၁၀ မိနစ်တောင်မကြာတဲ့ အချိန်အတွင်းမှာ အားလပ်ရက်အပန်းဖြေခရီးလေးတစ်ခုအတွက် လေယာဉ်/ကားလက်မှတ်၊ ဟိုတယ် စတာတွေအားလုံးကို မြန်မြန်ဆန်ဆန် Book လုပ်ပြီးစီစဉ်လို့ရနေပါပြီ။

ဒီနေ့ခေတ်မှာအရင်တုန်းကလို ခရီးတစ်ခုစီစဉ်ဖို့အတွက် ကားဂိတ်တွေသွား၊ဟိုတယ်တွေကိုဖုန်းတွေဆက်နဲ့ အချိန်ကုန် လူပင်ပန်းခံစရာမလိုတော့ပါဘူး။ ခေတ်မီ App တွေနည်းပညာတွေကိုသုံးပြီး ၁၀ မိနစ်တောင်မကြာတဲ့ အချိန်အတွင်းမှာ အားလပ်ရက်အပန်းဖြေခရီးလေးတစ်ခုအတွက် လေယာဉ်/ကားလက်မှတ်၊ ဟိုတယ် စတာတွေအားလုံးကို မြန်မြန်ဆန်ဆန် Book လုပ်ပြီးစီစဉ်လို့ရနေပါပြီ။



ဒါ့အပြင် အိမ်ကနေထိုင်ရာမထဘဲ ဖုန်း၊ ဒါမှမဟုတ်ကွန်ပြူတာရှိရုံနဲ့ သက်သောင့်သက်သာ လွယ်လင့်တကူ တစ်နေ့ ၂၄ နာရီ၊ တစ်ပတ် ၇ ရက်လုံး အချိန်မရွေးစီစဉ်နိုင်ပါတယ်။ ဒီလိုစီစဉ်နိုင်ဖို့အတွက် Oway လို အွန်လိုင်းခရီးသွားဝန်ဆောင်မှု ကိုအသုံးပြုလိုက်ရုံပါပဲ။ Oway ဆိုတာကိုမကြားဖူးသေးဘူးဆိုရင်တော့ အခုပဲစမ်းသုံးကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ Oway ဆိုတာ မြန်မာနိုင်ငံရဲ့ထိပ်တန်းအွန်လိုင်းခရီးသွားဝန်ဆောင်မှုကုမ္ပဏီဖြစ်ပြီးတော့ သူတို့ရဲ့Oway Website နဲ့ Oway App မှာဆိုရင် မြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပခရီးစဉ်တွေအတွက် ဟိုတယ်၊ လေယာဉ်လက်မှတ်၊ အဝေးပြေးကားလက်မှတ် တို့သာမက Tour Package တွေကိုပါတစ်နေရာတည်းမှာ စိတ်တိုင်းကျစုံစုံလင်လင်ရွေးချယ်နိုင်မှာဖြစ်ပြီး ငွေပေးချေမှု နည်းလမ်းအမျိုးမျိုးနဲ့လည်းပေးချေနိုင်မှာပဲ ဖြစ်ပါတယ်။

Oway လိုအွန်လိုင်းခရီးသွားအေဂျင်စီတေကြောင့် အခုဆိုရင် အားလပ်ရက်အပန်းဖြေခရီး တွေကို ပိုမိုပြီးပြည့်စုံပြီး ကိုယ်နဲ့ကိုက်ညီမယ့်ကိုယ့်စိတ်တိုင်းကျခရီးစဉ်ဖြစ်အောင်အလွယ်တကူစီစဉ်နိုင်နေပါပြီ။ ဈေးနှုန်းအမျိုးမျိုး၊ အချိန်အမျိုးမျိုးရှိတဲ့ လေကြောင်းလိုင်းနဲ့ အဝေးပြေးကားတွေထဲက ကိုယ့်စိတ်ကြိုက်ရွေးချယ်ဝယ်ယူ နိုင်သလို ဟိုတယ်ကိုလည်း ဈေးနှုန်းအလိုက်၊ ဒါမှမဟုတ် ကိုယ့်ရဲ့သီးသန့်လိုအပ်ချက်တွေအလိုက် အလွယ်တကူ စိတ်ကြိုက်ရှာဖွေနိုင်မှာဖြစ်ပြီးအားလပ်ရက် Tour Package အမျိုးမျိုးကိုလည်း ရှာဖွေဝယ်ယူ နိုင်ဦးမှာပါ။ ဒါ့အပြင် Oway ကနေပြီးပိုမိုသက်သာကောင်းမွန်တဲ့ အွန်လိုင်းအထူးဈေးနှုန်းတွေကိုလည်း စီစဉ်ပေး နေတာကြောင့် Oway Website နဲ့ Oway App ကိုဝင်ကြည့်ပြီး ဈေးနှုန်းတွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်အမှားမရှိနိုင်ပါဘူး။

Oway နဲ့ခရီးသွားဖို့စီစဉ်ရတာက ရိုးရှင်း၊ လွယ်ကူ၊ မြန်ဆန်ပြီး စိတ်ချရကာ မိနစ်အနည်းငယ်ပဲအချိန်ကြာမြင့်ပါတယ်။

Oway Website နဲ့ Oway App မှာကိုယ်သွားမယ့်ခရီးအတွက်ကိုယ့်စိတ်တိုင်းကျ လေယာဉ်လက်မှတ်၊ကားလက်မှတ်၊ ဟိုတယ်တွေကို အသက်သာဆုံးဈေးနှုန်းနဲ့ရွေးချယ် Book လုပ်ဖို့အတွက်အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ဆောင် လိုက်ရုံပါပဲ။

- ခရီးသွားဝန်ဆောင်မှုကိုရွေးပါ        - (လေယာဉ်လက်မှတ်၊ ဟိုတယ်၊ အဝေးပြေးကားလက်မှတ်၊ ဗီဇာနဲ့ Tour Package)

- စိတ်တိုင်းကျရှာဖွေပြီး  ဝယ်ယူလိုတဲ့ ဝန်ဆောင်မှု (လေယာဉ်/အဝေးပြေးကားလက်မှတ်၊ ဟိုတယ်အခန်းစသည်) ကို ရွေးချယ်ပါ

- ကိုယ်ရေးအချက်အလက်တွေဖြည့်ပါ

- ငွေပေးချေမှုနည်းလမ်းရွေးပြီး ပေးချေမှုပြုလုပ်ပါ

- ပြီးရင်တော့ Booking လက်ခံရရှိကြောင်းကို email ပို့ပေးပြီးနောက် eticket ကိုလည်း email မှ တစ်ဆင့်ပို့ပေးသွားမှာဖြစ်ပါတယ်။

ဒါမှမဟုတ် လေယာဉ်/ ကား လက်မှတ်၊ ဟိုတယ် စတာတွေပါဝင်ပြီးသား Tour Package တွေကိုလည်းရွေးချယ် နိုင်ပါတယ်။ ပြီးတော့ Gardens by the Bay, Madame Tussauds, Everland Theme Park စတဲ့ နေရာတွေအတွက် Entrance Ticket တွေကိုလည်း ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေမှာတွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ဒီလိုနည်းပညာတွေကို အသုံးပြုခြင်းဖြင့် ဘယ်လို ခရီးမျိုးကိုမဆို အလုပ်မရှုပ်ဘဲ သက်သောင့်သက်သာနဲ့စီစဉ်နိုင်မှာပါ။ Oway ခရီးသွားဝန်ဆောင်မှုကို အသုံးပြုတာ ပိုပြီးရင်းနှီးအသားကျလာလေ အချိန်ကုန်၊ငွေကုန်သက်သက်သာသာနဲ့ ခရီးစဉ်တွေကိုစီစဉ်နိုင်လာလေ ဖြစ်လာမှာပါ။ အသုံးပြုရတာလွယ်ကူပြီး ဆိုရှယ်မီဒီယာသုံးတဲ့သူဘယ်သူမဆိုအဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Oway မှာအဝေးပြေးကားလက်မှတ်မှာယူပုံမှာယူနည်းအဆင့်ဆင့်ကို အောက်ကဗွီဒီယိုမှာကြည့်ရှုနိုင်ပါတယ်။


ခရီးသွားဖို့စီစဉ်ရာမှာ Oway ကိုအသုံးပြုသင့်တဲ့ အဓိကအကြောင်းရင်း ၅ ချက်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁။ ရွေးချယ်စရာတွေများပြီး အကောင်းဆုံးဈေးနှုန်းနဲ့ရဖို့အာမခံချက်ရှိခြင်း

Oway Website နဲ့ Oway App မှာ ကိုယ့်စိတ်ကူးထဲကအပန်းဖြေခရီးအတွက် နှိုင်းယှဉ်မှုတွေအမျိုးမျိုးလုပ်ကြည့်လို့ ရပါတယ်။ ရွေးချယ်စရာ ဟိုတယ်ခန်း၊ လေယာဉ်လက်မှတ်၊ အဝေးပြေးကားလက်မှတ် နဲ့ Tour Packages တွေအမျိုးမျိုး ရှိပြီး ကိုယ်သုံးဖို့ရည်ရွယ်ထားတဲ့ ကုန်ကျစရိတ်နဲ့ကိုက်ညီအောင်အလွယ်တကူရွေးချယ်နိုင်ပါတယ်။ အွန်လိုင်းကနေ ကြိုတင်မှာယူတဲ့အခါမှာ ကိုယ့်အတွက်အသက်သာဆုံးဈေးနှုန်းဖြစ်အောင် ရှာဖွေရွေးချယ်နိုင်မှာပါ။ Oway ဟာ လေကြောင်းလိုင်း နဲ့ ဟိုတယ်တွေအများကြီးနဲ့ မိတ်ဖက်ဖွဲ့ထားတာကြောင့် အွန်လိုင်းကနေ အခန်း၊လက်မှတ် ကြိုတင်မှာယူတဲ့ခရီးသွားတွေအနေနဲ့ ဈေးနှုန်းအမျိုးမျိုး၊ အထူးလျှော့ဈေးအမျိုးမျိုးကို နှိုှုင်းယှဉ်ရွေးချယ်ခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။

၂။ အလုပ်မရှုပ်ဘဲ အလွန်လွယ်ကူခြင်း

ခရီးသွားဖို့အတွက် အွန်လိုင်းကနေကြိုတင်မှာယူခြင်းရဲ့ အဓိကအားသာချက်ကတော့ အလုပ်မရှုပ်ဘဲသက်သောင့် သက်သာ ရှိတာပါပဲ။ အင်တာနက်ကိုအသုံးပြီး ညသန်းခေါင်ပဲဖြစ်ဖြစ်၊ စားရင်းသောက်ရင်းနဲ့ပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ အချိန်၊ကြိုက်တဲ့နေရာကနေ booking လုပ်လို့ရပါတယ်။ အရောင်းဝန်ထမ်းတွေရဲ့ ရောင်းရဖို့အတင်းဆွယ်တဲ့ စကားတွေနဲ့ စိတ်ရှုပ်နေစရာမလိုဘဲ ကိုယ်စိတ်တိုင်းကျလည်းရွေးချယ်နိုင်ဦးမှာ ဖြစ်ပါတယ်။

၃။ လွယ်ကူပြီးစိတ်ချရတဲ့ စနစ်ဖြစ်ခြင်း

Oway ကနေ book လုပ်ရတာတကယ်ကြီးကိုလွယ်ကူပါတယ်။ တစ်နေရာတည်းမှာအားလုံးရပြီး လေ့လာ သုံးသပ်တာ၊ နှိုင်းယှဉ်ကြည့်တာနဲ့ ဆုံးဖြတ်ချက်ချပြီး ကြိုတင်စာရင်းပေးသွင်းတာတွေကို ဝက်ဘ်ဆိုဒ်တစ်ခုတည်းမှာ အားလုံးလုပ်လို့ရပါတယ်။ Oway Website နဲ့ Oway App ဟာအသုံးပြုရတာလွယ်ကူရိုးရှင်းပြီး အချက်အလက်တွေ ပြည့်စုံသလို မြန်မာဘာသာ၊အင်္ဂလိပ်ဘာသာ ၂ မျိုးနဲ့ကြည့်ရှုလို့ရပါတယ်။ လုံခြုံစိတ်ချရမှုရှိပြီး ငွေပေးချေမှုအတွက် စိတ်ချယုံကြည်ရမှုအပြည့်ရှိပါတယ်။ လက်ရှိအချိန်မှာ Oway ဟာမြန်မာနိုင်ငံမှာ ပြည်ပခရီးစဉ်တွေအတွက် လေယာဉ်လက်မှာတွေကိုဝယ်ယူနိုင်တဲ့ တစ်ခုတည်းသောအွန်လိုင်းပလက်ဖောင်းဖြစ်တာကြောင့် ပြည်တွင်းခရီးစဉ်တွေ အတွက်သာမကဘဲ အိမ်နီးချင်းအာရှနိုင်ငံတွေ၊ ဥရောပနိုင်ငံတွေ၊ ဒါမှမဟုတ်အမေရိကကို ခရီးထွက်ဖို့အထိပါ စီစဉ်လို့ရ ပါတယ်။ လုံခြုံစိတ်ချရတဲ့ပလက်ဖောင်းတစ်ခုဖြစ်တာကြောင့် လက်မှတ်ရယူခြင်း၊ ငွေပေးချေခြင်း၊ စာရင်းပေးသွင်းခြင်း တွေမှာမြန်ဆန်ပြီးအာမခံချက်ရှိသလို လွယ်ကူတာကိုလည်းတွေ့ရပါတယ်။

၄။ ငွေပေးချေမှုနည်းလမ်းအမျိုးမျိုးရှိခြင်း

ရိုးရှင်းလွယ်ကူတဲ့ပုံစံနဲ့ ရွေးချယ်စရာငွေပေးချေမှုနည်းလမ်းအမျိုးမျိုးရှိတာကြောင့် ပထမဆုံးအကြိမ်အသုံးပြုတဲ့သူတွေ တောင် ကြိုတင်စာရင်းပေးသွင်းမှုပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ (ပစ္စည်းရောက်ငွေချေစနစ်(COD)ကနေစလို့ ငွေပေးချေကဒ်အမျိုးမျိုး၊ Mobile Banking ပေးချေမှုနဲ့ ကောင်တာမှာပေးချေမှု (OTC) အထိငွေပေးချေမှုပုံစံအမျိုးမျိုး နဲ့ပေးချေနိုင်တာပါ)

၅။ အနာဂတ်မှာတွင်ကျယ်လာမယ့်နည်းလမ်းဖြစ်ခြင်း

ဒီနေ့ခေတ်မှာအင်တာနက်နဲ့ မိုဘိုင်းနည်းပညာတွေတွင်ကျယ်လာတာနဲ့အမျှ နေ့စဉ်ဘဝကိုပိုပြီးရိုးရှင်းလွယ်ကူအောင် စီမံနိုင်လာပါပြီ။ သူငယ်ချင်းတွေနဲ့ချိန်းချက်ထားတာရှိတဲ့အချိန်နောက်ကျမယ်ဆိုရင် ဖုန်းဆက်နေဖို့မလိုဘဲ စာတိုလေးတစ်စောင်ပေးပို့လိုက်ရုံပါပဲ။ ဓါတ်ပုံတွေကိုမိသားစုဝင်တွေအားလုံးနဲ့ ဆိုရှယ်မီဒီယာမှာတစ်ပြိုင်တည်း မျှဝေနိုင်သလို မိုဘိုင်းလ်ဖုန်းထဲက App ပေါ်ကနေတင် လမ်းပေါ်ထွက်စရာမလိုဘဲ တက္ကစီငှားတာ၊ အစားအသောက်မှာ တာတွေကိုပါလုပ်ဆောင်နိုင်နေပါပြီ။ အွန်လိုင်းဝန်ဆောင်မှုတွေကိုအသုံးပြုခြင်းဖြင့် အလုပ်မရှုပ်ဘဲ အများကြီးပိုပြီးလွယ် ကူလာတာကိုတွေ့နိုင်ပါတယ်။ ခရီးသွားဖို့စီစဉ်တဲ့နေရာမှာလည်း Oway အွန်လိုင်းခရီးသွားဝန်ဆောင်မှုကို အသုံးပြုမယ် ဆိုရင် ဘယ်မှာဈေးသက်သာလည်းဆိုတာကို နှိုင်းယှဉ်ကြည့်ဖို့ ခရီးသွားအေဂျင်စီ ၂ ခု၊ ၃ ခုကိုသွားစုံစမ်းရတာ၊ ဘဏ်ကိုသွားပိုက်ဆံထုတ်ပြီး တစ်ခါခရီးစဉ်အတွက်ပေးချေဖို့ပြန်သွားရတာတ စတဲ့အဆင့်တွေကိုလုပ်နေစရာ မလိုတော့တာကြောင့် အချိန်ကုန်၊ငွေကုန်အများကြီးသက်သာမှာ ဖြစ်ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် Oway Website နဲ့ Oway App ကိုအသုံးပြုပြီး ခရီးသွားဖို့စီစဉ်ခြင်းဟာ အနာဂတ်မှာတွင်ကျယ်လာမယ့် မြန်ဆန်၊လွယ်ကူပြီး အချိန်၊နေရာ မရွေးလုပ်ဆောင်နိုင်မယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့် သင်ကမကြာခင်ခရီးတစ်ခုထွက်ဖို့စီစဉ်နေတယ်ဆိုရင် Oway Website နဲ့ Oway App ကိုဝင်ရောက်ပြီး အကောင်းဆုံးဈေးနှုန်းတွေကိုရှာဖွေကာ သင့်ရဲ့ခရီးသွားဖို့စီစဉ်တဲ့အတွေ့အကြုံကိုခေတ်နဲ့ အညီအဆင့်မြင့်မြင့် လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ လက်ရှိအချိန်မှာ Oway ကနေပြီး အံ့အားသင့်စရာ မိုးဦးကာလအထူး လျှော့ဈေးအဖြစ်နဲ့ ၅၀ ရာခိုင်နှုန်းအထိလျှော့ဈေးတွေပေးနေကြောင်းလည်း သတင်းကောင်းပါး ချင်ပါတယ်။ ဒီလင့်ခ် =>

http://bit.ly/MonsoonMagicSalesA

ကနေတဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Oway အွန်လိုင်းခရီးသွားဝန်ဆောင်မှု ကနေပေးနေတဲ့ အထူးလျှော့ဈေးအစီအစဉ်တွေကိုရရှိဖို့ Oway Website နဲ့ Oway App မှာ register လုပ်ဖြစ်အောင် လုပ်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ Register လုပ်ရတာကလည်း အရမ်းကိုလွယ်ပါတယ်။ ဖုန်းနံပါတ်၊ Email နဲ့ Register လုပ်ထားနိုင်သလို ကိုယ့်ရဲ့ Facebook Account နဲ့လည်း Register လုပ်ထားနိုင်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့စိတ်ကူးအိပ်မက်ထဲက ခရီးစဉ်လေးကိုလွယ်ကူသက်သာစွာနဲ့ စိတ်တိုင်းကျစီစဉ်နိုင်ပြီပဲ ဖြစ်ပါတယ်။

Oway Website => https://oway.com.mm

Oway Travel App = https://oway.com.mm/mobile            


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က