• International News
    ပါရီ ရထားပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးကို အသက် ၂၅ နှစ်အထိ အခမဲ့ ရထားစီးခွင့်ပြု
Ko John
[Unicode Version]

ပြင်သစ်နိုင်ငံ ပါရီမြို့မှာပြေးဆွဲတဲ့ ရထားတစ်စင်းပေါ်မှာ မွေးဖွားခဲ့တဲ့ ယောက်ျားလေးကလေးငယ်ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီက အသက် ၂၅ နှစ်အထိ အခမဲ့ ရထားစီးခွင့်ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

_102105259_gettyimages-98116399.jpg

RATP ကုမ္ပဏီက ပါရီမြို့လယ်ရှိ Auber ဘူတာရုံမှာ ခရီးသည်တစ်ဦး နေမကောင်းဖြစ်ခဲ့တယ်လို့ Twitter မှာ စတင်ရေးသားခဲ့ပါတယ်။ ထို့နောက်မှာတော့ ဘူတာရုံရှိ ရထားတစ်စင်းပေါ်မှာ မမျှော်လင့်ဘဲ ကလေးတစ်ဦး မွေးဖွားခဲ့ပြီးနောက် RER A ရထားလမ်းကြောင်းမှာ သွားလာမှုများ ဆိုင်းငံ့ထားကြောင်း RATP က Twitter မှာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး RATP က ၎င်းရဲ့ ရထားပေါ်မှာ အောင်မြင်စွာ ကလေးမွေးဖွားခဲ့တဲ့ မိခင်ဖြစ်သူကို ဂုဏ်ပြုခဲ့ပြီး ယောက်ျားလေးကလေးငယ်ကို အခမဲ့ ရထားစီးနင်း ခရီးသွားလာခွင့် ပေးအပ်လိုက်ပါတယ်။ ကလေးငယ်ဟာ RATP ရထားပေါ်မှာ ဇွန်လ ၁၈ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၀ မိနစ်အချိန်က မွေးဖွားခဲ့ကြောင်း သိရပါတယ်။

France Suburban Train.jpg

မိခင်ဖြစ်သူကို ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်အချို့၊ အရေးပေါ်ဝန်ထမ်းများနဲ့ ရထားဝန်ထမ်းတွေ ကူညီပေးခဲ့ကြပါတယ်။ ရထားပေါ်မှာ ကလေးမွေးဖွားနေစဉ် အသွားအပြန် လမ်းကြောင်းနှစ်ခုလုံးမှ ရထားခရီးစဉ်တွေကို ရပ်ဆိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့သိရသလောက် မိခင်ရော ကလေးပါ ကျန်းမာပါတယ်" လို့ RATP ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ ပါရီဒေသဆိုင်ရာကောင်စီ အကြီးအကဲ Valerie Pécresse က ကလေးမိခင်နဲ့ ခရီးသည်တွေကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။

[Zawgyi Version]

ျပင္သစ္ႏုိင္ငံ ပါရီၿမဳိ႕မွာေျပးဆြဲတဲ့ ရထားတစ္စင္းေပၚမွာ ေမြးဖြားခဲ့တဲ့ ေယာက္်ားေလးကေလးငယ္ကုိ အမ်ားျပည္သူ သယ္ယူပုိ႕ေဆာင္ေရးကုမၸဏီက အသက္ ၂၅ ႏွစ္အထိ အခမဲ့ ရထားစီးခြင့္ေပးအပ္လိုက္တယ္လုိ႕ ဆုိပါတယ္။



RATP ကုမၸဏီက ပါရီၿမဳိ႕လယ္႐ွိ Auber ဘူတာ႐ုံမွာ ခရီးသည္တစ္ဦး ေနမေကာင္းျဖစ္ခဲ့တယ္လုိ႕ Twitter မွာ စတင္ေရးသားခဲ့ပါတယ္။ ထုိ႕ေနာက္မွာေတာ့ ဘူတာ႐ုံ႐ွိ ရထားတစ္စင္းေပၚမွာ မေမွ်ာ္လင့္ဘဲ ကေလးတစ္ဦး ေမြးဖြားခဲ့ၿပီးေနာက္ RER A ရထားလမ္းေၾကာင္းမွာ သြားလာမႈမ်ား ဆုိင္းငံ့ထားေၾကာင္း RATP က Twitter မွာ ေျပာခဲ့ပါတယ္။

ဆက္လက္ၿပီး RATP က ၎ရဲ႕ ရထားေပၚမွာ ေအာင္ျမင္စြာ ကေလးေမြးဖြားခဲ့တဲ့ မိခင္ျဖစ္သူကုိ ဂုဏ္ျပဳခဲ့ၿပီး ေယာက္်ားေလးကေလးငယ္ကုိ အခမဲ့ ရထားစီးနင္း ခရီးသြားလာခြင့္ ေပးအပ္လိုက္ပါတယ္။ ကေလးငယ္ဟာ RATP ရထားေပၚမွာ ဇြန္လ ၁၈ ရက္ ေဒသစံေတာ္ခ်ိန္ မနက္ ၁၁ နာရီ ၄၀ မိနစ္အခ်ိန္က ေမြးဖြားခဲ့ေၾကာင္း သိရပါတယ္။



မိခင္ျဖစ္သူကုိ ရထားေပၚမွာ လုိက္ပါလာတဲ့ ခရီးသည္အခ်ဳိ႕၊ အေရးေပၚဝန္ထမ္းမ်ားနဲ႕ ရထားဝန္ထမ္းေတြ ကူညီေပးခဲ့ၾကပါတယ္။ ရထားေပၚမွာ ကေလးေမြးဖြားေနစဥ္ အသြားအျပန္ လမ္းေၾကာင္းႏွစ္ခုလုံးမွ ရထားခရီးစဥ္ေတြကုိ ရပ္ဆုိင္းထားခဲ့တယ္လုိ႕ ဆုိပါတယ္။

"ကၽြန္ေတာ္တုိ႕သိရသေလာက္ မိခင္ေရာ ကေလးပါ က်န္းမာပါတယ္" လုိ႕ RATP ေျပာခြင့္ရအမ်ဳိးသားက ေျပာပါတယ္။ ပါရီေဒသဆုိင္ရာေကာင္စီ အႀကီးအကဲ Valerie Pécresse က ကေလးမိခင္နဲ႕ ခရီးသည္ေတြကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs