NESCAFÉ Gold Crema ကုန်ပစ္စည်းသစ်မိတ်ဆက်တဲ့အနေနဲ့ အဲဒီလိုရွှေအစစ်နဲ့ Billboard ကြီးကိုယူဆောင်လာခဲ့တာပါ။
Phyo Min Thant
 

မြန်မာနိုင်ငံရဲ့ပထမဆုံးရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ ကြော်ငြာဘုတ်အဖြစ်နဲ့ NESCAFÉ GOLD Billboard ကိုရန်ကုန်မြို့ရဲ့အချက်အချာနေရာမှာ တပ်ဆင်ထားပြီဖြစ်ကြောင်းသိရပါတယ်။



ကမ္ဘာ့နံပါတ်တစ်ကော်ဖီအမှတ်တံဆိပ်ဖြစ်တဲ့ NESCAFÉ ကနေပြီး နိုဝင်ဘာလမှာ NESCAFÉ Gold Crema ကုန်ပစ္စည်းသစ်မိတ်ဆက်တဲ့အနေနဲ့ အဲဒီလိုရွှေအစစ်နဲ့ Billboard ကြီးကိုယူဆောင်လာခဲ့တာပါ။

အဆိုပါရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ NESCAFÉ GOLD Billboard  ရန်ကုန်မြို့၊ ပန်းဆိုးတန်းကုန်းကျော်တံတား ကနေလှမ်းကြည့်ရင်တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

“ NESCAFE Gold Crema “ ဆိုတာက ကျွန်မ တို့ NESCAFE’ Portfolio ထဲ မှာ Premium အဖြစ်ဆုံး Product ဖြစ်ပါတယ်။ကျွန်မအနေနဲ့  ဒီကုန်ပစ္စည်း အသစ်ကို မြန်မာနိုင်ငံ ဈေးကွက်မှာ စတင်မိတ်ဆက် ပေးရတာကို အရမ်းရင်ခုန် ်စိတ်လှုပ်ရှားမိပါတယ်။ NESCAFE Gold Crema ကို အခြားသော ကော်ဖီတွေနဲ့ မတူညီ တဲ့ နည်း ပညာတွေကို အသုံးပြုပြီးထုတ်လုပ်ထားပါတယ်။ အဲဒါတွေက တော့ အကောင်းဆုံးသော Coffee Aroma ရအောင် အာရေဘီကာ နှင့် ရိုဘက်စတာ ကော်ဖီစေ့များ ကို စနစ် တကျရောနှော ပါဝင်စေပြီး စက်ဖျော်ကော်ဖီ တွေမှာပဲ ခံစားသောက်သုံး နိုင်တဲ့ ကော်ဖီ အဆီအနှစ် အလွှာကို ရေနွေးထည့်လိုက်တာနဲ့  ဖြစ်ပေါ်လာစေဖို့  တီထွင် ဖန်တီး ထားခြင်း တို့ပဲ ဖြစ်ပါတယ် ။ အဲဒီ ကော်ဖီ အဆီအနှစ်အလွှာ လေးက ကော်ဖီ သောက်လိုက်တဲ့ အခါ အလွန်ချောမွှေ့ ပြေပြစ် ကောင်းမွန် တဲ့ အရသာ ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်” လို့ NESCAFÉ Gold Crema ရဲ့ Brand Manager မဇွန်ပွင့်ဖြူမှ ပြောကြားပါတယ်။

 

NESCAFÉ Gold Crema Billboard ကြီးမှာ ရွှေသားအစစ်တွေပါဝင်နေတာကြောင့် လုံခြုံရေးဝန်ထမ်းတွေကို ၂၄နာရီ ၇ ရက်ပတ်လုံး အလှည့်ကျ ချထားတယ်လို့သိရပါတယ်။

 “ကျွန်မတို့ NESCAFÉ Gold Crema ရဲ့ အမြင့်မားဆုံးသော အရည်အသွေးကို ထင်ဟပ်စေဖို့ အတွက် ရွှေအစစ် ပါဝင် တဲ့ Bill board ကို တပ်ဆင်လိုက်တာပါ။ အခုလို ရွှေအစစ် ပါဝင်တဲ့ Bill Board တပ်ဆင်ခြင်းက မြန်မာနိုင်ငံ မှာ ပထမ ဆုံး ဖြစ်ပြီး ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ coffee bean က NESCAFE’ Gold Crema ရဲ့ အရသာ အရည်အသွေးမြင့်မား မှုကို ဖော်ညွှန်းနေတာ ဖြစ်ပါတယ်” လို့လည်း မဇွန်ပွင့်ဖြူမှ ပြောကြားခဲ့ပါတယ်။

 

ယခုလို ခန့်ညားထည်ဝါပြီး ထူးခြားဆန်းသစ်တဲ့ NESCAFÉ ရဲ့ ရွှေအစစ် Billboard ကြီးနဲ့အတူ NESCAFÉ ဟာ အနံ့အရသာပိုမို ပြည့်ဝပြီး အရည်အသွေး ပိုမိုမြင့်မားတဲ့ NESCAFÉ Gold Crema ကုန်ပစ္စည်းအသစ်ကို ဈေးကွက်ထဲ စတင်မိတ်ဆက်လိုက်တာပါ။

NESCAFÉ Gold Crema မှာပါဝင်တဲ့ ကော်ဖီစေ့တွေဟာ တောင်တန်းဒေသမှာ ပေါက်ရောက်တဲ့ အာရေးဘီကား ကော်ဖီ နဲ့ရိုဘက်စ်တာကော်ဖီတို့ကို စနစ်တကျ ရောနှောထားတာကြောင့် ပြေပြစ်ကောင်းမွန်တဲ့ အရသာကို အပြည့်အဝရရှိစေပြီး အထူးကောင်းမွန် လတ်ဆတ်တဲ့ ကော်ဖီမွှေးရနံ့ကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

NESCAFÉ Gold Crema ရွှေရောင်အဆင်းရှိကော်ဖီပုလင်းတွေကို 100g နှင့် 200g အရွယ်အစား ၂မျိုးနဲ့ ဈေးကွက်ထဲမှာ စတင်ဖြန့်ဖြူးနေပြီ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ


Author


က္က