(၁) ခရီးအမျိုးအစား
လူကြီးမိဘတွေနဲ့ အပျော်ခရီးသွားတဲ့အခါ မသွားခင် ဘယ်လိုခရီးမျိုးသွားမလဲဆိုတာကြိုတင်စဉ်းစားပါ။ နားနားနေနေသွားရမယ့် အပန်းဖြေခရီးလား၊ ဘုရားဖူးလား၊ အလည်အပတ်ခရီးလား။ သုံးခုစလုံးမှာ သူ့ဟာနဲ့သူ အားသာချက်တွေ၊ အားနည်းချက်တွေရှိပါတယ်။ ဘုရားဖူးတို့၊ အလည်အပတ်ခရီးတို့ဆိုရင်တော့ လူကြီးတွေအတွက်ပင်ပန်းတာမို့ သွားရေးလာရေးကို ကြိုတင်စီစဉ်ဖို့တော့ လိုပါတယ်။
(၂) ဖြေးဖြေးသွားပါ။
နေရာသစ်တစ်ခုခုကိုပဲဖြစ်ဖြစ်၊ မရောက်ဖူးတဲ့မြို့တစ်မြို့ကိုပဲဖြစ်ဖြစ်ရောက်သွားရင် တစ်နေ့ထဲနဲ့ အကုန်လုံးကို လည်နိုင်ဖို့ မစဉ်းစားပါနဲ့။ ရောမမြို့ကို တစ်နေ့ထဲအပြီးမဆောက်ခဲ့ဘူးဆိုတဲ့ စကားပုံရှိပါတယ်။ အဲဒါကြောင့် လူကြီးတွေနဲ့သွားပြီဆိုရင် ဒါပြီးဘယ်သွားမယ်၊ ဘယ်သွားမယ်ဆိုတဲ့ စာရင်းကိုအတိအကျသွားမယ်ဆိုရင် ပင်ပန်းပါလိမ့်မယ်။ ဖြစ်နိုင်ရင်နားနားနေနေ နဲ့ တခုပြီး တခုအေးအေးဆေးဆေး သွားသင့်ပါတယ်။
(၃) တည်းခိုမယ့်ဟိုတယ်သေချာရွေးပါ။
ခရီးသွားလို့ ဟိုတယ်ရွေးမယ်ဆိုရင်တော့ သေချာတာ Wifi ကောင်းကောင်း၊ အထပ်မြင့်အဆောက်အဦးဆိုရင်လည်း ရှုခင်းကောင်းကောင်း၊ ဒါမှမဟုတ်လဲ ဇိမ်ခံဟိုတယ်ကြီးတွေမှာ အဆင်အပြင်ဆန်းဆန်းလေးတွေနဲ့ နေချင်ကြပါတယ်။ ဒါပေမယ့် လူကြီးတွေပါလာပြီဆိုရင် ဒီအချက်တွေထက် ဟိုတယ်မှာ ဓာတ်လှေခါးရှိရဲ့လား၊ မရှိရင် မြေညီထပ်အခန်းကို တောင်းပါ။ ဟိုတယ်ခန်းထဲမှာ ရေစိမ်ကန်လား၊ ရေချိုးခန်းလား၊ အခန်းကျယ်ကျယ်ဝန်းဝန်ရှိရဲ့လား၊ အလင်းရောင်ကောင်းကောင်းရရဲ့လား၊ ခါးနာတတ်တဲ့ လူကြီးတွေအတွက် မွှေ့ယာအဆင်ပြေလားဆိုမေးကြည့်ပါ။ နောက်ပြီး ဟိုတယ်ဘေးပတ်ဝန်းကျင်မှာ အရက်ဆိုင်တို့၊ ကာရာအိုတွေရှိမယ်ဆိုရင်လည်း ညဘက်ဆူညံတတ်တာမို့ လူကြီးတွေ အိပ်ဖို့ အဆင်မပြေပါဘူး။
(၄) ကျန်းမာရေး
လူကြီးတွေမှာ ပုံမှန်သောက်နေကျဆေးတွေယူလာဖို့ မမေ့ပါနဲ့။ အဲဒါထက်အရေးကြီးတာက အရေးပေါ်အခြေအနေမှာ ဆေးရုံ၊ ဆေးခန်း ဘယ်မှာရှိတယ်၊ ဆရာဝန်ဘယ်မှာခေါ်လို့ရတယ်ဆိုတာ စုံစမ်းထားပါ။ ဖြစ်နိုင်ရင် ခရီးမသွားခင်မှာ အာမခံဝယ်ထားပါ။
(၅) အစားအသောက်
ခရီးထွက်ရတဲ့အထဲမှာ အစားအသောက်ကြောင့်လဲပါတယ်လေ။ အဲဒီဒေသက နာမည်ကြီးတဲ့ အစားအစာ၊ နာမည်ကြီးတဲ့ စားသောက်ဆိုင်ဆိုရင် ရောက်ဖူး၊စားဖူးချင်ကြပါတယ်။ လူကြီးတွေကျတော့ အသက်ကြီးလာရင် အစားရွေးတယ်။ ငံလွန်းရင်၊ စပ်လွန်းရင် သူတို့ မစားနိုင်ကြဘူး။ အဲဒါကြောင့် သူတို့နဲ့ အဆင်ပြေမယ့် အစားအစာအဲဒီဆိုင်မှာ ရမရသိဖို့လိုပါတယ်။ နောက်ပြီး လူကြီးတွေ တနေကုန်ခရီးပန်းပြီး အပြင်ထွက်ပြီး မစားချင်ဘူးဆိုရင်လည်း ဟိုတယ်မှာ မှာစားနိုင်ဖို့ စီစဉ်ပေးဖို့လိုပါတယ်။
(၁) ခရီးအမ်ိဳးအစား
လူႀကီးမိဘေတြနဲ႔ အေပ်ာ္ခရီးသြားတဲ့အခါ မသြားခင္ ဘယ္လိုခရီးမ်ိဳးသြားမလဲဆိုတာႀကိဳတင္စဥ္းစားပါ။ နားနားေနေနသြားရမယ့္ အပန္းေျဖခရီးလား၊ ဘုရားဖူးလား၊ အလည္အပတ္ခရီးလား။ သုံးခုစလုံးမွာ သူ႔ဟာနဲ႔သူ အားသာခ်က္ေတြ၊ အားနည္းခ်က္ေတြရွိပါတယ္။ ဘုရားဖူးတို႔၊ အလည္အပတ္ခရီးတို႔ဆိုရင္ေတာ့ လူႀကီးေတြအတြက္ပင္ပန္းတာမို႔ သြားေရးလာေရးကို ႀကိဳတင္စီစဥ္ဖို႔ေတာ့ လိုပါတယ္။
(၂) ေျဖးေျဖးသြားပါ။
ေနရာသစ္တစ္ခုခုကိုပဲျဖစ္ျဖစ္၊ မေရာက္ဖူးတဲ့ၿမိဳ႕တစ္ၿမိဳ႕ကိုပဲျဖစ္ျဖစ္ေရာက္သြားရင္ တစ္ေန႔ထဲနဲ႔ အကုန္လုံးကို လည္ႏိုင္ဖို႔ မစဥ္းစားပါနဲ႔။ ေရာမၿမိဳ႕ကို တစ္ေန႔ထဲအၿပီးမေဆာက္ခဲ့ဘူးဆိုတဲ့ စကားပုံရွိပါတယ္။ အဲဒါေၾကာင့္ လူႀကီးေတြနဲ႔သြားၿပီဆိုရင္ ဒါၿပီးဘယ္သြားမယ္၊ ဘယ္သြားမယ္ဆိုတဲ့ စာရင္းကိုအတိအက်သြားမယ္ဆိုရင္ ပင္ပန္းပါလိမ့္မယ္။ ျဖစ္ႏိုင္ရင္နားနားေနေန နဲ႔ တခုၿပီး တခုေအးေအးေဆးေဆး သြားသင့္ပါတယ္။
(၃) တည္းခိုမယ့္ဟိုတယ္ေသခ်ာေရြးပါ။
ခရီးသြားလို႔ ဟိုတယ္ေရြးမယ္ဆိုရင္ေတာ့ ေသခ်ာတာ Wifi ေကာင္းေကာင္း၊ အထပ္ျမင့္အေဆာက္အဦးဆိုရင္လည္း ရႈခင္းေကာင္းေကာင္း၊ ဒါမွမဟုတ္လဲ ဇိမ္ခံဟိုတယ္ႀကီးေတြမွာ အဆင္အျပင္ဆန္းဆန္းေလးေတြနဲ႔ ေနခ်င္ၾကပါတယ္။ ဒါေပမယ့္ လူႀကီးေတြပါလာၿပီဆိုရင္ ဒီအခ်က္ေတြထက္ ဟိုတယ္မွာ ဓာတ္ေလွခါးရွိရဲ႕လား၊ မရွိရင္ ေျမညီထပ္အခန္းကို ေတာင္းပါ။ ဟိုတယ္ခန္းထဲမွာ ေရစိမ္ကန္လား၊ ေရခ်ိဳးခန္းလား၊ အခန္းက်ယ္က်ယ္၀န္း၀န္ရွိရဲ႕လား၊ အလင္းေရာင္ေကာင္းေကာင္းရရဲ႕လား၊ ခါးနာတတ္တဲ့ လူႀကီးေတြအတြက္ ေမႊ႕ယာအဆင္ေျပလားဆိုေမးၾကည့္ပါ။ ေနာက္ၿပီး ဟိုတယ္ေဘးပတ္၀န္းက်င္မွာ အရက္ဆိုင္တို႔၊ ကာရာအိုေတြရွိမယ္ဆိုရင္လည္း ညဘက္ဆူညံတတ္တာမို႔ လူႀကီးေတြ အိပ္ဖို႔ အဆင္မေျပပါဘူး။
(၄) က်န္းမာေရး
လူႀကီးေတြမွာ ပုံမွန္ေသာက္ေနက်ေဆးေတြယူလာဖို႔ မေမ့ပါနဲ႔။ အဲဒါထက္အေရးႀကီးတာက အေရးေပၚအေျခအေနမွာ ေဆးရုံ၊ ေဆးခန္း ဘယ္မွာရွိတယ္၊ ဆရာ၀န္ဘယ္မွာေခၚလို႔ရတယ္ဆိုတာ စုံစမ္းထားပါ။ ျဖစ္ႏိုင္ရင္ ခရီးမသြားခင္မွာ အာမခံ၀ယ္ထားပါ။
(၅) အစားအေသာက္
ခရီးထြက္ရတဲ့အထဲမွာ အစားအေသာက္ေၾကာင့္လဲပါတယ္ေလ။ အဲဒီေဒသက နာမည္ႀကီးတဲ့ အစားအစာ၊ နာမည္ႀကီးတဲ့ စားေသာက္ဆိုင္ဆိုရင္ ေရာက္ဖူး၊စားဖူးခ်င္ၾကပါတယ္။ လူႀကီးေတြက်ေတာ့ အသက္ႀကီးလာရင္ အစားေရြးတယ္။ ငံလြန္းရင္၊ စပ္လြန္းရင္ သူတို႔ မစားႏိုင္ၾကဘူး။ အဲဒါေၾကာင့္ သူတို႔နဲ႔ အဆင္ေျပမယ့္ အစားအစာအဲဒီဆိုင္မွာ ရမရသိဖို႔လိုပါတယ္။ ေနာက္ၿပီး လူႀကီးေတြ တေနကုန္ခရီးပန္းၿပီး အျပင္ထြက္ၿပီး မစားခ်င္ဘူးဆိုရင္လည္း ဟိုတယ္မွာ မွာစားႏိုင္ဖို႔ စီစဥ္ေပးဖို႔လိုပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.