• International News
    သမီးဦးလေး မွေးဖွားခဲ့တဲ့ အသက်အငယ်ဆုံး နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ
Ko John
[Unicode Version]

နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန်းက သူမရဲ့ ပထမဆုံးကလေးအဖြစ် သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။

2018-06-21_201032.jpg

နယူးဇီလန်ဝန်ကြီးချုပ် တင်ထားသည့် Instagram ပို့စ်ကို တွေ့ရစဉ်



ဝန်ကြီးချုပ်ဂျက်စင်ဒါက ယနေ့ (ဇွန်လ ၂၁ ရက်) အစောပိုင်းမှာ အုတ်ကလန်မြို့ရှိ ဆေးရုံတစ်ရုံသို့တက်ရောက်ခဲ့ပြီး သမီးဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ်ရဲ့သမီးလေးဟာ ၇.၃ ပေါင် ကိုယ်အလေးချိန်ရှိတယ်လို့ သိရပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါဟာ သမီးဦးလေး မွေးဖွားခဲ့ပြီးနောက် ယနေ့ခေတ်သစ်သမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်နေစဉ် ကလေးမွေးဖွားခဲ့တဲ့ ဒုတိယမြောက် ရွေးကောက်ခံခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

1516320910428.jpg

ဝန်ကြီးချုပ် ဂျက်စင်ဒါနှင့် လက်တွဲဖော်အမျိုးသား ကလက်ခ်



အသက် ၃၇ နှစ်အရွယ် လေဘာပါတီခေါင်းဆောင် ဂျက်စင်ဒါဟာ ၁၈၅၆ ခုနှစ်နောက်ပိုင်း နယူးဇီလန်ရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်းဖြစ်ပါတယ်။ သမီးဦးလေးကို မွေးဖွားပြီးနောက် ဝန်ကြီးချုပ်ဂျက်စင်ဒါက ရက်သတ္တပတ်ခြောက်ပတ်ကြာ မီးဖွားခွင့်ယူမှာဖြစ်ပြီး သူမရဲ့ တာဝန်တွေကို လက်ထောက်ဝန်ကြီးချုပ် ဝင်စတန်ပီတာစ်ထံ လွှဲပြောင်းပေးထားပါတယ်။

မီးဖွားခွင့်ယူထားပေမဲ့လည်း ဂျက်စင်ဒါက အရေးကြီးတဲ့ကိစ္စတွေကို အကြံပေးသွားမှာဖြစ်ပြီး အစိုးရအဖွဲ့ အစီရင်ခံစာတွေကိုလည်း ပုံမှန်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ဂျက်စင်ဒါရဲ့ သမီးဦးလေးကို ယနေ့မနက် ဒေသစံတော်ချိန် ၄ နာရီ ၄၅ မိနစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

jacinda-ardern-speech-start-NEWSHUB-1120.jpg

လေဘာပါတီခေါင်းဆောင်ဖြစ်ခဲ့သည့် ဂျက်စင်ဒါ



ဂျက်စင်ဒါက သမီးဦးလေး မွေးဖွားခဲ့တဲ့သတင်းကို ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး သူမဟာ အလွန်ကံကောင်းတယ်လို့ ခံစားခဲ့ရကြောင်းနဲ့ ဆေးရုံဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောခဲ့ပါတယ်။

ယမန်နှစ် အောက်တိုဘာလမှာ နယူးဇီလန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ ဂျက်စင်ဒါက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သူမနဲ့ အတူနေလက်တွဲဖော် ကလက်ခ်ဂေးဖော့ဒ်တို့ ကလေးတစ်ဦးရရှိတော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဂျက်စင်ဒါဟာ လေဘာပါတီခေါင်းဆောင်အဖြစ် သြဂုတ် ၁ ရက်မှာ တင်မြှောက်ခံခဲ့ရပြီးနောက် ၃ လအတွင်းမှာပင် နယူးဇီလန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

ဂျက်စင်ဒါ အာဒန်းရဲ့ အချက်အလက်အချို့

- ဆယ်ကျော်သက်အရွယ်ကတည်းက လက်ဝဲဝါဒီ နိုင်ငံရေးနယ်ပယ်မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဗြိတိန်မှာ ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲရဲ့ မူဝါဒဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။

- ၂၀၀၈ ခုနှစ်က အသက် ၂၈ နှစ်အရွယ်ဖြင့် လွှတ်တော်အမတ် ဖြစ်လာခဲ့ပါတယ်။

- ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှာ လေဘာပါတီခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။

- ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း သာတူညီမျှဖြစ်မှု၊ ဈေးနှုန်းသင့်တင့်တဲ့ နေအိမ်များဆောက်လုပ်မှု၊ ကျောင်းသားများကြွေးမြီကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

- အမျိုးသမီးဝါဒနဲ့ စိတ်ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး ထိန်းသိမ်းမှုမရှိဘဲ ပြေဆိုတတ်သူလို့ ဆိုပါတယ်။

- Mormon ဘာသာရေးဂိုဏ်းဝင် ဖြစ်ခဲ့ဖူးပေမဲ့ လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို အဆိုပါဂိုဏ်းက လက်မခံတာကြောင့် နုတ်ထွက်သူ ဖြစ်ပါတယ်။

[Zawgyi Version]

နယူးဇီလန္ႏုိင္ငံဝန္ႀကီးခ်ဳပ္ ဂ်က္စင္ဒါအာဒန္းက သူမရဲ႕ ပထမဆုံးကေလးအျဖစ္ သမီးေလးတစ္ဦးကုိ ေမြးဖြားခဲ့ပါတယ္။

နယူးဇီလန္ဝန္ႀကီးခ်ဳပ္ တင္ထားသည့္ Instagram ပုိ႕စ္ကုိ ေတြ႕ရစဥ္



ဝန္ႀကီးခ်ဳပ္ဂ်က္စင္ဒါက ယေန႕ (ဇြန္လ ၂၁ ရက္) အေစာပုိင္းမွာ အုတ္ကလန္ၿမဳိ႕႐ွိ ေဆး႐ုံတစ္႐ုံသုိ႕တက္ေရာက္ခဲ့ၿပီး သမီးဦးေလးကုိ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ရဲ႕သမီးေလးဟာ ၇.၃ ေပါင္ ကုိယ္အေလးခ်ိန္႐ွိတယ္လို႕ သိရပါတယ္။

နယူးဇီလန္ဝန္ႀကီးခ်ဳပ္ ဂ်က္စင္ဒါဟာ သမီးဦးေလး ေမြးဖြားခဲ့ၿပီးေနာက္ ယေန႕ေခတ္သစ္သမုိင္းတစ္ေလွ်ာက္ တာဝန္ထမ္းေဆာင္ေနစဥ္ ကေလးေမြးဖြားခဲ့တဲ့ ဒုတိယေျမာက္ ေ႐ြးေကာက္ခံေခါင္းေဆာင္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဂ်က္စင္ဒါႏွင့္ လက္တြဲေဖာ္အမ်ဳိးသား ကလက္ခ္



အသက္ ၃၇ ႏွစ္အ႐ြယ္ ေလဘာပါတီေခါင္းေဆာင္ ဂ်က္စင္ဒါဟာ ၁၈၅၆ ခုႏွစ္ေနာက္ပိုင္း နယူးဇီလန္ရဲ႕ အသက္အငယ္ဆုံး ဝန္ႀကီးခ်ဳပ္လည္းျဖစ္ပါတယ္။ သမီးဦးေလးကုိ ေမြးဖြားၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ဂ်က္စင္ဒါက ရက္သတၱပတ္ေျခာက္ပတ္ၾကာ မီးဖြားခြင့္ယူမွာျဖစ္ၿပီး သူမရဲ႕ တာဝန္ေတြကုိ လက္ေထာက္ဝန္ႀကီးခ်ဳပ္ ဝင္စတန္ပီတာစ္ထံ လႊဲေျပာင္းေပးထားပါတယ္။

မီးဖြားခြင့္ယူထားေပမဲ့လည္း ဂ်က္စင္ဒါက အေရးႀကီးတဲ့ကိစၥေတြကို အႀကံေပးသြားမွာျဖစ္ၿပီး အစိုးရအဖြဲ႕ အစီရင္ခံစာေတြကုိလည္း ပုံမွန္ၾကည့္႐ႈသြားမယ္လုိ႕ ဆုိပါတယ္။ ဝန္ႀကီးခ်ဳပ္ဂ်က္စင္ဒါရဲ႕ သမီးဦးေလးကုိ ယေန႕မနက္ ေဒသစံေတာ္ခ်ိန္ ၄ နာရီ ၄၅ မိနစ္မွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။

ေလဘာပါတီေခါင္းေဆာင္ျဖစ္ခဲ့သည့္ ဂ်က္စင္ဒါ



ဂ်က္စင္ဒါက သမီးဦးေလး ေမြးဖြားခဲ့တဲ့သတင္းကုိ ဆုိ႐ွယ္မီဒီယာမွာ ေရးသားခဲ့ၿပီး သူမဟာ အလြန္ကံေကာင္းတယ္လို႕ ခံစားခဲ့ရေၾကာင္းနဲ႕ ေဆး႐ုံဝန္ထမ္းေတြကုိ ေက်းဇူးတင္ေၾကာင္းလည္း ေျပာခဲ့ပါတယ္။

ယမန္ႏွစ္ ေအာက္တုိဘာလမွာ နယူးဇီလန္ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးေကာက္ခံခဲ့ရတဲ့ ဂ်က္စင္ဒါက ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္း သူမနဲ႕ အတူေနလက္တြဲေဖာ္ ကလက္ခ္ေဂးေဖာ့ဒ္တုိ႕ ကေလးတစ္ဦးရ႐ွိေတာ့မယ္လုိ႕ ေၾကညာခဲ့ပါတယ္။

ဂ်က္စင္ဒါဟာ ေလဘာပါတီေခါင္းေဆာင္အျဖစ္ ၾသဂုတ္ ၁ ရက္မွာ တင္ေျမွာက္ခံခဲ့ရၿပီးေနာက္ ၃ လအတြင္းမွာပင္ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ ျဖစ္လာခဲ့ပါတယ္။

ဂ်က္စင္ဒါ အာဒန္းရဲ႕ အခ်က္အလက္အခ်ဳိ႕

- ဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက လက္ဝဲဝါဒီ ႏုိင္ငံေရးနယ္ပယ္မွာ ပါဝင္လႈပ္႐ွားခဲ့ပါတယ္။ ၿဗိတိန္မွာ ဝန္ႀကီးခ်ဳပ္ေဟာင္းတုိနီဘလဲရဲ႕ မူဝါဒဆုိင္ရာ အႀကံေပးအျဖစ္ လုပ္ကုိင္ခဲ့ဖူးပါတယ္။

- ၂၀၀၈ ခုႏွစ္က အသက္ ၂၈ ႏွစ္အ႐ြယ္ျဖင့္ လႊတ္ေတာ္အမတ္ ျဖစ္လာခဲ့ပါတယ္။

- ၂၀၁၇ ခုႏွစ္၊ ဇူလုိင္ ၃၁ ရက္မွာ ေလဘာပါတီေခါင္းေဆာင္ ျဖစ္ခဲ့ပါတယ္။

- ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးမႈအတြင္း သာတူညီမွ်ျဖစ္မႈ၊ ေစ်းႏႈန္းသင့္တင့္တဲ့ ေနအိမ္မ်ားေဆာက္လုပ္မႈ၊ ေက်ာင္းသားမ်ားေၾကြးၿမီကိစၥရပ္ေတြကုိ ဦးစားေပးေဆာင္႐ြက္မယ္လုိ႕ ေျပာဆုိခဲ့ပါတယ္။

- အမ်ဳိးသမီးဝါဒနဲ႕ စိတ္က်န္းမာေရးတုိ႕နဲ႕ ပတ္သက္ၿပီး ထိန္းသိမ္းမႈမ႐ွိဘဲ ေျပဆုိတတ္သူလုိ႕ ဆုိပါတယ္။

- Mormon ဘာသာေရးဂုိဏ္းဝင္ ျဖစ္ခဲ့ဖူးေပမဲ့ လိင္တူခ်င္း လက္ထပ္ထိမ္းျမားမႈကုိ အဆိုပါဂုိဏ္းက လက္မခံတာေၾကာင့္ ႏုတ္ထြက္သူ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs