မြန်မာနိုင်ငံရဲ့အလားအလာအကောင်းဆုံးစီးပွားရေးကဏ္ဍတစ်ခုဖြစ်တဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားသူတွေအတွက် AMATA Holding Public Company Limited မှကမ်းလှမ်းအစုရှယ်ယာတွေကို အများပြည်သူ သို့ရောင်းချပေးနေပြီလို့ သိရပါတယ်။
AMATA Holding Public Company Limited ရဲ့ကမ်းလှမ်းအစုရှယ်ယာတွေရောင်းချခြင်းမိတ်ဆက်ပွဲကိုလည်း သြဂုတ်လ၊ ၂၆ ရက်နေ့မှာ ဆီဒိုးနားဟိုတယ်၊ရန်ကုန်မှာပွင့်လင်းမြင်သာမှုရှိစွာ ကျင်းပပေးခဲ့ပြီး စိတ်ပါဝင်စားတဲ့အများပြည်သူတွေ၊ စီးပွားရေးပညာရှင်တွေ၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းမှ ကျွမ်းကျင်သူတွေ နဲ့ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါမိတ်ဆက်ပွဲအခမ်းအနားမှာ ယခင်ဘဏ္ဍာရေးဒုဝန်ကြီးနဲ့ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဌတို့အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမောင်မောင်သိန်းက စတော့ရှယ်ယာရင်းနှီးမြုပ်နှံမှုဈေးကွက် အကြောင်းနဲ့ ရှေ့အလားအလာတို့ကိုဟောပြောဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း အလားအလာကောင်းတွေနဲ့ပတ်သက်လို့ မြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက်ချဲ့ထွင်ရေးဥက္ကဌ နဲ့ Chatrium Royal Lake Yangon ဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ ဒေါ်မေမြတ်မွန်ဝင်းက ဟောပြောဆွေးနွေးသွားခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ စတော့ရှယ်ယာနဲ့ရင်းနှီးမြုပ်နှံမှုဈေးကွက်ဟာ ဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့အခြေအနေမှာသာရှိနေသေးပြီး ယခုလိုအချိန်မှာ ရင်းနှီးမြုပ်နှံထားမယ်ဆိုရင် ဈေးကွက်ဖွံ့ဖြိုးလာတဲ့အချိန်မှာ အကျိုးအမြတ်များစွာရရှိနိုင်ကြောင်း၊ ရင်းနှီးမြုပ်နှံတဲ့နေရာမှာ တည်ထောင်ခါစလုပ်ငန်းအသစ်တွေထက် လက်ရှိဈေးကွက်ထဲမှာ အောင်အောင်မြင်မြင်နဲ့ ခိုင်ခိုင်မာမာရပ်တည်နေပြီးသားကုမ္ပဏီကြီးတွေမှာ ရေရှည်ရင်းနှီးမြုပ်နှံခြင်းက အကျိုးအမြတ်အတွက်ပိုမိုစိတ်ချရမှာ ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိန်းရဲ့ ဟောပြောဆွေးနွေးချက်တွေအရသိရပါတယ်။
အဲဒီလိုပဲ လက်ရှိအချိန်မှာမြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမြင့်တက်ရေးအတွက် အစိုးရအဖွဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူတွေ၊ပညာရှင်တွေပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနဲ့ ရှေ့အလားအလာကောင်းတွေများစွာရှိနေကြောင်း ဒေါ်မေမြတ်မွန်ဝင်းက ဆွေးနွေးဟောပြောသွားခဲ့ပါတယ်။
AMATA Holding Public Company Limited ဟာဆိုရင် ၂၀၀၃ ခုနှစ်ကတည်းက ဟိုတယ်လုပ်ငန်းတွေကို စတင်လုပ်ကိုင်လာခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွေမှာ ၁၅ နှစ်တိုင်တိုင်အောင်အောင်မြင်မြင်ရပ်တည်လာနိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ကုမ္ပဏီမှတ်ပုံတင်အမှတ် - ၁၅၆၃/ ၂၀၁၇-၂၀၁၈ (ရက)ဖြင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခွင့်ရရှိထားတဲ့ကုမ္ပဏီလည်း ဖြစ်ပါတယ်။
အဆိုပါကုမ္ပဏီဟာဆိုရင် မြန်မာနိုင်ငံအတွင်း ဟိုတယ်တွေ၊ မီးပုံးပျံ ပျံသန်းခြင်းလုပ်ငန်း၊ အခြား ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လျှက်ရှိတဲ့ လုပ်ငန်းခွဲတွေကို လုပ်ကိုင်လျက်ရှိပြီး အခြားမြို့ကြီးတွေမှာလည်း တန်းဘိုးနည်းဟိုတယ်တွေ (Budget Hotel) ထပ်မံတည်ဆောက်ရင်းနှီးမြှပ်နှံသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊စားသောက်ဆိုင်နှင့် အဖျော်ယမကာ ရောင်းချခြင်းလုပ်ငန်းတွေ၊ရဟတ်ယာဉ်၊ ရေပေါ်ဆင်းသက်လေယာဉ်ပျံများဖြင့်ခရီးသွားဧည့်သည်များအား Sightseeing ကြည့််ရှုခြင်းလုပ်ငန်းတွေကိုပါဆက်လက်ပြီးတိုးချဲ့လုပ်ကိုင်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
AMATA Holding Public Company Limited အနေနဲ့ အများပြည်သူများသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချခွင့်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ၏ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက် ရက်စွဲပါ စာအမှတ်- ကော်မရှင်/ဈေးကွက်ကြီးကြပ်/၁၁၄၇/၂၀၁၈ ဖြင့် ရောင်းချခွင့်ရရှိထားပြီးသားဖြစ်ကာ ရင်းနှီးမြုပ်နှံရန် စိတ်ပါဝင်စားသူ အများပြည်သူတွေကို အစုရှယ်ယာတစ်စုလျှင် (၅၀၀၀)ကျပ်နှုန်းနဲ့ အစုရှယ်ယာပေါင်း (၂၀၀၀၀၀၀) အား (၂၀.၈.၂၀၁၈) ရက်နေ့မှ (၂၁.၉.၂၀၁၈) ရက်နေ့ထိရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။
AMATA Holding Public Company Limited ရဲ့ အလားအလာ ညွှန်းတမ်း (Prospectus) ကိုလေ့လာနိုင်ရန်နဲ့ အစုရှယ်ယာ ဝယ်ယူရန်လျှောက်လွှာပုံစံမျာတွေကိုအောက်ဖော်ပြပါ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများမှာဖြစ်စေ Amata Holding Public Co., Ltd ရဲ့ရုံးခန်းမှာဖြစ်စေ ထုတ်ယူလျှောက်ထားဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
AYA Trust Securities Company Limited (AYA Trust)
လိပ်စာ - အမှတ် (၄၁၆)၊ မဟာဗနု္ဓလပန်းခြံလမ်းထောင့်၊
ကျာက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း - ၀၁ -
၃၈၆၂၅၉
CB Securities Company Limited
လိပ်စာ - အမှတ် ၀၃-၀၄၊ Union Financial Centre (UFC)၊
သိမ်ဖြူလမ်းနှင့် မဟာဗနု္ဓလလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း - ၀၁ - ၈၆၁၀၃၀၉ ~ ၁၃၊ ၈၆၁၀၃၃၁ ~ ၃၅
KBZ Stirling Coleman Securities Company Limited
လိပ်စာ - Strand Square၊ အမှတ် (၅၃)၊ ကမ်းနားလမ်း၊ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း - ၀၁ - ၂၃၀၇၃၀၀ ~ ၀၂၊ ၂၃၀၇၃၀၅ ~ ၀၈
KTZ Ruby Hill Securities Co., Ltd.
လိပ်စာ - အမှတ် ၇-၆၊Union Financial Centre(UFC)၊
မဟာဗနု္ဓလလမ်းနှင့် သိမ်ဖြူလမ်းထောင့်၊
ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း- ၀၁ -၈၆၁၀၄၈၀
UAB Securities Company Limited
လိပ်စာ - အမှတ် (၁၀၁)၊ The Link Office Tower၊
ဓမ္မစေတီလမ်းနှင့် လင့်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်ဒေသကြီး။
ဖုန်း - ၀၁ - ၈၆၀၃၀၀၉ ~ ၁၈ ( လိုင်းခွဲ - ၇၅၅)
Share