• International News
    မယ်ဆိုင်ဂူအတွင်း ပိတ်မိပျောက်ဆုံးနေတဲ့ ထိုင်းလူငယ်အုပ်စုကို ရှာဖွေနေဆဲဖြစ်
Ko John
[Unicode Version]

မြန်မာနိုင်ငံနဲ့နယ်စပ်အနီး ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူတစ်ခုအတွင်း ပိတ်မိပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်လူငယ် ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးအသင်းနည်းပြတို့ကို ရာနဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေက ယနေ့ (ဇွန်လ ၂၆ ရက်) မှာလည်း ရှာဖွေကယ်ဆယ်နိုင်ရန် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

DggD3mHV4AAf6lH.jpg

အဆိုပါ လူငယ်အုပ်စုဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းဒေသ မယ်ဆိုင်မြို့ရှိ ဒွိုင်းနန်းနွန်းတောင်ခြေအနီး ဂူတစ်ခုအတွင်းမှာ ဇွန်လ ၂၃ ရက်ကတည်းက ပိတ်မိနေခဲ့ကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့ ဂူအတွင်းပိတ်မိခဲ့စဉ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ချိန်လည်း ဖြစ်တယ်လို့ သိရပါတယ်။

Dgh44CRUEAEgeJS.jpg

 ဂူအတွင်း ရေများဝင်ရောက်မှုကြောင့် ပိတ်မိနေသူတွေရဲ့ အခြေအနေကို စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ မယ်ဆိုင်ဂူအတွင်း ပိတ်မိနေခဲ့တဲ့ လူငယ်များဟာ အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြားအရွယ်တွေဖြစ်ပြီး ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြနဲ့အတူ Tham Luang Nang Non ဂူထဲကိုဝင်ရောက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

DggD3t7UEAA8Eee.jpg

ကယ်ဆယ်ရေးသမားတွေက ၃ မိုင်မှ ၆ မိုင်အထိရှည်လျားတဲ့ ဂူအတွင်း ဝင်ရောက်ရှာဖွေခဲ့ကြရာ စက်ဘီးများ၊ ဖိနပ်များနဲ့ ခြေရာများကို တွေ့ခဲ့ရတယ်လို့ အာဏာပိုင်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။ အဆိုပါအုပ်စုဟာ ဂူအတွင်းရောက်ရှိနေစဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူပေါက်ဝမှာ ရေလွှမ်းမိုးသွားခဲ့ရာက ဂူအတွင်းပိတ်မိနေခဲ့ကြတယ်လို့ ကယ်ဆယ်ရေးသမားတွေက ယူဆထားပါတယ်။

Dgh44L0UYAAoZXQ.jpg

"ကျွန်တော်တို့ ဒီတောင်တစ်ဝိုက် နေရာတွေကို လေ့လာနေပြီး သူတို့ပိတ်မိနေတဲ့ဂူမှာ နောက်ထပ် ထွက်ပေါက် သို့မဟုတ် ဝင်ပေါက်ရှာဖွေဖို့ ကြိုးစားသွားမှာပါ" လို့ ချင်းရိုင်းဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Narongsak Osottanakorn က ပြောပါတယ်။

သို့သော် Tham Luang Nang Non ဂူနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ခြောက်နှစ်ကြာ လေ့လာခဲ့ဖူးတဲ့ ကျွမ်းကျင်သူတစ်ဦးကတော့ အဆိုပါဂူမှာ လက်ရှိ ရေလွှမ်းမိုးနေတဲ့ ဝင်ပေါက်တစ်ခုတည်းသာရှိကြောင်း ပြောခဲ့ပါတယ်။

2018-06-26_061557.jpg

လူငယ် ၁၂ ဦးနဲ့ ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်က ဘောလုံးလေ့ကျင့်ပြီးနောက် အဆိုပါဂူအတွင်းကို ဝင်ရောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ လူငယ်တစ်ဦးရဲ့ မိခင်က သားဖြစ်သူ အိမ်ပြန်မလာကြောင်း စတင်ပြောခဲ့ရာမှာ အုပ်စုလိုက်ပျောက်ဆုံးနေကြောင်း သိရှိခဲ့ကြပါတယ်။

Tham Luang Nang Non ဂူဟာ ကမ္ဘာလှည့်ခရီးသည်လာရောက်မှုများပြားသလို ပြည်တွင်းနေသူတွေလည်း ဂူအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များကို လာရောက်ဖူးမြှော်လေ့ရှိကြောင်း သိရပါတယ်။ အဆိုပါဂူဟာ မိုးရာသီမှာ ၁၆ ပေအထိ ရေကြီးမှုဖြစ်နိုင်ကြောင်းလည်း ရဲအရာရှိ Komsan Saardluan က ဆိုပါတယ်။

[Zawgyi Version]

ျမန္မာႏုိင္ငံနဲ႕နယ္စပ္အနီး ထုိင္းႏုိင္ငံေျမာက္ပုိင္း႐ွိ ဂူတစ္ခုအတြင္း ပိတ္မိေပ်ာက္ဆုံးေနတဲ့ ဆယ္ေက်ာ္သက္လူငယ္ ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ ေဘာလုံးအသင္းနည္းျပတုိ႕ကုိ ရာနဲ႕ခ်ီတဲ့ ကယ္ဆယ္ေရးသမားေတြက ယေန႕ (ဇြန္လ ၂၆ ရက္) မွာလည္း ႐ွာေဖြကယ္ဆယ္ႏိုင္ရန္ ႀကဳိးပမ္းေနဆဲ ျဖစ္ပါတယ္။



အဆုိပါ လူငယ္အုပ္စုဟာ ထုိင္းႏုိင္ငံေျမာက္ပုိင္း ခ်င္း႐ိုင္းေဒသ မယ္ဆုိင္ၿမဳိ႕႐ွိ ဒြဳိင္းနန္းႏြန္းေတာင္ေျခအနီး ဂူတစ္ခုအတြင္းမွာ ဇြန္လ ၂၃ ရက္ကတည္းက ပိတ္မိေနခဲ့ၾကတယ္လို႕ ဆုိပါတယ္။ ၎တုိ႕ ဂူအတြင္းပိတ္မိခဲ့စဥ္မွာ မုိးသည္းထန္စြာ ႐ြာသြန္းေနခဲ့ခ်ိန္လည္း ျဖစ္တယ္လို႕ သိရပါတယ္။



 ဂူအတြင္း ေရမ်ားဝင္ေရာက္မႈေၾကာင့္ ပိတ္မိေနသူေတြရဲ႕ အေျခအေနကုိ စုိးရိမ္မႈေတြ႐ွိလာခဲ့ပါတယ္။ မယ္ဆုိင္ဂူအတြင္း ပိတ္မိေနခဲ့တဲ့ လူငယ္မ်ားဟာ အသက္ ၁၁ ႏွစ္နဲ႕ ၁၆ ႏွစ္ၾကားအ႐ြယ္ေတြျဖစ္ၿပီး ၎တုိ႕ရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပနဲ႕အတူ Tham Luang Nang Non ဂူထဲကုိဝင္ေရာက္သြားခဲ့ၾကတယ္လို႕ ဆုိပါတယ္။



ကယ္ဆယ္ေရးသမားေတြက ၃ မုိင္မွ ၆ မုိင္အထိ႐ွည္လ်ားတဲ့ ဂူအတြင္း ဝင္ေရာက္႐ွာေဖြခဲ့ၾကရာ စက္ဘီးမ်ား၊ ဖိနပ္မ်ားနဲ႕ ေျခရာမ်ားကုိ ေတြ႕ခဲ့ရတယ္လုိ႕ အာဏာပုိင္တစ္ဦးက AFP သတင္းဌာနကုိ ေျပာပါတယ္။ အဆိုပါအုပ္စုဟာ ဂူအတြင္းေရာက္႐ွိေနစဥ္ မုိးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ဂူေပါက္ဝမွာ ေရလႊမ္းမုိးသြားခဲ့ရာက ဂူအတြင္းပိတ္မိေနခဲ့ၾကတယ္လို႕ ကယ္ဆယ္ေရးသမားေတြက ယူဆထားပါတယ္။



"ကၽြန္ေတာ္တုိ႕ ဒီေတာင္တစ္ဝုိက္ ေနရာေတြကုိ ေလ့လာေနၿပီး သူတုိ႕ပိတ္မိေနတဲ့ဂူမွာ ေနာက္ထပ္ ထြက္ေပါက္ သုိ႕မဟုတ္ ဝင္ေပါက္႐ွာေဖြဖုိ႕ ႀကဳိးစားသြားမွာပါ" လုိ႕ ခ်င္း႐ုိင္းေဒသဆုိင္ရာ အုပ္ခ်ဳပ္ေရးမွဴး Narongsak Osottanakorn က ေျပာပါတယ္။

သုိ႕ေသာ္ Tham Luang Nang Non ဂူနဲ႕ပတ္သက္ၿပီး လြန္ခဲ့တဲ့ ေျခာက္ႏွစ္ၾကာ ေလ့လာခဲ့ဖူးတဲ့ ကၽြမ္းက်င္သူတစ္ဦးကေတာ့ အဆုိပါဂူမွာ လက္႐ွိ ေရလႊမ္းမုိးေနတဲ့ ဝင္ေပါက္တစ္ခုတည္းသာ႐ွိေၾကာင္း ေျပာခဲ့ပါတယ္။



လူငယ္ ၁၂ ဦးနဲ႕ ေဘာလုံးနည္းျပတုိ႕ဟာ ဇြန္လ ၂၃ ရက္က ေဘာလုံးေလ့က်င့္ၿပီးေနာက္ အဆုိပါဂူအတြင္းကို ဝင္ေရာက္သြားခဲ့ၾကတာ ျဖစ္ပါတယ္။ လူငယ္တစ္ဦးရဲ႕ မိခင္က သားျဖစ္သူ အိမ္ျပန္မလာေၾကာင္း စတင္ေျပာခဲ့ရာမွာ အုပ္စုလုိက္ေပ်ာက္ဆုံးေနေၾကာင္း သိ႐ွိခဲ့ၾကပါတယ္။

Tham Luang Nang Non ဂူဟာ ကမာၻလွည့္ခရီးသည္လာေရာက္မႈမ်ားျပားသလုိ ျပည္တြင္းေနသူေတြလည္း ဂူအတြင္း႐ွိ ဗုဒၶ႐ုပ္ပြားေတာ္မ်ားကုိ လာေရာက္ဖူးေျမွာ္ေလ့႐ွိေၾကာင္း သိရပါတယ္။ အဆုိပါဂူဟာ မုိးရာသီမွာ ၁၆ ေပအထိ ေရႀကီးမႈျဖစ္ႏုိင္ေၾကာင္းလည္း ရဲအရာရွိ Komsan Saardluan က ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs