သွေးအလှူရှင်ခွေးဟာ အသက် ၃ နှစ်အရွယ်မှာ ပထမဆုံး သွေးလှူခဲ့ပြီး အခြားခွေးတွေရဲ့အသက်ကို ကယ်တင်ရန် ကူညီခဲ့ပါတယ်

အင်္ဂလန်မှ ဂရေးဟောင်း (greyhound) အမျိုးအစား ခွေးတစ်ကောင်ဟာ ၆ နှစ်အတွင်း ၎င်းရဲ့ ရှားပါးသွေးကို အခြား ခွေး ၈၈ ကောင်အတွက် အသက်ကယ်ရန် ကူညီလှူဒါန်းပေးခဲ့ပြီးနောက် အနားယူလိုက်ပြီလို့ ဆိုပါတယ်။

(Photo: Wendy Gray)

လီဆက်စတာရှိုင်းယားရှိ Melton Mowbray မှ ဝူဒီ (Woodei) လို့ အမည်ပေးထားတဲ့ အဆိုပါ သွေးအလှူရှင်ခွေးဟာ အသက် ၃ နှစ်အရွယ်မှာ ပထမဆုံး သွေးလှူခဲ့ပြီး စုစုပေါင်း ၂၂ ကြိမ် သွေးလှူဒါန်းခဲ့ပါတယ်။ "သူက စိတ်သောကရောက်နေတဲ့ မိသားစုတွေကို ကူညီခဲ့တယ်၊ အံ့ဩစရာပါ" လို့ ပိုင်ရှင်ဖြစ်သူ ဝင်ဒီဂရေးက ပြောခဲ့ပါတယ်။ သွေးပမာဏ ၄၅၀ မီလီလီတာ (450ml) က ခွေး ၄ ကောင်ကို ကူညီပေးနိုင်ကြောင်းနဲ့ ဝူဒီကို စူပါစတားအဖြစ် ဗြိတိန်အိမ်မွေးတိရိစ္ဆာန်သွေးလှူဘဏ် (Pet Blood Bank UK) က ချီးကျူးခဲ့ပါတယ်။



ဂရေးဟောင်းခွေးရဲ့ သွေးအမျိုးအစားက အခြား မည်သည့်ခွေးကိုမဆို အရေးပေါ်အခြေအနေမှာ သွင်းပေးနိုင်ကြောင်း သိရပါတယ်။ ခွေးတွေရဲ့ ၃၀ ရာခိုင်နှုန်းမှာသာ ထိုကဲ့သို့ သွေးအမျိုးအစား ရှိကြတယ်လို့ ဆိုပါတယ်။ ယခုအခါ အသက် ၉ နှစ်အရွယ်ရှိပြီဖြစ်ပြီဖြစ်တဲ့ ဝူဒီဟာ အသက် ၁ နှစ်မှ ၈ နှစ်အရွယ် ခွေးတစ်ကောင်ထံမှသာ သွေးရယူနိုင်တာကြောင့် သွေးလှူးဒါန်းမှုကနေ အနားယူလိုက်တာလည်း ဖြစ်ပါတယ်။

(Photo: Wendy Gray)

"ဝူဒီက သွေးလှူရရင် အမြဲတမ်း‌ ပျော်နေတာပဲ၊ သူ့ဆီကနေ သွေးဖောက်ယူမယ့်လူဆီကို တန်းသွားတာပဲ၊ ပြီးရင် စားပွဲပေါ်မှာ သွေးလှူတာပြီးတဲ့အထိ လှဲနေတယ်၊ ပြီးမှပဲ ပြန်ထလာတာ၊ သူက သွေးလှူရတာကို နှစ်သက်တယ်၊ သူက သွေးလှူပြီးရင်လည်း နေထိုင်မကောင်းဖြစ်တာမရှိဘဲ ၄ နာရီကနေ ၈ နာရီကြာ လမ်းလျှောက်ဖို့အသင့်ပဲ၊ သူ့အတွက် ကျွန်မ အရမ်းဂုဏ်ယူပါတယ်" လို့ ပိုင်ရှင်ဖြစ်သူ ဝင်ဒီဂရေးက BBC ကို ပြောပါတယ်။ 



က္က