• International News
    ပြန်ရှာတွေ့ခဲ့တဲ့ ထိုင်းလူငယ်အုပ်စု ဂူထဲမှာ လနဲ့ချီပြီး ဆက်လက် နေထိုင်ရဖွယ်ရှိ
Ko John
[Unicode Version]

မယ်ဆိုင်ဂူထဲမှာ ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီး ၁၀ ရက်မြောက် ညပိုင်းမှာ ပြန်ရှာတွေ့ခဲ့တဲ့ ထိုင်းလူငယ်အုပ်စုဟာ ဂူအပြင်ကိုပြန်ထွက်နိုင်ရေးအတွက် ရေငုပ်သင်ကြားရန် သို့မဟုတ်ပါက ဂူအတွင်းမှရေများ ပြန်ကျသွားချိန်အထိ လနဲ့ချီစောင့်ဆိုင်းရန် လိုအပ်နိုင်ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

thailand-missing-boys.jpg

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မှာရှိတဲ့ Tham Luang ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ဘောလုံးအသင်းသား ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ နည်းပြဖြစ်သူကို ယမန်နေ့ (ဇူလိုင် ၂ ရက်) ညပိုင်းမှာ ဗြိတိန် ကယ်ဆယ်ရေးအဖွဲ့မှ ရေငုပ်သမားတွေက ပြန်ရှာတွေ့ခဲ့ပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဟာ ဂူအတွင်း ရေများမြင့်တက်လာမှုကြောင့် အခက်အခဲတွေ ရှိနေပါတယ်။ ဂူအတွင်း အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပြီဖြစ်တဲ့ ထိုင်းလူငယ်အုပ်စုထံကို အစားအစာနဲ့ ဆေးဝါးအကူအညီများ ပို့ဆောင်ပေးနေကြောင်း သိရပါတယ်။

ထိုင်းစစ်တပ်ရဲ့ ပြောကြားမှုအရ လူငယ်အုပ်စုထံသို့ အနည်းဆုံး ၄ လစာအတွက် အစားအစာများ ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ ဂူထဲမှာ ပျောက်ဆုံးနေတဲ့ ထိုင်းလူငယ်တွေကို ရှာဖွေနေမှုကို ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။ ထိုင်းလူငယ်အုပ်စုကို ရှာဖွေတွေ့ရှိခဲ့တဲ့သတင်းကြောင့် မိသားစုဝင်တွေနဲ့အတူ ကမ္ဘာတစ်ဝှမ်းမှ စောင့်ကြည့်နေသူတွေလည်း ပျော်ရွှင်ခဲ့ကြပါတယ်။

2018-07-03_000453.jpg

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှာရှိတဲ့ Tham Luang ဂူဟာ အတွင်းပိုင်းမှာ ရှုပ်ထွေးတဲ့ ဥမင်လမ်းကြောင်းများရှိပြီး မိုးရာသီကာလမှာ ဂူအတွင်း ရေကြီးနေလေ့ရှိပြီး စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလအထိ ကြာမြင့်တတ်ကြောင်း သိရပါတယ်။

ထိုင်းလူငယ်အုပ်စုကို ဂူအတွင်းမှရေများ ပြန်ကျသွားမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလမတိုင်မီ ဂူအပြင်သို့ပြန်ခေါ်ထုတ်ပါက ၎င်းတို့ဟာ ရေငုပ်နည်းသင်ကြားရမှာ ဖြစ်ပါတယ်။ ၎င်းတို့ရောက်ရှိနေတဲ့နေရာမှ ဂူအပြင်ကို ရေငုပ်ပြီးပြန်ထွက်ရာမှာ မြင်နိုင်စွမ်းမရှိတဲ့ ရွှံ့ရေများအောက်ကနေ အန္တရာယ်ရှိ ထောင့်ချိုးနေရာတွေကို ငုပ်လျှိုးဖြတ်သန်းရမယ်လို့ သိရပါတယ်။

06858272.jpg

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ Tham Luang ဂူအတွင်း ဝင်ရောက်သွားခဲ့ကြတဲ့ ထိုင်းလူငယ်အုပ်စုကို ပြန်ရှာတွေ့ခဲ့တဲ့ နေရာဟာ ဂူပေါက်ဝကနေ ၂ မိုင်ခွဲနီးပါး အကွာအဝေးမှာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ထိုင်းလူငယ်အုပ်စုကို ဂူအပြင်သို့ပြန်ခေါ်ထုတ်ရန် အစီအစဉ်များ ရေးဆွဲပြင်ဆင်နေပါတယ်။

အစောပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက လူငယ်အုပ်စုကို Tham Luang ဂူအတွင်း ပတ္တရားကမ်းခြေ (Pattaya Beach) ခေါ် ရေလွတ်ကင်းတဲ့နေရာမှာ ရှိနေမယ်လို့ ခန့်မှန်းယူဆထားခဲ့ကြပါတယ်။ သို့သော် ယခု ၎င်းတို့အုပ်စုကို ပြန်ရှာတွေ့တဲ့နေရာဟာ မူလခန့်မှန်ထားတဲ့နေရာနဲ့ ကိုက် ၄၄၀ အကွာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

DhHc8PaU0AEu-gn.jpg

"သူတို့အားလုံး ဘေးကင်းလုံခြုံပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့မစ်ရှင် မပြီးသေးပါဘူး၊ ကျွန်တော်တို့မစ်ရှင်က ရှာဖွေကယ်ဆယ်ပြီး ပြန်ခေါ်လာဖို့ပါ၊ အခု သူတို့ကို ပြန်ရှာတွေ့ပါပြီ၊ နောက်ထပ် လုပ်ဆောင်သွားရမှာကတော့ သူတို့အားလုံးကို ဂူအပြင်ရောက်အောင်ခေါ်လာပြီး အိမ်ပြန်ပို့ပေးဖို့ပါ" လို့ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ဇူလိုင် ၂ ရက် ညပိုင်းမှာ ပြောခဲ့ပါတယ်။

 

ဂူထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ထိုင်းလူငယ်အုပ်စု

- အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးဟာ Moo Pa သို့မဟုတ် Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားများဖြစ်ပါတယ်။

- အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြမှာ Ekkapol Janthawong ဖြစ်ပြီး ယောက်ျားလေးအုပ်စုကို တစ်ခါတရံ တစ်နေ့တာ ခရီးတိုများ ခေါ်ဆောင်သွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်မှာလည်း ယခု ဂူထဲသို့ပင် သွားလာခဲ့ကြဖူးပါတယ်။

- ဂူထဲမှာ ပျောက်နေခဲ့တဲ့ လူငယ်အုပ်စုမှာ အသက်အငယ်ဆုံးအဖြစ် အသက် ၁၁ နှစ်အရွယ် Chanin "Titan" Wibrunrungrueang ခေါ် ဘောလုံးအသင်းသားလည်း ပါဝင်ခဲ့ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့သူ ဖြစ်ပါတယ်။

f84573e9-848d-4bf7-af51-839cf76134a9.jpg

- Wild Boar ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်မှာ အသက် ၁၃ နှစ်အရွယ် Duangpet "Dom" Promtep ဖြစ်ပြီး ၎င်းက ဘောလုံးအသင်းကို စိတ်ဓာတ်တက်ကြွအောင် ဦးဆောင်လှုံ့ဆော်နိုင်ပါတယ်။

- ဘောလုံးအသင်းရဲ့ နည်းပြချုပ်ဖြစ်သူ Nopparat Kantawong ကတော့ ဂူထဲကိုသွားရောက်တဲ့ ခရီးစဉ်မှာ လိုက်ပါခဲ့ခြင်းမရှိပါဘူး။ Wild Boar ဘောလုံးအသင်းရဲ့ အသင်းသားတွေဟာ တစ်ချိန်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားတွေ ဖြစ်လာရန် အိပ်မက်ကိုယ်စီရှိကြကြောင်း နည်းပြချုပ်က ပြောပါတယ်။

ဂူထဲမှာ ၎င်းတို့ အတူတူရှိနေကြမယ်လို့ ယုံကြည်ကြောင်း နည်းပြချုပ် Nopparat Kantawong က ပြောထားခဲ့ပါတယ်။ "သူတို့ တစ်ယောက်ကိုတစ်ယောက် ပစ်ထားကြမှာမဟုတ်ဘူးလို့ ကျွန်တော်ယုံတယ်၊ သူတို့ တစ်ယောက်တစ်ယောက် အပြန်အလှန် စောင့်ရှောက်ကြမှာပါ" လို့ နည်းပြချုပ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

 

[Zawgyi Version]

မယ္ဆုိင္ဂူထဲမွာ ၉ ရက္ၾကာ ေပ်ာက္ဆုံးေနခဲ့ၿပီး ၁၀ ရက္ေျမာက္ ညပုိင္းမွာ ျပန္႐ွာေတြ႕ခဲ့တဲ့ ထုိင္းလူငယ္အုပ္စုဟာ ဂူအျပင္ကုိျပန္ထြက္ႏုိင္ေရးအတြက္ ေရငုပ္သင္ၾကားရန္ သို႕မဟုတ္ပါက ဂူအတြင္းမွေရမ်ား ျပန္က်သြားခ်ိန္အထိ လနဲ႕ခ်ီေစာင့္ဆုိင္းရန္ လုိအပ္ႏုိင္ေၾကာင္း ထုိင္းစစ္တပ္က ေျပာပါတယ္။



ထုိင္းႏုိ္င္ငံ ခ်င္း႐ုိင္းခ႐ုိင္ မယ္ဆုိင္မွာ႐ွိတဲ့ Tham Luang ဂူထဲမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ ေဘာလုံးအသင္းသား ေယာက္်ားေလး ၁၂ ဦးနဲ႕ ၎တို႕ရဲ႕ နည္းျပျဖစ္သူကုိ ယမန္ေန႕ (ဇူလုိင္ ၂ ရက္) ညပုိင္းမွာ ၿဗိတိန္ ကယ္ဆယ္ေရးအဖြဲ႕မွ ေရငုပ္သမားေတြက ျပန္႐ွာေတြ႕ခဲ့ပါတယ္။

လက္႐ွိမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြဟာ ဂူအတြင္း ေရမ်ားျမင့္တက္လာမႈေၾကာင့္ အခက္အခဲေတြ ႐ွိေနပါတယ္။ ဂူအတြင္း အသက္႐ွင္လ်က္ ျပန္႐ွာေတြ႕ခဲ့ၿပီျဖစ္တဲ့ ထုိင္းလူငယ္အုပ္စုထံကုိ အစားအစာနဲ႕ ေဆးဝါးအကူအညီမ်ား ပုိ႕ေဆာင္ေပးေနေၾကာင္း သိရပါတယ္။

ထုိင္းစစ္တပ္ရဲ႕ ေျပာၾကားမႈအရ လူငယ္အုပ္စုထံသုိ႕ အနည္းဆုံး ၄ လစာအတြက္ အစားအစာမ်ား ပုိ႕ေဆာင္သြားမယ္လုိ႕ သိရပါတယ္။ ဂူထဲမွာ ေပ်ာက္ဆုံးေနတဲ့ ထုိင္းလူငယ္ေတြကုိ ႐ွာေဖြေနမႈကုိ ကမာၻတစ္ဝွမ္းက စိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ ထုိင္းလူငယ္အုပ္စုကုိ ႐ွာေဖြေတြ႕႐ွိခဲ့တဲ့သတင္းေၾကာင့္ မိသားစုဝင္ေတြနဲ႕အတူ ကမာၻတစ္ဝွမ္းမွ ေစာင့္ၾကည့္ေနသူေတြလည္း ေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။



ထုိင္းႏုိင္ငံေျမာက္ပုိင္း ခ်င္း႐ုိင္းခ႐ုိင္မွာ႐ွိတဲ့ Tham Luang ဂူဟာ အတြင္းပုိင္းမွာ ႐ႈပ္ေထြးတဲ့ ဥမင္လမ္းေၾကာင္းမ်ား႐ွိၿပီး မုိးရာသီကာလမွာ ဂူအတြင္း ေရႀကီးေနေလ့႐ွိၿပီး စက္တင္ဘာ သုိ႕မဟုတ္ ေအာက္တုိဘာလအထိ ၾကာျမင့္တတ္ေၾကာင္း သိရပါတယ္။

ထုိင္းလူငယ္အုပ္စုကို ဂူအတြင္းမွေရမ်ား ျပန္က်သြားမယ့္ စက္တင္ဘာ သုိ႕မဟုတ္ ေအာက္တုိဘာလမတုိင္မီ ဂူအျပင္သို႕ျပန္ေခၚထုတ္ပါက ၎တုိ႕ဟာ ေရငုပ္နည္းသင္ၾကားရမွာ ျဖစ္ပါတယ္။ ၎တုိ႕ေရာက္႐ွိေနတဲ့ေနရာမွ ဂူအျပင္ကုိ ေရငုပ္ၿပီးျပန္ထြက္ရာမွာ ျမင္ႏုိင္စြမ္းမ႐ွိတဲ့ ႐ႊံ႕ေရမ်ားေအာက္ကေန အႏၱရာယ္႐ွိ ေထာင့္ခ်ဳိးေနရာေတြကုိ ငုပ္လွ်ဳိးျဖတ္သန္းရမယ္လုိ႕ သိရပါတယ္။



ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္မွာ Tham Luang ဂူအတြင္း ဝင္ေရာက္သြားခဲ့ၾကတဲ့ ထုိင္းလူငယ္အုပ္စုကုိ ျပန္႐ွာေတြ႕ခဲ့တဲ့ ေနရာဟာ ဂူေပါက္ဝကေန ၂ မုိင္ခြဲနီးပါး အကြာအေဝးမွာ ျဖစ္ပါတယ္။ ကယ္ဆယ္ေရးအဖြဲ႕ေတြက ထုိင္းလူငယ္အုပ္စုကုိ ဂူအျပင္သုိ႕ျပန္ေခၚထုတ္ရန္ အစီအစဥ္မ်ား ေရးဆြဲျပင္ဆင္ေနပါတယ္။

အေစာပုိင္းမွာ ႐ွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြက လူငယ္အုပ္စုကုိ Tham Luang ဂူအတြင္း ပတၱရားကမ္းေျခ (Pattaya Beach) ေခၚ ေရလြတ္ကင္းတဲ့ေနရာမွာ ႐ွိေနမယ္လို႕ ခန္႕မွန္းယူဆထားခဲ့ၾကပါတယ္။ သုိ႕ေသာ္ ယခု ၎တုိ႕အုပ္စုကုိ ျပန္႐ွာေတြ႕တဲ့ေနရာဟာ မူလခန္႕မွန္ထားတဲ့ေနရာနဲ႕ ကုိက္ ၄၄၀ အကြာမွာ ျဖစ္တယ္လုိ႕လည္း သိရပါတယ္။



"သူတုိ႕အားလုံး ေဘးကင္းလုံၿခဳံပါတယ္၊ ဒါေပမဲ့ ကၽြန္ေတာ္တုိ႕မစ္႐ွင္ မၿပီးေသးပါဘူး၊ ကၽြန္ေတာ္တုိ႕မစ္႐ွင္က ႐ွာေဖြကယ္ဆယ္ၿပီး ျပန္ေခၚလာဖုိ႕ပါ၊ အခု သူတုိ႕ကုိ ျပန္႐ွာေတြ႕ပါၿပီ၊ ေနာက္ထပ္ လုပ္ေဆာင္သြားရမွာကေတာ့ သူတုိ႕အားလုံးကုိ ဂူအျပင္ေရာက္ေအာင္ေခၚလာၿပီး အိမ္ျပန္ပုိ႕ေပးဖုိ႕ပါ" လုိ႕ ခ်င္း႐ိုင္းခ႐ုိင္ အုပ္ခ်ဳပ္ေရးမွဴးက ဇူလုိင္ ၂ ရက္ ညပုိင္းမွာ ေျပာခဲ့ပါတယ္။

 

ဂူထဲမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ ထုိင္းလူငယ္အုပ္စု

- အသက္ ၁၁ ႏွစ္မွ ၁၆ ႏွစ္အ႐ြယ္ ေယာက္်ားေလး ၁၂ ဦးဟာ Moo Pa သုိ႕မဟုတ္ Wild Boar ေဘာလုံးအသင္းရဲ႕ အသင္းသားမ်ားျဖစ္ပါတယ္။

- အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပမွာ Ekkapol Janthawong ျဖစ္ၿပီး ေယာက္်ားေလးအုပ္စုကုိ တစ္ခါတရံ တစ္ေန႕တာ ခရီးတုိမ်ား ေခၚေဆာင္သြားေလ့႐ွိပါတယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္မွာလည္း ယခု ဂူထဲသုိ႕ပင္ သြားလာခဲ့ၾကဖူးပါတယ္။

- ဂူထဲမွာ ေပ်ာက္ေနခဲ့တဲ့ လူငယ္အုပ္စုမွာ အသက္အငယ္ဆုံးအျဖစ္ အသက္ ၁၁ ႏွစ္အ႐ြယ္ Chanin "Titan" Wibrunrungrueang ေခၚ ေဘာလုံးအသင္းသားလည္း ပါဝင္ခဲ့ၿပီး အသက္ ၇ ႏွစ္အ႐ြယ္ကတည္းက ေဘာလုံးကစားခဲ့သူ ျဖစ္ပါတယ္။



- Wild Boar ေဘာလုံးအသင္းရဲ႕ အသင္းေခါင္းေဆာင္မွာ အသက္ ၁၃ ႏွစ္အ႐ြယ္ Duangpet "Dom" Promtep ျဖစ္ၿပီး ၎က ေဘာလုံးအသင္းကုိ စိတ္ဓာတ္တက္ၾကြေအာင္ ဦးေဆာင္လႈံ႕ေဆာ္ႏုိင္ပါတယ္။

- ေဘာလုံးအသင္းရဲ႕ နည္းျပခ်ဳပ္ျဖစ္သူ Nopparat Kantawong ကေတာ့ ဂူထဲကုိသြားေရာက္တဲ့ ခရီးစဥ္မွာ လုိက္ပါခဲ့ျခင္းမ႐ွိပါဘူး။ Wild Boar ေဘာလုံးအသင္းရဲ႕ အသင္းသားေတြဟာ တစ္ခ်ိန္မွာ ပေရာ္ဖက္႐ွင္နယ္ ေဘာလုံးကစားသမားေတြ ျဖစ္လာရန္ အိပ္မက္ကုိယ္စီ႐ွိၾကေၾကာင္း နည္းျပခ်ဳပ္က ေျပာပါတယ္။

ဂူထဲမွာ ၎တုိ႕ အတူတူ႐ွိေနၾကမယ္လုိ႕ ယုံၾကည္ေၾကာင္း နည္းျပခ်ဳပ္ Nopparat Kantawong က ေျပာထားခဲ့ပါတယ္။ "သူတုိ႕ တစ္ေယာက္ကုိတစ္ေယာက္ ပစ္ထားၾကမွာမဟုတ္ဘူးလို႕ ကၽြန္ေတာ္ယုံတယ္၊ သူတုိ႕ တစ္ေယာက္တစ္ေယာက္ အျပန္အလွန္ ေစာင့္ေ႐ွာက္ၾကမွာပါ" လုိ႕ နည္းျပခ်ဳပ္က မီဒီယာေတြကုိ ေျပာခဲ့ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs