• International News
    သေဆုံးသွားပြီလို့ သတ်မှတ်ခံရတဲ့ ပါရာဂွေးနိုင်ငံမှအမျိုးသား အိမ်ပြန်ရောက်လာ
Ko John
[Unicode Version]

ပါရာဂွေးနိုင်ငံ စန်တာတီရက်ဆာ ကျေးရွာငယ်လေးမှာ မိသားစုက သေဆုံးသွားပြီလို့ သတ်မှတ်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ သုံးရက်ကြာ ပျောက်နေခဲ့ပြီးနောက် နေအိမ်ကိုပြန်ရောက်လာခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ထိုအမျိုးသားဟာ နေအိမ်ကနေထွက်သွားပြီး သုံးရက်ကြာ ပျောက်ဆုံးနေခဲ့ရာ ၎င်းရဲ့အလောင်းလို့ ယူဆရတဲ့ အလောင်းကိုတွေ့ရှိပြီးနောက် မိသားစုက သေဆုံးခဲ့ပြီလို့ သတ်မှတ်ခဲ့ပါတယ်။

_102114850_paraguay9760618.jpg

ဂျူအန်ရာမွန် အယ်ဖွန်ဆိုပီနာရို အမည်ရှိ အသက် ၂၀ အရွယ် အမျိုးသားဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇွန်လ ၁၄ ရက်) မှာ ဘရာဇီးနိုင်ငံနဲ့ နယ်စပ်အနီးရှိ မိသားစုနေအိမ်ကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် နေအိမ်ကိုပြန်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။

ဂျူအန်ရာမွန်ရဲ့ နေအိမ်တည်ရှိရာ ဘရာဇီးနဲ့နယ်စပ်ဒေသဟာ မူးယစ်ဂိုဏ်းများကြား နယ်မြေလုတိုက်ခိုက်မှုတွေ ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။ ဂျူအန်ရာမွန် အိမ်ကိုပြန်ရောက်မလာခြင်းဟာ ပြဿနာတစ်ခုခု ကြုံခဲ့ရတာကြောင့် ဖြစ်မယ်လို့ မိသားစုက ယူဆခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ (ဇွန်လ ၁၇ ရက်) မှာတော့ ရဲတပ်ဖွဲ့က မည်သူမှန်းမသိနိုင်အောင် မီးလောင်ကျွမ်းခံထားရတဲ့ ရုပ်အလောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ မိသားစုနဲ့ ရဲတပ်ဖွဲ့က ထိုအလောင်းဟာ ဂျူအန်ရာမွန် ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။

ထို့နောက်မှာတော့ ဂျူအန်ရာမွန်က နေအိမ်ကိုပြန်ရောက်လာခဲ့ရာ ၎င်းလို့ယူဆထားကြတဲ့ အလောင်းကို အခေါင်းထဲထည့်ထားပြီး ပူဆွေးသောကရောက်နေတဲ့ မိသားစုကိုတွေ့ခဲ့ရပြီး အံ့အားသင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျူအန်ရာမွန်က ထိခိုက်ဒဏ်ရာပင်မရဘဲ ဘေးကင်းစွာ အိမ်ပြန်ရောက်လာခဲ့ပြီးနောက် မည်သူမှန်းမခွဲခြားနိုင်သေးတဲ့ အလောင်းကို ရေခဲတိုက်သို့ ပြန်ပို့ဆောင်ခဲ့ရပါတယ်။ ဂျူအန်ရာမွန်ဟာ သုံးရက်ကြာ ပျောက်ဆုံးနေခဲ့စဉ် မည်သည့်နေရာရောက်ပြီး မည်သည့်ကိစ္စ လုပ်ဆောင်နေခဲ့ကြောင်း မသိရသေးဘူးလို့ဆိုပါတယ်။

[Zawgyi Version]

ပါရာေဂြးႏုိင္ငံ စန္တာတီရက္ဆာ ေက်း႐ြာငယ္ေလးမွာ မိသားစုက ေသဆုံးသြားၿပီလုိ႕ သတ္မွတ္ခဲ့တဲ့ အမ်ဳိးသားတစ္ဦးဟာ သုံးရက္ၾကာ ေပ်ာက္ေနခဲ့ၿပီးေနာက္ ေနအိမ္ကုိျပန္ေရာက္လာခဲ့တဲ့ ကေမာက္ကမ ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ပါတယ္။

ထုိအမ်ဳိးသားဟာ ေနအိမ္ကေနထြက္သြားၿပီး သုံးရက္ၾကာ ေပ်ာက္ဆုံးေနခဲ့ရာ ၎ရဲ႕အေလာင္းလုိ႕ ယူဆရတဲ့ အေလာင္းကုိေတြ႕႐ွိၿပီးေနာက္ မိသားစုက ေသဆုံးခဲ့ၿပီလို႕ သတ္မွတ္ခဲ့ပါတယ္။



ဂ်ဴအန္ရာမြန္ အယ္ဖြန္ဆုိပီနာ႐ုိ အမည္႐ွိ အသက္ ၂၀ အ႐ြယ္ အမ်ဳိးသားဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႕ (ဇြန္လ ၁၄ ရက္) မွာ ဘရာဇီးႏုိင္ငံနဲ႕ နယ္စပ္အနီး႐ွိ မိသားစုေနအိမ္ကေန ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။ ထုိ႕ေနာက္ ေနအိမ္ကုိျပန္ေရာက္မလာဘဲ ေပ်ာက္ဆုံးေနခဲ့ပါတယ္။

ဂ်ဴအန္ရာမြန္ရဲ႕ ေနအိမ္တည္႐ွိရာ ဘရာဇီးနဲ႕နယ္စပ္ေဒသဟာ မူးယစ္ဂုိဏ္းမ်ားၾကား နယ္ေျမလုတုိက္ခုိက္မႈေတြ ျဖစ္ပြားေလ့႐ွိတယ္လို႕ ဆုိပါတယ္။ ဂ်ဴအန္ရာမြန္ အိမ္ကိုျပန္ေရာက္မလာျခင္းဟာ ျပႆနာတစ္ခုခု ႀကဳံခဲ့ရတာေၾကာင့္ ျဖစ္မယ္လုိ႕ မိသားစုက ယူဆခဲ့ၾကပါတယ္။

တနဂၤေႏြေန႕ (ဇြန္လ ၁၇ ရက္) မွာေတာ့ ရဲတပ္ဖြဲ႕က မည္သူမွန္းမသိႏုိင္ေအာင္ မီးေလာင္ကၽြမ္းခံထားရတဲ့ ႐ုပ္အေလာင္းတစ္ခုကုိ ႐ွာေဖြေတြ႕႐ွိခဲ့ၾကပါတယ္။ မိသားစုနဲ႕ ရဲတပ္ဖြဲ႕က ထုိအေလာင္းဟာ ဂ်ဴအန္ရာမြန္ ျဖစ္တယ္လုိ႕ ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။

ထုိ႕ေနာက္မွာေတာ့ ဂ်ဴအန္ရာမြန္က ေနအိမ္ကုိျပန္ေရာက္လာခဲ့ရာ ၎လုိ႕ယူဆထားၾကတဲ့ အေလာင္းကုိ အေခါင္းထဲထည့္ထားၿပီး ပူေဆြးေသာကေရာက္ေနတဲ့ မိသားစုကိုေတြ႕ခဲ့ရၿပီး အံ့အားသင့္ခဲ့တယ္လုိ႕ ဆုိပါတယ္။

ဂ်ဴအန္ရာမြန္က ထိခိုက္ဒဏ္ရာပင္မရဘဲ ေဘးကင္းစြာ အိမ္ျပန္ေရာက္လာခဲ့ၿပီးေနာက္ မည္သူမွန္းမခြဲျခားႏုိင္ေသးတဲ့ အေလာင္းကုိ ေရခဲတုိက္သုိ႕ ျပန္ပုိ႕ေဆာင္ခဲ့ရပါတယ္။ ဂ်ဴအန္ရာမြန္ဟာ သုံးရက္ၾကာ ေပ်ာက္ဆုံးေနခဲ့စဥ္ မည္သည့္ေနရာေရာက္ၿပီး မည္သည့္ကိစၥ လုပ္ေဆာင္ေနခဲ့ေၾကာင္း မသိရေသးဘူးလုိ႕ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs