• International News
    အမေရိကန်စီအိုင်အေရဲ့ ပထမဆုံး အမျိုးသမီးညွန်ကြားရေးမှူး အတည်ပြုခန့်အပ်
Ko John
[Unicode Version]

နာမည်ကြီး အမေရိကန်ထောက်လှမ်းရေး အဖွဲ့အစည်း စီအိုင်အေရဲ့ ပထမဆုံး အမျိုးသမီးညွန်ကြားရေးမှူးကို အမေရိကန် ဆီးနိတ်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဂျင်နာဟက်စ်ပဲလ်ကို စီအိုင်အေညွန်မှူးအဖြစ် ခန့်အပ်ရန်အတွက် ဆီးနိတ်လွှတ်တော်က ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲဖြင့် အတည်ပြုခဲ့ကြောင်း သိရပါတယ်။

gina-haspel-1024.jpg

စီအိုင်အေရဲ့ ပထမဆုံး အမျိုးသမီး ညွန်ကြားရေးမှူး ဖြစ်လာသည့် ဂျင်နာ



သူမဟာ ဝေဖန်မှုတွေထွက်ပေါ်ခဲ့တဲ့ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုအပြီး စီအိုင်အေရဲ့ စစ်ကြောမေးမြန်းမှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့ပေမဲ့လည်း စီအိုင်အေညွန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မျက်နှာကိုအဝတ်အုပ်ပြီး ရေလောင်းချကာ စစ်ကြောမေးမြန်းမှု နည်းလမ်းတွေနဲ့ပတ်သက်ပြီး စီအိုင်အေကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။

1028502065.jpg

ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် ဂျွန်မက်ကိန်း



ဂျင်နာဟာ ဝါရင့် စီအိုင်အေဝန်ထမ်းတစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံရှိ 'black site' လို့ အမည်ပေးထားတဲ့ စီအိုင်အေလုပ်ငန်းကို ကြီးကြပ်ခဲ့ပါတယ်။ ယခင် စီအိုင်အေညွန်ကြားရေးမှူး မိုက်ခ်ပွန်မ်ပီအိုက နိုင်ငံခြားရေးဝန်ကြီး ဖြစ်သွားခဲ့ပြီးနောက် ၎င်းရဲ့ လစ်လပ်နေတဲ့နေရာကို ဂျင်နာက ဆက်ခံတာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Donald-Trump-1062x598.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်



ဂျင်နာကို စီအိုင်အေညွန်မှူးအဖြစ် သမ္မတဒေါ်နယ်ထရန့်က အမည်စာရင်းတင်သွင်းမှုကို ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့ပါတယ်။ လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဗီယက်နမ်စစ်ပွဲကာလအတွင်း ဗီယက်နမ်အကျဉ်းစခန်းမှာ ငါးနှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံခဲ့သူလည်း ဖြစ်ပါတယ်။

2018-05-18_110826.jpg

သမ္မတထရန့်က ဂျင်နာကို Twitter မှာ ဂုဏ်ပြုထားမှု



ကြာသပတေးနေ့ (မေလ ၁၆ ရက်) မှာ ဂျင်နာကို စီအိုင်အေညွန်မှူး ခန့်အပ်ရန် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ ဒီမိုကရက်တစ် အမတ်ခြောက်ဦးကလည်း ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ စီအိုင်အေ (Central Intelligence Agency - CIA) အနေနဲ့ နာမည်ဆိုးထွက်ခဲ့တဲ့ စစ်ကြောမေးမြန်းမှု နည်းလမ်းတွေကို ပြန်သုံးမှာမဟုတ်ကြောင်း ဂျင်နာက ၎င်းကို ပြောခဲ့တယ်လို့ ထောက်ခံမဲပေးခဲ့သူ ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်တစ် လွှတ်တော်အမတ် မာ့ခ်ဝါနာက ဆိုပါတယ်။

59393a25b1bd561f018b4e64-750-563.jpg

ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်တစ် လွှတ်တော်အမတ် မာ့ခ်ဝါနာ



သမ္မတက တောင်းဆိုခဲ့သည့်တိုင် ထိုကဲ့သို့ စစ်ကြောမေးမြန်းတဲ့ နည်းလမ်းတွေကို မည်သည့်အခါမျှ အသုံးပြုမှာ မဟုတ်ကြောင်း ဂျင်နာက ကတိပြုခဲ့တယ်လို့ လွှတ်တော်အမတ် မာ့ခ်ဝါနာက ပြောပါတယ်။ သမ္မတဒေါ်နယ်ထရန့် အမေရိကန်အနေနဲ့ အကြမ်းဖက်အဖြစ် သံသယရှိသူတွေကို ရေလောင်းစစ်ဆေးမှု ပြန်လည် လုပ်ဆောင်ရန် ယခင်က တိုက်တွန်းခဲ့ဖူးပါတယ်။

ဂျင်နာကို စီအိုင်အေညွန်မှူးအဖြစ် အတည်ပြုခန့်အပ်နိုင်ရန် လွှတ်တော်မဲခွဲမှုမှာ ရီပတ်ဘလစ်ကင် အမတ်နှစ်ဦးဖြစ်တဲ့ ဂျက်ဖ်ဖလိတ်ခ်နဲ့ ရန်ဒါပေါလ်တို့က ကန့်ကွက်မဲပေးခဲ့ကြရာ ဒီမိုကရက်တစ်အမတ်ခြောက်ဦးရဲ့ ထောက်ခံမဲမရခဲ့ပါက အတည်ပြုနိုင်ခဲ့မှာ မဟုတ်ကြောင်းလည်း သိရပါတယ်။

ဂျင်နာဟက်စ်ပဲလ် (Gina Haspel)

အသက် ၆၁ နှစ်အရွယ် ဂျင်နာဟာ စီအိုင်အေမှာ ၃၃ နှစ်ကြာ အမှုထမ်းခဲ့သူဖြစ်ပြီး သူမရဲ့လုပ်သက်ကာလ အများစုမှာ အသွင်ယူထောက်လှမ်းသူအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ ထိုင်းနိုင်မှာ ဆောင်ရွက်နေတဲ့ စီအိုင်အေရဲ့ 'black site' ပရော့ဂျက်ကို တာဝန်ယူကြီးကြပ်ရန် ရွေးချယ်ခံခဲ့ရပါတယ်။

ဂျင်နာက 'black site' ပရော့ဂျက်ကို ကြီးကြပ်ခဲ့စဉ်အတွင်း စစ်ကြောမေးမြန်းရာမှာ ညှဉ်းပန်းနှိပ်စက်တဲ့ နည်လမ်းများသုံးခဲ့ကြောင်း ဆီးနိတ်လွှတ်တော်က သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။

1525723485986.jpg

စီအိုင်အေလုပ်သက် ၃၃ နှစ်ရှိပြီဖြစ်သည့် ဂျင်နာဟက်စ်ပဲလ်



၂၀၀၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှုဗဟိုဌာန (World Trade Center) နဲ့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်တို့ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း အမျိုးသား ၁၁၉ ဦးထက်မနည်းကို အမေရိကန်က ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ဆီးနိတ်လွှတ်တော်ရဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေက ဂျင်နာဟာ အမေရိကန်က ညှဉ်းပန်းနှိပ်စက်မှုတွေကို ကြီးကြပ်ကွပ်ကဲရန် ထိုင်းနိုင်ငံကိုသွားရောက်ခဲ့တယ်လို့ ပြောပါတယ်။ သို့သော် ထိုင်းနိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ 'black site' ပရော့ဂျက်မှာ ၎င်းအနေနဲ့ မည်သည့် အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ခဲ့ကြောင်းနဲ့ ပတ်သက်ပြီး စီအိုင်အေက လျှို့ဝှက်အဆင့်အဖြစ် သတ်မှတ်ထားတာကြောင့် ရှင်းလင်းစွာ မသိနိုင်ဘူးလို့ ဆိုပါတယ်။

[Zawgyi Version]

နာမည္ႀကီး အေမရိကန္ေထာက္လွမ္းေရး အဖြဲ႕အစည္း စီအုိင္ေအရဲ႕ ပထမဆုံး အမ်ဳိးသမီးညြန္ၾကားေရးမွဴးကုိ အေမရိကန္ ဆီးနိတ္လႊတ္ေတာ္က အတည္ျပဳလုိက္ၿပီ ျဖစ္ပါတယ္။ ဂ်င္နာဟက္စ္ပဲလ္ကုိ စီအုိင္ေအညြန္မွဴးအျဖစ္ ခန္႕အပ္ရန္အတြက္ ဆီးနိတ္လႊတ္ေတာ္က ေထာက္ခံမဲ ၅၄ မဲ၊ ကန္႕ကြက္မဲ ၄၅ မဲျဖင့္ အတည္ျပဳခဲ့ေၾကာင္း သိရပါတယ္။

gina-haspel-1024.jpg

စီအုိင္ေအရဲ႕ ပထမဆုံး အမ်ဳိးသမီး ညြန္ၾကားေရးမွဴး ျဖစ္လာသည့္ ဂ်င္နာ



သူမဟာ ေဝဖန္မႈေတြထြက္ေပၚခဲ့တဲ့ ၉/၁၁ အၾကမ္းဖက္တုိက္ခိုက္မႈအၿပီး စီအုိင္ေအရဲ႕ စစ္ေၾကာေမးျမန္းမႈေတြမွာ ပါဝင္ပတ္သက္မႈေတြ ႐ွိခဲ့ေပမဲ့လည္း စီအုိင္ေအညြန္ၾကားေရးမွဴးအျဖစ္ ခန္႕အပ္ခံခဲ့ရတာ ျဖစ္ပါတယ္။ မ်က္ႏွာကုိအဝတ္အုပ္ၿပီး ေရေလာင္းခ်ကာ စစ္ေၾကာေမးျမန္းမႈ နည္းလမ္းေတြနဲ႕ပတ္သက္ၿပီး စီအုိင္ေအကုိ ေဝဖန္မႈေတြ႐ွိခဲ့ပါတယ္။

1028502065.jpg

ရီပတ္ဘလစ္ကင္ လႊတ္ေတာ္အမတ္ ဂၽြန္မက္ကိန္း



ဂ်င္နာဟာ ဝါရင့္ စီအုိင္ေအဝန္ထမ္းတစ္ဦးျဖစ္ၿပီး ၂၀၀၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္ အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ပုိင္းမွာ ထုိင္းႏုိင္ငံ႐ွိ 'black site' လုိ႕ အမည္ေပးထားတဲ့ စီအုိင္ေအလုပ္ငန္းကုိ ႀကီးၾကပ္ခဲ့ပါတယ္။ ယခင္ စီအုိင္ေအညြန္ၾကားေရးမွဴး မုိက္ခ္ပြန္မ္ပီအုိက ႏုိင္ငံျခားေရးဝန္ႀကီး ျဖစ္သြားခဲ့ၿပီးေနာက္ ၎ရဲ႕ လစ္လပ္ေနတဲ့ေနရာကုိ ဂ်င္နာက ဆက္ခံတာဝန္ယူသြားမွာ ျဖစ္ပါတယ္။

Donald-Trump-1062x598.jpg

အေမရိကန္သမၼတ ေဒၚနယ္ထရန္႕



ဂ်င္နာကုိ စီအုိင္ေအညြန္မွဴးအျဖစ္ သမၼတေဒၚနယ္ထရန္႕က အမည္စာရင္းတင္သြင္းမႈကုိ ရီပတ္ဘလစ္ကင္ လႊတ္ေတာ္အမတ္ ဂၽြန္မက္ကိန္းက ကန္႕ကြက္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားခဲ့ပါတယ္။ လႊတ္ေတာ္အမတ္ ဂၽြန္မက္ကိန္းဟာ ဗီယက္နမ္စစ္ပြဲကာလအတြင္း ဗီယက္နမ္အက်ဥ္းစခန္းမွာ ငါးႏွစ္ေက်ာ္ၾကာ ဖမ္းဆီးထိန္းသိမ္းခံရစဥ္ ညွဥ္းပန္းႏွိပ္စက္ခံခဲ့သူလည္း ျဖစ္ပါတယ္။

သမၼတထရန္႕က ဂ်င္နာကုိ Twitter မွာ ဂုဏ္ျပဳထားမႈ



ၾကာသပေတးေန႕ (ေမလ ၁၆ ရက္) မွာ ဂ်င္နာကုိ စီအုိင္ေအညြန္မွဴး ခန္႕အပ္ရန္ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ခဲ့ရာ ဒီမုိကရက္တစ္ အမတ္ေျခာက္ဦးကလည္း ေထာက္ခံမဲေပးခဲ့ၾကတယ္လို႕ ဆုိပါတယ္။ စီအုိင္ေအ (Central Intelligence Agency - CIA) အေနနဲ႕ နာမည္ဆုိးထြက္ခဲ့တဲ့ စစ္ေၾကာေမးျမန္းမႈ နည္းလမ္းေတြကုိ ျပန္သုံးမွာမဟုတ္ေၾကာင္း ဂ်င္နာက ၎ကို ေျပာခဲ့တယ္လို႕ ေထာက္ခံမဲေပးခဲ့သူ ဗာဂ်ီးနီးယားျပည္နယ္မွ ဒီမုိကရက္တစ္ လႊတ္ေတာ္အမတ္ မာ့ခ္ဝါနာက ဆုိပါတယ္။

59393a25b1bd561f018b4e64-750-563.jpg

ဗာဂ်ီးနီးယားျပည္နယ္မွ ဒီမုိကရက္တစ္ လႊတ္ေတာ္အမတ္ မာ့ခ္ဝါနာ



သမၼတက ေတာင္းဆုိခဲ့သည့္တိုင္ ထုိကဲ့သုိ႕ စစ္ေၾကာေမးျမန္းတဲ့ နည္းလမ္းေတြကုိ မည္သည့္အခါမွ် အသုံးျပဳမွာ မဟုတ္ေၾကာင္း ဂ်င္နာက ကတိျပဳခဲ့တယ္လို႕ လႊတ္ေတာ္အမတ္ မာ့ခ္ဝါနာက ေျပာပါတယ္။ သမၼတေဒၚနယ္ထရန္႕ အေမရိကန္အေနနဲ႕ အၾကမ္းဖက္အျဖစ္ သံသယ႐ွိသူေတြကုိ ေရေလာင္းစစ္ေဆးမႈ ျပန္လည္ လုပ္ေဆာင္ရန္ ယခင္က တုိက္တြန္းခဲ့ဖူးပါတယ္။

ဂ်င္နာကုိ စီအုိင္ေအညြန္မွဴးအျဖစ္ အတည္ျပဳခန္႕အပ္ႏုိင္ရန္ လႊတ္ေတာ္မဲခြဲမႈမွာ ရီပတ္ဘလစ္ကင္ အမတ္ႏွစ္ဦးျဖစ္တဲ့ ဂ်က္ဖ္ဖလိတ္ခ္နဲ႕ ရန္ဒါေပါလ္တုိ႕က ကန္႕ကြက္မဲေပးခဲ့ၾကရာ ဒီမုိကရက္တစ္အမတ္ေျခာက္ဦးရဲ႕ ေထာက္ခံမဲမရခဲ့ပါက အတည္ျပဳႏုိင္ခဲ့မွာ မဟုတ္ေၾကာင္းလည္း သိရပါတယ္။

ဂ်င္နာဟက္စ္ပဲလ္ (Gina Haspel)

အသက္ ၆၁ ႏွစ္အ႐ြယ္ ဂ်င္နာဟာ စီအုိင္ေအမွာ ၃၃ ႏွစ္ၾကာ အမႈထမ္းခဲ့သူျဖစ္ၿပီး သူမရဲ႕လုပ္သက္ကာလ အမ်ားစုမွာ အသြင္ယူေထာက္လွမ္းသူအျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့ပါတယ္။ ၂၀၀၂ ခုႏွစ္မွာေတာ့ ထုိင္းႏုိင္မွာ ေဆာင္႐ြက္ေနတဲ့ စီအုိင္ေအရဲ႕ 'black site' ပေရာ့ဂ်က္ကုိ တာဝန္ယူႀကီးၾကပ္ရန္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ဂ်င္နာက 'black site' ပေရာ့ဂ်က္ကုိ ႀကီးၾကပ္ခဲ့စဥ္အတြင္း စစ္ေၾကာေမးျမန္းရာမွာ ညွဥ္းပန္းႏွိပ္စက္တဲ့ နည္လမ္းမ်ားသုံးခဲ့ေၾကာင္း ဆီးနိတ္လႊတ္ေတာ္က သုံးသပ္မႈေတြလည္း ႐ွိခဲ့ပါတယ္။

1525723485986.jpg

စီအုိင္ေအလုပ္သက္ ၃၃ ႏွစ္႐ွိၿပီျဖစ္သည့္ ဂ်င္နာဟက္စ္ပဲလ္



၂၀၀၁ ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ ကမာၻ႕ကုန္သြယ္မႈဗဟုိဌာန (World Trade Center) နဲ႕ အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္တို႕ အၾကမ္းဖက္တုိက္ခုိက္ခံခဲ့ရၿပီးေနာက္ပုိင္း အမ်ဳိးသား ၁၁၉ ဦးထက္မနည္းကုိ အေမရိကန္က ညွဥ္းပန္းႏွိပ္စက္ခဲ့ေၾကာင္း ဆီးနိတ္လႊတ္ေတာ္ရဲ႕ ၂၀၁၄ ခုႏွစ္ အစီရင္ခံစာတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

လူ႕အခြင့္အေရးအုပ္စုေတြက ဂ်င္နာဟာ အေမရိကန္က ညွဥ္းပန္းႏွိပ္စက္မႈေတြကုိ ႀကီးၾကပ္ကြပ္ကဲရန္ ထုိင္းႏုိင္ငံကုိသြားေရာက္ခဲ့တယ္လို႕ ေျပာပါတယ္။ သုိ႕ေသာ္ ထုိင္းႏုိင္ငံမွာ လုပ္ေဆာင္ခဲ့တဲ့ 'black site' ပေရာ့ဂ်က္မွာ ၎အေနနဲ႕ မည္သည့္ အခန္းက႑မွ ပါဝင္လုပ္ေဆာင္ခဲ့ေၾကာင္းနဲ႕ ပတ္သက္ၿပီး စီအိုင္ေအက လွ်ဳိ႕ဝွက္အဆင့္အျဖစ္ သတ္မွတ္ထားတာေၾကာင့္ ႐ွင္းလင္းစြာ မသိႏုိင္ဘူးလုိ႕ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs