တိုင်စာ ၃၀ ကျော်လက်ခံခဲ့ပါတယ်။
Hmue Eain Zaw

နိုဝင်ဘာ ၃ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ချိန်မှာ တာမွေမြို့နယ် မဲဆန္ဒနယ်ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုယ်တိုင်လာရောက်မဲပေးခဲ့ပါတယ်။

 

7.jpg 

တာမွေမြို့နယ်မဲရုံအမှတ် ၃ မှာ နေ့လယ် ၂ နာရီခွဲက မဲပေးခဲ့တာဖြစ်ပြီးတော့ နိုင်ငံတော်သမ္မတမလာခင်မှာလည်း ပြည်သူ အယောက် ၃၀ နီးပါးက တိုင်ကြားစာတွေကိုပေးဖို့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။

“ကျွန်တေ်ာတို့ တိုင်စာပေးချင်လို့ပါ။ ဘိုးဘွားပိုင်လယ်မြေဧက ရာကျော်ကနေ ဌာနဆိုင်ရာတစ်ခုကနေ ကျွန်တော်တို့ အမည်ပေါက်ကနေ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ငှားထားပြီးတော့ မပေးဘဲ ဟိုဝေ့ဒီဝေ့ ဝေ့နေတာပါ။ မနက်ခြောက်နာရီကတည်းက လာစောင့်နေတာပါ။ ” လို့ လှိုင်မြို့နယ်ကလာရောက်တိုင်ကြားစာပေးတဲ့ ဦးအောင်မြင့်က ပြောပါတယ်။

အများစုတိုင်ကြားတာက လယ်ယာမြေ၊အိမ်ခြံမြေ၊ တရားစီရင်ရေးကိစ္စတွေ အများဆုံးပါဝင်နေတာဖြစ်ပြီး မနက် ခြောက်နာရီလောက်ကတည်းက ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့တာမွေက ရန်ကုန်မှာမဲပေးနိုင်တဲ့လူဦးရေအများဆုံးမဲဆန္ဒနယ်ပါ။ တာမွေမဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိသူဦးရေ တစ်သိန်းနှစ်သောင်းရှိတာဖြစ်ပြီးတော့ မနက် ခြောက်နာရီ မဲရုံစတင်ဖွင့်လှစ်ချိန်ကစပြီး မဲရုံတွေမှာ ဆန္ဒမဲပေးခဲ့ကြတာလည်းဖြစ်ပါတယ်။


Author


က္က