• International News
    သန္ဓေသားဦးနှောက်ကို ထိခိုက်စေတဲ့ ဇီကာဗိုင်းရပ်စ်က ဦးနှောက်ကင်ဆာကို ကုသနိုင်
Ko John
[Unicode Version]

Brain-scans-OC-blue.jpg

သန္ဓေသားရဲ့ ဦးနှောက်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဇီကာ (Zika) ဗိုင်းရပ်စ်က အရွယ်ရောက်ပြီးသူတွေမှာ ဦးနှောက်ကင်ဆာ ဖြစ်ပွားမှုကို ကုသရာမှာ အထောက်အကူပြုနိုင်ကြောင်း အမေရိကန် သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းမှာ ယခုအချိန်ထိ ကျန်းမာရေးခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်ပြီး ကုသနိုင်ခြင်းမရှိသေးပါဘူး။

zika-virus.jpg

သို့သော် ယခုနောက်ဆုံး သုတေသနအရ မွေးကင်းစကလေးတွေမှာ တွေ့ရတဲ့ ဇီကာဗိုင်းရပ်စ်ဟာ ကုသရန်ခက်ခဲတဲ့ အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်လေ့ရှိတဲ့ ဦးနှောက်ကင်ဆာကြောင့် ဦးနှောက်အတွင်း ကင်ဆာဆဲလ် ပျံ့နှံ့မှုကို ရပ်တန့်နိုင်တယ်လို့ သိရပါတယ်။

ဇီကာဗိုင်းရပ်စ်ကို ဦးနှောက်မှာအကြိတ် ဖြစ်နေတဲ့ ကြွက်ကို ထိုးသွင်းပေးပြီး စမ်းသပ်ခဲ့ရာ အခြား ဦးနှောက်ဆဲလ်တွေထံ ကင်ဆာဆဲလ်ပျံနှံ့မှု မရှိတော့ဘဲ အကောင်းအတိုင်း ကျန်ရှိနေတာ တွေ့ရှိရပါတယ်။

See also:

ယခုစမ်းသပ်မှုကို လူသားတွေမှာစမ်းသပ်ရန် အချိန်ကြာမြင့်အုံးမှာ ဖြစ်ပေမဲ့ အသက်အန္တရာယ်ရှိတဲ့ ဦးနှောက်အကြိတ်ကို ခွဲထုတ်ဖယ်ရှားနေချိန်မှာ ဇီကာဗိုင်းရပ်စ်ကို ဦးနှောက်အတွင်း တစ်ချိန်တည်း

ထိုးသွင်းကုသပေးနိုင်တဲ့ အလားအလာရှိနေကြောင်း Journal of Experimental Medicine မှာ ဖော်ပြထားပါတယ်။ ဦးနှောက်ကင်ဆာ အမျိုးအစား အများအပြားရှိပြီး ဦးနှောက်မှာအကြိတ် ဖြစ်ခြင်းဟာ အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်ပွားလေ့ရှိကာ ကုသရန်အခက်အခဲဆုံး ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။

a-simple-explanation-of-the-explosive-and-untreatable-zika-virus.jpg

ဦးနှောက်အကြိတ်ဟာ ကြီးထွားပျံနှံ့မှုမြန်ပြီး မည်သည့်နေရာမှာ အကြိတ်ဖြစ်တည်မှု အဆုံးသတ်ကာ ကောင်းမွန်တဲ့ ဦးနှောက်တစ်ရှူးများ စတင်ဖြစ်တည်ကြောင်းကို တွေ့ရှိနိုင်ရန် ခက်ခဲတယ်လို့ ဆိုပါတယ်။

ဇီကာဗိုင်းရပ်စ်သုံးပြီး အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်လေ့ရှိတဲ့ ဦးနှောက်ကင်ဆာကို ကုသတဲ့စမ်းသပ်မှုအား လူတွေမှာ ၁၈ လအတွင်း စတင်နိုင်မယ်လို့ သုတေသနပညာရှင် ဒေါက်တာမိုက်ကယ်ဒိုင်းမွန်းက မျှော်လင့်ထားပါတယ်။

ဗိုင်းရပ်စ်များ အသုံးပြုပြီး ကင်ဆာရောဂါ ကုသမှုဟာ နည်းလမ်းအသစ်တစ်ခု မဟုတ်ပေမဲ့ ဇီကာဗိုင်းရပ်စ်ကို ထိုသို့ အသုံးပြုခြင်းဟာ ရှာဖွေတွေ့ရှိမှုအသစ် ဖြစ်လာကြောင်း သိရပါတယ်။

 

[Zawgyi Version]



သေႏၶသားရဲ႕ ဦးေႏွာက္ကုိ ထိခိုက္ပ်က္စီးေစႏုိင္တဲ့ ဇီကာ (Zika) ဗုိင္းရပ္စ္က အ႐ြယ္ေရာက္ၿပီးသူေတြမွာ ဦးေႏွာက္ကင္ဆာ ျဖစ္ပြားမႈကုိ ကုသရာမွာ အေထာက္အကူျပဳႏုိင္ေၾကာင္း အေမရိကန္ သိပၸံပညာ႐ွင္ေတြက ေျပာပါတယ္။ ဇီကာဗုိင္းရပ္စ္ဟာ ကမာၻတစ္ဝန္းမွာ ယခုအခ်ိန္ထိ က်န္းမာေရးၿခိမ္းေျခာက္မႈအျဖစ္ ႐ွိေနဆဲျဖစ္ၿပီး ကုသႏုိင္ျခင္းမ႐ွိေသးပါဘူး။



သုိ႕ေသာ္ ယခုေနာက္ဆုံး သုေတသနအရ ေမြးကင္းစကေလးေတြမွာ ေတြ႕ရတဲ့ ဇီကာဗုိင္းရပ္စ္ဟာ ကုသရန္ခက္ခဲတဲ့ အ႐ြယ္ေရာက္ၿပီးသူေတြမွာ ျဖစ္ေလ့႐ွိတဲ့ ဦးေႏွာက္ကင္ဆာေၾကာင့္ ဦးေႏွာက္အတြင္း ကင္ဆာဆဲလ္ ပ်ံ႕ႏွံ႕မႈကုိ ရပ္တန္႕ႏုိင္တယ္လို႕ သိရပါတယ္။

ဇီကာဗုိင္းရပ္စ္ကုိ ဦးေႏွာက္မွာအႀကိတ္ ျဖစ္ေနတဲ့ ၾကြက္ကုိ ထုိးသြင္းေပးၿပီး စမ္းသပ္ခဲ့ရာ အျခား ဦးေႏွာက္ဆဲလ္ေတြထံ ကင္ဆာဆဲလ္ပ်ံႏွံ႕မႈ မ႐ွိေတာ့ဘဲ အေကာင္းအတုိင္း က်န္႐ွိေနတာ ေတြ႕႐ွိရပါတယ္။

See also:

ယခုစမ္းသပ္မႈကုိ လူသားေတြမွာစမ္းသပ္ရန္ အခ်ိန္ၾကာျမင့္အုံးမွာ ျဖစ္ေပမဲ့ အသက္အႏၱရာယ္႐ွိတဲ့ ဦးေႏွာက္အႀကိတ္ကုိ ခြဲထုတ္ဖယ္႐ွားေနခ်ိန္မွာ ဇီကာဗုိင္းရပ္စ္ကုိ ဦးေႏွာက္အတြင္း တစ္ခ်ိန္တည္း

ထုိးသြင္းကုသေပးႏုိင္တဲ့ အလားအလာ႐ွိေနေၾကာင္း Journal of Experimental Medicine မွာ ေဖာ္ျပထားပါတယ္။ ဦးေႏွာက္ကင္ဆာ အမ်ဳိးအစား အမ်ားအျပား႐ွိၿပီး ဦးေႏွာက္မွာအႀကိတ္ ျဖစ္ျခင္းဟာ အ႐ြယ္ေရာက္ၿပီးသူေတြမွာ ျဖစ္ပြားေလ့႐ွိကာ ကုသရန္အခက္အခဲဆုံး ေရာဂါတစ္ခုလည္း ျဖစ္ပါတယ္။



ဦးေႏွာက္အႀကိတ္ဟာ ႀကီးထြားပ်ံႏွံ႕မႈျမန္ၿပီး မည္သည့္ေနရာမွာ အႀကိတ္ျဖစ္တည္မႈ အဆုံးသတ္ကာ ေကာင္းမြန္တဲ့ ဦးေႏွာက္တစ္႐ွဴးမ်ား စတင္ျဖစ္တည္ေၾကာင္းကုိ ေတြ႕႐ွိႏုိင္ရန္ ခက္ခဲတယ္လို႕ ဆုိပါတယ္။

ဇီကာဗုိင္းရပ္စ္သုံးၿပီး အ႐ြယ္ေရာက္ၿပီးသူေတြမွာ ျဖစ္ေလ့႐ွိတဲ့ ဦးေႏွာက္ကင္ဆာကုိ ကုသတဲ့စမ္းသပ္မႈအား လူေတြမွာ ၁၈ လအတြင္း စတင္ႏုိင္မယ္လုိ႕ သုေတသနပညာ႐ွင္ ေဒါက္တာမုိက္ကယ္ဒုိင္းမြန္းက ေမွ်ာ္လင့္ထားပါတယ္။

ဗုိင္းရပ္စ္မ်ား အသုံးျပဳၿပီး ကင္ဆာေရာဂါ ကုသမႈဟာ နည္းလမ္းအသစ္တစ္ခု မဟုတ္ေပမဲ့ ဇီကာဗုိင္းရပ္စ္ကုိ ထိုသုိ႕ အသုံးျပဳျခင္းဟာ ႐ွာေဖြေတြ႕႐ွိမႈအသစ္ ျဖစ္လာေၾကာင္း သိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs