ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့နာမည်အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်ပြီးအလှဆုံးဆိုမှ အလှဆုံးကမ်းခြေတွေနဲ့ လည်ပတ်စရာရှုခင်းတွေကိုပိုင်ဆိုင်ထားတဲ့ကျွန်းလေးပါ။

ထိုင်းနိုင်ငံတောင်ပိုင်းကစမ္ပီကျွန်းဆိုတာပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့နာမည်အကြီးဆုံးကျွန်းတစ်ကျွန်းဖြစ်ပြီးအလှဆုံးဆိုမှ အလှဆုံးကမ်းခြေတွေနဲ့ လည်ပတ်စရာရှုခင်းတွေကိုပိုင်ဆိုင်ထားတဲ့ကျွန်းလေးပါ။

ထိုင်းနိုင်ငံရဲ့တတိယအကြီးဆုံးကျွန်းဖြစ်တဲ့ စမ္ပီကျွန်းလေးမှာဆိုရင် ဖြူလွနေတဲ့သဲသောင်တွေ၊ ပြာလဲ့ကြည်လင်နေတဲ့ ပင်လယ်ပြင်နဲ့ အုန်းပင်တွေလည်းပေါများလှပါတယ်။

အလှဆုံးနေဝင်ချိန်ရှုခင်းတွေကိုလည်းခံစားနိုင်ပြီးပျော်စရာ activity တွေအစုံအလင်လည်းရှိတာကြောင့် အေးဆေးအနားယူချင်တဲ့သူတွေပဲဖြစ်ဖြစ်၊ လှုပ်လှုပ်ရှားရှားနဲ့ပျော်ချင်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ်သွားရောက်လည်ပတ် လို့ကောင်းတဲ့ကျွန်းလေးပါပဲ။

အဲဒီလိုသာယာလှပပြီးပျော်စရာတွေအတိပြီးနေတဲ့ စမ္ပီကျွန်းလေးကိုအခုဆိုရင် ဘန်ကောက်အဲဝေးရဲ့ Go Samui 2019 ပရိုမိုးရှင်းနဲ့ စရိတ်သက်သက်သာသာနဲ့သွားရောက်လည်ပတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

ဘန်ကောက်အဲဝေးရဲ့ အထူးပရိုမိုးရှင်းနဲ့ဆိုရင် ရန်ကုန် ကနေစမ္ပီ ၊ ဒါမှမဟုတ် မန္တလေးကနေစမ္ပီကိုအသွားအပြန်မှ USD 470 ပဲကျသင့်မှာဖြစ်ပါတယ်။

ခရီးသည်များအားလုံးအတွက် သုဝဏ္ဏဘူမိလေဆိပ်ရှိ အဆင့်မြင့်နားနေခန်း၊ လေယာဉ်အတွင်းအစားအသောက် တည်ခင်းကျွေးမွေးခြင်း၊ နွေးထွေးသော ဝန်ဆောင်မှှုတွေလည်း ပါဝင်တာကြောင့် အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်ဆိုတာအသေချာပါပဲ။

အရောင်းနဲ့ခရီးသွားရမယ့်ကာလကတော့ ဒီနေ့ကနေပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိပဲဖြစ်ပါတယ်။

ဒီလေယာဉ်လက်မှတ်ခထဲမှာအာမခံကြေး၊ လေဆိပ်အခွန် နဲ့လောင်စာဆီခတွေပါဝင်ပြီးသားဖြစ်ပြီးအခြားစည်းကမ်းသတ်မှချက်တွေရှိတယ်လို့သိရပါတယ်။

ဘန်ကောက်အဲဝေးလေကြောင်းလိုင်းဟာကမ္ဘာအနှံ့ကခရီးသွားတွေကိုကြိုဆိုဖို့ စမ္ပီကျွန်းမှာကိုယ်ပိုင်လေဆိပ်လည်းရှိတာကြောင့် အိုကေမှာစိုပြေစေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုအထူးပရိုမိုးရှင်းနဲ့အခွင့်အရေးကောင်းလေးရှိတုန်းထိုင်းနိုင်ငံတောင်ပိုင်းကပစိဖိတ်သမုဒ္ဒရာရဲ့ နာမည် အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်တဲ့ စမ္ပီကျွန်းလေးကိုအရောက်သွားနိုင်အောင် သတင်းကောင်းလေးလက်တို့ လိုက်ရတာပဲ ဖြစ်ပါတယ်။

ခရီးသွားလက်မှတ်များကိုအရောင်းကိုယ်စားလှယ်ရုံး (သို့မဟုတ်) အောက်ပါရုံးများသို့ိ့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ရန်ကုန်ရုံး (၉၅၁) ၂၅၅၁၂၂၊၂၅၅၂၆၅

မန္တလေးရုံး (၉၅၂) ၄၀၃၆၃၂၃၊၄၀၆၉၃၈၇


#BeachTimes2019 #BangkokAirways


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က