• International News

    ဥရောပသမဂ္ဂက အမေရိကန်ထုတ်ကုန်တွေကို အခွန်စည်းကြပ်ကောက်ခံမှု စတင်

Ko John
[Unicode Version]

ဥရောပသမဂ္ဂက သမ္မတဒေါ်နယ်ထရန့်ရဲ့ ကုန်သွယ်ရေးမူဝါဒကို တုံ့ပြန်တဲ့အနေဖြင့် အမေရိကန်ထုတ်ကုန်တွေကို သွင်းကုန်အခွန် စည်းကြပ်ကောက်ခံမှု စတင်သက်ဝင်ခဲ့ပြီလို့ သိရပါတယ်။

Juncker-Trump.jpg

ဥရောပသမဂ္ဂဥက္ကဋ္ဌနှင့် ဒေါ်နယ်ထရန့်



ယူရို ၂.၈ ဘီလီယံ (ဒေါ်လာ ၂.၄ ဘီလီယံ) တန်ဖိုးရှိတဲ့ အမေရိကန်ထုတ်ကုန်တွေကို သွင်းကုန်အခွန် စည်းကြပ်ကောက်ခံမှု ယနေ့ (ဇွန်လ ၂၂ ရက်) မှာ စတင်သက်ရောက်ခဲ့ပါတယ်။

ဥရောပသမဂ္ဂက အခွန်ကောက်ခံမယ့် အမေရိကန်ထုတ်ကုန်တွေအနက် Bourbon ဝီစကီအရက်၊ Harley Davidson မော်တော်ဆိုင်ကယ်များနဲ့ လိမ္မော်ရည်ကဲ့သို့ ထုတ်ကုန်တွေပါဝင်ပါတယ်။

အမေရိကန်က ဥရောပသမဂ္ဂမှ တင်းသွင်းလာတဲ့ သံမဏိတွေကို ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံကို ၁၀ ရာခိုင်နှုန်း သွင်းကုန်အခွန်ကောက်ခံမှုအား ပြီးခဲ့တဲ့ မတ်လမှာ ကြေညာခဲ့ပါတယ်။

2018-06-22_083457.jpg

အမေရိကန်ထုတ် Harley Davidson မော်တော်ဆိုင်ကယ်များ



ထို့နောက် ဇွန်လ ၁ ရက်မှစပြီး ဥရေပသမဂ္ဂ၊ ကနေဒါ၊ မက္ကစီကိုနဲ့ အခြား အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်တွေထံမှ တင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေကို အခွန်စည်းကြပ်ကောက်ခံမှု စတင်ခဲ့ကြောင်းသိရပါတယ်။

အမေရိကန်ရဲ့ သွင်းကုန်အခွန်ကောက်ခံမှုဟာ ဖြစ်သင့်မှုအားလုံးနဲ့ သမိုင်းကိုဆန့်ကျင်ရာရောက်ကြောင်း ဥရောပသမဂ္ဂဥက္ကဋ္ဌ ဂျိမ်းကလော်ဒီ ဂျန်ကာက ပြောခဲ့ပါတယ်။

ယနေ့ စတင်သက်ရောက်တဲ့ ဥရောပသမဂ္ဂက သွင်းကုန်အခွန်ကောက်ခံမယ့် အစီအစဉ်အရ အမေရိကန်ထုတ် Harley Davison မော်တော်ဆိုင်ကယ်များ၊ ဘယ်ရီသီးများနဲ့ မြေပဲထောပတ်တို့ကို သွင်းကုန်အခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံမှာ ဖြစ်ပါတယ်။

2018-06-22_083426.jpg

အမေရိကန် ဝီစကီအရက်များ



ဖိနပ်၊ အဝတ်အထည် အမျိုးအစားအချို့နဲ့ အဝတ်လျှော်စက်များကဲ့သို့ အမေရိကန်ထုတ်ကုန်တွေကိုတော့ ဥရောပသမဂ္ဂက ၅၀ ရာခိုင်နှုန်း သွင်းကုန်အခွန်ကောက်ခံမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြားမှာလည်း သွင်းကုန်အခွန်များ အပြန်အလှန် ကောက်ခံမှုတွေရှိနေပြီး ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေစဉ်မှာ ဥရောပသမဂ္ဂရဲ့ အမေရိကန်ထုတ်ကုန်တွေကို အခွန်စည်းကြပ်ကောက်ခံမှု စတင်သက်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်က ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်နိုင်ငံမှ တင်သွင်းကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံမယ်လို့ ကြေညာထားပြီး တရုတ်က ဉာဏမူပိုင်ခွင့်တွေကို ခိုးယူနေကြောင်းလည်း စွပ်စွဲပြောကြားခဲ့ပါတယ်။

19523603_303.jpg

အမေရိကန်နဲ့ ဥရောပသမဂ္ဂ ကုန်သွယ်မှု



အမေရိကန်ကို တင်သွင်းနေတဲ့ တရုတ်ကုန်ပစ္စည်းအမျိုးအစား ၈၁၈ မျိုးကို လာမယ့် ဇူလိုင် ၆ ရက်မှစပြီး အခွန်ကောက်ခံသွားမယ်လို့ သိရပါတယ်။ အိမ်ဖြူတော်က သတင်းထုတ်ပြန်မှုအရ ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိတဲ့ အခြား တရုတ်ကုန်ပစ္စည်း ၂၈၄ မျိုးကိုလည်း အခွန်ကောက်ခံရန် စီစဉ်နေပြီး နောက်ပိုင်းမှာ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံလည်း အမေရိကန်ကို တုံ့ပြန်မှုအဖြစ် ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန်ထုတ်ကုန် ၆၅၉ မျိုးကို သွင်းကုန်စည်းကြပ် ကောက်ခံသွားမယ်လို့ ကြေညာထားပါတယ်။

trump-and-xi.jpg

တရုတ်သမ္မတရှီကျင်းပင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်



တရုတ်က ထိုသို့ တုံ့ပြန်မှုအပေါ် အမေရိကန်သမ္မတထရန့်က ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်း သွင်းကုန်အခွန် ကောက်ခံသွားမယ်လို့ ဇွန်လ ၁၈ ရက်မှာ  ခြိမ်းခြောက်လိုက်ပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ တရုတ်တို့ဟာ သွင်းကုန်အခွန်ကောက်ခံမှုတွေ အပြန်အလှန် သတ်မှတ် လုပ်ဆောင်နေကြပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

 

[Zawgyi Version]

ဥေရာပသမဂၢက သမၼတေဒၚနယ္ထရန္႕ရဲ႕ ကုန္သြယ္ေရးမူဝါဒကုိ တုံ႕ျပန္တဲ့အေနျဖင့္ အေမရိကန္ထုတ္ကုန္ေတြကုိ သြင္းကုန္အခြန္ စည္းၾကပ္ေကာက္ခံမႈ စတင္သက္ဝင္ခဲ့ၿပီလုိ႕ သိရပါတယ္။

ဥေရာပသမဂၢဥကၠ႒ႏွင့္ ေဒၚနယ္ထရန္႕



ယူ႐ို ၂.၈ ဘီလီယံ (ေဒၚလာ ၂.၄ ဘီလီယံ) တန္ဖုိး႐ွိတဲ့ အေမရိကန္ထုတ္ကုန္ေတြကုိ သြင္းကုန္အခြန္ စည္းၾကပ္ေကာက္ခံမႈ ယေန႕ (ဇြန္လ ၂၂ ရက္) မွာ စတင္သက္ေရာက္ခဲ့ပါတယ္။

ဥေရာပသမဂၢက အခြန္ေကာက္ခံမယ့္ အေမရိကန္ထုတ္ကုန္ေတြအနက္ Bourbon ဝီစကီအရက္၊ Harley Davidson ေမာ္ေတာ္ဆုိင္ကယ္မ်ားနဲ႕ လိေမၼာ္ရည္ကဲ့သုိ႕ ထုတ္ကုန္ေတြပါဝင္ပါတယ္။

အေမရိကန္က ဥေရာပသမဂၢမွ တင္းသြင္းလာတဲ့ သံမဏိေတြကုိ ၂၅ ရာခုိင္ႏႈန္းနဲ႕ အလူမီနီယံကုိ ၁၀ ရာခုိင္ႏႈန္း သြင္းကုန္အခြန္ေကာက္ခံမႈအား ၿပီးခဲ့တဲ့ မတ္လမွာ ေၾကညာခဲ့ပါတယ္။

အေမရိကန္ထုတ္ Harley Davidson ေမာ္ေတာ္ဆုိင္ကယ္မ်ား



ထုိ႕ေနာက္ ဇြန္လ ၁ ရက္မွစၿပီး ဥေရပသမဂၢ၊ ကေနဒါ၊ မကၠစီကုိနဲ႕ အျခား အေမရိကန္ရဲ႕ အနီးကပ္မဟာမိတ္ေတြထံမွ တင္သြင္းတဲ့ သံမဏိနဲ႕ အလူမီနီယံ သြင္းကုန္ေတြကုိ အခြန္စည္းၾကပ္ေကာက္ခံမႈ စတင္ခဲ့ေၾကာင္းသိရပါတယ္။

အေမရိကန္ရဲ႕ သြင္းကုန္အခြန္ေကာက္ခံမႈဟာ ျဖစ္သင့္မႈအားလုံးနဲ႕ သမုိင္းကုိဆန္႕က်င္ရာေရာက္ေၾကာင္း ဥေရာပသမဂၢဥကၠ႒ ဂ်ိမ္းကေလာ္ဒီ ဂ်န္ကာက ေျပာခဲ့ပါတယ္။

ယေန႕ စတင္သက္ေရာက္တဲ့ ဥေရာပသမဂၢက သြင္းကုန္အခြန္ေကာက္ခံမယ့္ အစီအစဥ္အရ အေမရိကန္ထုတ္ Harley Davison ေမာ္ေတာ္ဆုိင္ကယ္မ်ား၊ ဘယ္ရီသီးမ်ားနဲ႕ ေျမပဲေထာပတ္တုိ႕ကုိ သြင္းကုန္အခြန္ ၂၅ ရာခုိင္ႏႈန္း သတ္မွတ္ေကာက္ခံမွာ ျဖစ္ပါတယ္။

အေမရိကန္ ဝီစကီအရက္မ်ား



ဖိနပ္၊ အဝတ္အထည္ အမ်ဳိးအစားအခ်ဳိ႕နဲ႕ အဝတ္ေလွ်ာ္စက္မ်ားကဲ့သုိ႕ အေမရိကန္ထုတ္ကုန္ေတြကုိေတာ့ ဥေရာပသမဂၢက ၅၀ ရာခုိင္ႏႈန္း သြင္းကုန္အခြန္ေကာက္ခံမယ္လို႕ ဆုိပါတယ္။

အေမရိကန္နဲ႕ တ႐ုတ္ႏုိင္ငံၾကားမွာလည္း သြင္းကုန္အခြန္မ်ား အျပန္အလွန္ ေကာက္ခံမႈေတြ႐ွိေနၿပီး ကုန္သြယ္ေရးဆုိင္ရာ တင္းမာမႈမ်ား ျမင့္တက္ေနစဥ္မွာ ဥေရာပသမဂၢရဲ႕ အေမရိကန္ထုတ္ကုန္ေတြကုိ အခြန္စည္းၾကပ္ေကာက္ခံမႈ စတင္သက္ေရာက္လာခဲ့တာလည္း ျဖစ္ပါတယ္။

အေမရိကန္က ေဒၚလာ ၅၀ ဘီလီယံ တန္ဖုိး႐ွိတဲ့ တ႐ုတ္ႏုိင္ငံမွ တင္သြင္းကုန္ေတြအေပၚ ၂၅ ရာခုိင္ႏႈန္း အခြန္စည္းၾကပ္ေကာက္ခံမယ္လုိ႕ ေၾကညာထားၿပီး တ႐ုတ္က ဉာဏမူပုိင္ခြင့္ေတြကုိ ခိုးယူေနေၾကာင္းလည္း စြပ္စြဲေျပာၾကားခဲ့ပါတယ္။

အေမရိကန္နဲ႕ ဥေရာပသမဂၢ ကုန္သြယ္မႈ



အေမရိကန္ကုိ တင္သြင္းေနတဲ့ တ႐ုတ္ကုန္ပစၥည္းအမ်ဳိးအစား ၈၁၈ မ်ဳိးကုိ လာမယ့္ ဇူလုိင္ ၆ ရက္မွစၿပီး အခြန္ေကာက္ခံသြားမယ္လို႕ သိရပါတယ္။ အိမ္ျဖဴေတာ္က သတင္းထုတ္ျပန္မႈအရ ေဒၚလာ ၁၆ ဘီလီယံ တန္ဖုိး႐ွိတဲ့ အျခား တ႐ုတ္ကုန္ပစၥည္း ၂၈၄ မ်ဳိးကုိလည္း အခြန္ေကာက္ခံရန္ စီစဥ္ေနၿပီး ေနာက္ပုိင္းမွာ အေကာင္အထည္ေဖာ္သြားမယ္လုိ႕ ဆုိပါတယ္။

တ႐ုတ္ႏုိင္ငံလည္း အေမရိကန္ကို တုံ႕ျပန္မႈအျဖစ္ ေဒၚလာ ၅၀ ဘီလီယံ တန္ဖုိး႐ွိတဲ့ အေမရိကန္ထုတ္ကုန္ ၆၅၉ မ်ဳိးကုိ သြင္းကုန္စည္းၾကပ္ ေကာက္ခံသြားမယ္လုိ႕ ေၾကညာထားပါတယ္။

တ႐ုတ္သမၼတ႐ွီက်င္းပင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရန္႕



တ႐ုတ္က ထုိသုိ႕ တုံ႕ျပန္မႈအေပၚ အေမရိကန္သမၼတထရန္႕က ေဒၚလာ ၂၀၀ ဘီလီယံ တန္ဖုိး႐ွိတဲ့ တ႐ုတ္ကုန္ပစၥည္းေတြကုိ ၁၀ ရာခုိင္ႏႈန္း သြင္းကုန္အခြန္ ေကာက္ခံသြားမယ္လုိ႕ ဇြန္လ ၁၈ ရက္မွာ  ၿခိမ္းေျခာက္လုိက္ပါတယ္။

လက္႐ွိမွာ အေမရိကန္နဲ႕ တ႐ုတ္တုိ႕ဟာ သြင္းကုန္အခြန္ေကာက္ခံမႈေတြ အျပန္အလွန္ သတ္မွတ္ လုပ္ေဆာင္ေနၾကၿပီး ကမာၻ႕စီးပြားေရးအင္အားအႀကီးဆုံး ႏွစ္ႏုိင္ငံၾကား ကုန္သြယ္ေရးစစ္ပြဲ ျဖစ္လာမွာကုိ စုိးရိမ္ေနၾကပါတယ္။

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs