• International News
    အင်ဒိုကူးတို့ရေယာဉ်နစ်မြုပ်မှု ရေယာဉ်မှူးကို ဖမ်းဆီးစစ်ဆေး၊ လူ ၂၀၀ နီးပါး ပျောက်ဆုံးနေဆဲဖြစ်
Ko John
[Unicode Version]

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ တိုဘာရေအိုင်ကြီး (Lake Toba) အတွင်း နစ်မြုပ်ခဲ့တဲ့ ကူးတို့ရေယာဉ်ရဲ့ ရေယာဉ်မှူးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းလိုက်ကြောင်း အာဏာပိုင်တွေက ဇွန်လ ၂၁ ရက်မှာ ပြောပါတယ်။

2018-06-21_235030.jpg

ဇွန်လ ၁၈ ရက် ညနေပိုင်းက တိုဘာရေအိုင်ကြီးအတွင်း ခရီးသည်များ အဆမတန် တင်ဆောင်ထားတဲ့ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ရာ လက်ရှိအချိန်ထိ ရေယာဉ်မှူး Tua Sagala အပါအဝင် လူ ၁၈ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ဇွန်လ ၂၁ ရက်အထိ လူသုံးဦးသေဆုံးကြောင်း အတည်ပြုထားပါတယ်။

ဇွန်လ ၂၁ ရက် မနက်ပိုင်းမှာ အာဏာပိုင်တွေက ခန့်မှန်းပြောကြားခဲ့မှုအရ ကူးတို့ရေယာဉ်နစ်မြုပ်မှုအတွင်း ကလေးများအပါအဝင် လူ ၁၉၃ ဦး ပျောက်ဆုံးနေပြီး ယခုဖြစ်ရပ်ဟာ အင်ဒိုနီးရှားမှာ လူသေဆုံးမှုအများဆုံး ကူးတို့ရေယာဉ် မတော်တဆမှုတစ်ခုလည်း ဖြစ်လာနိုင်ကြောင်း သိရပါတယ်။

search-teams-continue-to-hunt-for-bodies-in-indonesia-s-lake-toba---which-is-up-to-500-metres-deep-in-places---as-authorities-detained-the-captain-of-the-overloaded-ferry-that-sank-monday-1529557085129-3.jpg

လူအများအပြားဟာ နစ်မြုပ်သွားတဲ့ ကူးတို့ရေယာဉ်အတွင်း ပိတ်မိခဲ့ကြဖွယ်ရှိကြောင်း ဒေသခံသတင်းတွေက ပြောပါတယ်။ သစ်သားဖြင့်ပြုလုပ်ထားတဲ အင်ဒိုနီးရှား ဒေသတွင်းသုံး ကူးတို့ရေယာဉ်ဟာ ခရီးသည်နဲ့ကုန်ပစ္စည်းစာရင်း သို့မဟုတ် ခရီးသည်လက်မှတ်များဖြင့် တရားဝင် ပြေးဆွဲနေခြင်းမဟုတ်ဘူးလို့ ဆိုပါတယ်။

2018-06-21_235146.jpg

နစ်မြုပ်ခဲ့တဲ့ ရေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်အရေအတွက်ဟာလည်း မိသားစုတွေက ၎င်းတို့ရဲ့ ဆွေးမျိုးသားချင်းများ ပျောက်ဆုံးနေကြောင်း သတင်းပို့မှုအပေါ် မူတည်ပြီး ရေတွက်ထားခြင်းဖြစ်ပါတယ်။ ဒေသခံမိသားစုတွေက ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားချင်းတွေဟာ နစ်မြုပ်သွားတဲ့ ကူးတို့ရေယာဉ်ပေါ်မှာ ပါသွားခဲ့နိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

2018-06-21_235131.jpg

အကယ်၍ အတည်ပြုနိုင်ခဲ့ပါကလည်း နစ်မြုပ်သွားတဲ့ ကူးတို့ရေယာဉ်ပေါ်မှာ ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ မော်တော်ဆိုင်ကယ်တွေလည်း တင်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကူးတို့ရေယာဉ်ဟာ တင်ဆောင်နိုင်တဲ့ သတ်မှတ်ခရီးသည် အရေအတွက်ထက် လေးဆ သို့မဟုတ် ငါးဆအထိ ခရီးသည်များ အဆမတန် တင်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

နစ်မြုပ်ခဲ့တဲ့ ကူးတို့ရေယာဉ်ဟာ ခရီးသည် ၆၀ သာ တင်ဆောင်ခွင့်ဖြင့် လိုင်စင်ပြုလုပ်ထားခြင်းဖြစ်ပေမဲ့ လူ ၂၀၀ ကျော်နဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်သွားခဲ့ဖွယ်ရှိကြောင်း သိရပါတယ်။

indonesia-ferry-disaster-1529557085129-2.jpg

ကူးတို့ရေယာဉ် နစ်မြုပ်မှုဖြစ်ခဲ့တဲ့ တိုဘာရေအိုင်ကြီးဟာ ရှေးခေတ်မီးတောင်ပေါက်ကွဲရာမှ ဖြစ်ပေါ်လာခဲ့ပြီး ရေအိုင်ကြီးရဲ့အလယ်ရှိ သာယာလှပတဲ့ သဘာဝကျွန်းတစ်ကျွန်းနဲ့ ကမ်းရိုးတန်းရှိ မြို့ငယ်တွေကြား ကူးတို့ရေယာဉ်များ ပြေးဆွဲခုတ်မောင်းနေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ရေလမ်းခရီးသွားလာမှုကို အဓိကထား အသုံးပြုနေကြပြီး ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများ မလိုက်နာမှုကြောင့် မတော်တဆမှုတွေလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ယခင်သတင်း - အင်ဒိုနီးရှား ကူးတို့ရေယာဉ်နစ်မြုပ်မှု လူ ၁၈၀ ပျောက်ဆုံးနေ

[Zawgyi Version]

အင္ဒုိနီး႐ွားႏုိင္ငံ ဆူမာၾတားကၽြန္း႐ွိ တုိဘာေရအုိင္ႀကီး (Lake Toba) အတြင္း နစ္ျမဳပ္ခဲ့တဲ့ ကူးတုိ႕ေရယာဥ္ရဲ႕ ေရယာဥ္မွဴးကုိ ရဲတပ္ဖြဲ႕က စစ္ေဆးေမးျမန္းရန္ ထိန္းသိမ္းလုိက္ေၾကာင္း အာဏာပုိင္ေတြက ဇြန္လ ၂၁ ရက္မွာ ေျပာပါတယ္။



ဇြန္လ ၁၈ ရက္ ညေနပုိင္းက တုိဘာေရအုိင္ႀကီးအတြင္း ခရီးသည္မ်ား အဆမတန္ တင္ေဆာင္ထားတဲ့ ကူးတုိ႕ေရယာဥ္တစ္စီး နစ္ျမဳပ္ခဲ့ရာ လက္႐ွိအခ်ိန္ထိ ေရယာဥ္မွဴး Tua Sagala အပါအဝင္ လူ ၁၈ ဦးကုိသာ ကယ္ဆယ္ႏုိင္ခဲ့ၿပီး ဇြန္လ ၂၁ ရက္အထိ လူသုံးဦးေသဆုံးေၾကာင္း အတည္ျပဳထားပါတယ္။

ဇြန္လ ၂၁ ရက္ မနက္ပုိင္းမွာ အာဏာပုိင္ေတြက ခန္႕မွန္းေျပာၾကားခဲ့မႈအရ ကူးတို႕ေရယာဥ္နစ္ျမဳပ္မႈအတြင္း ကေလးမ်ားအပါအဝင္ လူ ၁၉၃ ဦး ေပ်ာက္ဆုံးေနၿပီး ယခုျဖစ္ရပ္ဟာ အင္ဒုိနီး႐ွားမွာ လူေသဆုံးမႈအမ်ားဆုံး ကူးတုိ႕ေရယာဥ္ မေတာ္တဆမႈတစ္ခုလည္း ျဖစ္လာႏုိင္ေၾကာင္း သိရပါတယ္။



လူအမ်ားအျပားဟာ နစ္ျမဳပ္သြားတဲ့ ကူးတုိ႕ေရယာဥ္အတြင္း ပိတ္မိခဲ့ၾကဖြယ္႐ွိေၾကာင္း ေဒသခံသတင္းေတြက ေျပာပါတယ္။ သစ္သားျဖင့္ျပဳလုပ္ထားတဲ အင္ဒုိနီး႐ွား ေဒသတြင္းသုံး ကူးတို႕ေရယာဥ္ဟာ ခရီးသည္နဲ႕ကုန္ပစၥည္းစာရင္း သုိ႕မဟုတ္ ခရီးသည္လက္မွတ္မ်ားျဖင့္ တရားဝင္ ေျပးဆြဲေနျခင္းမဟုတ္ဘူးလုိ႕ ဆုိပါတယ္။



နစ္ျမဳပ္ခဲ့တဲ့ ေရယာဥ္ေပၚမွာ လုိက္ပါသြားတဲ့ ခရီးသည္အေရအတြက္ဟာလည္း မိသားစုေတြက ၎တုိ႕ရဲ႕ ေဆြးမ်ဳိးသားခ်င္းမ်ား ေပ်ာက္ဆုံးေနေၾကာင္း သတင္းပုိ႕မႈအေပၚ မူတည္ၿပီး ေရတြက္ထားျခင္းျဖစ္ပါတယ္။ ေဒသခံမိသားစုေတြက ေပ်ာက္ဆုံးေနတဲ့ ေဆြမ်ဳိးသားခ်င္းေတြဟာ နစ္ျမဳပ္သြားတဲ့ ကူးတုိ႕ေရယာဥ္ေပၚမွာ ပါသြားခဲ့ႏုိင္တယ္လုိ႕ စုိးရိမ္ေနၾကပါတယ္။



အကယ္၍ အတည္ျပဳႏုိင္ခဲ့ပါကလည္း နစ္ျမဳပ္သြားတဲ့ ကူးတုိ႕ေရယာဥ္ေပၚမွာ ဒါဇင္နဲ႕ခ်ီ အေရအတြက္႐ွိတဲ့ ေမာ္ေတာ္ဆုိင္ကယ္ေတြလည္း တင္ေဆာင္သြားခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ ကူးတုိ႕ေရယာဥ္ဟာ တင္ေဆာင္ႏုိင္တဲ့ သတ္မွတ္ခရီးသည္ အေရအတြက္ထက္ ေလးဆ သုိ႕မဟုတ္ ငါးဆအထိ ခရီးသည္မ်ား အဆမတန္ တင္ေဆာင္သြားခဲ့တယ္လုိ႕ ဆုိပါတယ္။

နစ္ျမဳပ္ခဲ့တဲ့ ကူးတုိ႕ေရယာဥ္ဟာ ခရီးသည္ ၆၀ သာ တင္ေဆာင္ခြင့္ျဖင့္ လုိင္စင္ျပဳလုပ္ထားျခင္းျဖစ္ေပမဲ့ လူ ၂၀၀ ေက်ာ္နဲ႕ ကုန္ပစၥည္းေတြ တင္ေဆာင္သြားခဲ့ဖြယ္႐ွိေၾကာင္း သိရပါတယ္။



ကူးတုိ႕ေရယာဥ္ နစ္ျမဳပ္မႈျဖစ္ခဲ့တဲ့ တုိဘာေရအုိင္ႀကီးဟာ ေ႐ွးေခတ္မီးေတာင္ေပါက္ကြဲရာမွ ျဖစ္ေပၚလာခဲ့ၿပီး ေရအုိင္ႀကီးရဲ႕အလယ္႐ွိ သာယာလွပတဲ့ သဘာဝကၽြန္းတစ္ကၽြန္းနဲ႕ ကမ္း႐ုိးတန္း႐ွိ ၿမဳိ႕ငယ္ေတြၾကား ကူးတုိ႕ေရယာဥ္မ်ား ေျပးဆြဲခုတ္ေမာင္းေနတာ ျဖစ္ပါတယ္။

အင္ဒုိနီး႐ွားမွာ ေရလမ္းခရီးသြားလာမႈကုိ အဓိကထား အသုံးျပဳေနၾကၿပီး ေဘးကင္းလုံၿခဳံမႈ စံခ်ိန္စံညႊန္းမ်ား မလုိက္နာမႈေၾကာင့္ မေတာ္တဆမႈေတြလည္း မၾကာခဏ ျဖစ္ပြားေလ့႐ွိပါတယ္။

ယခင္သတင္း - အင္ဒုိနီး႐ွား ကူးတုိ႕ေရယာဥ္နစ္ျမဳပ္မႈ လူ ၁၈၀ ေပ်ာက္ဆုံးေန


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs