• Travel
    ထိတ်လန့်ဖွယ် ခံစားချက်နဲ့ အတွေ့အကြုံတွေပေးတဲ့ ကြတ်ဂူ
Ei Ei Mar
[Unicode Version]

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ထုံးကျောက်ဂူအမျိုးအစားတစ်ခုဖြစ်တဲ့ "ကြတ်ဂူ" ဆိုတဲ့ သဘာဝလိုဏ်ဂူကြီးထဲကို ရောက်ရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးက ဂူထဲမှာကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောပြထားတာ ဖြစ်ပါတယ်။

34501709_10212073247525864_2171547323262304256_o.jpg

Photo : PhoeBe Han

 

လွိုင်ကော်မြို့ကို သွားလည်ဖို့ စီစဉ်ထားတဲ့ PhoeBe Han ဟာ ဘယ်နေရာတွေ သွားရင်ကောင်းမလဲလို့ စုံစမ်းမေးမြန်းလိုက်ချိန်မှာ သူ့ကို အစွဲဆောင်နိုင်ဆုံးကတော့ ကြတ်ဂူလို့ခေါ်တဲ့ သဘာဝထုံးကျောက်ဂူတစ်ဂူဖြစ်ပါတယ်။ သူစိတ်ဝင်စားဆုံးအရာက ဂူထဲမှာ လူသေတွေထည့်တဲ့ ခေါင်းတလားတွေ ရှိတယ်ဆိုတဲ့အချက်ပါပဲ။

"ရာဇဝင်တော့ သေချာမသိဘူး။ ဒါပေမဲ့ အဲဒီမှာ သွားထားဖူးတဲ့ ဒေသခံတွေ ပြောတာကတော့ အရင်တုန်းက လူအရှည်ကြီးတွေ၊ လူအကြီးကြီးတွေ ရှိတယ်ပေါ့နော်။ အဲဒါတွေကို ဒီမှာလာပြီးတော့ ဂူသွင်းတယ်ဘာညာပေါ့။ အဲလောက်ပဲ သိတာ" လို့ PhoeBe က Duwun Media ကို ပြောပြပါတယ်။

34661730_10212073242045727_1202556891163525120_o.jpg

ဂူထဲမှာ မြင်တွေ့ရတဲ့ ခေါင်းတလား (Photo : PhoeBe Han)

အေဂျင်စီကုမ္ပဏီတစ်ခုမှာ GM ဖြစ်တဲ့ PhoeBe နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသမီးဟာ နှစ်ဦးတည်း ဂူထဲကို ရေဘူးတစ်ဘူး၊ မုန့်တစ်ထုပ်၊ Headlight ကိုယ်စီနဲ့ ဝင်သွားခဲ့ကြပါတယ်။  ဂူထဲမှာ မကောင်းဆိုးဝါးရှိတယ်ဆိုတဲ့အသိရှိတာကြောင့် ခရစ်ယာန်ဘာသာဝင် PhoeBe က လက်ဝါးကတ်တိုင်တစ်ခုကိုလည်း ယူသွားခဲ့တယ်။ သတ္တိခဲအမျိုးသမီးနှစ်ဦးက ၂၀၁၈ ခုနှစ် ဇူလိုင်လတွင်းက ညနေ ၃ နာရီခန့်အချိန်မှာ အလင်းရောင်မရှိတဲ့ဂူအတွင်းပိုင်းထဲကို ဝင်ရောက်ခဲ့ပါတယ်။

"ကြတ်ဂူထဲရောက်သွားချိန်မှာ ဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်က ကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားထားဖူးတဲ့ဟာတွေ ကြတ်ဂူထဲမှာရှိတဲ့ လောင်းလျား(ခေါင်းတလား)တွေ၊ ဝင်သွားတဲ့အချိန်မှာ ဘယ်လိုတွေ ဖြစ်မှာလဲ။ ဘယ်လိုစိတ်ခံစားချက်မျိုးတွေရမှာလဲ။ ဘယ်လောက်ထိ ကြောက်ဖို့ကောင်းလဲ ဆိုတဲ့ခံစားချက်နဲ့ပေါ့"

p.jpg

Headlight တပ်ပြီး ဂူထဲကို ဝင်တော့မယ့် PhoeBe Han (Photo : PhoeBe Han)

 

အထဲမှာ လင်းနို့တွေ အများကြီးရှိတဲ့အတွက် လင်းနို့ချေးနံ့ကအစ သူ့ရဲ့အာရုံကို အသစ်အဆန်းခံစားချက်ပေးပြီး အထူးခြားဆုံးက အနောက်မှာတစ်ယောက်ယောက်ပါလာတယ်ဆိုတဲ့ ခံစားမှုပဲလို့ ဆိုပါတယ်။

"အမြဲတမ်း ကိုယ့်ရဲ့နောက်မှာ တစ်ခုခုကပ်ပါလာတဲ့ ဖီလင်ကြီးကတော့ ကြောက်ဖို့ကောင်းတယ်" လို့သူက ပြန်ပြောပြပါတယ်။

ဂူထွက်ပေါက်ဘယ်မှာဆုံးမှန်း ဘယ်သူမှ မသိကြတဲ့ ကြတ်ဂူက အရမ်းကို နတ်ကြီးပြီး အထဲက ဘာပစ္စည်းကိုမှ မထိကိုင်ဖို့၊ ယူမလာဖို့ ဂူထဲကို မသွားခင်ကတည်းက သူ့ကို သတိပေးစကားတွေပြောကြပါတယ်။  ကြတ်ဂူထဲက ပစ္စည်းတွေကို ယူလာမိတဲ့သူတွေက ကားအက်စီးဒင့်ဖြစ်တာ၊ ကားစက်နှိုးလို့မရတာ၊ အိပ်မက်ဆိုးမက်တာတွေဖြစ်တတ်တယ်စတဲ့ ဖြစ်ရပ်တွေရှိကြောင်း PhoeBe ကြားခဲ့ရပါတယ်။

34691813_10212073243925774_111784448093061120_n.jpg

ကျောက်တုံးတွေထူပြီး ကျဉ်းမြောင်းလှတဲ့ ဂူအတွင်းပိုင်း (Photo : PhoeBe Han)

"အရင်ဆုံးစတွေ့တာက လျောင်းလား (ခေါင်းတလား) အရှည်ကြီးတွေ။ သစ်သားလျောင်းလားတွေပေါ့နော်။ နှစ်တော်တော်ကြာပြီဖြစ်တဲ့ လျောင်းလားတွေ။ တချို့ကျတော့ အယူဝါဒအရ ယုံကြည်ကိုးကွယ်ရာတစ်ခုအရ အဲဒီပေါ်မှာ ကျောက်တုံးလေးတွေစီပြီးတော့ ဆုတောင်းခဲ့တဲ့ဟာလေးတွေ ရှိကြတယ်"

ခေါင်းတလားတွေမြင်လိုက်တဲ့အချိန်မှာ တကယ်ပဲရှိလားပါလားဆိုတဲ့အတွေးနဲ့ ကြောက်သွားခဲ့ပါတယ်။ အဲဒီနောက် စတွေ့တာက ရှည်လျားတဲ့မြွှေတစ်ကောင်ပါ။ မြွှေက သူလမ်းသူဆက်သွားတဲ့အချိန်မှာ သူတို့နှစ်ဦး ဆက်သွားခဲ့ကြပါတယ်။ ဘုရားတွေလည်း ရှိတဲ့ ဂူထဲမှာ ဖိနပ်စီးခွင့်မရတဲ့အတွက် ခြေဗလာနဲ့ ရေကျလို့ ချောနေတဲ့ နေရာတွေဖြတ်၊ ကျောက်တုံးတွေ၊ အနိမ့်အမြင့်တွေ မညီတဲ့နေရာတွေကို ဖြတ်ကျော်လာခဲ့ကြပြီး ပေ ၁၈၀၀ လောက်အရောက်မှာ နောက်ထပ် မြွှေတစ်ကောင် သူတို့ရဲ့လမ်းကို ကန့်လန့်ဖြတ်ကြီး ကာထားတဲ့အတွက် နှစ်ဦးသား ဆက်သွားလို့မရဘဲ လှည်ပြန်လာခဲ့ကြတယ်လို့ ဆိုပါတယ်။ သူ့အတွက် အထူးဆန်းဆုံးကတော့ ဂူထဲမှာ မှတ်တမ်းရိုက်ကူးထားတဲ့ Video ဖိုင်က ဂူပြင်ရောက်လို့ကြည့်လိုက်ချိန်မှာ မရှိတော့တာပါပဲ။

34581612_10212073246205831_761039974031163392_o.jpg

ကြတ်ဂူထဲမှာ မြင်တွေ့ခဲ့ရတဲ့ မြွှေ

"အထဲထဲမှာ ဖုန်းနဲ့ Video Record ယူတယ်။ အဲဒီ Record ကို အစ်မ သေချာရိုက်တာ။ Headlight လည်းပါတဲ့အခါကျတော့ Lighting ရတယ်။ အဓိကက ဂူနံရံတွေကို ရိုက်တာ။ လျောင်းလားတွေကို ပြချင်တာ။ ဒါပေမဲ့ ပြန်ထွက်လာချိန်မှာ အဲဒီ Video Clip ပါမလာဘူး" လို့ PhoeBe က မချိတင်ကဲ ဆိုပါတယ်။

ထူးခြားတဲ့အတွေ့အကြုံတွေ၊ စိတ်လှုပ်ရှားမှုတွေပေးတဲ့ ကြတ်ဂူကို PhoeBe က နောက်တစ်ခေါက်ပြန်သွားခွင့်ကြုံရင် သွားချင်ပါသေးတယ်တဲ့။ ဒီတစ်ခေါက်သွားရင်တော့ လိုအပ်တာတွေ သေချာကြိုတင်ပြင်ဆင်ပြီး သွားမယ်လို့လည်း သူက တွေးထားတာပါ။

လောလောဆယ်မှာတော့ ရုံတင်ထားတဲ့ "ကြတ်ဂူ" ရုပ်ရှင်ကားကို သူက အရမ်းကို စိတ်ဝင်စားနေပြီး  သွားကြည့်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

aaa.jpg

Photo : ကြတ်ဂူ FB Page

 

"အဓိကက ရာဇဝင်ရိုက်ကူးထားတာလို့သိရတယ်။ အစ်မ သွားကြည့်မှာ။ ကိုယ်ကိုယ်တိုင်က သွားထားဖူးတော့ အစ်မက ဂူကြီးရဲ့ရာဇဝင်မသိဘူး။  အဲဒီမှာ ကယားလူမျိုးတွေရဲ့ တံခွန်တိုင်မှာ ကြက်ရိုးတို့ဘာတို့ အဲလိုဟာတွေ ပါမယ်ထင်တယ်။ ရှေးရိုးရာနဲ့ ဇာတ်လမ်းကို ရိုက်ထားတာ ပိုများမယ်။ ဂူထဲဝင်ဖူးပြီးသားသူဆိုတော့  သူတို့ဘယ်လိုရိုက်မှာလဲ၊ ဘယ်လောက်အထိ သူတို့သွားမှာလဲ၊ ဘာအကြောင်းကို ဦးတည်ပြီးရိုက်မှာလဲ ပေါ့။  အခုသိရသလောက်ဆိုရင်တော့ သူတို့က ရာဇဝင်ကြောင်းကို ဦးတည်ပြီး ရိုက်ထားတာဆိုတော့ ဘယ်လိုရာဇဝင်မျိုးနဲ့ ဒီဂူနဲ့ကို ဘယ်လိုချိတ်ဆက်မလဲ။ ဘယ်လောက်ထိ ရာဇဝင်ထဲကို ဖော်ထုတ်မှာလဲပေါ့နော်" လို့ ကြတ်ဂူ ရုပ်ရှင်ကားကို ကြည့်ဖို့ စိတ်ဝင်စားမိတဲ့အကြောင်းတွေကို သူက ပြောပြခဲ့ပါတယ်။

[Zawgyi Version]

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ရွိ ထံုးေက်ာက္ဂူအမ်ဳိးအစားတစ္ခုျဖစ္တဲ့ "ၾကတ္ဂူ" ဆုိတဲ့ သဘာ၀လိုဏ္ဂူႀကီးထဲကို ေရာက္ရွိခဲ့တဲ့ အမ်ဳိးသမီးတစ္ဦးက ဂူထဲမွာၾကံဳေတြ႕ခဲ့တဲ့ အေတြ႕အၾကံဳေတြကို ေျပာျပထားတာ ျဖစ္ပါတယ္။

Photo : PhoeBe Han

 

လိြဳင္ေကာ္ၿမိဳ႕ကို သြားလည္ဖို႔ စီစဥ္ထားတဲ့ PhoeBe Han ဟာ ဘယ္ေနရာေတြ သြားရင္ေကာင္းမလဲလို႔ စံုစမ္းေမးျမန္းလိုက္ခ်ိန္မွာ သူ႔ကို အစြဲေဆာင္ႏိုင္ဆံုးကေတာ့ ၾကတ္ဂူလို႔ေခၚတဲ့ သဘာဝထံုးေက်ာက္ဂူတစ္ဂူျဖစ္ပါတယ္။ သူစိတ္ဝင္စားဆံုးအရာက ဂူထဲမွာ လူေသေတြထည့္တဲ့ ေခါင္းတလားေတြ ရွိတယ္ဆုိတဲ့အခ်က္ပါပဲ။

"ရာဇဝင္ေတာ့ ေသခ်ာမသိဘူး။ ဒါေပမဲ့ အဲဒီမွာ သြားထားဖူးတဲ့ ေဒသခံေတြ ေျပာတာကေတာ့ အရင္တုန္းက လူအရွည္ႀကီးေတြ၊ လူအႀကီးႀကီးေတြ ရွိတယ္ေပါ့ေနာ္။ အဲဒါေတြကို ဒီမွာလာၿပီးေတာ့ ဂူသြင္းတယ္ဘာညာေပါ့။ အဲေလာက္ပဲ သိတာ" လို႔ PhoeBe က Duwun Media ကို ေျပာျပပါတယ္။

ဂူထဲမွာ ျမင္ေတြ႕ရတဲ့ ေခါင္းတလား (Photo : PhoeBe Han)

ေအဂ်င္စီကုမၸဏီတစ္ခုမွာ GM ျဖစ္တဲ့ PhoeBe နဲ႔ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ အမ်ဳိးသမီးဟာ ႏွစ္ဦးတည္း ဂူထဲကို ေရဘူးတစ္ဘူး၊ မုန္႔တစ္ထုပ္၊ Headlight ကိုယ္စီနဲ႔ ဝင္သြားခဲ့ၾကပါတယ္။  ဂူထဲမွာ မေကာင္းဆိုးဝါးရွိတယ္ဆုိတဲ့အသိရွိတာေၾကာင့္ ခရစ္ယာန္ဘာသာဝင္ PhoeBe က လက္ဝါးကတ္တုိင္တစ္ခုကိုလည္း ယူသြားခဲ့တယ္။ သတၱိခဲအမ်ဳိးသမီးႏွစ္ဦးက ၂၀၁၈ ခုႏွစ္ ဇူလိုင္လတြင္းက ညေန ၃ နာရီခန္႔အခ်ိန္မွာ အလင္းေရာင္မရွိတဲ့ဂူအတြင္းပိုင္းထဲကို ​ဝင္ေရာက္ခဲ့ပါတယ္။

"ၾကတ္ဂူထဲေရာက္သြားခ်ိန္မွာ ျဖစ္ေပၚလာတဲ့စိတ္ခံစားခ်က္က ေၾကာက္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ ၾကားထားဖူးတဲ့ဟာေတြ ၾကတ္ဂူထဲမွာရွိတဲ့ ေလာင္းလ်ား(ေခါင္းတလား)ေတြ၊ ဝင္သြားတဲ့အခ်ိန္မွာ ဘယ္လိုေတြ ျဖစ္မွာလဲ။ ဘယ္လိုစိတ္ခံစားခ်က္မ်ဳိးေတြရမွာလဲ။ ဘယ္ေလာက္ထိ ေၾကာက္ဖို႔ေကာင္းလဲ ဆုိတဲ့ခံစားခ်က္နဲ႔ေပါ့"

Headlight တပ္ၿပီး ဂူထဲကို ဝင္ေတာ့မယ့္ PhoeBe Han (Photo : PhoeBe Han)

 

အထဲမွာ လင္းႏို႔ေတြ အမ်ားႀကီးရွိတဲ့အတြက္ လင္းႏို႔ေခ်းနံ႔ကအစ သူ႔ရဲ႕အာ႐ံုကို အသစ္အဆန္းခံစားခ်က္ေပးၿပီး အထူးျခားဆံုးက အေနာက္မွာတစ္ေယာက္ေယာက္ပါလာတယ္ဆိုတဲ့ ခံစားမႈပဲလုိ႔ ဆုိပါတယ္။

"အျမဲတမ္း ကိုယ့္ရဲ႕ေနာက္မွာ တစ္ခုခုကပ္ပါလာတဲ့ ဖီလင္ႀကီးကေတာ့ ေၾကာက္ဖုိ႔ေကာင္းတယ္" လို႔သူက ျပန္ေျပာျပပါတယ္။

ဂူထြက္ေပါက္ဘယ္မွာဆံုးမွန္း ဘယ္သူမွ မသိၾကတဲ့ ၾကတ္ဂူက အရမ္းကို နတ္ႀကီးၿပီး အထဲက ဘာပစၥည္းကိုမွ မထိကိုင္ဖုိ႔၊ ယူမလာဖို႔ ဂူထဲကို မသြားခင္ကတည္းက သူ႔ကို သတိေပးစကားေတြေျပာၾကပါတယ္။  ၾကတ္ဂူထဲက ပစၥည္းေတြကို ယူလာမိတဲ့သူေတြက ကားအက္စီးဒင့္ျဖစ္တာ၊ ကားစက္ႏႈိးလို႔မရတာ၊ အိပ္မက္ဆုိးမက္တာေတြျဖစ္တတ္တယ္စတဲ့ ျဖစ္ရပ္ေတြရွိေၾကာင္း PhoeBe ၾကားခဲ့ရပါတယ္။

ေက်ာက္တံုးေတြထူၿပီး က်ဥ္းေျမာင္းလွတဲ့ ဂူအတြင္းပိုင္း (Photo : PhoeBe Han)

"အရင္ဆံုးစေတြ႕တာက ေလ်ာင္းလား (ေခါင္းတလား) အရွည္ႀကီးေတြ။ သစ္သားေလ်ာင္းလားေတြေပါ့ေနာ္။ ႏွစ္ေတာ္ေတာ္ၾကာၿပီျဖစ္တဲ့ ေလ်ာင္းလားေတြ။ တခ်ဳိ႕က်ေတာ့ အယူဝါဒအရ ယံုၾကည္ကိုးကြယ္ရာတစ္ခုအရ အဲဒီေပၚမွာ ေက်ာက္တံုးေလးေတြစီၿပီးေတာ့ ဆုေတာင္းခဲ့တဲ့ဟာေလးေတြ ရွိၾကတယ္"

ေခါင္းတလားေတြျမင္လုိက္တဲ့အခ်ိန္မွာ တကယ္ပဲရွိလားပါလားဆုိတဲ့အေတြးနဲ႔ ေၾကာက္သြားခဲ့ပါတယ္။ အဲဒီေနာက္ စေတြ႕တာက ရွည္လ်ားတဲ့ေျမႊတစ္ေကာင္ပါ။ ေျမႊက သူလမ္းသူဆက္သြားတဲ့အခ်ိန္မွာ သူတုိ႔ႏွစ္ဦး ဆက္သြားခဲ့ၾကပါတယ္။ ဘုရားေတြလည္း ရွိတဲ့ ဂူထဲမွာ ဖိနပ္စီးခြင့္မရတဲ့အတြက္ ေျခဗလာနဲ႔ ေရက်လို႔ ေခ်ာေနတဲ့ ေနရာေတြျဖတ္၊ ေက်ာက္တံုးေတြ၊ အနိမ့္အျမင့္ေတြ မညီတဲ့ေနရာေတြကို ျဖတ္ေက်ာ္လာခဲ့ၾကၿပီး ေပ ၁၈၀၀ ေလာက္အေရာက္မွာ ေနာက္ထပ္ ေျမႊတစ္ေကာင္ သူတုိ႔ရဲ႕လမ္းကို ကန္႔လန္႔ျဖတ္ႀကီး ကာထားတဲ့အတြက္ ႏွစ္ဦးသား ဆက္သြားလို႔မရဘဲ လွည္ျပန္လာခဲ့ၾကတယ္လို႔ ဆုိပါတယ္။ သူ႔အတြက္ အထူးဆန္းဆံုးကေတာ့ ဂူထဲမွာ မွတ္တမ္း႐ိုက္ကူးထားတဲ့ Video ဖုိင္က ဂူျပင္ေရာက္လို႔ၾကည့္လိုက္ခ်ိန္မွာ မရွိေတာ့တာပါပဲ။

ၾကတ္ဂူထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ ေျမႊ

"အထဲထဲမွာ ဖုန္းနဲ႔ Video Record ယူတယ္။ အဲဒီ Record ကို အစ္မ ေသခ်ာ႐ိုက္တာ။ Headlight လည္းပါတဲ့အခါက်ေတာ့ Lighting ရတယ္။ အဓိကက ဂူနံရံေတြကို ႐ိုက္တာ။ ေလ်ာင္းလားေတြကို ျပခ်င္တာ။ ဒါေပမဲ့ ျပန္ထြက္လာခ်ိန္မွာ အဲဒီ Video Clip ပါမလာဘူး" လို႔ PhoeBe က မခ်ိတင္ကဲ ဆုိပါတယ္။

ထူးျခားတဲ့အေတြ႕အၾကံဳေတြ၊ စိတ္လႈပ္ရွားမႈေတြေပးတဲ့ ၾကတ္ဂူကို PhoeBe က ေနာက္တစ္ေခါက္ျပန္သြားခြင့္ၾကံဳရင္ သြားခ်င္ပါေသးတယ္တဲ့။ ဒီတစ္ေခါက္သြားရင္ေတာ့ လိုအပ္တာေတြ ေသခ်ာႀကိဳတင္ျပင္ဆင္ၿပီး သြားမယ္လို႔လည္း သူက ေတြးထားတာပါ။

ေလာေလာဆယ္မွာေတာ့ ႐ံုတင္ထားတဲ့ "ၾကတ္ဂူ" ႐ုပ္ရွင္ကားကို သူက အရမ္းကို စိတ္ဝင္စားေနၿပီး  သြားၾကည့္ဖုိ႔ ဆံုးျဖတ္ထားတယ္လို႔ ဆုိပါတယ္။

Photo : ၾကတ္ဂူ FB Page

 

"အဓိကက ရာဇဝင္ရိုက္ကူးထားတာလို႔သိရတယ္။ အစ္မ သြားၾကည့္မွာ။ ကိုယ္ကိုယ္တုိင္က သြားထားဖူးေတာ့ အစ္မက ဂူႀကီးရဲ႕ရာဇဝင္မသိဘူး။  အဲဒီမွာ ကယားလူမ်ဳိးေတြရဲ႕ တံခြန္တုိင္မွာ ၾကက္႐ိုးတုိ႔ဘာတုိ႔ အဲလုိဟာေတြ ပါမယ္ထင္တယ္။ ေရွး႐ိုးရာနဲ႔ ဇာတ္လမ္းကို ႐ိုက္ထားတာ ပိုမ်ားမယ္။ ဂူထဲဝင္ဖူးၿပီးသားသူဆုိေတာ့  သူတုိ႔ဘယ္လို႐ိုက္မွာလဲ၊ ဘယ္ေလာက္အထိ သူတုိ႔သြားမွာလဲ၊ ဘာအေၾကာင္းကို ဦးတည္ၿပီး႐ိုက္မွာလဲ ေပါ့။  အခုသိရသေလာက္ဆုိရင္ေတာ့ သူတုိ႔က ရာဇဝင္ေၾကာင္းကို ဦးတည္ၿပီး ႐ိုက္ထားတာဆုိေတာ့ ဘယ္လိုရာဇဝင္မ်ဳိးနဲ႔ ဒီဂူနဲ႔ကို ဘယ္လိုခ်ိတ္ဆက္မလဲ။ ဘယ္ေလာက္ထိ ရာဇဝင္ထဲကို ေဖာ္ထုတ္မွာလဲေပါ့ေနာ္" လို႔ ၾကတ္ဂူ ႐ုပ္ရွင္ကားကို ၾကည့္ဖို႔ စိတ္ဝင္စားမိတဲ့အေၾကာင္းေတြကို သူက ေျပာျပခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us