• International News
    အယ်လ်ဂျီးရီးယားမှာ အထက်တန်းစာမေးပွဲဖြေဆိုနေစဉ် အင်တာနက်စနစ် ဖြတ်တောက်ထား
Ko John
[Unicode Version]

အယ်လ်ဂျီးရီးယားမှာ နိုင်ငံတစ်ဝှမ်း အထက်တန်းစာမေးပွဲများ ဖြေဆိုနေစဉ်အတွင်း မသမာတဲ့နည်းလမ်း အသုံးမပြုနိုင်စေရန် အင်တာနက်စနစ်ကို ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

_102136298_gettyimages-966193964.jpg

အယ်လ်ဂျီးရီးယား ပညာရေးဝန်ကြီး နူရီယာဘင်ဂ်ဟာဘရစ်တ်



မိုဘိုင်းနဲ့ နေရာအရောက်တပ်ဆင်ထားတဲ့ အင်တာနက်ဝန်ဆောင်မှု နှစ်ခုလုံးကို စားမေးပွဲစတင်ပြီး တစ်နာရီကြာတဲ့အထိ ဖြတ်တောက်ထားမယ်လို့ သိရပါတယ်။ ထိုသို့ အင်တာနက်ဖြတ်တောက်မှုကို အယ်လ်ဂျီးယားမှာ အထက်တန်းစာမေးပွဲများ စစ်ဆေးနေတဲ့ ဇွန်လ ၂၀ ရက်မှ ၂၅ ရက်အထိ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

algeria-turns-off-internet-for-high-school-exams.jpg

အယ်လ်ဂျီးရီးယားမှာ ၂၀၁၆ ခုနှစ် အထက်တန်းစာမေးပွဲများ စစ်ဆေးခဲ့စဉ်က စာမေးပွဲမတိုင်မီနဲ့ စာမေးပွဲဖြေဆိုနေစဉ်အတွင်း အွန်လိုင်းမှာ မေးခွန်းများပေါက်ကြား ပျံ့နှံ့ခဲ့ဖူးပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်ပါတယ်။

ယမန်နှစ်က အထက်တန်းစာမေးပွဲများ စစ်ဆေးချိန်မှာ ဆိုရှယ်မီဒီယာများ အသုံးမပြုနိုင်အောင် ပိတ်ပင်ခဲ့သေးပေမဲ့ မသမာတဲ့နည်းဖြင့် စာမေးပွဲဖြေဆိုမှုတွေကို လုံလောက်တဲ့ ဟန့်တားမှုမပြုနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ထို့ကြောင့် ယခုနှစ် အထက်တန်းစာမေးပွဲများ ဖြေဆိုနေစဉ်အတွင်း အင်တာနက်ဖြတ်တောက်ထားရန် စီစဉ်လာခဲ့တာလည်း ဖြစ်ပါတယ်။

စာမေးပွဲရက်များအတွင်း Facebook ကို တစ်နိုင်ငံလုံး အသုံးမပြုနိုင်အောင် ပိတ်ပင်ထားမယ်လို့ အယ်လ်ဂျီးရီးယား ပညာရေးဝန်ကြီး နူရီယာဘင်ဂ်ဟာဘရစ်တ်က Annahar သတင်းစာကို ပြောခဲ့ပါတယ်။

ipanews_5606af50-2c57-429f-9f47-5e9a74fa2a8c_1.jpg

စာမေးပွဲဖြေဆိုနေစဉ် ကျောင်းသူကျောင်းသားတွေနဲ့ စာသင်ကျောင်းဝန်ထမ်းတွေရဲ့ အင်တာနက်ချိတ်ဆက်နိုင်တဲ့ အီလက်ထရောနစ် အသုံးအဆောင်အားလုံးကိုလည်း အသုံးမပြုရန် ပိတ်ပင်ထားကြောင်း သိရပါတယ်။

အယ်လ်ဂျီးရီးယားရှိ အထက်တန်းစာမေးပွဲများ ဖြေဆိုကြတဲ့ စာစစ်ဌာန ၂,၀၀၀ ရဲ့ ဝင်ပေါက်တွေမှာလည်း သတ္တုရှာဖွေရေးကိရိယာများ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာမေးပွဲမေးခွန်းများရိုက်နှိပ်တဲ့ ပုံနှိပ်စက်များမှာ စောင့်ကြည့်ကင်မရာတွေနဲ့ မိုဘိုင်းဖုန်းလိုင်းဖြတ်တောက်တဲ့ ကိရိယာများလည်း တပ်ဆင်ထားခဲ့ကြောင်း ပညာရေးဝန်ကြီးက ပြောပါတယ်။

အယ်လ်ဂျီးရီးယားမှာ အထက်တန်းစာမေးပွဲကို ကျောင်းသူကျောင်းသား ၇၀၀,၀၀၀ ဝင်ရောက်ဖြေဆိုကြပြီး ဇူလိုင်လ ၂၂ ရက်မှာ အောင်စာရင်းထွက်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။

[Zawgyi Version]

အယ္လ္ဂ်ီးရီးယားမွာ ႏုိင္ငံတစ္ဝွမ္း အထက္တန္းစာေမးပြဲမ်ား ေျဖဆုိေနစဥ္အတြင္း မသမာတဲ့နည္းလမ္း အသုံးမျပဳႏုိင္ေစရန္ အင္တာနက္စနစ္ကုိ ျဖတ္ေတာက္ထားတယ္လို႕ ဆုိပါတယ္။

အယ္လ္ဂ်ီးရီးယား ပညာေရးဝန္ႀကီး ႏူရီယာဘင္ဂ္ဟာဘရစ္တ္



မုိဘိုင္းနဲ႕ ေနရာအေရာက္တပ္ဆင္ထားတဲ့ အင္တာနက္ဝန္ေဆာင္မႈ ႏွစ္ခုလုံးကုိ စားေမးပြဲစတင္ၿပီး တစ္နာရီၾကာတဲ့အထိ ျဖတ္ေတာက္ထားမယ္လုိ႕ သိရပါတယ္။ ထုိသုိ႕ အင္တာနက္ျဖတ္ေတာက္မႈကုိ အယ္လ္ဂ်ီးယားမွာ အထက္တန္းစာေမးပြဲမ်ား စစ္ေဆးေနတဲ့ ဇြန္လ ၂၀ ရက္မွ ၂၅ ရက္အထိ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။



အယ္လ္ဂ်ီးရီးယားမွာ ၂၀၁၆ ခုႏွစ္ အထက္တန္းစာေမးပြဲမ်ား စစ္ေဆးခဲ့စဥ္က စာေမးပြဲမတုိင္မီနဲ႕ စာေမးပြဲေျဖဆုိေနစဥ္အတြင္း အြန္လုိင္းမွာ ေမးခြန္းမ်ားေပါက္ၾကား ပ်ံ႕ႏွံ႕ခဲ့ဖူးၿပီးေနာက္ သက္ဆုိင္ရာ အာဏာပိုင္ေတြက ယခုကဲ့သုိ႕ ေဆာင္႐ြက္လာျခင္းျဖစ္ပါတယ္။

ယမန္ႏွစ္က အထက္တန္းစာေမးပြဲမ်ား စစ္ေဆးခ်ိန္မွာ ဆုိ႐ွယ္မီဒီယာမ်ား အသုံးမျပဳႏုိင္ေအာင္ ပိတ္ပင္ခဲ့ေသးေပမဲ့ မသမာတဲ့နည္းျဖင့္ စာေမးပြဲေျဖဆုိမႈေတြကုိ လုံေလာက္တဲ့ ဟန္႕တားမႈမျပဳႏုိင္ခဲ့ဘူးလုိ႕ ဆုိပါတယ္။ ထုိ႕ေၾကာင့္ ယခုႏွစ္ အထက္တန္းစာေမးပြဲမ်ား ေျဖဆုိေနစဥ္အတြင္း အင္တာနက္ျဖတ္ေတာက္ထားရန္ စီစဥ္လာခဲ့တာလည္း ျဖစ္ပါတယ္။

စာေမးပြဲရက္မ်ားအတြင္း Facebook ကုိ တစ္ႏုိင္ငံလုံး အသုံးမျပဳႏုိင္ေအာင္ ပိတ္ပင္ထားမယ္လုိ႕ အယ္လ္ဂ်ီးရီးယား ပညာေရးဝန္ႀကီး ႏူရီယာဘင္ဂ္ဟာဘရစ္တ္က Annahar သတင္းစာကုိ ေျပာခဲ့ပါတယ္။



စာေမးပြဲေျဖဆုိေနစဥ္ ေက်ာင္းသူေက်ာင္းသားေတြနဲ႕ စာသင္ေက်ာင္းဝန္ထမ္းေတြရဲ႕ အင္တာနက္ခ်ိတ္ဆက္ႏုိင္တဲ့ အီလက္ထေရာနစ္ အသုံးအေဆာင္အားလုံးကုိလည္း အသုံးမျပဳရန္ ပိတ္ပင္ထားေၾကာင္း သိရပါတယ္။

အယ္လ္ဂ်ီးရီးယား႐ွိ အထက္တန္းစာေမးပြဲမ်ား ေျဖဆုိၾကတဲ့ စာစစ္ဌာန ၂,၀၀၀ ရဲ႕ ဝင္ေပါက္ေတြမွာလည္း သတၱဳ႐ွာေဖြေရးကိရိယာမ်ား တပ္ဆင္ထားတယ္လို႕ ဆုိပါတယ္။ ဒါ့အျပင္ စာေမးပြဲေမးခြန္းမ်ား႐ုိက္ႏွိပ္တဲ့ ပုံႏွိပ္စက္မ်ားမွာ ေစာင့္ၾကည့္ကင္မရာေတြနဲ႕ မုိဘုိင္းဖုန္းလုိင္းျဖတ္ေတာက္တဲ့ ကိရိယာမ်ားလည္း တပ္ဆင္ထားခဲ့ေၾကာင္း ပညာေရးဝန္ႀကီးက ေျပာပါတယ္။

အယ္လ္ဂ်ီးရီးယားမွာ အထက္တန္းစာေမးပြဲကုိ ေက်ာင္းသူေက်ာင္းသား ၇၀၀,၀၀၀ ဝင္ေရာက္ေျဖဆိုၾကၿပီး ဇူလုိင္လ ၂၂ ရက္မွာ ေအာင္စာရင္းထြက္မယ္လုိ႕ ေမွ်ာ္လင့္ရေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs