• International News
    ၂၀၁၆ ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ဘာသာရေးဆရာကို အင်ဒိုနီးရှားအစိုးရ သေဒဏ်ချမှတ်
Ko John
[Unicode Version]

၂၀၁၆ ခုနှစ်အတွင်း ဂျကာတာမြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့မှုဖြင့် ဘာသာရေးဆရာ အဘူရာဟ်မန်ကို အင်ဒိုနီးရှားအစိုးရက သေဒဏ်ချမှတ်လိုက်ပါတယ်။

aman-abdurrahman-jakarta-bombing-mastermind.jpg

အဘူရာဟ်မန်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ခေါ်ဆောင်လာစဉ်



ယနေ့ (ဇွန်လ ၂၂ ရက်) သေဒဏ်ချမှတ်လိုက်တဲ့ အဘူရာဟ်မန်ဟာ အရပ်သားလေးဦးနဲ့ တိုက်ခိုက်သူလေးဦး သေဆုံးခဲ့ပြီး အခြား ၂၄ ဦး ဒဏ်ရာရခဲ့တဲ့ ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က ဂျကာတာမြို့လယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အကြမ်းဖက်သမားတွေက သေနတ်ဖြင့်ပစ်ခတ်မှုနဲ့ Starbucks ကော်ဖီဆိုင်တစ်ဆိုင်မှာ အသေခံဗုံးခွဲမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

_102154345_gettyimages-504957286.jpg

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ဖြစပ်ွားခဲ့သည့် ဂျကာတာမြို့ အကြမ်းဖက်တိုက်ခိုက်မှု



အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ပြောခဲ့ပါတယ်။ ယနေ့ သေဒဏ်ချမှတ်ခံရတဲ့ အသက် ၄၆ နှစ်အရွယ် ဘာသာရေးဆရာ အဘူရာဟ်မန်ဟာ အိုင်အက်စ်အဖွဲ့ကို အားပေးထောက်ခံကြောင်း ကြေညာထားသူဖြစ်ပြီး အင်ဒိုနီးရှားအခြေစိုက် အစွန်းရောက်အုပ်စုတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

အဘူရာဟ်မန်ဟာ ၂၀၁၀ ခုနှစ်ကတည်းက ထောင်ဒဏ်ကျခံနေရသူဖြစ်ပေမဲ့ ၂၀၁၆ ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုကို ၎င်းက အကျဉ်းထောင်ထဲကနေ စီစဉ်ခဲ့ကြောင်း တရားရုံးကြားနာစစ်ဆေးမှုမှာ တွေ့ရှိခဲ့ရပါတယ်။ ဂျကာတာမြို့လယ် အကြမ်းဖက်တိုက်ခိုက်မှုမှာ Starbucks ကော်ဖီဆိုင်နဲ့ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်နေရာတို့မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

160114044543-indonesia-jakarta-attack-full-169.jpg

၂၀၁၆ ဂျကာတာမြို့လယ် အကြမ်းဖက်တိုက်ခိုက်မှု မြင်ကွင်း



အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့နေရာဟာ ဂျကာတာမြို့လယ်ရှိ အရောင်းအဝယ်နဲ့ စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံခြားသံရုံးများနဲ့ ကုလသမဂ္ဂရုံးတို့နဲ့ နီးကပ်ကြောင်းလည်း သိရပါတယ်။ အကြမ်းဖက်သမားတွေက Starbucks ကော်ဖီဆိုင်ဖွင့်ထားတဲ့ အဆောက်အအုံထဲကို ဝင်ရောက်ပုန်းအောင်းခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်သမားနှစ်ဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးက အသေခံဗုံးခွဲသွားခဲ့ကြောင်း သိရပါတယ်။ အဘူရာဟ်မန်ကို ယနေ့ သေဒဏ်ချမှတ်ရာမှာ တရားသူကြီးတွေက ၎င်းဟာ အကြမ်းဖက်တိုက်ခိုက်မှုကို စီစဉ်လုပ်ဆောင်ခဲ့မှုအတွက် ပြစ်မှုထင်ရှားတယ်လို့ ပြောခဲ့ပါတယ်။

2018-06-22_150900.jpg

အဘူရာဟ်မန်ကို တရားခွင်မှာ တွေ့ရစဉ်



သေဒဏ်ချမှတ်ခံရတဲ့ အဘူရာဟ်မန်ကတော့ ဂျကာတာ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ၎င်းမှာ အပြစ်မရှိကြောင်း၊ ၎င်းရဲ့နောက်လိုက်တွေကို ဆီးရီးယားသို့သွားရောက်ပြီး အိုင်အက်စ်နဲ့အတူ ပါဝင်တိုက်ခိုက်ကြရန်သာ လှုံ့ဆော်ပြောကြားခဲ့ကြောင်းနဲ့ အင်ဒိုနီးရှားမှာ တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်ညွှန်ကြားခဲ့ခြင်းမရှိကြောင်း လျှောက်လဲထွက်ဆိုခဲ့ပါတယ်။

အဘူရာဟ်မန်ဟာ အင်ဒိုနီးရှားအခြေစိုက် Jemaah Ansharut Daulah (JAD) အစွန်းရောက်အုပ်စုကို ဦးဆောင်သူဖြစ်ပြီး ထိုအုပ်စုက အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို သစ္စာခံကြောင်း ပြောထားပါတယ်။

မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ အင်ဒိုနီးရှားမှာ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေ ယခင်ကတည်းက ရှိခဲ့ဖူးပေမဲ့ ဂျကာတာမြို့လယ်ဖြစ်ရပ်မှာ အိုင်အက်စ်အဖွဲ့ရဲ့ ပထမဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

2018-05-13-084600.jpg

ဆူရာဘာယာမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းမှာ အသေခံဗုံးပေါက်ကွဲမှု



ယခုနှစ် မေလ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာလည်း အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာရှိ ခရစ်ယာယန်ဘုရားကျောင်းသုံးခုနဲ့ ရဲစခန်းတစ်ခုတို့ကို အသက် ၉ နှစ်နဲ့ ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး အပါအဝင် မိသားစုနှစ်ခုက မိသားစုလိုက် အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆူရာဘာယာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေဟာ ၂၀၀၅ ခုနှစ် ဘာလီကျွန်း အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း အင်ဒိုနီးရှားမှာ လူသေဆုံးမှုအများဆုံးလည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်က ဘာလီကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲမှုတွေကြောင့် လူ ၂၀ သေဆုံးခဲ့ပါတယ်။

joko-widodo.jpg

ဆူရာဘာယာမြို့မှာ ဗုံးပေါက်ကွဲခဲ့သည့် နေရာကို သမ္မတဂျိုကိုဝီ (အင်္ကျီအဖြူ) လာရောက်ကြည့်ရှုစဉ်



အင်ဒိုနီးရှားမှာ လူသေဆုံးမှုအများဆုံး အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကကကကက၂၀၀၂ ခုနှစ်က ဘာလီကျွန်းမှာ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားသား အများအပြား အပါအဝင် လူ ၂၀၂ ဦး သေဆုံးခဲ့ပါတယ်။

အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကာရှည်ကြာ ရုန်းကန်နေရတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဆူရာဘာယာမြို့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မေလ ၂၅ ရက်မှာတော့ ပိုမိုပြင်းထန်တဲ့ အကြမ်းဖက်မှုဆိုင်ရာ ဥပဒေသစ်ကို လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်ကြောင်း သိရပါတယ်။

[Zawgyi Version]

၂၀၁၆ ခုႏွစ္အတြင္း ဂ်ကာတာၿမဳိ႕မွာ အၾကမ္းဖက္တုိက္ခိုက္မႈကုိ ေနာက္ကြယ္မွ ႀကဳိးကုိင္စီစဥ္ခဲ့မႈျဖင့္ ဘာသာေရးဆရာ အဘူရာဟ္မန္ကုိ အင္ဒုိနီး႐ွားအစိုးရက ေသဒဏ္ခ်မွတ္လိုက္ပါတယ္။

အဘူရာဟ္မန္ကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေစာင့္ၾကပ္ေခၚေဆာင္လာစဥ္



ယေန႕ (ဇြန္လ ၂၂ ရက္) ေသဒဏ္ခ်မွတ္လိုက္တဲ့ အဘူရာဟ္မန္ဟာ အရပ္သားေလးဦးနဲ႕ တုိက္ခိုက္သူေလးဦး ေသဆုံးခဲ့ၿပီး အျခား ၂၄ ဦး ဒဏ္ရာရခဲ့တဲ့ ဂ်ကာတာ အၾကမ္းဖက္တိုက္ခိုက္မႈကုိ စီစဥ္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တယ္လို႕ ဆုိပါတယ္။

၂၀၁၆ ခုႏွစ္ ဇန္နဝါရီ ၁၄ ရက္က ဂ်ကာတာၿမဳိ႕လယ္မွာ ျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈမွာ အၾကမ္းဖက္သမားေတြက ေသနတ္ျဖင့္ပစ္ခတ္မႈနဲ႕ Starbucks ေကာ္ဖီဆုိင္တစ္ဆုိင္မွာ အေသခံဗုံးခြဲမႈေတြ လုပ္ေဆာင္ခဲ့ၾကပါတယ္။

၂၀၁၆ ခုႏွစ္ ဇန္နဝါရီလမွာ ျဖစပ္ြားခဲ့သည့္ ဂ်ကာတာၿမဳိ႕ အၾကမ္းဖက္တုိက္ခိုက္မႈ



အဆုိပါ အၾကမ္းဖက္တုိက္ခုိက္မႈကုိ ၎တို႕ လုပ္ေဆာင္ခဲ့ေၾကာင္း အုိင္အက္စ္အၾကမ္းဖက္အဖြဲ႕က ေျပာခဲ့ပါတယ္။ ယေန႕ ေသဒဏ္ခ်မွတ္ခံရတဲ့ အသက္ ၄၆ ႏွစ္အ႐ြယ္ ဘာသာေရးဆရာ အဘူရာဟ္မန္ဟာ အုိင္အက္စ္အဖြဲ႕ကုိ အားေပးေထာက္ခံေၾကာင္း ေၾကညာထားသူျဖစ္ၿပီး အင္ဒုိနီး႐ွားအေျခစိုက္ အစြန္းေရာက္အုပ္စုတစ္ခုရဲ႕ ေခါင္းေဆာင္လည္းျဖစ္ပါတယ္။

အဘူရာဟ္မန္ဟာ ၂၀၁၀ ခုႏွစ္ကတည္းက ေထာင္ဒဏ္က်ခံေနရသူျဖစ္ေပမဲ့ ၂၀၁၆ ဂ်ကာတာ အၾကမ္းဖက္တုိက္ခိုက္မႈကုိ ၎က အက်ဥ္းေထာင္ထဲကေန စီစဥ္ခဲ့ေၾကာင္း တရား႐ုံးၾကားနာစစ္ေဆးမႈမွာ ေတြ႕႐ွိခဲ့ရပါတယ္။ ဂ်ကာတာၿမဳိ႕လယ္ အၾကမ္းဖက္တုိက္ခိုက္မႈမွာ Starbucks ေကာ္ဖီဆုိင္နဲ႕ ရဲတပ္ဖြဲ႕ စစ္ေဆးေရးဂိတ္ေနရာတုိ႕မွာလည္း ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။

၂၀၁၆ ဂ်ကာတာၿမဳိ႕လယ္ အၾကမ္းဖက္တုိက္ခိုက္မႈ ျမင္ကြင္း



အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တဲ့ေနရာဟာ ဂ်ကာတာၿမဳိ႕လယ္႐ွိ အေရာင္းအဝယ္နဲ႕ စီးပြားေရးလုပ္ငန္းမ်ား၊ ႏုိင္ငံျခားသံ႐ုံးမ်ားနဲ႕ ကုလသမဂၢ႐ုံးတုိ႕နဲ႕ နီးကပ္ေၾကာင္းလည္း သိရပါတယ္။ အၾကမ္းဖက္သမားေတြက Starbucks ေကာ္ဖီဆုိင္ဖြင့္ထားတဲ့ အေဆာက္အအုံထဲကုိ ဝင္ေရာက္ပုန္းေအာင္းခဲ့ၾကၿပီး ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္႐ွိလာခ်ိန္မွာ အျပန္အလွန္ ပစ္ခတ္မႈေတြျဖစ္ခဲ့ပါတယ္။

ရဲတပ္ဖြဲ႕နဲ႕ အျပန္အလွန္ ပစ္ခတ္မႈအတြင္း အၾကမ္းဖက္သမားႏွစ္ဦး ေသဆုံးခဲ့ၿပီး အျခားႏွစ္ဦးက အေသခံဗုံးခြဲသြားခဲ့ေၾကာင္း သိရပါတယ္။ အဘူရာဟ္မန္ကုိ ယေန႕ ေသဒဏ္ခ်မွတ္ရာမွာ တရားသူႀကီးေတြက ၎ဟာ အၾကမ္းဖက္တုိက္ခိုက္မႈကုိ စီစဥ္လုပ္ေဆာင္ခဲ့မႈအတြက္ ျပစ္မႈထင္႐ွားတယ္လို႕ ေျပာခဲ့ပါတယ္။

အဘူရာဟ္မန္ကုိ တရားခြင္မွာ ေတြ႕ရစဥ္



ေသဒဏ္ခ်မွတ္ခံရတဲ့ အဘူရာဟ္မန္ကေတာ့ ဂ်ကာတာ အၾကမ္းဖက္တုိက္ခိုက္မႈအတြက္ ၎မွာ အျပစ္မ႐ွိေၾကာင္း၊ ၎ရဲ႕ေနာက္လုိက္ေတြကုိ ဆီးရီးယားသုိ႕သြားေရာက္ၿပီး အုိင္အက္စ္နဲ႕အတူ ပါဝင္တုိက္ခိုက္ၾကရန္သာ လႈံ႕ေဆာ္ေျပာၾကားခဲ့ေၾကာင္းနဲ႕ အင္ဒုိနီး႐ွားမွာ တုိက္ခိုက္မႈျပဳလုပ္ရန္ စီစဥ္ညႊန္ၾကားခဲ့ျခင္းမ႐ွိေၾကာင္း ေလွ်ာက္လဲထြက္ဆုိခဲ့ပါတယ္။

အဘူရာဟ္မန္ဟာ အင္ဒုိနီး႐ွားအေျခစိုက္ Jemaah Ansharut Daulah (JAD) အစြန္းေရာက္အုပ္စုကုိ ဦးေဆာင္သူျဖစ္ၿပီး ထုိအုပ္စုက အုိင္အက္စ္အၾကမ္းဖက္အဖြဲ႕ကုိ သစၥာခံေၾကာင္း ေျပာထားပါတယ္။

မြတ္စလင္မ္အမ်ားစု ေနထုိင္ၾကတဲ့ အင္ဒုိနီး႐ွားမွာ အစြန္းေရာက္ေတြရဲ႕ တုိက္ခိုက္မႈေတြ ယခင္ကတည္းက ႐ွိခဲ့ဖူးေပမဲ့ ဂ်ကာတာၿမဳိ႕လယ္ျဖစ္ရပ္မွာ အုိင္အက္စ္အဖြဲ႕ရဲ႕ ပထမဆုံး အၾကမ္းဖက္တုိက္ခိုက္မႈ ျဖစ္ခဲ့ပါတယ္။

ဆူရာဘာယာၿမဳိ႕႐ွိ ခရစ္ယာန္ ဘုရားေက်ာင္းမွာ အေသခံဗုံးေပါက္ကြဲမႈ



ယခုႏွစ္ ေမလ ၁၃ ရက္နဲ႕ ၁၄ ရက္တုိ႕မွာလည္း အင္ဒုိနီး႐ွားရဲ႕ ဒုတိယအႀကီးဆုံးၿမဳိ႕ ဆူရာဘာယာ႐ွိ ခရစ္ယာယန္ဘုရားေက်ာင္းသုံးခုနဲ႕ ရဲစခန္းတစ္ခုတို႕ကုိ အသက္ ၉ ႏွစ္နဲ႕ ၁၂ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ႏွစ္ဦး အပါအဝင္ မိသားစုႏွစ္ခုက မိသားစုလုိက္ အေသခံ ဗုံးခြဲတိုက္ခုိက္မႈေတြ ျဖစ္ပြားခဲ့ၿပီး လူ ၁၃ ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။

ဆူရာဘာယာ အေသခံဗုံးခြဲတုိက္ခိုက္မႈေတြဟာ ၂၀၀၅ ခုႏွစ္ ဘာလီကၽြန္း အၾကမ္းဖက္တုိက္ခိုက္မႈေနာက္ပုိင္း အင္ဒုိနီး႐ွားမွာ လူေသဆုံးမႈအမ်ားဆုံးလည္း ျဖစ္လာခဲ့ပါတယ္။ ၂၀၀၅ ခုႏွစ္က ဘာလီကၽြန္းမွာ ျဖစ္ပြားခဲ့တဲ့ အေသခံ ဗုံးခြဲမႈေတြေၾကာင့္ လူ ၂၀ ေသဆုံးခဲ့ပါတယ္။

ဆူရာဘာယာၿမဳိ႕မွာ ဗုံးေပါက္ကြဲခဲ့သည့္ ေနရာကုိ သမၼတဂ်ဳိကုိဝီ (အကၤ်ီအျဖဴ) လာေရာက္ၾကည့္႐ႈစဥ္



အင္ဒုိနီး႐ွားမွာ လူေသဆုံးမႈအမ်ားဆုံး အၾကမ္းဖက္တုိက္ခိုက္မႈအျဖစ္ ကကကကက၂၀၀၂ ခုႏွစ္က ဘာလီကၽြန္းမွာ ဗုံးခြဲတုိက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့ၿပီး ႏုိင္ငံျခားသား အမ်ားအျပား အပါအဝင္ လူ ၂၀၂ ဦး ေသဆုံးခဲ့ပါတယ္။

အစၥလာမ္မစ္အစြန္းေရာက္ေတြရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႕ ကာ႐ွည္ၾကာ ႐ုန္းကန္ေနရတဲ့ အင္ဒုိနီး႐ွားႏုိင္ငံမွာ ဆူရာဘာယာၿမဳိ႕ အေသခံ ဗုံးခြဲတိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ ေမလ ၂၅ ရက္မွာေတာ့ ပုိမုိျပင္းထန္တဲ့ အၾကမ္းဖက္မႈဆုိင္ရာ ဥပေဒသစ္ကုိ လႊတ္ေတာ္က အတည္ျပဳ ျပဌာန္းလုိက္ေၾကာင္း သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs