• International News
    အကာသတပ်ဖွဲ့ ဖွဲ့စည်းရန် အမေရိကန်သမ္မတထရန့်က ပင်တဂွန်စစ်ဌာနချုပ်ကို ညွန်ကြား
Ko John
[Unicode Version]

သမ္မတဒေါ်နယ်ထရန့်က အမေရိကန်အာကာသလုပ်ငန်းတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ကာ လနဲ့အင်္ဂါဂြိုဟ် အပါအဝင် အနာဂတ် အာကာသပြိုင်ပွဲမှာ အမေရိကန်က အသာရနေစေရမယ်လို့ ကြုံးဝါးလိုက်ပြီး ပင်တဂွန်စစ်ဌာနချုပ်ကိုလည်း အာကာသတပ်ဖွဲ့တစ်ဖွဲ့ အသစ်ဖွဲ့စည်းရန် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။

donald-trump--3-.jpg

ထရန့်က "အမေရိကဟာ အာကာသနဲ့ပတ်သက်လို့ အမြဲတမ်း ပထမဆုံးဖြစ်နေမယ်" လို့ ဇွန်လ ၁၈ ရက်က အိမ်ဖြူတော်မိန့်ခွန်းတစ်ရပ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်ရှိ National Space Council မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးနဲ့ အာကာသမူဝါဒဆိုင်ရာညွန်ကြားချက် လက်မှတ်ရေးထိုးခဲ့စဉ် သမ္မတထရန့်က ပြောခဲ့တာဖြစ်ပါတယ်။

"ကျွန်တော်တို့ကို တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံတွေက ဦးဆောင်နေတာ မလိုချင်ပါဘူး၊ ကျွန်တော်တို့ကပဲ အမြဲဦးဆောင်ခဲ့ပါတယ်၊ ကျွန်တော့် အစိုးရအဖွဲ့က အမေရိကဟာ ကမ္ဘာပေါ်မှာ အာကာသနဲ့ပတ်သက်လို့ အတိုးတက်ဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ပုဒ်အမွေကို ပြန်လည်ရယူသွားမှာပါ" လို့ သမ္မတထရန့်က ပြောခဲ့ပါတယ်။

skynews-moon-landing-america_4339532.jpg

တစ်ဆက်တည်းမှာပင် ထရန့်က ပင်တဂွန်စစ်ဌာနချုပ်ကိုလည်း အာကာသတပ်ဖွဲ့ အသစ်ဖွဲ့စည်းရန် ညွှန်ကြားလိုက်ပြီး ထိုတပ်ဖွဲ့ဟာ အမေရိကန်စစ်တပ်ရဲ့ ဆဌမမြောက်တပ်ဖွဲ့ ဖြစ်လာမယ်လို့ဆိုပါတယ်။ သို့သော် ထိုသို့ အာကာသတပ်ဖွဲ့ လက်တွေ့အကောင်အထည်ဖော် ဖွဲ့စည်းရန်အတွက် လွှတ်တော်ရဲ့အတည်ပြုချက် လိုအပ်မှာလည်းဖြစ်ပါတယ်။

အာကာသတပ်ဖွဲ့ စိတ်ကူးကို သမ္မတထရန့်က အစောပိုင်းမှာကတည်းကပင် ပြောဆိုမှုရှိခဲ့ပြီး ပင်တဂွန်စစ်ဌာနချုပ်မှာနဲ့ လွှတ်တော်အမတ်များကြားမှာ အငြင်းပွားစရာ ဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ ထရန့်ကတော့ "ကျွန်တော်တို့ လေတပ်ရှိတယ်၊ ပြီးတော့ ကျွန်တော်တို့ အာကာသတပ်လည်း ရှိမယ်လေ၊ သီးခြားစီးတော့ဖြစ်ပေမဲ့ အတူတူပဲပေါ့" လို့ ထရန့်ကပြောပါတယ်။

063_946163552.jpg

ပင်တဂွန်စစ်ဌာနချုပ်မှ ပြောခွင့်ရအမျိုးသမီး ဒန်နာဝှိုက်ကလည်း ၎င်းတို့အနေနဲ့ အာကာသတပ်ဖွဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးပြင်ဆင်မှုတွေ စတင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ "လွှတ်တော်နဲ့ လုပ်ရမယ့်အပိုင်းကတော့ ဖြည်းဖြည်းချင်းသွားရမှာဖြစ်ပြီး အရေးပါသူတွေထံက သဘောတူညီမှုတွေနဲ့ပေါ့" လို့ ပင်တဂွန်ပြောခွင့်ရ အမျိုးသမီးက ပြောခဲ့ပါတယ်။

[Zawgyi Version]

သမၼတေဒၚနယ္ထရန္႕က အေမရိကန္အာကာသလုပ္ငန္းေတြကုိ ပုိမုိတုိးျမွင့္လုပ္ေဆာင္ကာ လနဲ႕အဂၤါၿဂဳိဟ္ အပါအဝင္ အနာဂတ္ အာကာသၿပဳိင္ပြဲမွာ အေမရိကန္က အသာရေနေစရမယ္လုိ႕ ႀကဳံးဝါးလုိက္ၿပီး ပင္တဂြန္စစ္ဌာနခ်ဳပ္ကုိလည္း အာကာသတပ္ဖြဲ႕တစ္ဖြဲ႕ အသစ္ဖြဲ႕စည္းရန္ ညႊန္ၾကားလိုက္ေၾကာင္း သိရပါတယ္။



ထရန္႕က "အေမရိကဟာ အာကာသနဲ႕ပတ္သက္လုိ႕ အၿမဲတမ္း ပထမဆုံးျဖစ္ေနမယ္" လုိ႕ ဇြန္လ ၁၈ ရက္က အိမ္ျဖဴေတာ္မိန္႕ခြန္းတစ္ရပ္မွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။ အိမ္ျဖဴေတာ္႐ွိ National Space Council မွာ ျပဳလုပ္ခဲ့တဲ့ အစည္းအေဝးနဲ႕ အာကာသမူဝါဒဆုိင္ရာညြန္ၾကားခ်က္ လက္မွတ္ေရးထုိးခဲ့စဥ္ သမၼတထရန္႕က ေျပာခဲ့တာျဖစ္ပါတယ္။

"ကၽြန္ေတာ္တုိ႕ကုိ တ႐ုတ္၊ ႐ု႐ွားနဲ႕ အျခားႏုိင္ငံေတြက ဦးေဆာင္ေနတာ မလုိခ်င္ပါဘူး၊ ကၽြန္ေတာ္တုိ႕ကပဲ အၿမဲဦးေဆာင္ခဲ့ပါတယ္၊ ကၽြန္ေတာ့္ အစိုးရအဖြဲ႕က အေမရိကဟာ ကမာၻေပၚမွာ အာကာသနဲ႕ပတ္သက္လုိ႕ အတုိးတက္ဆုံး ႏုိင္ငံဆုိတဲ့ ဂုဏ္ပုဒ္အေမြကုိ ျပန္လည္ရယူသြားမွာပါ" လုိ႕ သမၼတထရန္႕က ေျပာခဲ့ပါတယ္။



တစ္ဆက္တည္းမွာပင္ ထရန္႕က ပင္တဂြန္စစ္ဌာနခ်ဳပ္ကုိလည္း အာကာသတပ္ဖြဲ႕ အသစ္ဖြဲ႕စည္းရန္ ညႊန္ၾကားလိုက္ၿပီး ထုိတပ္ဖြဲ႕ဟာ အေမရိကန္စစ္တပ္ရဲ႕ ဆဌမေျမာက္တပ္ဖြဲ႕ ျဖစ္လာမယ္လုိ႕ဆုိပါတယ္။ သုိ႕ေသာ္ ထုိသုိ႕ အာကာသတပ္ဖြဲ႕ လက္ေတြ႕အေကာင္အထည္ေဖာ္ ဖြဲ႕စည္းရန္အတြက္ လႊတ္ေတာ္ရဲ႕အတည္ျပဳခ်က္ လိုအပ္မွာလည္းျဖစ္ပါတယ္။

အာကာသတပ္ဖြဲ႕ စိတ္ကူးကုိ သမၼတထရန္႕က အေစာပိုင္းမွာကတည္းကပင္ ေျပာဆုိမႈ႐ွိခဲ့ၿပီး ပင္တဂြန္စစ္ဌာနခ်ဳပ္မွာနဲ႕ လႊတ္ေတာ္အမတ္မ်ားၾကားမွာ အျငင္းပြားစရာ ျဖစ္ေစခဲ့တယ္လုိ႕ဆုိပါတယ္။ ထရန္႕ကေတာ့ "ကၽြန္ေတာ္တုိ႕ ေလတပ္႐ွိတယ္၊ ၿပီးေတာ့ ကၽြန္ေတာ္တုိ႕ အာကာသတပ္လည္း ႐ွိမယ္ေလ၊ သီးျခားစီးေတာ့ျဖစ္ေပမဲ့ အတူတူပဲေပါ့" လုိ႕ ထရန္႕ကေျပာပါတယ္။



ပင္တဂြန္စစ္ဌာနခ်ဳပ္မွ ေျပာခြင့္ရအမ်ဳိးသမီး ဒန္နာဝႈိက္ကလည္း ၎တို႕အေနနဲ႕ အာကာသတပ္ဖြဲ႕ကိစၥနဲ႕ပတ္သက္ၿပီး ေဆြးေႏြးျပင္ဆင္မႈေတြ စတင္လုပ္ေဆာင္သြားမယ္လို႕ ဆုိပါတယ္။ "လႊတ္ေတာ္နဲ႕ လုပ္ရမယ့္အပုိင္းကေတာ့ ျဖည္းျဖည္းခ်င္းသြားရမွာျဖစ္ၿပီး အေရးပါသူေတြထံက သေဘာတူညီမႈေတြနဲ႕ေပါ့" လုိ႕ ပင္တဂြန္ေျပာခြင့္ရ အမ်ဳိးသမီးက ေျပာခဲ့ပါတယ္။



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs