သြဂုတ်လ ၊ ၂၆ ရက် (တနင်္ဂနွေ)နေ့မှာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်မှာကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
Phyo Min Thant
 

မြန်မာနိုင်ငံ၏ အဓိကအလားအလာအကောင်းဆုံးလုပ်ငန်းများအနက် ခရီးသွားလုပ်ငန်းဟာရေရှည်မှာ တိုးတက်လာနေ တာကြောင့် ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းမှာ အစုရှယ်ယာဝင်အဖြစ် ရင်းနှီးမြုပ်နှံလိုသူတွေအတွက် စိတ်ဝင်စားစရာပွဲတစ်ခု ကို ယခုတစ်ပတ် တနင်္ဂနွေနေ့မှာကျင်းပသွားဖို့ ရှိနေပါတယ်။အဲဒါကတော့ မြန်မာနိုင်ငံအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွေ အဓိကလုပ်ကိုင်လျက်ရှိတဲ့ အမတဟိုးလ်ဒင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရဲ့ ကမ်းလှမ်းအစုရှယ်ယာရောင်းချခြင်း မိတ်ဆက်ပွဲဖြစ်ပြီး သြဂုတ်လ ၊ ၂၆ ရက် (တနင်္ဂနွေ)နေ့မှာ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်မှာကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။



AMATA Holding Public Company Limited ဟာဆိုရင် ၂၀၁၃ ခုနှစ်ကတည်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်အမှတ် - ၁၅၆၃/ ၂၀၁၇-၂၀၁၈ (ရက)ဖြင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ်ဖွဲ့စည်းတည်ထောင်ခွင့်ရရှိထားတဲ့ကုမ္ပဏီပါ။

အဆိုပါကုမ္ပဏီဟာဆိုရင် မြန်မာနိုင်ငံအတွင်း ဟိုတယ်တွေ၊ မီးပုံးပျံ ပျံသန်းခြင်းလုပ်ငန်း၊ အခြား ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လျှက်ရှိတဲ့ လုပ်ငန်းခွဲတွေကို (၂၀၁၃) ခုနှစ်မှစတင်ကာ လုပ်ကိုင်လျက်ရှိပြီး  အခြားမြို့ကြီးတွေမှာလည်း တန်းဘိုးနည်းဟိုတယ်တွေ (Budget Hotel) ထပ်မံတည်ဆောက်ရင်းနှီးမြှပ်နှံသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊စားသောက်ဆိုင်နှင့် အဖျော်ယမကာ ရောင်းချခြင်းလုပ်ငန်းတွေ၊ရဟတ်ယာဉ်၊  ရေပေါ်ဆင်းသက်လေယာဉ်ပျံများဖြင့်ခရီးသွားဧည့်သည်များအား  Sightseeing  ကြည့််ရှုခြင်းလုပ်ငန်းတွေကိုပါဆက်လက်ပြီးတိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

အမတဟိုးလ်ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အနေဖြင့် အများပြည်သူများသို့ အစုရှယ်ယာများကမ်းလှမ်းရောင်းချခွင့်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ၏ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက် ရက်စွဲပါ စာအမှတ်- ကော်မရှင်/ဈေးကွက်ကြီးကြပ်/၁၁၄၇/၂၀၁၈ ဖြင့် ရောင်းချခွင့်ရရှိထားပြီးသားလည်းဖြစ်ပါတယ်။

ဒါကြောင့် ရင်းနှီးမြုပ်နှံရန် စိတ်ပါဝင်စားသူ အများပြည်သူတွေကို  အစုရှယ်ယာတစ်စုလျှင် (၅၀၀၀)ကျပ်နှုန်းနဲ့ အစုရှယ်ယာပေါင်း (၂၀၀၀၀၀၀) အား (၂၀.၈.၂၀၁၈) ရက်နေ့မှ (၂၁.၉.၂၀၁၈) ရက်နေ့ထိရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အမတဟိုးလ်ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရဲ့ ကမ်းလှမ်းအစုရှယ်ယာရောင်းချခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်မှာမှာပါ။

ဒါပေမဲ့ လူဦးရေကန့်သတ်ထားတာကြောင့် ကြိုတင်စာရင်းသွင်းဖို့တော့ လိုအပ်မှာဖြစ်ပြီး အောက်ပါဖုန်းနံပါတ်နဲ့ Emailတွေကို ဆက်သွယ်စာရင်းပေးသွင်းနိုင်မှာပဲ ဖြစ်ပါတယ်။

AYAtrust SC - Mobile - 09787877704-5 ၊ Email - info@ayatrustsc.com

CB Securities - Tel: ‎+95 (1) 8610331-334

KBZSC -  01 230 7300 ~ 02 (သို့)  KBZSC Facebook chat box (သို့)  trading@kbzsc.com

KTzRH -  01-8610480 / 01- 8610417

UAB Securities -  09 5416253 ၊ 09 79582003


ဆက်စပ်အကြောင်းအရာများ


Author


က္က