• International News
    မယ်ဆိုင်ဂူထဲမှာ ပျောက်နေတဲ့ ထိုင်းလူငယ်အုပ်စုကို ၉ ရက်ကြာပြီးနောက် အသက်ရှင်လျက် ရှာဖွေတွေ့ရှိ
Ko John
[Unicode Version]

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြိုရှိ ကျောက်ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ကို ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

180627111327-thai-soccer-teens-exlarge-169.jpg

ဂူထဲမှာ ၉ ရက်ကြာ ပျောက်နေခဲ့သည့် ထိုင်းလူငယ်အုပ်စု



"ထိုင်းရေတပ် အထူးတပ်ဖွဲ့က သူတို့ ၁၃ ယောက်လုံးကို အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပါတယ်၊ ကျွန်တော်တို့ သူတို့ သွားလာလှုပ်ရှားနိုင်ချိန်အထိ ဂူထဲမှာ ပြုစုစောင့်ရှောက်သွားမှာပါ" လို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆက်ခ် အိုစတာနာခွန်းက သတင်းထုတ်ပြန်စဉ် ပြောခဲ့ပါတယ်။

2018-07-03_000453.jpg

ဂူထဲမှာ ပြန်ရှာတွေ့ခဲ့သည့် ထိုင်းလူငယ်အုပ်စု



လူငယ်များအားလုံး အသက်အန္တရာယ်မရှိကြောင်း နာရွန်ဆက်ခ်က အတည်ပြုခဲ့ပြီး ဂူအပြင်ကို ဘေးကင်းစွာဖြင့် ခေါ်ထုတ်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လူငယ်အုပ်စုကို Tham Luang Nang Non ဂူအတွင်း ပတ္တရားကမ်းခြေ (Pattaya Beach) ခေါ် ရေလွတ်ကင်းတဲ့နေရာမှာ ရှိနေမယ်လို့ ခန့်မှန်းယူဆထားခဲ့ကြပါတယ်။

4DD92A6700000578-5910069-Public_anticipation_for_the_rescue_has_been_high_since_Sunday_bu-a-11_1530551642784.jpg

ဂူအတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေမှု



သို့သော် ယခု ၎င်းတို့အုပ်စုကို ပြန်ရှာတွေ့တဲ့နေရာဟာ မူလခန့်မှန်ထားတဲ့နေရာနဲ့ ကိုက် ၄၄၀ အကွာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြား ယောက်ျားလေး ၁၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ Tham Luang Nang Non ဂူအတွင်းသို့ ဝင်ရောက်သွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။

DhHdFImVMAE5Ekx.jpg

ထိုင်းလူူငယ်များကို ပြန်ရှာတွေ့ကြောင်း သိရပြီး ပျော်ရွှင်နေသည့် မိသားစုဝင်နှစ်ဦး



၎င်းတို့အုပ်စု ဝင်ရောက်သွားခဲ့ပြီးနောက် ဂူအတွင်း ရေကြီးလာခဲ့ရာက ပြန်မထွက်နိုင်ဖြစ်ကာ ပိတ်မိနေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အဆိုပါ ဂူအတွင်းသို့ မိုးရာသီကာလမှာ ရေများစီးဝင်လေ့ရှိပြီး ရေကြီးနစ်မြုပ်လေ့ရှိတာကြောင့် ထိုကာလအတွင်း ဂူအတွင်း ဝင်ရောက်ခြင်းကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။

thailand2906b.jpg

ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ရေငုပ်သမားတစ်ဦးကို ဂူအတွင်း တွေ့ရစဉ်



"သူတို့အားလုံး ဘေးကင်းလုံခြုံပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့မစ်ရှင် မပြီးသေးပါဘူး၊ ကျွန်တော်တို့မစ်ရှင်က ရှာဖွေကယ်ဆယ်ပြီး ပြန်ခေါ်လာဖို့ပါ၊ အခု သူတို့ကို ပြန်ရှာတွေ့ပါပြီ၊ နောက်ထပ် လုပ်ဆောင်သွားရမှာကတော့ သူတို့အားလုံးကို ဂူအပြင်ရောက်အောင်ခေါ်လာပြီး အိမ်ပြန်ပို့ပေးဖို့ပါ" လို့ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။

4DDAC51400000578-5910069-image-a-21_1530551717841.jpg

ထိုင်းလူူငယ်များကို ပြန်ရှာတွေ့ကြောင်း သိရပြီး ပျော်ရွှင်နေသည့် မိသားစုဝင်အချို့



ဂူအတွင်းမှ ရေများကို ဆက်လက်စုပ်ထုတ်ပြီး လူငယ်အုပ်စုရှိတဲ့နေရာသို့ ဆရာဝန်နဲ့သူနာပြုများစေလွှတ်ကာ ကျန်းမာရေးစစ်ဆေး စောင့်ရှောက်သွားမယ်လို့ သိရပါတယ်။ "ဆရာဝန်တွေက လူငယ်တွေရဲ့ အခြေအနေဟာ သွားလာနိုင်တယ်လို့ ပြောခဲ့ရင် သူတို့ကို ဂူအပြင်ကို အမြန်ပြန်ခေါ်လာမှာပါ၊ သူတို့ ကျောင်းပြန်တက်နိုင်တဲ့အထိ ကျွန်တော်တို့ ပြုစုစောင့်ရှောက်သွားမှာပါ" လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူး နာရွန်ဆက်ခ်က ဆိုပါတယ်။

06858331.jpg

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်



Tham Luang Nang Non ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ အဆိုပါ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်ရေးအတွက် တရုတ်၊ မြန်မာ၊ လာအို၊ သြစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်းလည်း သိရပါတယ်။ ထိုင်းလူငယ်အုပ်စုကို ဂူအတွင်း ပျောက်ဆုံးနေမှု ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စု

- အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးဟာ Moo Pa သို့မဟုတ် Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားများဖြစ်ပါတယ်။

- အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြမှာ Ekkapol Janthawong ဖြစ်ပြီး ယောက်ျားလေးအုပ်စုကို တစ်ခါတရံ တစ်နေ့တာ ခရီးတိုများ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်မှာလည်း ယခု ဂူထဲသို့ပင် သွားလာခဲ့ကြဖူးပါတယ်။

- ဂူထဲမှာ ပျောက်နေခဲ့တဲ့ လူငယ်အုပ်စုမှာ အသက်အငယ်ဆုံးအဖြစ် အသက် ၁၁ နှစ်အရွယ် Chanin "Titan" Wibrunrungrueang ခေါ် ဘောလုံးအသင်းသားလည်း ပါဝင်ခဲ့ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့သူ ဖြစ်ပါတယ်။

f84573e9-848d-4bf7-af51-839cf76134a9.jpg

ဂူထဲမှာပျောက်နေခဲသည့် ထိုင်းလူငယ်အုပ်စု



- Wild Boar ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်မှာ အသက် ၁၃ နှစ်အရွယ် Duangpet "Dom" Promtep ဖြစ်ပြီး ၎င်းက ဘောလုံးအသင်းကို စိတ်ဓာတ်တက်ကြွအောင် ဦးဆောင်လှုံ့ဆော်နိုင်ပါတယ်။

- ဘောလုံးအသင်းရဲ့ နည်းပြချုပ်ဖြစ်သူ Nopparat Kantawong ကတော့ ဂူထဲကိုသွားရောက်တဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်းမရှိပါဘူး။ Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားတွေဟာ တစ်ချိန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတွေ ဖြစ်လာရန် အိပ်မက်ကိုယ်စီရှိကြကြောင်း နည်းပြချုပ်က ပြောပါတယ်။

ဂူထဲမှာ ၎င်းတို့ အတူတူရှိနေကြမယ်လို့ ယုံကြည်ကြောင်း နည်းပြချုပ် Nopparat Kantawong က ပြောထားခဲ့ပါတယ်။ "သူတို့ တစ်ယောက်ကိုတစ်ယောက် ပစ်ထားကြမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်၊ သူတို့ တစ်ယောက်တစ်ယောက် အပြန်အလှန် စောင့်ရှောက်ကြမှာပါ" လို့ နည်းပြချုပ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

[Zawgyi Version]

ထုိင္းႏုိင္ငံ ခ်င္း႐ုိင္းခ႐ုိင္ မယ္ဆုိင္ၿမဳိ႐ွိ ေက်ာက္ဂူအတြင္း ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့တဲ့ ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ ေဘာလုံးနည္းျပတုိ႕ကုိ ၁၀ ရက္ေျမာက္ျဖစ္တဲ့ ဇူလုိင္ ၂ ရက္ ညပုိင္းမွာ အသက္႐ွင္လ်က္ ျပန္လည္႐ွာေဖြေတြ႕႐ွိခဲ့ၿပီလုိ႕ ေဒသဆုိင္ရာအုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

ဂူထဲမွာ ၉ ရက္ၾကာ ေပ်ာက္ေနခဲ့သည့္ ထုိင္းလူငယ္အုပ္စု



"ထုိင္းေရတပ္ အထူးတပ္ဖြဲ႕က သူတုိ႕ ၁၃ ေယာက္လုံးကုိ အသက္႐ွင္လ်က္ ျပန္႐ွာေတြ႕ခဲ့ပါတယ္၊ ကၽြန္ေတာ္တုိ႕ သူတုိ႕ သြားလာလႈပ္႐ွားႏုိင္ခ်ိန္အထိ ဂူထဲမွာ ျပဳစုေစာင့္ေ႐ွာက္သြားမွာပါ" လုိ႕ ခ်င္း႐ိုင္းခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး နာ႐ြန္ဆက္ခ္ အုိစတာနာခြန္းက သတင္းထုတ္ျပန္စဥ္ ေျပာခဲ့ပါတယ္။

ဂူထဲမွာ ျပန္႐ွာေတြ႕ခဲ့သည့္ ထုိင္းလူငယ္အုပ္စု



လူငယ္မ်ားအားလုံး အသက္အႏၱရာယ္မ႐ွိေၾကာင္း နာ႐ြန္ဆက္ခ္က အတည္ျပဳခဲ့ၿပီး ဂူအျပင္ကုိ ေဘးကင္းစြာျဖင့္ ေခၚထုတ္ႏုိင္ရန္ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႕ ဆုိပါတယ္။ ႐ွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြက လူငယ္အုပ္စုကုိ Tham Luang Nang Non ဂူအတြင္း ပတၱရားကမ္းေျခ (Pattaya Beach) ေခၚ ေရလြတ္ကင္းတဲ့ေနရာမွာ ႐ွိေနမယ္လို႕ ခန္႕မွန္းယူဆထားခဲ့ၾကပါတယ္။

ဂူအတြင္း ကယ္ဆယ္ေရးေဆာင္႐ြက္ေနမႈ



သုိ႕ေသာ္ ယခု ၎တုိ႕အုပ္စုကုိ ျပန္႐ွာေတြ႕တဲ့ေနရာဟာ မူလခန္႕မွန္ထားတဲ့ေနရာနဲ႕ ကုိက္ ၄၄၀ အကြာမွာ ျဖစ္တယ္လုိ႕ သိရပါတယ္။ အသက္ ၁၁ ႏွစ္မွ ၁၆ ႏွစ္ၾကား ေယာက္်ားေလး ၁၂ ဦးနဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ၎တုိ႕ရဲ႕ ေဘာလုံးနည္းျပတုိ႕ဟာ ဇြန္လ ၂၃ ရက္မွာ Tham Luang Nang Non ဂူအတြင္းသို႕ ဝင္ေရာက္သြားခဲ့ၿပီးေနာက္ ေပ်ာက္ဆုံးသြားခဲ့ၾကတာ ျဖစ္ပါတယ္။

ထုိင္းလူူငယ္မ်ားကုိ ျပန္႐ွာေတြ႕ေၾကာင္း သိရၿပီး ေပ်ာ္႐ႊင္ေနသည့္ မိသားစုဝင္ႏွစ္ဦး



၎တုိ႕အုပ္စု ဝင္ေရာက္သြားခဲ့ၿပီးေနာက္ ဂူအတြင္း ေရႀကီးလာခဲ့ရာက ျပန္မထြက္ႏုိင္ျဖစ္ကာ ပိတ္မိေနခဲ့ၾကတာလည္း ျဖစ္ပါတယ္။ အဆုိပါ ဂူအတြင္းသုိ႕ မုိးရာသီကာလမွာ ေရမ်ားစီးဝင္ေလ့႐ွိၿပီး ေရႀကီးနစ္ျမဳပ္ေလ့႐ွိတာေၾကာင့္ ထုိကာလအတြင္း ဂူအတြင္း ဝင္ေရာက္ျခင္းကုိ တားျမစ္ထားတယ္လုိ႕ ဆုိပါတယ္။

ကယ္ဆယ္ေရးလုပ္ေဆာင္ေနသည့္ ေရငုပ္သမားတစ္ဦးကုိ ဂူအတြင္း ေတြ႕ရစဥ္



"သူတုိ႕အားလုံး ေဘးကင္းလုံၿခဳံပါတယ္၊ ဒါေပမဲ့ ကၽြန္ေတာ္တုိ႕မစ္႐ွင္ မၿပီးေသးပါဘူး၊ ကၽြန္ေတာ္တုိ႕မစ္႐ွင္က ႐ွာေဖြကယ္ဆယ္ၿပီး ျပန္ေခၚလာဖုိ႕ပါ၊ အခု သူတုိ႕ကုိ ျပန္႐ွာေတြ႕ပါၿပီ၊ ေနာက္ထပ္ လုပ္ေဆာင္သြားရမွာကေတာ့ သူတုိ႕အားလုံးကုိ ဂူအျပင္ေရာက္ေအာင္ေခၚလာၿပီး အိမ္ျပန္ပုိ႕ေပးဖုိ႕ပါ" လုိ႕ ခ်င္း႐ိုင္းခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာခဲ့ပါတယ္။

ထုိင္းလူူငယ္မ်ားကုိ ျပန္႐ွာေတြ႕ေၾကာင္း သိရၿပီး ေပ်ာ္႐ႊင္ေနသည့္ မိသားစုဝင္အခ်ဳိ႕



ဂူအတြင္းမွ ေရမ်ားကုိ ဆက္လက္စုပ္ထုတ္ၿပီး လူငယ္အုပ္စု႐ွိတဲ့ေနရာသုိ႕ ဆရာဝန္နဲ႕သူနာျပဳမ်ားေစလႊတ္ကာ က်န္းမာေရးစစ္ေဆး ေစာင့္ေ႐ွာက္သြားမယ္လုိ႕ သိရပါတယ္။ "ဆရာဝန္ေတြက လူငယ္ေတြရဲ႕ အေျခအေနဟာ သြားလာႏုိင္တယ္လုိ႕ ေျပာခဲ့ရင္ သူတုိ႕ကုိ ဂူအျပင္ကုိ အျမန္ျပန္ေခၚလာမွာပါ၊ သူတုိ႕ ေက်ာင္းျပန္တက္ႏုိင္တဲ့အထိ ကၽြန္ေတာ္တုိ႕ ျပဳစုေစာင့္ေ႐ွာက္သြားမွာပါ" လုိ႕လည္း ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး နာ႐ြန္ဆက္ခ္က ဆုိပါတယ္။

ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနစဥ္



Tham Luang Nang Non ဂူထဲမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ အဆုိပါ ထုိင္းလူငယ္အုပ္စုကို ႐ွာေဖြကယ္ဆယ္ေရးအတြက္ တ႐ုတ္၊ ျမန္မာ၊ လာအုိ၊ ၾသစေၾတးလ်၊ အေမရိကန္နဲ႕ ၿဗိတိန္ အပါအဝင္ ႏုိင္ငံမ်ားက ပူးေပါင္းပါဝင္ခဲ့ၾကေၾကာင္းလည္း သိရပါတယ္။ ထုိင္းလူငယ္အုပ္စုကို ဂူအတြင္း ေပ်ာက္ဆုံးေနမႈ ၁၀ ရက္ေျမာက္ျဖစ္တဲ့ ဇူလုိင္ ၂ ရက္ ညပုိင္းမွာ ျပန္လည္ ႐ွာေဖြေတြ႕႐ွိခဲ့တာ ျဖစ္ပါတယ္။

ဂူထဲမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ ထုိင္းလူငယ္အုပ္စု

- အသက္ ၁၁ ႏွစ္မွ ၁၆ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးဟာ Moo Pa သုိ႕မဟုတ္ Wild Boar ေဘာလုံးအသင္းရဲ႕ အသင္းသားမ်ားျဖစ္ပါတယ္။

- အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပမွာ Ekkapol Janthawong ျဖစ္ၿပီး ေယာက္်ားေလးအုပ္စုကုိ တစ္ခါတရံ တစ္ေန႕တာ ခရီးတုိမ်ား ေခၚေဆာင္သြားေလ့႐ွိပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္မွာလည္း ယခု ဂူထဲသုိ႕ပင္ သြားလာခဲ့ၾကဖူးပါတယ္။

- ဂူထဲမွာ ေပ်ာက္ေနခဲ့တဲ့ လူငယ္အုပ္စုမွာ အသက္အငယ္ဆုံးအျဖစ္ အသက္ ၁၁ ႏွစ္အ႐ြယ္ Chanin "Titan" Wibrunrungrueang ေခၚ ေဘာလုံးအသင္းသားလည္း ပါဝင္ခဲ့ၿပီး အသက္ ၇ ႏွစ္အ႐ြယ္ကတည္းက ေဘာလုံးကစားခဲ့သူ ျဖစ္ပါတယ္။

ဂူထဲမွာေပ်ာက္ေနခဲသည့္ ထုိင္းလူငယ္အုပ္စု



- Wild Boar ေဘာလုံးအသင္းရဲ႕ အသင္းေခါင္းေဆာင္မွာ အသက္ ၁၃ ႏွစ္အ႐ြယ္ Duangpet "Dom" Promtep ျဖစ္ၿပီး ၎က ေဘာလုံးအသင္းကုိ စိတ္ဓာတ္တက္ၾကြေအာင္ ဦးေဆာင္လႈံ႕ေဆာ္ႏုိင္ပါတယ္။

- ေဘာလုံးအသင္းရဲ႕ နည္းျပခ်ဳပ္ျဖစ္သူ Nopparat Kantawong ကေတာ့ ဂူထဲကုိသြားေရာက္တဲ့ ခရီးစဥ္မွာ လုိက္ပါခဲ့ျခင္းမ႐ွိပါဘူး။ Wild Boar ေဘာလုံးအသင္းရဲ႕ အသင္းသားေတြဟာ တစ္ခ်ိန္မွာ ပေရာ္ဖက္႐ွင္နယ္ ေဘာလုံးကစားသမားေတြ ျဖစ္လာရန္ အိပ္မက္ကုိယ္စီ႐ွိၾကေၾကာင္း နည္းျပခ်ဳပ္က ေျပာပါတယ္။

ဂူထဲမွာ ၎တုိ႕ အတူတူ႐ွိေနၾကမယ္လုိ႕ ယုံၾကည္ေၾကာင္း နည္းျပခ်ဳပ္ Nopparat Kantawong က ေျပာထားခဲ့ပါတယ္။ "သူတုိ႕ တစ္ေယာက္ကုိတစ္ေယာက္ ပစ္ထားၾကမွာမဟုတ္ဘူးလို႕ ကၽြန္ေတာ္ယုံတယ္၊ သူတုိ႕ တစ္ေယာက္တစ္ေယာက္ အျပန္အလွန္ ေစာင့္ေ႐ွာက္ၾကမွာပါ" လုိ႕ နည္းျပခ်ဳပ္က မီဒီယာေတြကုိ ေျပာခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs