ့တဲ့အခ်ိန္မွာ စိတ္ဖိစီးမႈေတြ ခဏေတာ့ ေမ့သြားမွာပါ။ အဲဒီလို အခ်ိန္မွာ ရုံးျပန္တက္ရတဲ့အခါ အေပ်ာ္ေတြကုန္ဆုံးၿပီး စိတ္မညစ္ရေအာင္ နည္းလမ္းေလးတခ်ိဳ႕ေပးခ်င္ပါတယ္။

See also: 

(၁) အလုပ္စားပြဲကို ရွင္းပါ။

ရုံးကို အၾကာႀကီးပစ္ၿပီးသြားရေတာ့ အလုပ္စားပြဲမွာ အခုအခ်ိန္ေလာက္ဆို ဖုန္ေတြ ေတာ္ေတာ္တက္ေနေလာက္ၿပီ။ ရုံးေရာက္ၿပီဆိုတာနဲ႔ စားပြဲကို ဖုန္သုတ္၊ မလိုအပ္တဲ့ စာရြက္စာတမ္းေတြကိုပစ္ၿပီး စာေရးကိရိယာေတြကို သူ႔ေနရာနဲ႔သူထားပါ။ ခရီးသြားတုန္းက အမွတ္တရရိုက္ထားတဲ့ပုံေလးပါလာရင္ ကြန္ျပဴတာေဘးမွာျဖစ္ျဖစ္၊ screensaver မွာျဖစ္ျဖစ္တင္ထားပါ။ ဒီလိုဆိုရင္ စိတ္သစ္လူသစ္နဲ႔ ရုံးျပန္လာတဲ့အတြက္ အလုပ္ေတြလုပ္ဖို႔ အားေတြရွိလာပါလိမ့္မယ္။

(၂) အီးေမးလ္ေတြရွင္းပါ။

ပထမဆုံး ရုံးျပန္တက္တဲ့ေန႔မွာ အီးေမးလ္စစ္ၾကည့္တဲ့အခါ အလုပ္နဲ႔ပတ္သက္ၿပီး ကိုယ္နဲ႔ဆိုင္တဲ့ အီးေမးလ္ေတြ၊ ေၾကာ္ျငာေတြနဲ႔ တျခားကိုယ္နဲ႔ မဆိုင္တဲ့ အီးေမးလ္ေတြနဲ႔ အီးေမးလ္ေတြ က ျပည့္ေနတတ္ပါတယ္။ အီးေမးလ္းအားလုံးကို ေသခ်ာစစ္ေဆးပါ။ ေၾကာ္ျငာေတြဆိုရင္ ဖ်က္ပစ္ပါ။ အေရးႀကီးတဲ့ အီးေမးလ္ေတြကို ခ်က္ျခင္းျပန္ပါ။

(၃) အစည္းအေ၀းေခၚပါ။

meeting gif.gif 

အေရးႀကီးတဲ့ အီးေမးလ္ေတြ အရင္ဆုံးျပန္ၿပီးရင္ေတာ့ ျပကၡဒိန္ကိုၾကည့္ၿပီး deadline ေတြကို တစ္ခုခ်င္းခ်င္းျဖည္းျဖည္းစလုပ္ပါ။ အဖြဲ႕နဲ႔ အစည္းအေ၀းလုပ္ၿပီး အၿပီးလုပ္ရမယ့္အလုပ္ေတြကို ဆုံးျဖတ္ခ်က္ခ်ပါ။ ေနာက္လုပ္မယ့္ရည္မွန္းခ်က္ေတြကို တိုင္ပင္ပါ။ ဒီအခ်ိန္မွာ ခရီးကေနပါလာတဲ့ လက္ေဆာင္ေတြ၊ မုန္႔ေတြ နဲ႔ အစည္းအေ၀းကို စပါ။

(၄) အလုပ္လုပ္ရင္းသီခ်င္းနားေထာင္ပါ။

music at desk.jpg 

ခရီးကျပန္လာတဲ့ စိတ္ကလည္း မကုန္ေသးဘူး၊ အလုပ္ကလည္း ျပန္တက္ေနရတဲ့ ဒီလိုအခ်ိန္မွာ အလုပ္လုပ္ရင္း သီခ်င္းနားေထာင္ၾကည့္ပါ။ ခရီးသြားတုန္းကအေၾကာင္းေတြကို ျပန္ၿပီး သတိရလာႏိုင္သလို၊ အလုပ္ကိုပိုၿပီး အာရုံစူးစိုက္လာႏိုင္ပါတယ္။

(၅) ေလ့က်င့္ခန္းလုပ္ပါ။

တေန႔တာအလုပ္ေတြၿပီးသြားၿပီဆိုရင္ေတာ့ အလုပ္ကေစာေစာဆင္းၿပီး gym ကိုသြားပါ။ ေလ့က်င့္ခန္းလုပ္တဲ့အခါ စိတ္ဖိစီးေလ်ာ့သြားၿပီး ခြန္အားေတြ ျပန္တက္လာတဲ့အခါ အလုပ္ေတြအမ်ားႀကီးဆက္လုပ္ဖို႔ ပိုမိုလြယ္ကူေစပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us