• Local Celebrity

    နောက်ထပ် မိသားစုဝင်အသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်တဲ့ မင်းရာဇာ

Sabal Thwin
[Unicode Version]

သရုပ်ဆောင် မင်းရာဇာတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝထဲကို နောက်ထပ်ရင်သွေးလေး တစ်ယောက်ရောက်လာ ပြီလို့ သိရ ပါတယ်။ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ပြီးသားဖြစ်တဲ့ မင်းရာဇာက နောက်ထပ် သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတော့မှာပါ။

38135322-301093100657867-6939620642899623936-n.jpg

Photo: မင်းရာဇာဖေ့စ်ဘွတ်

 

သရုပ်ဆောင်မင်းရာဇာ ရဲ့ ဇနီးချော မဖူးငုံပွင့် ကတော့ ဒုတိယမြောက် ရင်သွေးလေး လွယ်ထားရပြီဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံအနေနဲ့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒုတိယမြောက်ရင်သွေးကတော့ သားလေး ဖြစ်တဲ့ အကြောင်းကို ပြောပြလာပါတယ်။

'' ညေးတို့ ကိုယ်တွေက ကျားဆိုမှကျားဘဲကွ ဟားဟားဟား'' ဆိုပြီးတော့ နိုဝင်ဘာလ ၈ ရက်နေ့ နေ့လည် ၃ နာရီ နီးပါးက သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ရင်သွေးလေးရဲ့ ဓာတ်မှန်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ ပါသေးတယ်။

45578312_372937276806782_3282208548699766784_n.jpg

Photo: မင်းရာဇာဖေ့စ်ဘွတ်

ချစ်ဇနီးချောလေးအတွက် မင်းရာဇာရဲ့ မွေးနေ့ဆုတောင်း 

အက်ရှင်မင်းသားချော သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်တဲ့ မဖူးငုံပွင့်တို့ရဲ့ တစ်ဦးတည်းသော သမီးချောလေး သစ်သစ်မင်းရာဇာ ကတော့ သြဂုတ်လ အတွင်းက ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။မွေးနေ့ပွဲကိုတော့ သမီးလေးတက်ရောက်ပညာသင်ကြားနေတဲ့ မူကြိုကျောင်းမှာပဲ ကျင်းပ ပြုလုပ်ခဲ့တာပါ။

34672571-246908486076329-6460526455599136768-n.jpg

Photo: မင်းရာဇာဖေ့စ်ဘွတ်

 

သရုပ်ဆောင်မင်းရာဇာနဲ့ မဖူးငုံပွင့် တို့ဟာ ပထမဆုံးရင်သွေးလေး သစ်သစ်မင်းရာဇာကိုတော့ ၂၀၁၄ ခုနှစ်သြဂုတ်လ ၁ ရက်နေ့ က ဝိတိုရိယဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေး သစ်သစ်မင်းရာဇာ ရဲ့ မွေးနေ့အတွက်ကိုလည်း ပရိသတ်တွေက အားရဝမ်းသာစွာနဲ့ မွေးနေ့ဆု တောင်းပေးထားကြတာကိုလည်း တွေ့ရပါတယ်။

45691310_372937336806776_3132223209777135616_n.jpg

Photo: မင်းရာဇာဖေ့စ်ဘွတ်

 

အခုလက်ရှိမှာတော့ မင်းရာဇာဟာ မိသားစုကို အချိန်ပေးရင်း ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေလည်း ထွက်ဖြစ်နေသလို၊ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တဲ့ သရုပ်ဆောင် မင်းရာဇာကတော့ အခုချိန်မှာ အောင်မြင်မှုတွေရရှိနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

[Zawgyi Version]

သရုပ္ေဆာင္ မင္းရာဇာတုိ႔ရဲ႕ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝထဲကုိ ေနာက္ထပ္ရင္ေသြးေလး တစ္ေယာက္ေရာက္လာ ၿပီလုိ႔ သိရ ပါတယ္။ သမီးေလး တစ္ေယာက္ကုိ ပုိင္ဆုိင္ၿပီးသားျဖစ္တဲ့ မင္းရာဇာက ေနာက္ထပ္ သားေလးတစ္ေယာက္ကုိ ပုိင္ဆုိ္င္ခြင့္ရေတာ့မွာပါ။

Photo: မင္းရာဇာေဖ့စ္ဘြတ္

 

သရုပ္ေဆာင္မင္းရာဇာ ရဲ႕ ဇနီးေခ်ာ မဖူးငုံပြင့္ ကေတာ့ ဒုတိယေျမာက္ ရင္ေသြးေလး လြယ္ထားရၿပီျဖစ္ပါတယ္။ သူတုိ႔ ဇနီးေမာင္ႏွံအေနနဲ႔ လက္ရွိမွာ ခ်စ္စရာေကာင္းတဲ့ သမီးေလးကုိ ပုိင္ဆုိင္ထားတာျဖစ္ၿပီး ဒုတိယေျမာက္ရင္ေသြးကေတာ့ သားေလး ျဖစ္တဲ့ အေၾကာင္းကုိ ေျပာျပလာပါတယ္။

'' ေညးတို႔ ကိုယ္ေတြက က်ားဆိုမွက်ားဘဲကြ ဟားဟားဟား'' ဆုိၿပီးေတာ့ ႏုိဝင္ဘာလ ၈ ရက္ေန႔ ေန႔လည္ ၃ နာရီ နီးပါးက သူ႔ရဲ႕ ေဖ့စ္ဘြတ္ ေပၚမွာ ေရးသားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ရင္ေသြးေလးရဲ႕ ဓာတ္မွန္ရုိက္ကူးထားတဲ့ ဓာတ္ပုံေတြကုိလည္း ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့ ပါေသးတယ္။

Photo: မင္းရာဇာေဖ့စ္ဘြတ္

ခ်စ္ဇနီးေခ်ာေလးအတြက္ မင္းရာဇာရဲ႕ ေမြးေန႕ဆုေတာင္း 

အက္ရွင္မင္းသားေခ်ာ သရုပ္ေဆာင္မင္းရာဇာနဲ႔ ဇနီးျဖစ္တဲ့ မဖူးငုံပြင့္တုိ႔ရဲ႕ တစ္ဦးတည္းေသာ သမီးေခ်ာေလး သစ္သစ္မင္းရာဇာ ကေတာ့ ၾသဂုတ္လ အတြင္းက ၄ ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။ေမြးေန႔ပြဲကုိေတာ့ သမီးေလးတက္ေရာက္ပညာသင္ၾကားေနတဲ့ မူႀကိဳေက်ာင္းမွာပဲ က်င္းပ ျပဳလုပ္ခဲ့တာပါ။

Photo: မင္းရာဇာေဖ့စ္ဘြတ္

 

သရုပ္ေဆာင္မင္းရာဇာနဲ႔ မဖူးငုံပြင့္ တုိ႔ဟာ ပထမဆုံးရင္ေသြးေလး သစ္သစ္မင္းရာဇာကုိေတာ့ ၂၀၁၄ ခုႏွစ္ၾသဂုတ္လ ၁ ရက္ေန႔ က ဝိတုိရိယေဆးရုံႀကီးမွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ သမီးေလး သစ္သစ္မင္းရာဇာ ရဲ႕ ေမြးေန႔အတြက္ကုိလည္း ပရိသတ္ေတြက အားရဝမ္းသာစြာနဲ႔ ေမြးေန႔ဆု ေတာင္းေပးထားၾကတာကုိလည္း ေတြ႔ရပါတယ္။

Photo: မင္းရာဇာေဖ့စ္ဘြတ္

 

အခုလက္ရွိမွာေတာ့ မင္းရာဇာဟာ မိသားစုကုိ အခ်ိန္ေပးရင္း ျပည္တြင္း၊ ျပည္ပ ခရီးစဥ္ေတြလည္း ထြက္ျဖစ္ေနသလုိ၊ လက္ခံထားတဲ့ ရုပ္ရွင္ ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးေနရတာျဖစ္ပါတယ္။ ဗီဒီယုိဇာတ္ကားေတြကေန တဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တဲ့ သရုပ္ေဆာင္ မင္းရာဇာကေတာ့ အခုခ်ိန္မွာ ေအာင္ျမင္မႈေတြရရွိေနတဲ့ သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs