• International News

    အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူရဲ့ဇနီးကို လိမ်လည်မှုဖြင့် စွဲချက်တင်

Ko John
[Unicode Version]

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူရဲ့ဇနီး ဆာရာကို အစိုးရငွေများသုံးပြီး အစားအစာတွေ မှာယူခဲ့မှုအတွက် လိမ်လည်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း တရားစီရင်ရေးဝန်ကြီးဌာနက ပြောပါတယ်။

2018-06-22_003053.jpg

အစ္စရေးဝန်ကြီးချုပ်ရဲ့ဇနီး ဆာရာနက်တန်ယာဟူ



ကြာသပတေးနေ့ (ဇွန်လ ၂၁ ရက်) မှာ အစ္စရေးဝန်ကြီးချုပ်ရဲ့ဇနီး ဆာရာကို စွဲချက်တင်ခဲ့တာဖြစ်ပြီး သူမက အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ဖိုးရှိ ရာနဲ့ချီတဲ့ အစားအစာမျိုးစုံကို စားသောက်ဆိုင်တွေကနေ အိမ်အတွက်မှာယူခဲ့ရာမှာ အစိုးရငွေတွေသုံးစွဲခဲ့တယ်လို့ တရားရေးဌာနက ပြောထားပါတယ်။

ဆာရာနဲ့အတူ ဝန်ကြီးချုပ်ရုံး လက်ထောက် ညွန်ကြားရေးမှူးချုပ်ဟောင်း Ezra Seidoff ကိုလည်း စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ်ရဲ့ဇနီး ဆာရာဟာ လိမ်လည်မှုနဲ့ ယုံကြည်မှုကိုချိုးဖောက်ခဲ့ကြောင်း တရားစီရင်ရေးဝန်ကြီးဌာနက မီဒီယာများသို့ ထုတ်ပြန်ခဲ့တဲ့ စွဲချက်တင်မှုမှာ ဖော်ပြထားပါတယ်။

2018-06-22_003149.jpg

နက်တန်ယာဟူရဲ့ဇနီး ဆာရာ



၎င်းကိုယ်တိုင်လည်း အဂတိလိုက်စားကြောင်း စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟူကတော့ ၎င်းရဲ့ဇနီးအပေါ် စွပ်စွဲမှုတွေဟာ ရယ်စရာကောင်းပြီး အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဝန်ကြီးချုပ်နက်တန်ယာဟူကို အမှုဖွင့်စုံစမ်းစစ်ဆေးရန် အစ္စရေးရှေ့နေချုပ်က ညွှန်ကြားချက်ထုတ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ဝန်ကြီးချုပ် နက်တန်ယာဟူကို လာဘ်ငွေရယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှုဖောက်ဖျက်မှုတို့ဖြင့် စွဲချက်တင်ရန် လုံလောက်တဲ့ အထောက်အထားများရှိပြီး အဂတိလိုက်စားမှုဖြင့် စွဲချက်တင်သင့်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။

[Zawgyi Version]

အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ နက္တန္ယာဟူရဲ႕ဇနီး ဆာရာကုိ အစုိးရေငြမ်ားသုံးၿပီး အစားအစာေတြ မွာယူခဲ့မႈအတြက္ လိမ္လည္မႈျဖင့္ စြဲခ်က္တင္လိုက္ေၾကာင္း တရားစီရင္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ရဲ႕ဇနီး ဆာရာနက္တန္ယာဟူ



ၾကာသပေတးေန႕ (ဇြန္လ ၂၁ ရက္) မွာ အစၥေရးဝန္ႀကီးခ်ဳပ္ရဲ႕ဇနီး ဆာရာကို စြဲခ်က္တင္ခဲ့တာျဖစ္ၿပီး သူမက အေမရိကန္ေဒၚလာ ၁၀၀,၀၀၀ ဖုိး႐ွိ ရာနဲ႕ခ်ီတဲ့ အစားအစာမ်ဳိးစုံကုိ စားေသာက္ဆုိင္ေတြကေန အိမ္အတြက္မွာယူခဲ့ရာမွာ အစိုးရေငြေတြသုံးစြဲခဲ့တယ္လို႕ တရားေရးဌာနက ေျပာထားပါတယ္။

ဆာရာနဲ႕အတူ ဝန္ႀကီးခ်ဳပ္႐ုံး လက္ေထာက္ ညြန္ၾကားေရးမွဴးခ်ဳပ္ေဟာင္း Ezra Seidoff ကုိလည္း စြဲခ်က္တင္ခဲ့ေၾကာင္း သိရပါတယ္။ ဝန္ႀကီးခ်ဳပ္ရဲ႕ဇနီး ဆာရာဟာ လိမ္လည္မႈနဲ႕ ယုံၾကည္မႈကိုခ်ဳိးေဖာက္ခဲ့ေၾကာင္း တရားစီရင္ေရးဝန္ႀကီးဌာနက မီဒီယာမ်ားသုိ႕ ထုတ္ျပန္ခဲ့တဲ့ စြဲခ်က္တင္မႈမွာ ေဖာ္ျပထားပါတယ္။

နက္တန္ယာဟူရဲ႕ဇနီး ဆာရာ



၎ကိုယ္တုိင္လည္း အဂတိလုိက္စားေၾကာင္း စုံစမ္းစစ္ေဆးမႈေတြနဲ႕ ပတ္သက္ေနတဲ့ အစၥေရးဝန္ႀကီးခ်ဳပ္ နက္တန္ယာဟူကေတာ့ ၎ရဲ႕ဇနီးအေပၚ စြပ္စြဲမႈေတြဟာ ရယ္စရာေကာင္းၿပီး အေျခအျမစ္မ႐ွိဘူးလုိ႕ တုံ႕ျပန္ခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ႏွစ္ကုန္ပုိင္းမွာ ဝန္ႀကီးခ်ဳပ္နက္တန္ယာဟူကုိ အမႈဖြင့္စုံစမ္းစစ္ေဆးရန္ အစၥေရးေ႐ွ႕ေနခ်ဳပ္က ညႊန္ၾကားခ်က္ထုတ္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ ယခုႏွစ္ ေဖေဖၚဝါရီလအတြင္းကလည္း ဝန္ႀကီးခ်ဳပ္ နက္တန္ယာဟူကုိ လာဘ္ေငြရယူမႈ၊ လိမ္လည္မႈနဲ႕ ယုံၾကည္မႈေဖာက္ဖ်က္မႈတုိ႕ျဖင့္ စြဲခ်က္တင္ရန္ လုံေလာက္တဲ့ အေထာက္အထားမ်ား႐ွိၿပီး အဂတိလုိက္စားမႈျဖင့္ စြဲခ်က္တင္သင့္ေၾကာင္း အစၥေရးရဲတပ္ဖြဲ႕က ေျပာခဲ့ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs