• Cele Yatkwat

    အဘွားရဲ့ မျှော်လင့်ချက်အတိုင်း ဖြစ်အောင်ကြိုးစားမယ့် ဝင်းခန့်မိုး

Sabal Thwin
[Unicode Version]

ဝင်းခန့်မိုးက ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီချိုပြုံးရဲ့ မြေးဖြစ်ပါတယ်။ အဘွားရဲ့ မျှော်လင့်ချက်တွေအတိုင်းဖြစ်လာဖို့ အနုပညာ အလုပ်တွေ ကြိုးစားသွားပါမယ်လို့ ဆိုပါတယ်။ မကြာခင်က အသက် ၁၈ နှစ်ပြည့်ခဲ့တဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြလာပါတယ်။

44849558_2013599468727990_5797297326577942528_n.jpg 

ဝါရင့်သရုပ်ဆောင် အကယ်ဒမီချိုပြုံးရဲ့ မြေးဖြစ်သူ ဝင်းခန့်မိုးဟာ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်ဖို့ ကြိုးစား လျှောက် လှမ်း နေသူဖြစ်ပါတယ်။ အဘွားဖြစ်သူရဲ့ အနုပညာအမွေကို ခံယူရမယ့် ဝင်းခန့်မိုး က အဘွားမျှော်လင့်ထားတဲ့ အနုပညာမျိုးစက်တစ်ဦးဖြစ် အောင် ကြိုးစားမယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ချိုချို့ရဲ့ မျှော်လင့်ချက်ကတော့ အရမ်းပြင်းထန်တယ်၊ ချိုချိုဆိုတာ သားတို့အတွက် အဘွားအနေနဲ့ဖြစ်လာတာလေ၊ သူများတွေ ဆိုရင်တော့ အနုပညာရှင်တစ်ယောက်အနေနဲ့ သတ်မှတ်လို့ရတယ်။ ချိုချို့ရဲ့ မျိုးစက်မှာလည်း တစ်ယောက်မှ မရှိဘူး သားသမီးတွေမှာလည်း မရှိဘူး၊ မြေးတွေထဲမှာဆိုရင်လည်း သားတစ်ယောက်ပဲရှိတာဆိုတော့ သူ့ရဲ့ အနုပညာ အမွေတွေကို အကုန်ပေးချင်တယ်။ ချိုချိုအရမ်းမျှော်လင့် ထားတဲ့ အတိုင်းဖြစ်အောင် ကြိုးစားသွားမှာပါ'' လို့ သူကဆိုပါတယ်။

44758687_2013600135394590_6331856489610739712_n.jpg

'' အသည်းလေးတွေပေးပါ'' ဇာတ်ကား ရုံတင်ခွင့်ရပြီ ဆိုတဲ့ ကိုပေါက် 

ဝင်းခန့်မိုးဟာ အောက်တိုဘာလ ၂၅ ရက်နေ့က အသက် ၁၈ နှစ်ပြည့်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက် ချလို့ ရမယ့် အရွယ်ရောက်ပြီလို့ ဆိုပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီဖြစ်တဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။

'' ၁၈ နှစ်ပြည့်သွားပြီဆိုတော့ စာချုပ်တွေကို ကိုယ့်ဘာသာကိုယ် ထိုးလို့ရတယ်။ ဆုံးဖြတ်ချက်တွေကိုလည်း ကိုယ့်ဘာသာကိုယ် ချလို့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော် အိမ်ကိုပဲ မှီခိုပါသေးတယ်၊ အိမ်က အဖေအမေကို တိုင်ပင်ဖြစ်ပါတယ်။ အဖေ အမေ ဆုံးဖြတ်တဲ့အရာတွေကို မှား သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျွန်တော်ကတော့ လုပ်မှာပဲ အဖေ အမေပြောတဲ့အတိုင်းပေါ့'' လို့ ဖြေဆိုခဲ့တာပါ။

44849558_2013599468727990_5797297326577942528_n.jpg 

ဝင်းခန့်မိုးရဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ကိုတော့ Mary Chapman School for the Deaf Children (MCSD) ကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ၁၈ နှစ်ပြည့်တဲ့ အချိန်မှာ သူ အလုပ်ချင်ဆုံး အလုပ်တစ်ခုရှိတဲ့အကြောင်း ပြောပြလာပါတယ်။

'' ကျွန်တော် ၁၈ နှစ်ပြည့်သွားပြီဆိုတော့ Harry's Bar ကို သွားမယ်။ အဲ့ဒီ ဘားက ကျွန်တော်တို့ကို ၁၈ နှစ်မပြည့်ရင် ပေးမသောက်ဘူး။ မှတ်ပုံတင်ကို နဖူးမှာ ကပ်ပြီးတော့ ဘီယာမသောက်ချင်ပေမယ့် သွားကို သောက်မယ်။ ကျွန်တော့် သူငယ်ချင်းတွေဆိုလည်း ဟေ့ကောင် မင်းကို မှတ်ပုံတင်တောင်းနေပြီ လာပေးတော့ ဆိုပြီး အဲ့ဒီလို လုပ်မှာပါ'' လို့ ဆိုပါတယ်။

44768136_2013600718727865_701117492260503552_n.jpg 

ဝင်းခန့်မိုးကိုတော့ ၂၀၁၆-၂၀၁၇ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ပေးပွဲအတွက် ရွှေကြို ယောကျ်ားလေးအဖြစ် ရွေးချယ်ခံရတဲ့ အချိန်ကနေ ပရိသတ် စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဝါရင့်သရုပ်ဆောင်ကြီးအကယ်ဒမီချိုပြုံးရဲ့ မြေးဖြစ်တာကြောင့်လည်း ပရိသတ်တွေ ပိုအားပေးခဲ့ကြတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ ဝင်းခန့်မိုးဟာ မိန်းကလေးပရိသတ်တွေ အများကြီးပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

 

[Zawgyi Version]

ဝင္းခန္႔မုိးက ဝါရင့္သရုပ္ေဆာင္ႀကီး အကယ္ဒမီခ်ဳိျပဳံးရဲ႕ ေျမးျဖစ္ပါတယ္။ အဘြားရဲ႕ ေမွ်ာ္လင့္ခ်က္ေတြအတုိင္းျဖစ္လာဖုိ႔ အႏုပညာ အလုပ္ေတြ ႀကိဳးစားသြားပါမယ္လုိ႔ ဆုိပါတယ္။ မၾကာခင္က အသက္ ၁၈ ႏွစ္ျပည့္ခဲ့တဲ့ သူ႔ရဲ႕ ခံစားခ်က္ကုိလည္း အခုလုိ ေျပာျပလာပါတယ္။

 

ဝါရင့္သရုပ္ေဆာင္ အကယ္ဒမီခ်ဳိျပဳံးရဲ႕ ေျမးျဖစ္သူ ဝင္းခန္႔မုိးဟာ အခုဆုိရင္ အႏုပညာလမ္းေၾကာင္းေပၚမွာ ေအာင္ျမင္ဖို႔ ႀကိဳးစား ေလွ်ာက္ လွမ္း ေနသူျဖစ္ပါတယ္။ အဘြားျဖစ္သူရဲ႕ အႏုပညာအေမြကုိ ခံယူရမယ့္ ဝင္းခန္႔မုိး က အဘြားေမွ်ာ္လင့္ထားတဲ့ အႏုပညာမ်ဳိးစက္တစ္ဦးျဖစ္ ေအာင္ ႀကိဳးစားမယ္လုိ႔ Duwun Media ရဲ႕ သီးသန္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' ခ်ဳိခ်ဳိ႕ရဲ႕ ေမွ်ာ္လင့္ခ်က္ကေတာ့ အရမ္းျပင္းထန္တယ္၊ ခ်ဳိခ်ဳိဆုိတာ သားတို႔အတြက္ အဘြားအေနနဲ႔ျဖစ္လာတာေလ၊ သူမ်ားေတြ ဆုိရင္ေတာ့ အႏုပညာရွင္တစ္ေယာက္အေနနဲ႔ သတ္မွတ္လုိ႔ရတယ္။ ခ်ဳိခ်ဳိ႕ရဲ႕ မ်ဳိးစက္မွာလည္း တစ္ေယာက္မွ မရွိဘူး သားသမီးေတြမွာလည္း မရွိဘူး၊ ေျမးေတြထဲမွာဆုိရင္လည္း သားတစ္ေယာက္ပဲရွိတာဆုိေတာ့ သူ႔ရဲ႕ အႏုပညာ အေမြေတြကုိ အကုန္ေပးခ်င္တယ္။ ခ်ဳိခ်ဳိအရမ္းေမွ်ာ္လင့္ ထားတဲ့ အတိုင္းျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ'' လုိ႔ သူကဆုိပါတယ္။

'' အသည္းေလးေတြေပးပါ'' ဇာတ္ကား ရုံတင္ခြင့္ရၿပီ ဆုိတဲ့ ကုိေပါက္ 

ဝင္းခန္႔မုိးဟာ ေအာက္တုိဘာလ ၂၅ ရက္ေန႔က အသက္ ၁၈ ႏွစ္ျပည့္သြားခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကုိယ္ပုိင္ဆုံးျဖတ္ခ်က္ ခ်လုိ႔ ရမယ့္ အရြယ္ေရာက္ၿပီလုိ႔ ဆုိပါတယ္။ အသက္ ၁၈ ႏွစ္ျပည့္ၿပီျဖစ္တဲ့ သူ႔ရဲ႕ ခံစားခ်က္ကုိလည္း ဆက္လက္ေျပာျပထားပါေသးတယ္။

'' ၁၈ ႏွစ္ျပည့္သြားၿပီဆုိေတာ့ စာခ်ဳပ္ေတြကုိ ကုိယ့္ဘာသာကုိယ္ ထိုးလုိ႔ရတယ္။ ဆုံးျဖတ္ခ်က္ေတြကုိလည္း ကုိယ့္ဘာသာကုိယ္ ခ်လုိ႔ရတယ္။ ဒါေပမယ့္လည္း ကၽြန္ေတာ္ အိမ္ကုိပဲ မွီခုိပါေသးတယ္၊ အိမ္က အေဖအေမကုိ တုိင္ပင္ျဖစ္ပါတယ္။ အေဖ အေမ ဆုံးျဖတ္တဲ့အရာေတြကုိ မွား သည္ျဖစ္ေစ၊ မွန္သည္ျဖစ္ေစ ကၽြန္ေတာ္ကေတာ့ လုပ္မွာပဲ အေဖ အေမေျပာတဲ့အတုိင္းေပါ့'' လုိ႔ ေျဖဆုိခဲ့တာပါ။

 

ဝင္းခန္႔မုိးရဲ႕ အသက္ ၁၈ ႏွစ္ျပည့္ေမြးေန႔ကုိေတာ့ Mary Chapman School for the Deaf Children (MCSD) ေက်ာင္းမွာ ျပဳလုပ္ခဲ့ပါတယ္။ ၁၈ ႏွစ္ျပည့္တဲ့ အခ်ိန္မွာ သူ အလုပ္ခ်င္ဆုံး အလုပ္တစ္ခုရွိတဲ့အေၾကာင္း ေျပာျပလာပါတယ္။

'' ကၽြန္ေတာ္ ၁၈ ႏွစ္ျပည့္သြားၿပီဆုိေတာ့ Harry's Bar ကုိ သြားမယ္။ အဲ့ဒီ ဘားက ကၽြန္ေတာ္တုိ႔ကုိ ၁၈ ႏွစ္မျပည့္ရင္ ေပးမေသာက္ဘူး။ မွတ္ပုံတင္ကုိ နဖူးမွာ ကပ္ၿပီးေတာ့ ဘီယာမေသာက္ခ်င္ေပမယ့္ သြားကုိ ေသာက္မယ္။ ကၽြန္ေတာ့္ သူငယ္ခ်င္းေတြဆုိလည္း ေဟ့ေကာင္ မင္းကုိ မွတ္ပုံတင္ေတာင္းေနၿပီ လာေပးေတာ့ ဆုိၿပီး အဲ့ဒီလုိ လုပ္မွာပါ'' လုိ႔ ဆုိပါတယ္။

 

ဝင္းခန္႔မုိးကုိေတာ့ ၂၀၁၆-၂၀၁၇ ရုပ္ရွင္အကယ္ဒမီထူးခၽြန္ဆု ေပးပြဲအတြက္ ေရႊႀကိဳ ေယာက်္ားေလးအျဖစ္ ေရြးခ်ယ္ခံရတဲ့ အခ်ိန္ကေန ပရိသတ္ စတင္အားေပးခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ဝါရင့္သရုပ္ေဆာင္ႀကီးအကယ္ဒမီခ်ဳိျပဳံးရဲ႕ ေျမးျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြ ပုိအားေပးခဲ့ၾကတာကုိ ေတြ႕ရပါတယ္။ အခုဆုိရင္ေတာ့ ဝင္းခန္႔မုိးဟာ မိန္းကေလးပရိသတ္ေတြ အမ်ားႀကီးပုိင္ဆုိင္ထားသူ ျဖစ္ပါတယ္။

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs